သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အမ်ိဳးသားျပန္လည္သင့္ျမတ္ေရး နဲ႔ ဖြဲ႕စည္းပုံျပင္ဆင္ေရး ဘယ္ဟာအရင္လဲ


Myanmar Nationwide Ceasefire Agreement
တိုက္႐ိုက္ လင့္ခ္

ျမန္မာႏိုင္ငံမွာ အမ်ဳိးသားရင္ၾကားေစ့ေရးနဲ႔ ဖြဲ႔စည္းပံုအေျခခံဥပေဒ ျပင္ဆင္ေရး ဘယ္ဟာက အရင္လာသင့္သလဲဆိုတာနဲ႔ ပတ္သက္ၿပီးေတာ့ သီေပါၿမိဳ ႔နယ္ ျပည္သူ႔လႊတ္ေတာ္အမတ္ေဟာင္းလည္းျဖစ္၊ ျမန္မာ့ႏုိင္ငံေရး သံုးသပ္သူလည္းျဖစ္တဲ့ ဦးရဲထြန္းနဲ႔ ဦးေက်ာ္ဇံသာတို႔ ေဆြးေႏြးသံုးသပ္ထားပါတယ္။

ေမး ။ ။ ႏုိင္ငံေတာ္သမၼတအၿငိမ္းစား ဦးသိန္းစိန္က ျမန္မာႏုိ္င္ငံမွာ ဖြဲ႔စည္းပံုဥပေဒကို ျပင္ဆင္ဖို႔ဆိုရင္ အမ်ဳိးသားျပန္လည္သင့္ျမတ္ေရးကို ဦးစြာလုပ္ဖို႔ လိုအပ္တယ္တယ္လို႔ မၾကာေသးခင္က ေျပာဆိုသြားပါတယ္။ ဒါေပမဲ့ သံုးသပ္သူတခ်ဳိ ႔ကေတာ့ ၂၀၀၈ ဖြဲ႔စည္းပံုအေျခခံဥပေဒသည္လွ်င္ပင္ အမ်ဳိးသားျပန္လည္သင့္ျမတ္ေရးအတြက္ အတားအဆီးႀကီး ျဖစ္ေနတယ္လို႔ ယူဆေနၾကပါတယ္။ ဒီကိစၥနဲ႔ ပတ္သက္ၿပီး ဦးရဲထြန္းက သူ႔အျမင္ကို အခုလိုစတင္ေဆြးေႏြးပါတယ္။

ေျဖ ။ ။ ဦးသိန္းစိန္ေျပာသြားတဲ့ မိန္႔ခြန္းတိုေလးကို နားေထာင္ၾကည့္လိုက္တဲ့အခါမွာ သူက ေျပာခ်င္တဲ့ လက္ေတြ႔ႏို္င္ငံေရးျဖစ္စဥ္ကေတာ့ ၿငိမ္းခ်မ္းေရးရဖို႔ဆိုတဲ့ဟာက ဖြဲ႔စည္းပံုအေျခခံဥပေဒကို ဒီမိုကေရစီဖယ္ဒရယ္စနစ္ျဖစ္ေအာင္ အဲဒီပံုစံမ်ဳိးျဖစ္ေအာင္ျပင္ဖို႔ လိုတယ္ဆိုတဲ့ဟာကို အသိအမွတ္ျပဳၿပီး ေျပာသြားတယ္။ သို႔ေသာ္ အဲဒါကို သြားဖို႔အတြက္က အမ်ဳိးသားရင္ၾကားေစ့ေရး ရိွဖို႔လိုတယ္လို႔ ေျပာလိုက္တဲ့အခါၾကေတာ့ သူေျပာတဲ့ အမ်ဳိးသားရင္ၾကားေစ့ေရးဆုိတဲ့ အဓိပၸါယ္ကို က်ေနာ္ နားလည္သိရသေလာက္ေတာ့ အစိုးရနဲ႔ တပ္မေတာ္။ ေနာက္တခါ အတိုက္အခံ ႏုိင္ငံေရးအင္အားစုေတြက ညီညႊတ္ဖို႔လိုတယ္။ ညီညႊတ္ၿပီးတဲ့အခါ တတိုင္းျပည္လံုး ၿငိမ္းခ်မ္းေရးကိစၥအတြက္ကို အျမင္ေတြ၊ သေဘာထားေတြ အရင္ညိွသင့္တယ္။ တူညီသင့္တယ္လို႔ ေျပာတဲ့အဓိပၸါယ္မ်ဳိး ယူဆပါတယ္။ အဲဒီေတာ့ က်ေနာ္တို႔ နားလည္တဲ့ အမ်ဳိးသားရင္ၾကားေစ့ေရးဆိုသည္မွာ တိုင္းရင္းသား လက္နက္ကိုင္အင္အားစုေတြကိုလည္း ထည့္တြက္ထားတယ္။ အဲဒီအဖြဲ႔ေတြနဲ႔ ၿငိမ္းခ်မ္းေရးမရမခ်င္း၊ က်ေနာ္တုိ႔က အမ်ဳိးသားရင္ၾကားေစ့ေရး မရိွေသးဘူးလို႔ က်ေနာ္တို႔က ယူဆၾကတယ္။

သူကေတာ့ အဲဒီလိုမဟုတ္ဘူး။ လက္နက္ကိုင္ တိုင္းရင္းသားအင္အားစုေတြနဲ႔ ၿငိမ္းခ်မ္းေရးရဖို႔ကိုပဲ၊ အဲဒီေျခလွမ္းကို လွမ္းႏိုင္ဖို႔ကိုပဲ ကိုယ့္အခ်င္းခ်င္း ညီညႊတ္ရမယ္ဆိုေတာ့ တပ္မေတာ္နဲ႔ အစိုးရၾကားမွာ တူညီတဲ့အျမင္ေတြ ရိွဖို႔လိုတယ္။ ဖယ္ဒရယ္စနစ္ကို သြားဖို႔အတြက္ ျပင္သင့္ျပင္ထိုက္တာေတြ ျပင္ဖို႔အတြက္ ညိွႏိႈင္းဖို႔ သေဘာထားတူညီမႈေတြ လိုတယ္လို႔ ေျပာသြားတယ္လို႔ က်ေနာ္ အဲဒီလိုနားလည္လိုက္ပါတယ္။

ေမး ။ ။ ဆိုေတာ့ တပ္မေတာ္နဲ႔ အစိုးရၾကား သေဘာထားတူညီဖို႔၊ ညိွႏိႈင္းဖို႔ဆုိတာကလဲ ဖြဲ႔စည္းပံုမွာ လုပ္ထားတဲ့ ပံုစံကေတာ့ နည္းနည္းအစိုးရႏွစ္မ်ဳိး ယွဥ္ၿပိဳင္ျဖစ္ေနတဲ့ ပံုစံ ျဖစ္မေနဘူးလား။ တပ္မေတာ္ကို အာဏာေပးထားတာတို႔၊ ေနာက္ၿပီးေတာ့ တပ္မေတာ္မွာ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ေနရာမွာ ေရြးေကာက္မခံရဘဲနဲ႔ တပ္မေတာ္က ေနရာယူထားတာတုိ႔၊ ေနာက္ၿပီးေတာ့ အေရးႀကီးတဲ့ဌာနေတြ၊ လုပ္ပိုင္ခြင့္ေတြ အမ်ားႀကီးေပးထားတာ၊ စီးပြားေရး စီမံခန္႔ခြဲခြင့္ စသည္ျဖင့္ အကုန္လံုးလုပ္ေနတာကို ဖြဲ႔စည္းပံုက တစံုတရာမွ မျပဳျပင္ဘဲနဲ႔ သူေမွ်ာ္မွန္းတဲ့ တပ္မေတာ္နဲ႔ အစိုးရၾကား ျပန္လည္ရင္ၾကားေစ့ေရး၊ အမ်ဳိးသားျပန္လည္သင့္ျမတ္ေရးတို႔ဆိုတာ ျဖစ္ႏုိင္ပါ့မလား။

ေျဖ ။ ။ ဒါကေတာ့ သူ ဦးစီးခဲ့တဲ့ ၂၀၁၀-၁၅ အစိုးရအဖြဲ႔နဲ႔ ၂၀၁၅-၂၀၂၀ အစိုးရအဖြဲ႔ ႏွစ္ခုၾကားရဲ ႔ ထူးျခားခ်က္၊ မတူညီခ်က္ကို ေျပာမယ္ဆိုရင္ေတာ့ သူ ဦးစီးခဲ့တဲ့ ၂၀၁၀-၁၅ တုန္းက ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမွာ ေျပာခ်င္ဆုိခ်င္၊ သေဘာတူညီခ်င္တဲ့ဟာေတြက သူၿပီးရင္ တပ္ကလဲ ၿပီးတဲ့ဆိုတဲ့ အေနအထားမ်ဳိး ေတြ႔ရပါတယ္။ ဥပမာအားျဖင့္ သူေျပာတဲ့အထဲမွာလဲ ပါပါတယ္။ သူတုိ႔ဟာ အေျပာင္းအလဲလုပ္ဖို႔အတြက္ မိမိကိုယ္ကိုယ္လဲ အျမင္အယူအဆေတြ ေျပာင္းလဲခဲ့ရတယ္လို႔ သူ ဝန္ခံသြားတယ္။ အဲဒီအထဲမွာ က်ေနာ္တို႔ သိထားတဲ့ အခ်က္တစ္ခ်က္ကေတာ့ အေရးႀကီးတဲ့ အခ်က္တစ္ခ်က္ကေတာ့ ဖယ္ဒရယ္စနစ္ကို လက္ခံသေဘာတူတဲ့ ကိစၥပါ။ အဲဒီကိစၥနဲ႔ ပတ္သက္လို႔ သူကနားလည္သေဘာေပါက္ၿပီး၊ လက္ခံလိုက္တဲ့အခါမွာ တပ္ကိုလည္း လက္ခံလာေအာင္၊ အာရံုစိုက္ၿပီးေတာ့ ဂရုစိုက္ၿပီးေတာ့ ေျဖာင္းျဖရတာ၊ သိမ္းသြင္းရတာ၊ ေျပာဆိုရတာ၊ စည္းရံုးရတာ ႀကီးႀကီးမားမား အခက္အခဲေတြ႔တယ္လို႔ မၾကားရဘူး။ ေျပာခ်င္တဲ့သေဘာက သူၿပီးရင္ၿပီတယ္။ သူေျပာလိုက္တာနဲ႔ ေအာက္က တပ္ကလည္း လိုက္ၿပီးေတာ့ သေဘာတူ လက္ခံေပးတယ္ဆိုတဲ့ အေနအထားမ်ဳိးကို ေတြ႔ရပါတယ္။

NLD အစိုးရလက္ထက္မွာၾကေတာ့ အဲဒီလိုမ်ဳိး မဟုတ္ဘဲနဲ႔ NLD အစိုးရအေနနဲ႔ကလဲ ေရွ ႔ကေနၿပီးေတာ့ Initiative လုပ္ၿပီးတဲ့အခါၾကေတာ့ အျမင္သေဘာထားတစ္ခုခုကို တင္ျပတဲ့ အေနအထားမ်ဳိး မရိွဘဲနဲ႔၊ ေဆြးေႏြးပြဲမွာပဲ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႔အစည္းေတြ၊ တပ္မေတာ္နဲ႔ ေဆြးေႏြးညိွႏိႈင္းရင္းမွ သေဘာတူတဲ့ကိစၥေပၚမွာပဲ အတည္ျပဳၿပီးေတာ့ ခ်မွတ္တဲ့အေနအထားမ်ဳိး ျဖစ္တဲ့အခါ၊ ဘယ္လိုေတြ႔ရသလဲဆိုေတာ့ တပ္ေပၚမွာ အစိုးရက ၾသဇာမရိွသလိုမ်ဳိး အဲဒီလိုမ်ဳိး က်ေနာတို႔ အျပင္က ေလ့လာလို႔ ရပါတယ္။ တုိင္းရင္းသားလက္နက္ကိုင္ အဖြဲ႔အစည္းေတြဘက္လည္း အဲဒီလို ခံစားရတယ္။ တပ္နဲ႔ အစိုးရၾကားမွာ သေဘာထားေတြ မတူညီဘူး။ အျမင္ေတြ ကြဲလြဲေနတယ္။ သူတုိ႔ခ်င္း မညီတဲ့အတြက္ေၾကာင့္မို႔ သူတုိ႔မွာလည္း ဘယ္လိုလွမ္းရမလဲဆိုတာ အခက္အခဲ ျဖစ္တယ္ဆိုတဲ့ ေျပာဆိုမႈေတြကို ၾကားရပါတယ္။

ေမး ။ ။ ဒါေပမဲ့ ဦးသိန္းစိန္လက္ထက္တုန္းက အစိုးရနဲ႔ NLD အစိုးရနဲ႔ေတာ့ ဘယ္ယွဥ္လို႔ ရမလဲ။ ဦးသိန္းစိန္အစိုးရက တပ္မေတာ္က ေက်ာေထာက္ေနာက္ခံျပဳထားတဲ့ ပါတီ၊ ႀကံ့ခိုင္ဖြံ႔ၿဖိဳးေရးပါတီ ဆိုတာကလဲ၊ သူကိုယ္တိုင္ကလဲ တပ္မေတာ္အႀကီးအကဲ တစ္ေယာက္ကေန လာခဲ့တဲ့ ပုဂၢိဳလ္ဆိုေတာ့ သူ႔အစိုးရနဲ႔ မတူဘူးေပါ့။ သူတို႔က ပိုၿပီးေတာ့ ညိွႏိႈင္းရလြယ္တာ မဆန္းဘူးေပါ့။ က်ေနာ္ေမးလိုတာက အခုအစိုးရနဲ႔ အဲဒီလို ညိွႏိႈင္းဖို႔ဆိုတာ ျဖစ္ႏိုင္ပါ့မလား။

ေျဖ ။ ။ က်ေနာ္အျမင္ကေတာ့ မျဖစ္ခဲ့လို႔ ျဖစ္ေစခ်င္တဲ့ ဆႏၵကို သူေျပာတဲ့သေဘာပါပဲ။ အဲဒီေတာ့ သူက အမ်ဳိးသားရင္ၾကားေစ့ေရးဆိုတဲ့ဟာက အစိုးရ၊ တပ္မေတာ္၊ တျခားပါတီေတြ၊ အထူးသျဖင့္ေတာ့ USDP လို ပါတီႀကီးေတြ၊ လႊတ္ေတာ္ထဲေရာက္တဲ့ ပါတီႀကီးေတြ။ အဲဒီလို ပါတီႀကီးေတြက ႏုိင္ငံေရးအျမင္၊ အထူးသျဖင့္ေတာ့ ၿငိမ္းခ်မ္းေရးအတြက္ ခ်ီတက္တဲ့လမ္းမွာ အျမင္သေဘာထားေတြ၊ မတူညီၾကလို႔ရိွရင္ ေကာင္းတယ္။ အဲဒီလိုရေအာင္ ႀကိဳးစားေစခ်င္တယ္လို႔ ေျပာတာပါ။ ရႏိုင္၊ မရႏိုင္ဆိုတာေတာ့ သူ ေျပာမသြားဘူး။ ဒါေပမဲ့ သူေမွ်ာ္မွန္းတာက ဒီလိုအေျခအေနမ်ဳိး တည္ေဆာက္ႏုိင္မွသာလွ်င္ ၿငိမ္းခ်မ္းေရးအတြက္ ေဆြးေႏြးတဲ့အခါမွာ ျမန္ျမန္ဆန္ဆန္ ထိထိေရာက္ေရာက္နဲ႔ ခရီးေရာက္မယ္ဆိုတဲ့ သေဘာမ်ဳိးကို ေျပာသြားတယ္လို႔ က်ေနာ္ နားလည္ပါတယ္။


ေမး ။ ။ ေျပာသြားတဲ့အထဲမွာ သူတာဝန္ယူခဲ့တဲ့ အစိုးရလက္ထက္တုန္းက တိုင္းျပည္ရဲ ႔ အေျခအေနဟာ ဘယ္လိုဘယ္လို တုိးတက္ခဲ့တယ္။ စီးပြားေရး၊ သတင္းလြတ္လပ္ခြင့္ စသည္ျဖင့္ အမ်ားႀကီးေျပာသြားပါတယ္။ စာရင္းဇယား အေထာက္အထားေတြနဲ႔။ တခ်ိန္တည္းမွာပဲ က်ေနာ္ ဘာကိုသြားသတိရသလဲဆိုေတာ့ တေလာတုန္းကပဲ NLD ပါတီဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္က ေျပာသြားတယ္၊ သူတုိ႔အစိုးရရဲ ႔ ပထမ (၂) ႏွစ္၊ (၃) နွစ္တာ ကာလဟာ လြန္ခဲ့တဲ့ အစိုးရလက္ထက္က က်န္ရစ္ခဲ့တဲ့ အရႈပ္ေတြကို ရွင္းေနရတာနဲ႔ကို အခ်ိန္ကုန္သြားတယ္လို႔ ဆုိပါတယ္။ ဆိုေတာ့ ဒီစကားႏွစ္ခုကိုလည္း ႏိႈင္းယွဥ္စဥ္းစားၾကည့္ေစလုိပါတယ္။ ဦးသိန္းစိန္အစိုးရလက္ထက္က အရႈပ္အရွင္းေတြ အမ်ားႀကီးထားခဲ့သလား။ သို႔တည္းမဟုတ္ အေျခအေနေတြ ေတာ္ေတာ္ေလးေကာင္းေအာင္ ထားခဲ့သလား။ NLD က ဒီအရႈပ္ေတြကို ေျဖရွင္းေနရတာနဲ႔ အခ်ိန္ေတာ္ေတာ္ေလး ကုန္ခဲ့တယ္ဆိုတာ ဘယ္ေလာက္မွန္ကန္ႏိုင္ပါသလဲ။ အဲဒီႏွစ္ခုကို ႏိႈင္းယွဥ္ၿပီးေတာ့ သံုးသပ္ပါအံုး။

ေျဖ ။ ။ က်ေနာ္တို႔ ၂၀၁၀-၂၀၁၅ လႊတ္ေတာ္ကိုယ္စားလွယ္ဘဝမွာ ေတြ႔ခဲ့တဲ့ အေတြ႔အႀကံဳေတြအရ ေျပာမယ္ဆိုရင္ေတာ့ ဦးသိန္းစိန္ေျပာခဲ့တဲ့ အခ်က္အလက္ေတြ၊ ဇယားေတြကလည္း မမွားဘူးလို႔ က်ေနာ္တို႔ ယူဆပါတယ္။ တစ္ခါ ေဒၚေအာင္ဆန္းစုၾကည္ ေျပာတဲ့ကိစၥေတြကလဲ ေဒၚေအာင္ဆန္းစုၾကည္တို႔ အစိုးရတက္လာတဲ့အခ်ိန္မွာ အရင္အရႈပ္ေတြကို ရွင္းေနရတယ္အတြက္ေၾကာင့္မို႔ အလုပ္မတြင္က်ယ္ဘူးလို႔ ေျပာတဲ့ဟာကလဲ မမွားေလာက္ဘူးလို႔ က်ေနာ္ ယူဆပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ မူလ ၂၀၁၀ တုန္းက အစိုးရတြင္းကိစၥေတြက ဒီထက္ပိုဆိုးတယ္။ က်ေနာ္တို႔ သိရသေလာက္ေတာ့ဆိုရင္ တခ်ဳိ ႔တည္ေဆာက္ေရး လုပ္ငန္းေတြပဲျဖစ္ေစ၊ ဆည္တည္ေဆာက္တဲ့ လုပ္ငန္းကိစၥေတြပဲျဖစ္ေစ၊ သံုးထားတဲ့ ေငြေၾကးေတြကလဲ ပရမ္းပတာ ျဖစ္ေနၿပီးေတာ့ လႊြတ္ေတာ္ကိုလာၿပီး တင္ေတာင္းတဲ့ ဘတ္ဂ်က္ေတြက တခ်ဳိ ႔ကိစၥေတြဆိုရင္ လုပ္ကိုင္ၿပီးေနၿပီ၊ လႊတ္ေတာ္ကေတာင္ ခြင့္မျပဳရေသးဘူး လုပ္ကိုင္ၿပီးေနတာေတြကို လာေတာင္းေနတာေတြလည္း ရိွေနတယ္။ အဲဒီလိုမ်ဳိး။ ေတာ္ေတာ္ေလး ကေမာက္ကမ ျဖစ္ေနတဲ့ ကိစၥေတြကို က်ေနာ္တို႔ လႊတ္ေတာ္ကလည္း ႀကီးၾကပ္၊ ဦးသိန္းစိန္အစိုးရကလည္း မိမိကိုယ္ကိုယ္ အစိုးရအဖြဲ႔ကိုယ္တိုင္ ျပင္သင့္ျပင္ထိုက္တာေတြ ျပင္လာတဲ့အတြက္ေၾကာင့္မို႔ တစံုတရာ တုိးတက္ေကာင္းမြန္လာတဲ့ အေနအထား၊ ရိွခဲ့တယ္လို႔ က်ေနာ္ကေတာ့ ယူဆတယ္။

ဘာျဖစ္လို႔လဲဆိုေတာ့ က်ေနာ္တို႔ လႊတ္ေတာ္ထဲမွာ ဒီကိစၥေတြနဲ႔ ပတ္သက္လို႔ တိုက္ပြဲေတြ ျပင္းထန္တယ္။ အျပင္းအထန္ အျငင္းအခုန္ေတြ ျဖစ္တယ္ဆိုတာ က်ေနာ္တို႔ သိေနရတယ္။ အဲဒီေတာ့ NLD အစိုးရ တက္လာတဲ့အခါမွာ အဲဒီအေျခအေနက ဦးသိန္းစိန္အစိုးရ ျပဳျပင္ေျပာင္းလဲေရး လုပ္သြားတဲ့ အေျခအေနက ဆံုးခန္းတိုင္း မေအာင္ျမင္၊ မၿပီဆံုးေသးတဲ့ကိစၥေတြ ျဖစ္ဖို႔မ်ားတယ္။ ဒါေၾကာင့္မို႔ အဲဒါေတြကို ေနာက္တက္လာတဲ့ NLD အစိုးရက လက္စသတ္ေနရတယ္ဆိုတဲ့ဟာကလဲ မွန္ပါတယ္။ မွန္ပါလိမ့္မယ္။ ဒါေၾကာင့္ သူ႔အေနနဲ႔ ေရွ ႔ဆက္ခ်ီတက္ဖို႔က အခ်ိန္သိပ္မရဘူးလို႔ ေဒၚေအာင္ဆန္းစုၾကည္က ေျပာခ်င္တာ ျဖစ္ပါလိမ့္မယ္။

ေမး ။ ။ အဂတိလိုက္စားမႈလုပ္ရပ္ကို ခ်ီးက်ဴးတာ ေျပာသြားတယ္။ သူတို႔အစိုးရလက္ထက္မွာ ဘယ္ေလာက္ကိုင္တြယ္ႏိုင္ခဲ့တယ္။ အခုအစိုးရလက္ထက္မွာ အဂတိလိုက္စားမႈ ဘယ္ေလာက္ႏိွမ္ႏွင္းႏိုင္တယ္ဆိုတာကို ဘာမွႏိႈင္းယွဥ္ေျပာသြားတာကို မၾကားလိုက္ရဘူး။ က်ေနာ္က အဲဒါကို ႏိႈင္းယွဥ္ၾကည့္ေစခ်င္ပါတယ္။ ဦးရဲထြန္းလည္း ႏိႈင္းယွဥ္ေပးပါ။ အဂတိလိုက္စားမႈ ယခင္နဲ႔ အခုေပါ့။

ေျဖ ။ ။ အဂတိလိုက္စားမႈနဲ႔ ပတ္သက္ၿပီးေတာ့ ဦးသိန္းစိန္အစိုးရနဲ႔ NLD အစိုးရတို႔ နည္းနည္းလုပ္ပံုကိုင္ပံု လြဲမွားေနတယ္လို႔ က်ေနာ္က ထင္တယ္။ အဓိကအားျဖင့္ တႏုိင္ငံလံုး အထက္ကေန ေအာက္အထိ ျဖစ္ေနတာဆုိေတာ့ ပထမဦးဆံုး က်ေနာ္တို႔ ဦးစားေပးသင့္တာက အစိုးရအဖြဲ႔ သန္႔ရွင္းဖို႔၊ အစိုးရအဖြဲ႔အတြင္းက ပုဂၢိဳလ္ေတြက လံုးဝအဂတိကင္းစင္ဖုိ႔ကို လုပ္ရမွာ။ NLD အစိုးရလက္ထက္မွာေတာ့ တတ္ႏုိင္သေလာက္ သူတုိ႔လုပ္ခဲ့တယ္။ တုိင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ေတြ ဒီကိစၥနဲ႔ အေရးယူခံရတာေတြ ရိွတယ္။ အရင္ ဦးသိန္းစိန္အစိုးရလက္ထက္မွာေတာ့ ဒီလိုသတင္းထြက္လာရင္၊ ဒီလုိကိစၥေပၚလာရင္ အနားေပးလိုက္တာ၊ တာဝန္ကေန ႏႈတ္ထြက္ခြင့္ ျပဳလိုက္တာေလာက္ပဲ ရိွခဲ့တယ္။ NLD အစိုးရလက္ထက္မွာေတာ့ ပိုၿပီးေတာ့ ဒါကို ျပင္းျပင္းထန္ထန္ ဂရုတစိုက္ လုပ္တယ္ဆိုတာေတာ့ က်ေနာ္တို႔ သတိထားမိတယ္။ ပိုၿပီးေတာ့လည္း ေကာင္းလာတယ္။ သို႔ေသာ္ ေအာက္ေျခအထိကိုေတာ့ အဂတိတိုက္ဖ်က္ေရး လုပ္ငန္းစဥ္က မေရာက္ေသးဘူးေပါ့။ ဒါကလဲ ေနာင္တဆင့္မွ အေပၚမွာ ပိုင္ပိုင္ႏုိင္ႏုိင္ၿပီးမွ ေအာက္ကို ဆင္းရမွာ ျဖစ္တဲ့အတြက္ေၾကာင့္မို႔ ဒါကိုေတာ့ က်ေနာ္တို႔ နားလည္ခြင့္လႊတ္ႏိုင္ပါတယ္။

ေမး ။ ။ ေနာက္ဆံုးအခ်ိန္ တစ္မိနစ္က်န္ပါတယ္။ အဲဒါကေတာ့ ဒီေရြးေကာက္ပြဲက ေပၚထြက္လာမယ့္ ေမွ်ာ္မွန္းႏိုင္မယ့္ အဓိက ႏုိင္ငံေရး ေမွ်ာ္မွန္းခ်က္က ဘာလဲ။ အမ်ဳိးသားျပန္လည္သင့္ျမတ္ေရးအတြက္ ဘယ္ေလာက္အထိ ေရွ ႔ကိုေရြ ႔သြားႏိုင္မယ္ ထင္ပါသလဲ။

ေျဖ ။ ။ တကယ္လို႔ NLD က တစ္ပါတီိထဲနဲ႔ သမၼတေရြးၿပီးေတာ့ အစိုးရျပန္လည္ဖြဲ႔ႏုိင္တယ္ ဆိုရင္ေတာ့ ေဒၚေအာင္ဆန္းစုၾကည္ကေန အတိုင္ပင္ခံ ပုဂၢိဳလ္ ဥပေဒၾကမ္းကို သက္တမ္းတိုးၿပီးေတာ့၊ ဆက္ၿပီးေတာ့ ဦးေဆာင္သြားလိမ့္မယ္လုိ႔ ထင္တယ္။ အဲဒီလို NLD ပါတီတစ္ခုတည္း အစိုးရ ဖြဲ႔ႏိုင္မယ္ဆိုရင္ေတာ့ အေျပာင္းအလဲက ထူးထူးျခားျခား ျဖစ္လာလိမ့္မယ္လို႔ မထင္ဘူး။ တုိးတက္မႈေတြကလဲ ေႏွးေကြးလိမ့္မယ္လို႔ က်ေနာ္ ယူဆပါတယ္။ တကယ္လို႔ အဲဒီလို မဟုတ္ဘဲနဲ႔ တုိင္ပင္ညိွႏိႈင္းၿပီးေတာ့ ဖြဲ႔ရတဲ့ အစိုးရမ်ဳိး၊ ဦးသိန္းစိန္ေျပာတဲ့ တိုက္တြန္းခ်က္အရဆိုရင္ေတာ့ NLD နဲ႔ အတိုက္အခံ ျပည္ခိုင္ၿဖိဳးတို႔ ေပါင္းၿပီးေတာ့ ညိွႏိႈင္းၿပီးေတာ့ ဖြဲ႔လို႔ရတယ္ဆိုတဲ့ သေဘာမ်ဳိး သူတိုက္တြန္းတယ္လို႔ က်ေနာ္ ယူဆပါတယ္။ အဲဒီလို အမ်ဳိးသားညီညႊတ္ေရးအတြက္ ဖြဲ႔ႏိုင္တယ္ဆုိရင္ေတာ့ အသြင္အျပင္တစ္ခု ထူးထူးျခားျခား အေျပာင္းအလဲတစ္ခု ျဖစ္လာလိမ့္မယ္လို႔ ထင္ပါတယ္။

==Unicode==

မြန်မာနိုင်ငံမှာ အမျိုးသားရင်ကြားစေ့ရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဘယ်ဟာက အရင်လာသင့်သလဲဆိုတာနဲ့ ပတ်သက်ပြီးတော့ သီပေါမြို့နယ် ပြည်သူ့လွှတ်တော်အမတ်ဟောင်းလည်းဖြစ်၊ မြန်မာ့နိုင်ငံရေး သုံးသပ်သူလည်းဖြစ်တဲ့ ဦးရဲထွန်းနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ နိုင်ငံတော်သမ္မတအငြိမ်းစား ဦးသိန်းစိန်က မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံဥပဒေကို ပြင်ဆင်ဖို့ဆိုရင် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးစွာလုပ်ဖို့ လိုအပ်တယ်တယ်လို့ မကြာသေးခင်က ပြောဆိုသွားပါတယ်။ ဒါပေမဲ့ သုံးသပ်သူတချို့ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည်လျှင်ပင် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အတားအဆီးကြီး ဖြစ်နေတယ်လို့ ယူဆနေကြပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဦးရဲထွန်းက သူ့အမြင်ကို အခုလိုစတင်ဆွေးနွေးပါတယ်။

ဖြေ ။ ။ ဦးသိန်းစိန်ပြောသွားတဲ့ မိန့်ခွန်းတိုလေးကို နားထောင်ကြည့်လိုက်တဲ့အခါမှာ သူက ပြောချင်တဲ့ လက်တွေ့နိုင်ငံရေးဖြစ်စဉ်ကတော့ ငြိမ်းချမ်းရေးရဖို့ဆိုတဲ့ဟာက ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီမိုကရေစီဖယ်ဒရယ်စနစ်ဖြစ်အောင် အဲဒီပုံစံမျိုးဖြစ်အောင်ပြင်ဖို့ လိုတယ်ဆိုတဲ့ဟာကို အသိအမှတ်ပြုပြီး ပြောသွားတယ်။ သို့သော် အဲဒါကို သွားဖို့အတွက်က အမျိုးသားရင်ကြားစေ့ရေး ရှိဖို့လိုတယ်လို့ ပြောလိုက်တဲ့အခါကြတော့ သူပြောတဲ့ အမျိုးသားရင်ကြားစေ့ရေးဆိုတဲ့ အဓိပ္ပါယ်ကို ကျနော် နားလည်သိရသလောက်တော့ အစိုးရနဲ့ တပ်မတော်။ နောက်တခါ အတိုက်အခံ နိုင်ငံရေးအင်အားစုတွေက ညီညွှတ်ဖို့လိုတယ်။ ညီညွှတ်ပြီးတဲ့အခါ တတိုင်းပြည်လုံး ငြိမ်းချမ်းရေးကိစ္စအတွက်ကို အမြင်တွေ၊ သဘောထားတွေ အရင်ညှိသင့်တယ်။ တူညီသင့်တယ်လို့ ပြောတဲ့အဓိပ္ပါယ်မျိုး ယူဆပါတယ်။ အဲဒီတော့ ကျနော်တို့ နားလည်တဲ့ အမျိုးသားရင်ကြားစေ့ရေးဆိုသည်မှာ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေကိုလည်း ထည့်တွက်ထားတယ်။ အဲဒီအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးမရမချင်း၊ ကျနော်တို့က အမျိုးသားရင်ကြားစေ့ရေး မရှိသေးဘူးလို့ ကျနော်တို့က ယူဆကြတယ်။

သူကတော့ အဲဒီလိုမဟုတ်ဘူး။ လက်နက်ကိုင် တိုင်းရင်းသားအင်အားစုတွေနဲ့ ငြိမ်းချမ်းရေးရဖို့ကိုပဲ၊ အဲဒီခြေလှမ်းကို လှမ်းနိုင်ဖို့ကိုပဲ ကိုယ့်အချင်းချင်း ညီညွှတ်ရမယ်ဆိုတော့ တပ်မတော်နဲ့ အစိုးရကြားမှာ တူညီတဲ့အမြင်တွေ ရှိဖို့လိုတယ်။ ဖယ်ဒရယ်စနစ်ကို သွားဖို့အတွက် ပြင်သင့်ပြင်ထိုက်တာတွေ ပြင်ဖို့အတွက် ညှိနှိုင်းဖို့ သဘောထားတူညီမှုတွေ လိုတယ်လို့ ပြောသွားတယ်လို့ ကျနော် အဲဒီလိုနားလည်လိုက်ပါတယ်။

မေး ။ ။ ဆိုတော့ တပ်မတော်နဲ့ အစိုးရကြား သဘောထားတူညီဖို့၊ ညှိနှိုင်းဖို့ဆိုတာကလဲ ဖွဲ့စည်းပုံမှာ လုပ်ထားတဲ့ ပုံစံကတော့ နည်းနည်းအစိုးရနှစ်မျိုး ယှဉ်ပြိုင်ဖြစ်နေတဲ့ ပုံစံ ဖြစ်မနေဘူးလား။ တပ်မတော်ကို အာဏာပေးထားတာတို့၊ နောက်ပြီးတော့ တပ်မတော်မှာ လွှတ်တော်ကိုယ်စားလှယ်တွေ နေရာမှာ ရွေးကောက်မခံရဘဲနဲ့ တပ်မတော်က နေရာယူထားတာတို့၊ နောက်ပြီးတော့ အရေးကြီးတဲ့ဌာနတွေ၊ လုပ်ပိုင်ခွင့်တွေ အများကြီးပေးထားတာ၊ စီးပွားရေး စီမံခန့်ခွဲခွင့် စသည်ဖြင့် အကုန်လုံးလုပ်နေတာကို ဖွဲ့စည်းပုံက တစုံတရာမှ မပြုပြင်ဘဲနဲ့ သူမျှော်မှန်းတဲ့ တပ်မတော်နဲ့ အစိုးရကြား ပြန်လည်ရင်ကြားစေ့ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ဆိုတာ ဖြစ်နိုင်ပါ့မလား။

ဖြေ ။ ။ ဒါကတော့ သူ ဦးစီးခဲ့တဲ့ ၂၀၁၀-၁၅ အစိုးရအဖွဲ့နဲ့ ၂၀၁၅-၂၀၂၀ အစိုးရအဖွဲ့ နှစ်ခုကြားရဲ့ ထူးခြားချက်၊ မတူညီချက်ကို ပြောမယ်ဆိုရင်တော့ သူ ဦးစီးခဲ့တဲ့ ၂၀၁၀-၁၅ တုန်းက ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပြောချင်ဆိုချင်၊ သဘောတူညီချင်တဲ့ဟာတွေက သူပြီးရင် တပ်ကလဲ ပြီးတဲ့ဆိုတဲ့ အနေအထားမျိုး တွေ့ရပါတယ်။ ဥပမာအားဖြင့် သူပြောတဲ့အထဲမှာလဲ ပါပါတယ်။ သူတို့ဟာ အပြောင်းအလဲလုပ်ဖို့အတွက် မိမိကိုယ်ကိုယ်လဲ အမြင်အယူအဆတွေ ပြောင်းလဲခဲ့ရတယ်လို့ သူ ဝန်ခံသွားတယ်။ အဲဒီအထဲမှာ ကျနော်တို့ သိထားတဲ့ အချက်တစ်ချက်ကတော့ အရေးကြီးတဲ့ အချက်တစ်ချက်ကတော့ ဖယ်ဒရယ်စနစ်ကို လက်ခံသဘောတူတဲ့ ကိစ္စပါ။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ သူကနားလည်သဘောပေါက်ပြီး၊ လက်ခံလိုက်တဲ့အခါမှာ တပ်ကိုလည်း လက်ခံလာအောင်၊ အာရုံစိုက်ပြီးတော့ ဂရုစိုက်ပြီးတော့ ဖြောင်းဖြရတာ၊ သိမ်းသွင်းရတာ၊ ပြောဆိုရတာ၊ စည်းရုံးရတာ ကြီးကြီးမားမား အခက်အခဲတွေ့တယ်လို့ မကြားရဘူး။ ပြောချင်တဲ့သဘောက သူပြီးရင်ပြီတယ်။ သူပြောလိုက်တာနဲ့ အောက်က တပ်ကလည်း လိုက်ပြီးတော့ သဘောတူ လက်ခံပေးတယ်ဆိုတဲ့ အနေအထားမျိုးကို တွေ့ရပါတယ်။

NLD အစိုးရလက်ထက်မှာကြတော့ အဲဒီလိုမျိုး မဟုတ်ဘဲနဲ့ NLD အစိုးရအနေနဲ့ကလဲ ရှေ့ကနေပြီးတော့ Initiative လုပ်ပြီးတဲ့အခါကြတော့ အမြင်သဘောထားတစ်ခုခုကို တင်ပြတဲ့ အနေအထားမျိုး မရှိဘဲနဲ့၊ ဆွေးနွေးပွဲမှာပဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ၊ တပ်မတော်နဲ့ ဆွေးနွေးညှိနှိုင်းရင်းမှ သဘောတူတဲ့ကိစ္စပေါ်မှာပဲ အတည်ပြုပြီးတော့ ချမှတ်တဲ့အနေအထားမျိုး ဖြစ်တဲ့အခါ၊ ဘယ်လိုတွေ့ရသလဲဆိုတော့ တပ်ပေါ်မှာ အစိုးရက သြဇာမရှိသလိုမျိုး အဲဒီလိုမျိုး ကျနောတို့ အပြင်က လေ့လာလို့ ရပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေဘက်လည်း အဲဒီလို ခံစားရတယ်။ တပ်နဲ့ အစိုးရကြားမှာ သဘောထားတွေ မတူညီဘူး။ အမြင်တွေ ကွဲလွဲနေတယ်။ သူတို့ချင်း မညီတဲ့အတွက်ကြောင့်မို့ သူတို့မှာလည်း ဘယ်လိုလှမ်းရမလဲဆိုတာ အခက်အခဲ ဖြစ်တယ်ဆိုတဲ့ ပြောဆိုမှုတွေကို ကြားရပါတယ်။

မေး ။ ။ ဒါပေမဲ့ ဦးသိန်းစိန်လက်ထက်တုန်းက အစိုးရနဲ့ NLD အစိုးရနဲ့တော့ ဘယ်ယှဉ်လို့ ရမလဲ။ ဦးသိန်းစိန်အစိုးရက တပ်မတော်က ကျောထောက်နောက်ခံပြုထားတဲ့ ပါတီ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဆိုတာကလဲ၊ သူကိုယ်တိုင်ကလဲ တပ်မတော်အကြီးအကဲ တစ်ယောက်ကနေ လာခဲ့တဲ့ ပုဂ္ဂိုလ်ဆိုတော့ သူ့အစိုးရနဲ့ မတူဘူးပေါ့။ သူတို့က ပိုပြီးတော့ ညှိနှိုင်းရလွယ်တာ မဆန်းဘူးပေါ့။ ကျနော်မေးလိုတာက အခုအစိုးရနဲ့ အဲဒီလို ညှိနှိုင်းဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။

ဖြေ ။ ။ ကျနော်အမြင်ကတော့ မဖြစ်ခဲ့လို့ ဖြစ်စေချင်တဲ့ ဆန္ဒကို သူပြောတဲ့သဘောပါပဲ။ အဲဒီတော့ သူက အမျိုးသားရင်ကြားစေ့ရေးဆိုတဲ့ဟာက အစိုးရ၊ တပ်မတော်၊ တခြားပါတီတွေ၊ အထူးသဖြင့်တော့ USDP လို ပါတီကြီးတွေ၊ လွှတ်တော်ထဲရောက်တဲ့ ပါတီကြီးတွေ။ အဲဒီလို ပါတီကြီးတွေက နိုင်ငံရေးအမြင်၊ အထူးသဖြင့်တော့ ငြိမ်းချမ်းရေးအတွက် ချီတက်တဲ့လမ်းမှာ အမြင်သဘောထားတွေ၊ မတူညီကြလို့ရှိရင် ကောင်းတယ်။ အဲဒီလိုရအောင် ကြိုးစားစေချင်တယ်လို့ ပြောတာပါ။ ရနိုင်၊ မရနိုင်ဆိုတာတော့ သူ ပြောမသွားဘူး။ ဒါပေမဲ့ သူမျှော်မှန်းတာက ဒီလိုအခြေအနေမျိုး တည်ဆောက်နိုင်မှသာလျှင် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးတဲ့အခါမှာ မြန်မြန်ဆန်ဆန် ထိထိရောက်ရောက်နဲ့ ခရီးရောက်မယ်ဆိုတဲ့ သဘောမျိုးကို ပြောသွားတယ်လို့ ကျနော် နားလည်ပါတယ်။


မေး ။ ။ ပြောသွားတဲ့အထဲမှာ သူတာဝန်ယူခဲ့တဲ့ အစိုးရလက်ထက်တုန်းက တိုင်းပြည်ရဲ့ အခြေအနေဟာ ဘယ်လိုဘယ်လို တိုးတက်ခဲ့တယ်။ စီးပွားရေး၊ သတင်းလွတ်လပ်ခွင့် စသည်ဖြင့် အများကြီးပြောသွားပါတယ်။ စာရင်းဇယား အထောက်အထားတွေနဲ့။ တချိန်တည်းမှာပဲ ကျနော် ဘာကိုသွားသတိရသလဲဆိုတော့ တလောတုန်းကပဲ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတယ်၊ သူတို့အစိုးရရဲ့ ပထမ (၂) နှစ်၊ (၃) နှစ်တာ ကာလဟာ လွန်ခဲ့တဲ့ အစိုးရလက်ထက်က ကျန်ရစ်ခဲ့တဲ့ အရှုပ်တွေကို ရှင်းနေရတာနဲ့ကို အချိန်ကုန်သွားတယ်လို့ ဆိုပါတယ်။ ဆိုတော့ ဒီစကားနှစ်ခုကိုလည်း နှိုင်းယှဉ်စဉ်းစားကြည့်စေလိုပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်က အရှုပ်အရှင်းတွေ အများကြီးထားခဲ့သလား။ သို့တည်းမဟုတ် အခြေအနေတွေ တော်တော်လေးကောင်းအောင် ထားခဲ့သလား။ NLD က ဒီအရှုပ်တွေကို ဖြေရှင်းနေရတာနဲ့ အချိန်တော်တော်လေး ကုန်ခဲ့တယ်ဆိုတာ ဘယ်လောက်မှန်ကန်နိုင်ပါသလဲ။ အဲဒီနှစ်ခုကို နှိုင်းယှဉ်ပြီးတော့ သုံးသပ်ပါအုံး။

ဖြေ ။ ။ ကျနော်တို့ ၂၀၁၀-၂၀၁၅ လွှတ်တော်ကိုယ်စားလှယ်ဘဝမှာ တွေ့ခဲ့တဲ့ အတွေ့အကြုံတွေအရ ပြောမယ်ဆိုရင်တော့ ဦးသိန်းစိန်ပြောခဲ့တဲ့ အချက်အလက်တွေ၊ ဇယားတွေကလည်း မမှားဘူးလို့ ကျနော်တို့ ယူဆပါတယ်။ တစ်ခါ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ကိစ္စတွေကလဲ ဒေါ်အောင်ဆန်းစုကြည်တို့ အစိုးရတက်လာတဲ့အချိန်မှာ အရင်အရှုပ်တွေကို ရှင်းနေရတယ်အတွက်ကြောင့်မို့ အလုပ်မတွင်ကျယ်ဘူးလို့ ပြောတဲ့ဟာကလဲ မမှားလောက်ဘူးလို့ ကျနော် ယူဆပါတယ်။ ဘာကြောင့်လဲဆိုတော့ မူလ ၂၀၁၀ တုန်းက အစိုးရတွင်းကိစ္စတွေက ဒီထက်ပိုဆိုးတယ်။ ကျနော်တို့ သိရသလောက်တော့ဆိုရင် တချို့တည်ဆောက်ရေး လုပ်ငန်းတွေပဲဖြစ်စေ၊ ဆည်တည်ဆောက်တဲ့ လုပ်ငန်းကိစ္စတွေပဲဖြစ်စေ၊ သုံးထားတဲ့ ငွေကြေးတွေကလဲ ပရမ်းပတာ ဖြစ်နေပြီးတော့ လွှွတ်တော်ကိုလာပြီး တင်တောင်းတဲ့ ဘတ်ဂျက်တွေက တချို့ကိစ္စတွေဆိုရင် လုပ်ကိုင်ပြီးနေပြီ၊ လွှတ်တော်ကတောင် ခွင့်မပြုရသေးဘူး လုပ်ကိုင်ပြီးနေတာတွေကို လာတောင်းနေတာတွေလည်း ရှိနေတယ်။ အဲဒီလိုမျိုး။ တော်တော်လေး ကမောက်ကမ ဖြစ်နေတဲ့ ကိစ္စတွေကို ကျနော်တို့ လွှတ်တော်ကလည်း ကြီးကြပ်၊ ဦးသိန်းစိန်အစိုးရကလည်း မိမိကိုယ်ကိုယ် အစိုးရအဖွဲ့ကိုယ်တိုင် ပြင်သင့်ပြင်ထိုက်တာတွေ ပြင်လာတဲ့အတွက်ကြောင့်မို့ တစုံတရာ တိုးတက်ကောင်းမွန်လာတဲ့ အနေအထား၊ ရှိခဲ့တယ်လို့ ကျနော်ကတော့ ယူဆတယ်။

ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ လွှတ်တော်ထဲမှာ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ တိုက်ပွဲတွေ ပြင်းထန်တယ်။ အပြင်းအထန် အငြင်းအခုန်တွေ ဖြစ်တယ်ဆိုတာ ကျနော်တို့ သိနေရတယ်။ အဲဒီတော့ NLD အစိုးရ တက်လာတဲ့အခါမှာ အဲဒီအခြေအနေက ဦးသိန်းစိန်အစိုးရ ပြုပြင်ပြောင်းလဲရေး လုပ်သွားတဲ့ အခြေအနေက ဆုံးခန်းတိုင်း မအောင်မြင်၊ မပြီဆုံးသေးတဲ့ကိစ္စတွေ ဖြစ်ဖို့များတယ်။ ဒါကြောင့်မို့ အဲဒါတွေကို နောက်တက်လာတဲ့ NLD အစိုးရက လက်စသတ်နေရတယ်ဆိုတဲ့ဟာကလဲ မှန်ပါတယ်။ မှန်ပါလိမ့်မယ်။ ဒါကြောင့် သူ့အနေနဲ့ ရှေ့ဆက်ချီတက်ဖို့က အချိန်သိပ်မရဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောချင်တာ ဖြစ်ပါလိမ့်မယ်။

မေး ။ ။ အဂတိလိုက်စားမှုလုပ်ရပ်ကို ချီးကျူးတာ ပြောသွားတယ်။ သူတို့အစိုးရလက်ထက်မှာ ဘယ်လောက်ကိုင်တွယ်နိုင်ခဲ့တယ်။ အခုအစိုးရလက်ထက်မှာ အဂတိလိုက်စားမှု ဘယ်လောက်နှိမ်နှင်းနိုင်တယ်ဆိုတာကို ဘာမှနှိုင်းယှဉ်ပြောသွားတာကို မကြားလိုက်ရဘူး။ ကျနော်က အဲဒါကို နှိုင်းယှဉ်ကြည့်စေချင်ပါတယ်။ ဦးရဲထွန်းလည်း နှိုင်းယှဉ်ပေးပါ။ အဂတိလိုက်စားမှု ယခင်နဲ့ အခုပေါ့။

ဖြေ ။ ။ အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီးတော့ ဦးသိန်းစိန်အစိုးရနဲ့ NLD အစိုးရတို့ နည်းနည်းလုပ်ပုံကိုင်ပုံ လွဲမှားနေတယ်လို့ ကျနော်က ထင်တယ်။ အဓိကအားဖြင့် တနိုင်ငံလုံး အထက်ကနေ အောက်အထိ ဖြစ်နေတာဆိုတော့ ပထမဦးဆုံး ကျနော်တို့ ဦးစားပေးသင့်တာက အစိုးရအဖွဲ့ သန့်ရှင်းဖို့၊ အစိုးရအဖွဲ့အတွင်းက ပုဂ္ဂိုလ်တွေက လုံးဝအဂတိကင်းစင်ဖို့ကို လုပ်ရမှာ။ NLD အစိုးရလက်ထက်မှာတော့ တတ်နိုင်သလောက် သူတို့လုပ်ခဲ့တယ်။ တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေ ဒီကိစ္စနဲ့ အရေးယူခံရတာတွေ ရှိတယ်။ အရင် ဦးသိန်းစိန်အစိုးရလက်ထက်မှာတော့ ဒီလိုသတင်းထွက်လာရင်၊ ဒီလိုကိစ္စပေါ်လာရင် အနားပေးလိုက်တာ၊ တာဝန်ကနေ နှုတ်ထွက်ခွင့် ပြုလိုက်တာလောက်ပဲ ရှိခဲ့တယ်။ NLD အစိုးရလက်ထက်မှာတော့ ပိုပြီးတော့ ဒါကို ပြင်းပြင်းထန်ထန် ဂရုတစိုက် လုပ်တယ်ဆိုတာတော့ ကျနော်တို့ သတိထားမိတယ်။ ပိုပြီးတော့လည်း ကောင်းလာတယ်။ သို့သော် အောက်ခြေအထိကိုတော့ အဂတိတိုက်ဖျက်ရေး လုပ်ငန်းစဉ်က မရောက်သေးဘူးပေါ့။ ဒါကလဲ နောင်တဆင့်မှ အပေါ်မှာ ပိုင်ပိုင်နိုင်နိုင်ပြီးမှ အောက်ကို ဆင်းရမှာ ဖြစ်တဲ့အတွက်ကြောင့်မို့ ဒါကိုတော့ ကျနော်တို့ နားလည်ခွင့်လွှတ်နိုင်ပါတယ်။

မေး ။ ။ နောက်ဆုံးအချိန် တစ်မိနစ်ကျန်ပါတယ်။ အဲဒါကတော့ ဒီရွေးကောက်ပွဲက ပေါ်ထွက်လာမယ့် မျှော်မှန်းနိုင်မယ့် အဓိက နိုင်ငံရေး မျှော်မှန်းချက်က ဘာလဲ။ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဘယ်လောက်အထိ ရှေ့ကိုရွေ့သွားနိုင်မယ် ထင်ပါသလဲ။

ဖြေ ။ ။ တကယ်လို့ NLD က တစ်ပါတီထဲနဲ့ သမ္မတရွေးပြီးတော့ အစိုးရပြန်လည်ဖွဲ့နိုင်တယ် ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်ကနေ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဥပဒေကြမ်းကို သက်တမ်းတိုးပြီးတော့၊ ဆက်ပြီးတော့ ဦးဆောင်သွားလိမ့်မယ်လို့ ထင်တယ်။ အဲဒီလို NLD ပါတီတစ်ခုတည်း အစိုးရ ဖွဲ့နိုင်မယ်ဆိုရင်တော့ အပြောင်းအလဲက ထူးထူးခြားခြား ဖြစ်လာလိမ့်မယ်လို့ မထင်ဘူး။ တိုးတက်မှုတွေကလဲ နှေးကွေးလိမ့်မယ်လို့ ကျနော် ယူဆပါတယ်။ တကယ်လို့ အဲဒီလို မဟုတ်ဘဲနဲ့ တိုင်ပင်ညှိနှိုင်းပြီးတော့ ဖွဲ့ရတဲ့ အစိုးရမျိုး၊ ဦးသိန်းစိန်ပြောတဲ့ တိုက်တွန်းချက်အရဆိုရင်တော့ NLD နဲ့ အတိုက်အခံ ပြည်ခိုင်ဖြိုးတို့ ပေါင်းပြီးတော့ ညှိနှိုင်းပြီးတော့ ဖွဲ့လို့ရတယ်ဆိုတဲ့ သဘောမျိုး သူတိုက်တွန်းတယ်လို့ ကျနော် ယူဆပါတယ်။ အဲဒီလို အမျိုးသားညီညွှတ်ရေးအတွက် ဖွဲ့နိုင်တယ်ဆိုရင်တော့ အသွင်အပြင်တစ်ခု ထူးထူးခြားခြား အပြောင်းအလဲတစ်ခု ဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG