တိုင္းရင္းသားေဒသတခ်ဳိ ႔မွာ ေရြးေကာက္ပြဲ မက်င္းပဘူးလုိ႔ ေၾကညာတာနဲ႔ ပတ္သက္ၿပီး ဘယ္လိုအက်ဳိးဆက္ေတြ ျဖစ္ေပၚလာႏုိင္မလဲဆုိတာကို ျမန္မာ့အေရးသံုးသပ္သူ ဦးေမာင္ေမာင္စိုးနဲ႔ ဦးေက်ာ္ဇံသာတို႔ ေဆြးေႏြးသံုးသပ္ထားပါတယ္။
ေမး ။ ။ ေရြးေကာက္ပြဲေကာ္မရွင္က တိုင္းရင္းသားေဒသတခ်ဳိ ႔မွာ ေရြးေကာက္ပြဲ မက်င္းပဘူးလို႔ ေၾကညာခ်က္နဲ႔ ပတ္သက္ၿပီးေတာ့ ဘယ္လိုအေၾကာင္းျပပါသလဲ။ သူတုိ႔ရဲ ႔ အေၾကာင္းျပခ်က္ေတြက ေၾကာင္းက်ဳိးဆီေလွာ္မႈ ရိွပါသလားဆိုတာကို ဦးေမာင္ေမာင္စိုးက အခုလို ေျဖၾကားပါတယ္။
ေျဖ ။ ။ ရခိုင္ျပည္နယ္ကေတာ့ စစ္ပြဲေတြေၾကာင့္လို႔ ဆိုပါတယ္။ တကယ္ေတာ့ ရွမ္းျပည္နယ္ဆိုတာကေတာ့ ဝ (၄) ၿမိဳ ႔နယ္နဲ႔ မိုင္းလား (၁) ၿမိဳ ႔နယ္က ၂၀၁၀ ကတည္းက မလုပ္တဲ့ ၿမိဳ ႔နယ္ေတြ ျဖစ္တဲ့အတြက္ေၾကာင့္ မိုင္းကိုင္တစ္ၿမိဳ ႔နယ္ပဲ က်န္တဲ့ေက်းရြာအုပ္စုလို႔ပဲ ေျပာလုိ႔ရပါတယ္။ အဲဒီေတာ့ တကယ္တမ္း ဒုတိယအမ်ားဆံုးက ကခ်င္ျပည္နယ္ ျဖစ္တယ္။ ကခ်င္ျပည္နယ္ကလဲ တကယ္တမ္းက ၂၀၁၈ ကတည္းက စစ္ပြဲမျဖစ္တဲ့ ျပည္နယ္တစ္ခု ျဖစ္တဲ့အခါၾကေတာ့ ဒီအတြက္ ေမးခြန္းေတြ အမ်ားႀကီး ျဖစ္လာပါတယ္။ ျပႆနာက ဘာလဲဆိုေတာ့ ပထမတစ္ခ်က္က ေရြးေကာက္ပြဲေကာ္မရွင္သည္ ေရြးေကာက္ပြဲ မလုပ္ဘူးလို႔ ေျပာတာနဲ႔ ပတ္သက္ၿပီးေတာ့ သက္ဆိုင္ရာဌာနအသီးသီး (သို႔မဟုတ္) သက္ဆိုင္ရာ ႏုိင္ငံေရးပါတီအသီးသီး၊ ေရြးေကာက္ပြဲ ေအာက္ေျခအဖြဲ႔အစည္းေတြနဲ႔ ပြင့္ပြင့္လင္းလင္း ေဆြးေႏြးတာ မရိွဘူး။ တကယ္တမ္းက အရင္ေရြးေကာက္ပြဲ ေကာ္မရွင္တုန္းက ေရြးေကာက္ပြဲ ရက္ေရႊ ႔သင့္မသင့္နဲ႔ ပတ္သက္ၿပီး ေဆြးေႏြးပြဲေခၚတာ ရိွပါတယ္။ ဦးတင္ေအးေကာ္မရွင္ လက္ထက္က။ ဒါေပမဲ့ အခု ဦးလွသိန္းေကာ္မရွင္လက္ထက္မွာ မရိွဘဲနဲ႔ ဆံုးျဖတ္လိုက္တယ္။ သူကေတာ့ ေလာေလာဆယ္ officially မေၾကညာေပမယ့္ သူတုိ႔ကေတာ့ လံုၿခံဳေရးအေၾကာင္းျပခ်က္ေတြကို စဥ္းစားၿပီးေတာ့ ေၾကညာတယ္ဆိုေပမယ့္ တကယ္တမ္း ေျမျပင္မွာ လံုၿခံဳေရးအေၾကာင္းျပခ်က္က မခိုင္လံုဘူးလို႔ ျမင္ရတာေပါ့။
ဥပမာ ရခိုင္ျပည္နယ္မွာဆိုပါေတာ့ ေပါက္ေတာ၊ ေတာင္ကုပ္၊ ရမ္းၿဗဲ၊ ေက်ာက္ျဖဴတုိ႔ဆုိတာ တိုက္ပြဲမျဖစ္တဲ့ ေဒသေတြ ျဖစ္တယ္။ ဒါေပမဲ့ တကယ္တမ္း ေရြးေကာက္ပြဲလုပ္ဖို႔ အသိအမွတ္ျပဳထားတဲ့ တို္က္ပြဲအမ်ားဆံုးျဖစ္တဲ့ ပလက္ဝၿမိဳ ႔နယ္မွာ ခြင့္ျပဳထားတာေတြ ရိွတယ္။ အဲဒီေတာ့ ေမးခြန္းေမးစရာေတြ အမ်ားႀကီး ရိွေနပါတယ္။ ဆရာေမးတဲ့ေမးခြန္းကို ျပန္ေျဖရရင္ ေရြးေကာက္ပြဲမလုပ္တဲ့ ကိစၥနဲ႔ ပတ္သက္လာရင္ တစ္ခုကေတာ့ လက္ရိွေရြးေကာက္ပြဲ ေကာ္မရွင္ရဲ ႔ လုပ္နည္းကိုင္နည္း မွားေနတယ္လို႔ ထင္ပါတယ္။ ဒုတိယတစ္ခုက ဒါက ျပန္လည္စမ္းစစ္သင့္တဲ့ ကိစၥလို႔ ထင္ပါတယ္။
ေမး ။ ။ တခ်ဳိ ႔က ေရြးေကာက္ပြဲေကာ္မရွင္ဟာ တကယ္ကို လြတ္လပ္တဲ့ ေကာ္မရွင္ ဟုတ္ရဲ ႔လား။ အာဏာရအစိုးရရဲ ႔ ၾသဇာလႊမ္းမုိးမႈလက္ေအာက္မွာ ရိွေနတယ္လို႔ သံုးသပ္ၾကတာလဲ ရိွၾကပါတယ္။ ဒါေပမဲ့ NLD ပါတီက ပုဂၢိဳလ္တစ္ေယာက္ကေတာ့ သူတုိ႔နဲ႔ ဘာမွမဆိုင္ဘူး။ ေကာ္မရွင္ရဲ ႔သေဘာသာ ျဖစ္တယ္လို႔ ဆိုပါတယ္။ ဆုိေတာ့ ေကာ္မရွင္နဲ႔ အစိုးရ ဆက္ဆံမႈကို သံသယရိွေနၾကတဲ့ကိစၥ၊ သံသယရိွထိုိက္တဲ့ကိစၥလို႔ ထင္ပါသလား။
ေျဖ ။ ။ အဲဒီလို သံသယရိွတဲ့ကိစၥကေတာ့ ေရြးေကာက္ပြဲေကာ္မရွင္က မေၾကညာခင္ တခ်ဳိ ႔အခ်က္ေတြကို NLD အစိုးရေခါင္းေဆာင္ေတြက ႀကိဳေျပာတဲ့ဟာမ်ဳိး အနည္းဆံုး တစ္ရက္ေပါ့။ ႀကိဳေျပာတာ (၃) ခါေလာက္ ျဖစ္ဖူးတယ္။ အဲဒီအခါၾကေတာ့ ဒီကိစၥသည္ ေရြးေကာက္ပြဲေကာ္မရွင္မတိုင္ခင္ အစိုးရက ႀကိဳေျပာတဲ့အတြက္ေၾကာင့္ NLD အစိုးရနဲ႔ ပတ္သက္ၿပီး သံသယ ရိွပါတယ္။ ဒုတိယတစ္ခုကေတာ့ ေရြးေကာက္ပြဲမက်င္းပတဲ့ ၿမိဳ ႔နယ္ေဒသေတြသည္ NLD အေနနဲ႔ ၂၀၁၅ တုန္းက ရႈံးခဲ့တဲ့ ၿမိဳ ႔နယ္ေတြ ျဖစ္ေနတဲ့အတြက္ အဲဒီအေပၚမွာ သံသယ ရိွၾကပါတယ္။
ေမး ။ ။ ဒီလို ဦးေမာင္စိုးေျပာတဲ့ ရခိုင္ျပည္နယ္မွာ ေရြးေကာက္ပြဲမက်င္းပတဲ့ ၿမိဳ ႔နယ္ေတြ ေတာ္ေတာ္မ်ားမ်ား ရိွေနတဲ့အခ်ိန္မွာ အစကတည္းက ရခုိင္ျပည္နယ္က ျပည္သူတခ်ဳိ ႔က သူတို႔ဟာ ေရြးေကာက္ပြဲလုပ္ၿပီးေတာ့ လႊတ္ေတာ္က အေရြးခံရတဲ့ ကိုယ္စားလွယ္ေတြ လႊတ္ေတာ္မွာ ေရာက္ေနေပမယ့္ သူတို႔ကိုယ္စားလွယ္ေတြဟာ လူထုကို ကိုယ္စားျပဳၿပီး ဘာမွလုပ္ေဆာင္ႏုိင္ျခင္း အေကာင္အထည္ေဖာ္ႏိုင္ျခင္း မရိွဘူး။ အဆိုးဆံုး သူတို႔ေရြးေကာက္ပြဲ ႏိုင္ေပမယ့္ သူတုိ႔ဆီမွာ အစိုးရကိုလဲ သူတုိ႔ဖြဲ႔စည္းႏိုင္တာ မဟုတ္ဘူး စသည္ျဖင့္ ဒီမိုကေရစီ ေရြးေကာက္ပြဲေပၚမွာ အယံုအၾကည္ သိပ္နည္းေနၾကတယ္ဆိုတာကို ေတြ႔ရပါတယ္။ အခုလို လုပ္လိုက္တဲ့အတြက္ေၾကာင့္ ပိုၿပီးေတာ့မ်ား ဒီမိုကေရစီ ေရြးေကာက္ပြဲေပၚ အယံုအၾကည္ ကင္းမဲ့သြားႏို္င္တယ္လို႔ ေတြးတယ္ဆိုရင္ ေတြးသင့္ပါသလား။ အဲဒီလိုေကာ ျဖစ္ႏုိင္သလား။
ေျဖ ။ ။ အဲဒီလိုပဲ ျဖစ္ပါလိမ့္မယ္။ တကယ္တမ္းကေတာ့ ေနာက္ဆံုး ၂၀၁၅ ေရြးေကာက္ပြဲမွာ ရခိုင္ကိုယ္စားျပဳ ရခိုင္အမ်ဳိးသားပါတီေတြ အမ်ားစုအႏိုင္ရတယ္။ ဒါေပမဲ့ အစိုးရဖြဲ႔ခြင့္လဲ မရိွဘူး။ ျပည္ေထာင္စုအစိုးရဖြဲ႔တဲ့ NLD အစိုးရပါတီက ရခိုင္ပါတီေတြကို ေဆြးေႏြးဘက္ ျပည္နယ္အေရးေတြနဲ႔ ပတ္သက္ၿပီးေတာ့ အနည္းဆံုး ျပည္ေထာင္စုအေရးမဟုတ္ေတာင္ ျပည္နယ္အေရးနဲ႔ ပတ္သက္ၿပီး ေဆြးေႏြးဘက္အျဖစ္ ေဆြးေႏြးတာလဲ မရိွတဲ့အခါၾကေတာ့ ရခိုင္လူထုအေနနဲ႔ စိတ္ပ်က္ပါတယ္။ ဘာျဖစ္လို႔လဲဆုိေတာ့ ရခိုင္လူထု စိတ္ပ်က္တယ္ဆိုတာ သူတုိ႔ mandate ေပးထားတာ ရခိုင္ပါတီ ျဖစ္တယ္။ အဲဒီပါတီကို ဗဟိုအစိုးရျဖစ္တဲ့ NLD အစိုးရက မေဆြးေႏြးတဲ့အခါမွာ စိတ္ပ်က္ပါတယ္။ သူတုိ႔အေနနဲ႔ ေရြးေကာက္ပြဲဝင္ရင္လဲ ဘာမွမထူးဘူးဆိုတဲ့ အျမင္မ်ဳိး ျဖစ္သြားတာကေတာ့ သိပ္ထူးဆန္းတဲ့ကိစၥ မဟုတ္ပါဘူး။ အဲဒီလိုအေျခအေနမွာ ဒီေဒသေတြမွာ ေရြးေကာက္ပြဲ မက်င္းပတဲ့အခါမွာ ပိုၿပီးေတာ့ ဆုိးဝါးတဲ့အက်ဳိးဆက္ေတြ ပိုျဖစ္လာတယ္လို႔ က်ေနာ္တို႔က ျမင္တယ္။ ဆိုလိုတာကေတာ့ ႏုိင္ငံေရးေဘာင္က်ဥ္းသြားၿပီးေတာ့ စစ္ေဘာင္က်ယ္လာတဲ့ အေျခအေနမ်ဳိး ျဖစ္တယ္။
သိပ္မၾကာေသးခင္က AA ကလဲ ေၾကညာတာ တစ္ခု ရိွပါတယ္။ အဲဒါက ေတာင္ကုတ္က NLD အမတ္ (၃) ေယာက္ကို ဖမ္းလိုက္တယ္။ ဖမ္းသြားတာကေတာ့ NLD အစိုးရအေနနဲ႔ အၾကမ္းဖက္အဖြဲ႔အစည္း ေၾကညာတာနဲ႔ သူတို႔ဆီကလူေတြ ဖမ္းထားတာေတြနဲ႔ ပတ္သက္ၿပီးေတာ့ အလဲွအလွယ္လုပ္မယ္လို႔ ေၾကညာတယ္။ ဒါကလဲ ၂၀၁၈ ဒီဇင္ဘာကေန ဒီေန႔အခ်ိန္အထိ ရခိုင္စစ္ပြဲအတြင္းမွာ အရပ္သားေသဆံုးမႈ (၃၀၀) ေက်ာ္ရိွၿပီး၊ အရပ္သားဒဏ္ရာရမႈ (၆၀၀) ေက်ာ္ေလာက္ ရိွပါတယ္။ ဖမ္းဆီးၿပီး ရံုးတင္ခံရတာလဲ ေလးရာနဲ႔ငါးရာ ပတ္ဝန္းက်င္ ရိွတဲ့အခ်ိန္မွာ သူတို႔ဘက္ကလဲ တင္းတင္းမာမာ တံု႔ျပန္လာတာေပါ့။ အေျခအေနကို ၾကည့္မယ္ဆိုရင္ ဘယ္လိုျဖစ္သြားသလဲဆိုေတာ့ ဟမၼဴရာဘီ ဥပေဒသလိုေပါ့ - မ်က္လံုးတစ္လံုးအတြက္ မ်က္လံုးတစ္လံုး၊ သြားတစ္ေခ်ာင္းအတြက္ သြားတစ္ေခ်ာင္း ျပန္ေပးရမယ္ဆိုတဲ့ဟာမ်ဳိး လက္နက္ကိုင္အဖြဲ႔ေတြက တံု႔ျပန္လာတာကို ေတြ႔ရတယ္။ အဲဒီတံု႔ျပန္မႈကို က်ေနာ္တိုိ႔က မေျဖရွင္းႏုိ္င္ဘူးဆိုလို႔ရိွရင္ေတာ့ ေလာေလာဆယ္ ရခိုင္မွာ ပိုမိုျပင္းထန္တဲ့ စစ္ပြဲတစ္ခုကို ႀကံဳေတြ႔ရမယ္လို႔ ထင္ပါတယ္။
ေမး ။ ။ ဦးေမာင္ေမာင္စိုးက AA က ထုတ္ျပန္ခ်က္ကိုေျပာလို႔ ေဒၚေအာင္ဆန္းစုၾကည္ ႏိုင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေျပာၾကားသြားတဲ့ မိန္႔ခြန္းထဲမွာ ၾကားလိုက္ရတဲ့ စကားတစ္ခြန္း အင္မတန္ အားတတ္စရာ၊ စိတ္ခ်မ္းသာစရာ ေကာင္းပါတယ္။ တကယ္ျမန္ ျဖစ္မယ္ဆိုရင္ေပါ့။ ရခိုင္အတြက္ ျပည္ေထာင္စုအတြက္ ရခိုင္လို႔ ေျပာသြားပါတယ္။ ဆိုေတာ့ တကယ္မ်ား ျဖစ္လာႏိုင္မယ့္ အေျခအေနေကာ ရိွပါရဲ ႔လား။ က်ေနာ္ျမင္တာကေတာ့ ရခိုင္နဲ႔ ျပည္ေထာင္စုနဲ႔ဟာ ပိုမိုအလွမ္းကြာလာတဲ့ဘက္ကို ေရြ ႔လ်ားေနတယ္။ အေျခအေန ပိုဆုိးလာႏိုင္တယ္လုိ႔ပဲ ထင္မိပါတယ္။ ဦးေမာင္ေမာင္စိုး ဘယ္လိုသေဘာရပါသလဲ။
ေျဖ ။ ။ က်ေနာ္ကေတာ့ လက္ရိွအေနအထားမွာ အခုနလဲ ေဒၚေအာင္ဆန္းစုၾကည္ေျပာတဲ့ မိန္႔ခြန္းထဲမွာပါတာ တစ္ခုရိွတယ္။ ရခုိင္အေရးနဲ႔ ပတ္သက္ၿပီး ေျပာဆိုေဝဖန္မႈေတြ ရိွတယ္။ အဲဒီေျပာဆိုေဝဖန္မႈေတြက အားနည္းခ်က္ေတြကို ေထာက္ျပေနတာ ရိွတယ္။ ဒါက ရခိုင္အေရးကို ပိုဆုိးသြားေစတဲ့ အျမင္မ်ဳိး ေျပာသြားတာလည္း ရိွပါတယ္။ အဲဒီေတာ့ ေလာေလာဆယ္ အေျခအေနမွာကေတာ့ ရခုိင္ျပႆနာကို လက္ေတြ႔မေျဖရွင္းႏိုင္ဘူးဆိုရင္ေတာ့ ပိုဆုိးႏုိင္တယ္။ လက္ေတြ႔ေျဖရွင္းႏိုင္ဖို႔ဆိုတာ အျပစ္ရပ္ႏုိင္ဖို႔ အရင္လုပ္မွ ဒီျပႆနာအားလံုး ေျဖရွင္းႏုိင္မွာ။ အရပ္သားေတြ ထိခိုက္မႈ၊ အရပ္သားေတြေသဆံုးမႈ၊ အျပန္အလွန္ဖမ္းဆီးမႈေတြရိွမွ ရပ္ႏိုင္မွာ။ ဒါေပမဲ့ အျပန္အလွန္ ပစ္ခတ္ရပ္စဲေရးကို မလုပ္ႏုိင္ဘူးဆိုရင္ေတာ့ ျပႆနာက ေလာေလာဆယ္ ဒီတစ္လႏွစ္လကေတာ့ ပိုမုိတင္းမာ၊ ပိုမိုႀကီးထြားလာဖုိ႔ပဲမ်ားတယ္။ ဘာျဖစ္လုိ႔လဲဆိုေတာ့ အရပ္သားေသဆံုးမႈေတြ မ်ားလာတဲ့အခါမွာ AA စည္းရံုးသည္ျဖစ္ေစ၊ မစည္းရံုးသည္ျဖစ္ေစ ရခိုင္လူထုၾကားထဲမွာလဲ ခံစားခ်က္နဲ႔ တင္းမာမႈေတြက မ်ားလာေနၿပီ။ အဲဒီလိုအေနအထားမွာ က်ေနာ့္အျမင္ကေတာ့ ရခိုင္မွာေတာ့ ပိုမိုျပင္းထန္တဲ့ အျပန္အလွန္တင္းမာတဲ့ တံု႔ျပန္မႈေတြပဲ ေတြ႔ရလိမ့္မယ္လို႔ ထင္ပါတယ္။
ေမး ။ ။ လူတခ်ဳိ ႔က အရင္တုန္းက သံုးသပ္ထားၾကတာက ျမန္မာျပည္ႏုိ္င္ငံေရးမွာ အဓိကအားျဖင့္ တပ္မေတာ္၊ NLD နဲ႔ တုိင္းရင္းသားအင္အားစုေတြ သံုးပြင့္ဆိုင္ အင္အားအၿပိင္အဆိုင္ ရိွေနတယ္လို႔ သံုးသပ္ၾကတာေတြ ရိွပါတယ္။ အခုေတာ့ တပ္မေတာ္နဲ႔ NLD အစိုးရက အင္အားတစ္စုထဲ ေပါင္းသြားၿပီးေတာ့ တိုင္းရင္းသားအင္အားစုေတြကို အျပတ္ေခ်မႈန္းသြားမယ့္ သေဘာမ်ဳိး လုပ္ေနတယ္လို႔ သံုးသပ္လာၾကတာကို ၾကားသိရပါတယ္။ အဲဒီသံုးသပ္ခ်က္ကို ဦးေမာင္ေမာင္စိုး ဘယ္လိုသေဘာရပါသလဲ။
ေမး ။ ။ အခုကေတာ့ အဲဒီလိုျဖစ္လာတယ္။ အဓိကက NLD ေပၚလစီေတာ့ မဟုတ္ေသးဘူး။ ေပၚလစီအျဖစ္နဲ႔ေတာ့ ထြက္မလာေသးဘူး။ ဒါေပမဲ့ NLD ေထာက္ခံတဲ့လူေတြ၊ NLD ရဲ ႔ သုေတသနတခ်ဳိ ႔ကေတာ့ AA နဲ႔ ပတ္သက္လို႔ ျပင္းျပင္းထန္ထန္ တုိက္ခုိက္လာၿပီးေတာ့ အထူးသျဖင့္ ေတာင္ကုတ္က အမတ္သံုးေယာက္အဖမ္းခံရၿပီး တိုက္ခိုက္လာၿပီးေတာ့ အျပဳတ္ေခ်မႈန္းရမယ္လို႔ ေျပာလာတဲ့ အေနအထားမ်ဳိးသည္ အဲဒီအေျခအေနကို ဆိုက္ေရာက္သြားႏိုင္တယ္။ အဲဒါဆုိရင္ေတာ့ က်ေနာ္ထင္ပါတယ္။ က်ေနာ္တုိ႔ ဗမာျပည္ၿငိမ္းခ်မ္းေရးအတြက္ေတာ့ အလားအလာ မေကာင္းပါဘူး။
ေျဖ ။ ။ ဆိုေတာ့ ဒီျပႆနာက ရခိုင္တစ္ခုတည္းနဲ႔ ၿပီးသြားမလား။ တကယ္လို႔မ်ား ရခိုင္ျပႆနာ ပိုၿပီးေတာ့ ဆိုးဆိုးဝါးဝါး ျဖစ္လာတယ္ဆိုရင္ က်န္တဲ့တုိင္းရင္းသားေဒသေတြရဲ ႔ အေျခအေနက ဘယ္လိုရိုက္ခတ္လာႏိုင္ပါသလဲ။ က်ေနာ့္အျမင္ကေတာ့ အခုေလာေလာဆယ္ ေရြးေကာက္ပြဲကို ရပ္ဆုိင္းတဲ့ တုိင္းရင္းသားေဒသေတြမွာ အမ်ားအျပား မက်င္းပႏုိင္တဲ့အေပၚမွာ ရခိုင္တစ္ခုတည္းေတာ့ ကန္႔ကြက္တာ မဟုတ္ဘူး။ တိုင္းရင္းသားပါတီေတြအားလံုး ကန္႔ကြက္ၾကၿပီးေတာ့ စိတ္ပ်က္လက္ပ်က္ ျဖစ္ေနၾကတဲ့ အေျခအေနမ်ဳိးကို ေတြ႔ရပါတယ္။ ေနာက္တစ္ခုက စစ္ပြဲေတြအေနနဲ႔ ရခိုင္သာမက ရွမ္းေျမာက္၊ ကခ်င္ စတဲ့ ေဒသေတြမွာ စစ္မီးက ဆက္ေတာက္ႏိုင္မယ္လို႔ ထင္ပါတယ္။ ဆိုေတာ့ ဒီကိစၥက ရခိုင္တင္ေတာ့ ၿပီးလိမ့္မယ္လို႔ မထင္ပါဘူး။
ေမး ။ ။ ေနာက္ဆံုးေမးခ်င္တာကေတာ့ ဒီလိုေရြးေကာက္ပြဲ မက်င္းပဘူးလုိ႔ သူတုိ႔ေၾကညာတဲ့ကိစၥေတြဟာ တုိင္းရင္းသားေဒသေတြမွာ သူတုိ႔ NLD ရႈံးၿပီးေတာ့ တုိင္းရင္းသားပါတီေတြ အင္အားေကာင္းလာမွာကို စိုးရိမ္လို႔ တမင္လုပ္တယ္ဆိုတဲ့ ရည္ရြယ္ခ်က္နဲ႔ လုပ္တယ္လို႔ တုိင္းရင္းသားတခ်ဳိ ႔က ေျပာၾကပါတယ္။ ေစာေစာက ဦးေမာင္ေမာင္စိုးလည္း ရခိုင္မွာ ၿမိဳ ႔နယ္အခ်ဳိ ႔ကို နမူနာေပးၿပီးေတာ့ ေျပာသြားၿပီ ျဖစ္ပါတယ္။ ဆိုေတာ့ တႏိုင္ငံလံုးမွာ က်န္တိုင္းရင္းသားေတြ လုပ္တဲ့ကိစၥေတြကို လႊမ္းၿခံဳၿပီး ၾကည့္မယ္ဆိုရင္ NLD မွာ တကယ္တမ္း ဒီသေဘာထား ရိွေနတယ္လို႔ ယူဆစရာအေၾကာင္း ရိွပါသလား။
ေျဖ ။ ။ NLD မွာ ဒီသေဘာထား ရိွလား၊ မရိွလားေတာ့ က်ေနာ္လည္း ေျပာရခက္ပါတယ္။ သို႔ေသာ္လဲ ေလာေလာဆယ္ ေရြးေကာက္ပြဲ မက်င္းပတဲ့ ၿမိဳ ႔နယ္ေတြက NLD က ၂၀၁၅ မွာ ရႈံးခဲ့တဲ့ ၿမိဳ ႔နယ္ေတြ ျဖစ္ခဲ့တဲ့အတြက္ အဲဒီလိုေတာ့ ေျပာစရာ ျဖစ္ေနပါတယ္။ က်ေနာ့္အေနနဲ႔ အႀကံျပဳခ်င္တာကေတာ့ NLD သည္ တုိင္းရင္းသားပါတီေတြ အႏိုင္ရသည္ ရိွခဲ့ရင္ NLD က ၿပိဳင္ဘက္ေတြ၊ ရန္ဘက္ေတြအျဖစ္ သေဘာမထားဖို႔ လိုပါတယ္။ တိုင္းရင္းသားပါတီေတြသည္ က်ေနာ္တို႔ ဒီမိုကေရစီ မဟာမိတ္ေတြ ျဖစ္တယ္။ ျပည္တြင္းမွာ တိုင္းရင္းသားေတြသည္ ဒီမိုကေရစီအင္အားစုေတြရဲ ႔ မဟာမိတ္ေတြ ျဖစ္တယ္လို႔ သေဘာထားမွသာ ဒီျပႆနာကို ေျဖရွင္းႏိုင္လိမ့္မယ္လို႔ ထင္ပါတယ္။ အဲဒါကို ရန္ဘက္လို႔ သေဘာထားေနရင္ေတာ့ ျပႆနာ ေျဖရွင္းႏိုင္မယ္ မဟုတ္ပါဘူး။
==Unicode==
တိုင်းရင်းသားဒေသတချို့မှာ ရွေးကောက်ပွဲ မကျင်းပဘူးလို့ ကြေညာတာနဲ့ ပတ်သက်ပြီး ဘယ်လိုအကျိုးဆက်တွေ ဖြစ်ပေါ်လာနိုင်မလဲဆိုတာကို မြန်မာ့အရေးသုံးသပ်သူ ဦးမောင်မောင်စိုးနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
မေး ။ ။ ရွေးကောက်ပွဲကော်မရှင်က တိုင်းရင်းသားဒေသတချို့မှာ ရွေးကောက်ပွဲ မကျင်းပဘူးလို့ ကြေညာချက်နဲ့ ပတ်သက်ပြီးတော့ ဘယ်လိုအကြောင်းပြပါသလဲ။ သူတို့ရဲ့ အကြောင်းပြချက်တွေက ကြောင်းကျိုးဆီလှော်မှု ရှိပါသလားဆိုတာကို ဦးမောင်မောင်စိုးက အခုလို ဖြေကြားပါတယ်။
ဖြေ ။ ။ ရခိုင်ပြည်နယ်ကတော့ စစ်ပွဲတွေကြောင့်လို့ ဆိုပါတယ်။ တကယ်တော့ ရှမ်းပြည်နယ်ဆိုတာကတော့ ဝ (၄) မြို့နယ်နဲ့ မိုင်းလား (၁) မြို့နယ်က ၂၀၁၀ ကတည်းက မလုပ်တဲ့ မြို့နယ်တွေ ဖြစ်တဲ့အတွက်ကြောင့် မိုင်းကိုင်တစ်မြို့နယ်ပဲ ကျန်တဲ့ကျေးရွာအုပ်စုလို့ပဲ ပြောလို့ရပါတယ်။ အဲဒီတော့ တကယ်တမ်း ဒုတိယအများဆုံးက ကချင်ပြည်နယ် ဖြစ်တယ်။ ကချင်ပြည်နယ်ကလဲ တကယ်တမ်းက ၂၀၁၈ ကတည်းက စစ်ပွဲမဖြစ်တဲ့ ပြည်နယ်တစ်ခု ဖြစ်တဲ့အခါကြတော့ ဒီအတွက် မေးခွန်းတွေ အများကြီး ဖြစ်လာပါတယ်။ ပြဿနာက ဘာလဲဆိုတော့ ပထမတစ်ချက်က ရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲ မလုပ်ဘူးလို့ ပြောတာနဲ့ ပတ်သက်ပြီးတော့ သက်ဆိုင်ရာဌာနအသီးသီး (သို့မဟုတ်) သက်ဆိုင်ရာ နိုင်ငံရေးပါတီအသီးသီး၊ ရွေးကောက်ပွဲ အောက်ခြေအဖွဲ့အစည်းတွေနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးတာ မရှိဘူး။ တကယ်တမ်းက အရင်ရွေးကောက်ပွဲ ကော်မရှင်တုန်းက ရွေးကောက်ပွဲ ရက်ရွှေ့သင့်မသင့်နဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲခေါ်တာ ရှိပါတယ်။ ဦးတင်အေးကော်မရှင် လက်ထက်က။ ဒါပေမဲ့ အခု ဦးလှသိန်းကော်မရှင်လက်ထက်မှာ မရှိဘဲနဲ့ ဆုံးဖြတ်လိုက်တယ်။ သူကတော့ လောလောဆယ် officially မကြေညာပေမယ့် သူတို့ကတော့ လုံခြုံရေးအကြောင်းပြချက်တွေကို စဉ်းစားပြီးတော့ ကြေညာတယ်ဆိုပေမယ့် တကယ်တမ်း မြေပြင်မှာ လုံခြုံရေးအကြောင်းပြချက်က မခိုင်လုံဘူးလို့ မြင်ရတာပေါ့။
ဥပမာ ရခိုင်ပြည်နယ်မှာဆိုပါတော့ ပေါက်တော၊ တောင်ကုပ်၊ ရမ်းဗြဲ၊ ကျောက်ဖြူတို့ဆိုတာ တိုက်ပွဲမဖြစ်တဲ့ ဒေသတွေ ဖြစ်တယ်။ ဒါပေမဲ့ တကယ်တမ်း ရွေးကောက်ပွဲလုပ်ဖို့ အသိအမှတ်ပြုထားတဲ့ တိုက်ပွဲအများဆုံးဖြစ်တဲ့ ပလက်ဝမြို့နယ်မှာ ခွင့်ပြုထားတာတွေ ရှိတယ်။ အဲဒီတော့ မေးခွန်းမေးစရာတွေ အများကြီး ရှိနေပါတယ်။ ဆရာမေးတဲ့မေးခွန်းကို ပြန်ဖြေရရင် ရွေးကောက်ပွဲမလုပ်တဲ့ ကိစ္စနဲ့ ပတ်သက်လာရင် တစ်ခုကတော့ လက်ရှိရွေးကောက်ပွဲ ကော်မရှင်ရဲ့ လုပ်နည်းကိုင်နည်း မှားနေတယ်လို့ ထင်ပါတယ်။ ဒုတိယတစ်ခုက ဒါက ပြန်လည်စမ်းစစ်သင့်တဲ့ ကိစ္စလို့ ထင်ပါတယ်။
မေး ။ ။ တချို့က ရွေးကောက်ပွဲကော်မရှင်ဟာ တကယ်ကို လွတ်လပ်တဲ့ ကော်မရှင် ဟုတ်ရဲ့လား။ အာဏာရအစိုးရရဲ့ သြဇာလွှမ်းမိုးမှုလက်အောက်မှာ ရှိနေတယ်လို့ သုံးသပ်ကြတာလဲ ရှိကြပါတယ်။ ဒါပေမဲ့ NLD ပါတီက ပုဂ္ဂိုလ်တစ်ယောက်ကတော့ သူတို့နဲ့ ဘာမှမဆိုင်ဘူး။ ကော်မရှင်ရဲ့သဘောသာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဆိုတော့ ကော်မရှင်နဲ့ အစိုးရ ဆက်ဆံမှုကို သံသယရှိနေကြတဲ့ကိစ္စ၊ သံသယရှိထိုက်တဲ့ကိစ္စလို့ ထင်ပါသလား။
ဖြေ ။ ။ အဲဒီလို သံသယရှိတဲ့ကိစ္စကတော့ ရွေးကောက်ပွဲကော်မရှင်က မကြေညာခင် တချို့အချက်တွေကို NLD အစိုးရခေါင်းဆောင်တွေက ကြိုပြောတဲ့ဟာမျိုး အနည်းဆုံး တစ်ရက်ပေါ့။ ကြိုပြောတာ (၃) ခါလောက် ဖြစ်ဖူးတယ်။ အဲဒီအခါကြတော့ ဒီကိစ္စသည် ရွေးကောက်ပွဲကော်မရှင်မတိုင်ခင် အစိုးရက ကြိုပြောတဲ့အတွက်ကြောင့် NLD အစိုးရနဲ့ ပတ်သက်ပြီး သံသယ ရှိပါတယ်။ ဒုတိယတစ်ခုကတော့ ရွေးကောက်ပွဲမကျင်းပတဲ့ မြို့နယ်ဒေသတွေသည် NLD အနေနဲ့ ၂၀၁၅ တုန်းက ရှုံးခဲ့တဲ့ မြို့နယ်တွေ ဖြစ်နေတဲ့အတွက် အဲဒီအပေါ်မှာ သံသယ ရှိကြပါတယ်။
မေး ။ ။ ဒီလို ဦးမောင်စိုးပြောတဲ့ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲမကျင်းပတဲ့ မြို့နယ်တွေ တော်တော်များများ ရှိနေတဲ့အချိန်မှာ အစကတည်းက ရခိုင်ပြည်နယ်က ပြည်သူတချို့က သူတို့ဟာ ရွေးကောက်ပွဲလုပ်ပြီးတော့ လွှတ်တော်က အရွေးခံရတဲ့ ကိုယ်စားလှယ်တွေ လွှတ်တော်မှာ ရောက်နေပေမယ့် သူတို့ကိုယ်စားလှယ်တွေဟာ လူထုကို ကိုယ်စားပြုပြီး ဘာမှလုပ်ဆောင်နိုင်ခြင်း အကောင်အထည်ဖော်နိုင်ခြင်း မရှိဘူး။ အဆိုးဆုံး သူတို့ရွေးကောက်ပွဲ နိုင်ပေမယ့် သူတို့ဆီမှာ အစိုးရကိုလဲ သူတို့ဖွဲ့စည်းနိုင်တာ မဟုတ်ဘူး စသည်ဖြင့် ဒီမိုကရေစီ ရွေးကောက်ပွဲပေါ်မှာ အယုံအကြည် သိပ်နည်းနေကြတယ်ဆိုတာကို တွေ့ရပါတယ်။ အခုလို လုပ်လိုက်တဲ့အတွက်ကြောင့် ပိုပြီးတော့များ ဒီမိုကရေစီ ရွေးကောက်ပွဲပေါ် အယုံအကြည် ကင်းမဲ့သွားနိုင်တယ်လို့ တွေးတယ်ဆိုရင် တွေးသင့်ပါသလား။ အဲဒီလိုကော ဖြစ်နိုင်သလား။
ဖြေ ။ ။ အဲဒီလိုပဲ ဖြစ်ပါလိမ့်မယ်။ တကယ်တမ်းကတော့ နောက်ဆုံး ၂၀၁၅ ရွေးကောက်ပွဲမှာ ရခိုင်ကိုယ်စားပြု ရခိုင်အမျိုးသားပါတီတွေ အများစုအနိုင်ရတယ်။ ဒါပေမဲ့ အစိုးရဖွဲ့ခွင့်လဲ မရှိဘူး။ ပြည်ထောင်စုအစိုးရဖွဲ့တဲ့ NLD အစိုးရပါတီက ရခိုင်ပါတီတွေကို ဆွေးနွေးဘက် ပြည်နယ်အရေးတွေနဲ့ ပတ်သက်ပြီးတော့ အနည်းဆုံး ပြည်ထောင်စုအရေးမဟုတ်တောင် ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးဘက်အဖြစ် ဆွေးနွေးတာလဲ မရှိတဲ့အခါကြတော့ ရခိုင်လူထုအနေနဲ့ စိတ်ပျက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရခိုင်လူထု စိတ်ပျက်တယ်ဆိုတာ သူတို့ mandate ပေးထားတာ ရခိုင်ပါတီ ဖြစ်တယ်။ အဲဒီပါတီကို ဗဟိုအစိုးရဖြစ်တဲ့ NLD အစိုးရက မဆွေးနွေးတဲ့အခါမှာ စိတ်ပျက်ပါတယ်။ သူတို့အနေနဲ့ ရွေးကောက်ပွဲဝင်ရင်လဲ ဘာမှမထူးဘူးဆိုတဲ့ အမြင်မျိုး ဖြစ်သွားတာကတော့ သိပ်ထူးဆန်းတဲ့ကိစ္စ မဟုတ်ပါဘူး။ အဲဒီလိုအခြေအနေမှာ ဒီဒေသတွေမှာ ရွေးကောက်ပွဲ မကျင်းပတဲ့အခါမှာ ပိုပြီးတော့ ဆိုးဝါးတဲ့အကျိုးဆက်တွေ ပိုဖြစ်လာတယ်လို့ ကျနော်တို့က မြင်တယ်။ ဆိုလိုတာကတော့ နိုင်ငံရေးဘောင်ကျဉ်းသွားပြီးတော့ စစ်ဘောင်ကျယ်လာတဲ့ အခြေအနေမျိုး ဖြစ်တယ်။
သိပ်မကြာသေးခင်က AA ကလဲ ကြေညာတာ တစ်ခု ရှိပါတယ်။ အဲဒါက တောင်ကုတ်က NLD အမတ် (၃) ယောက်ကို ဖမ်းလိုက်တယ်။ ဖမ်းသွားတာကတော့ NLD အစိုးရအနေနဲ့ အကြမ်းဖက်အဖွဲ့အစည်း ကြေညာတာနဲ့ သူတို့ဆီကလူတွေ ဖမ်းထားတာတွေနဲ့ ပတ်သက်ပြီးတော့ အလဲှအလှယ်လုပ်မယ်လို့ ကြေညာတယ်။ ဒါကလဲ ၂၀၁၈ ဒီဇင်ဘာကနေ ဒီနေ့အချိန်အထိ ရခိုင်စစ်ပွဲအတွင်းမှာ အရပ်သားသေဆုံးမှု (၃၀၀) ကျော်ရှိပြီး၊ အရပ်သားဒဏ်ရာရမှု (၆၀၀) ကျော်လောက် ရှိပါတယ်။ ဖမ်းဆီးပြီး ရုံးတင်ခံရတာလဲ လေးရာနဲ့ငါးရာ ပတ်ဝန်းကျင် ရှိတဲ့အချိန်မှာ သူတို့ဘက်ကလဲ တင်းတင်းမာမာ တုံ့ပြန်လာတာပေါ့။ အခြေအနေကို ကြည့်မယ်ဆိုရင် ဘယ်လိုဖြစ်သွားသလဲဆိုတော့ ဟမ္မူရာဘီ ဥပဒေသလိုပေါ့ - မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး၊ သွားတစ်ချောင်းအတွက် သွားတစ်ချောင်း ပြန်ပေးရမယ်ဆိုတဲ့ဟာမျိုး လက်နက်ကိုင်အဖွဲ့တွေက တုံ့ပြန်လာတာကို တွေ့ရတယ်။ အဲဒီတုံ့ပြန်မှုကို ကျနော်တို့က မဖြေရှင်းနိုင်ဘူးဆိုလို့ရှိရင်တော့ လောလောဆယ် ရခိုင်မှာ ပိုမိုပြင်းထန်တဲ့ စစ်ပွဲတစ်ခုကို ကြုံတွေ့ရမယ်လို့ ထင်ပါတယ်။
မေး ။ ။ ဦးမောင်မောင်စိုးက AA က ထုတ်ပြန်ချက်ကိုပြောလို့ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားသွားတဲ့ မိန့်ခွန်းထဲမှာ ကြားလိုက်ရတဲ့ စကားတစ်ခွန်း အင်မတန် အားတတ်စရာ၊ စိတ်ချမ်းသာစရာ ကောင်းပါတယ်။ တကယ်မြန် ဖြစ်မယ်ဆိုရင်ပေါ့။ ရခိုင်အတွက် ပြည်ထောင်စုအတွက် ရခိုင်လို့ ပြောသွားပါတယ်။ ဆိုတော့ တကယ်များ ဖြစ်လာနိုင်မယ့် အခြေအနေကော ရှိပါရဲ့လား။ ကျနော်မြင်တာကတော့ ရခိုင်နဲ့ ပြည်ထောင်စုနဲ့ဟာ ပိုမိုအလှမ်းကွာလာတဲ့ဘက်ကို ရွေ့လျားနေတယ်။ အခြေအနေ ပိုဆိုးလာနိုင်တယ်လို့ပဲ ထင်မိပါတယ်။ ဦးမောင်မောင်စိုး ဘယ်လိုသဘောရပါသလဲ။
ဖြေ ။ ။ ကျနော်ကတော့ လက်ရှိအနေအထားမှာ အခုနလဲ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ မိန့်ခွန်းထဲမှာပါတာ တစ်ခုရှိတယ်။ ရခိုင်အရေးနဲ့ ပတ်သက်ပြီး ပြောဆိုဝေဖန်မှုတွေ ရှိတယ်။ အဲဒီပြောဆိုဝေဖန်မှုတွေက အားနည်းချက်တွေကို ထောက်ပြနေတာ ရှိတယ်။ ဒါက ရခိုင်အရေးကို ပိုဆိုးသွားစေတဲ့ အမြင်မျိုး ပြောသွားတာလည်း ရှိပါတယ်။ အဲဒီတော့ လောလောဆယ် အခြေအနေမှာကတော့ ရခိုင်ပြဿနာကို လက်တွေ့မဖြေရှင်းနိုင်ဘူးဆိုရင်တော့ ပိုဆိုးနိုင်တယ်။ လက်တွေ့ဖြေရှင်းနိုင်ဖို့ဆိုတာ အပြစ်ရပ်နိုင်ဖို့ အရင်လုပ်မှ ဒီပြဿနာအားလုံး ဖြေရှင်းနိုင်မှာ။ အရပ်သားတွေ ထိခိုက်မှု၊ အရပ်သားတွေသေဆုံးမှု၊ အပြန်အလှန်ဖမ်းဆီးမှုတွေရှိမှ ရပ်နိုင်မှာ။ ဒါပေမဲ့ အပြန်အလှန် ပစ်ခတ်ရပ်စဲရေးကို မလုပ်နိုင်ဘူးဆိုရင်တော့ ပြဿနာက လောလောဆယ် ဒီတစ်လနှစ်လကတော့ ပိုမိုတင်းမာ၊ ပိုမိုကြီးထွားလာဖို့ပဲများတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရပ်သားသေဆုံးမှုတွေ များလာတဲ့အခါမှာ AA စည်းရုံးသည်ဖြစ်စေ၊ မစည်းရုံးသည်ဖြစ်စေ ရခိုင်လူထုကြားထဲမှာလဲ ခံစားချက်နဲ့ တင်းမာမှုတွေက များလာနေပြီ။ အဲဒီလိုအနေအထားမှာ ကျနော့်အမြင်ကတော့ ရခိုင်မှာတော့ ပိုမိုပြင်းထန်တဲ့ အပြန်အလှန်တင်းမာတဲ့ တုံ့ပြန်မှုတွေပဲ တွေ့ရလိမ့်မယ်လို့ ထင်ပါတယ်။
မေး ။ ။ လူတချို့က အရင်တုန်းက သုံးသပ်ထားကြတာက မြန်မာပြည်နိုင်ငံရေးမှာ အဓိကအားဖြင့် တပ်မတော်၊ NLD နဲ့ တိုင်းရင်းသားအင်အားစုတွေ သုံးပွင့်ဆိုင် အင်အားအပြိင်အဆိုင် ရှိနေတယ်လို့ သုံးသပ်ကြတာတွေ ရှိပါတယ်။ အခုတော့ တပ်မတော်နဲ့ NLD အစိုးရက အင်အားတစ်စုထဲ ပေါင်းသွားပြီးတော့ တိုင်းရင်းသားအင်အားစုတွေကို အပြတ်ချေမှုန်းသွားမယ့် သဘောမျိုး လုပ်နေတယ်လို့ သုံးသပ်လာကြတာကို ကြားသိရပါတယ်။ အဲဒီသုံးသပ်ချက်ကို ဦးမောင်မောင်စိုး ဘယ်လိုသဘောရပါသလဲ။
မေး ။ ။ အခုကတော့ အဲဒီလိုဖြစ်လာတယ်။ အဓိကက NLD ပေါ်လစီတော့ မဟုတ်သေးဘူး။ ပေါ်လစီအဖြစ်နဲ့တော့ ထွက်မလာသေးဘူး။ ဒါပေမဲ့ NLD ထောက်ခံတဲ့လူတွေ၊ NLD ရဲ့ သုတေသနတချို့ကတော့ AA နဲ့ ပတ်သက်လို့ ပြင်းပြင်းထန်ထန် တိုက်ခိုက်လာပြီးတော့ အထူးသဖြင့် တောင်ကုတ်က အမတ်သုံးယောက်အဖမ်းခံရပြီး တိုက်ခိုက်လာပြီးတော့ အပြုတ်ချေမှုန်းရမယ်လို့ ပြောလာတဲ့ အနေအထားမျိုးသည် အဲဒီအခြေအနေကို ဆိုက်ရောက်သွားနိုင်တယ်။ အဲဒါဆိုရင်တော့ ကျနော်ထင်ပါတယ်။ ကျနော်တို့ ဗမာပြည်ငြိမ်းချမ်းရေးအတွက်တော့ အလားအလာ မကောင်းပါဘူး။
ဖြေ ။ ။ ဆိုတော့ ဒီပြဿနာက ရခိုင်တစ်ခုတည်းနဲ့ ပြီးသွားမလား။ တကယ်လို့များ ရခိုင်ပြဿနာ ပိုပြီးတော့ ဆိုးဆိုးဝါးဝါး ဖြစ်လာတယ်ဆိုရင် ကျန်တဲ့တိုင်းရင်းသားဒေသတွေရဲ့ အခြေအနေက ဘယ်လိုရိုက်ခတ်လာနိုင်ပါသလဲ။ ကျနော့်အမြင်ကတော့ အခုလောလောဆယ် ရွေးကောက်ပွဲကို ရပ်ဆိုင်းတဲ့ တိုင်းရင်းသားဒေသတွေမှာ အများအပြား မကျင်းပနိုင်တဲ့အပေါ်မှာ ရခိုင်တစ်ခုတည်းတော့ ကန့်ကွက်တာ မဟုတ်ဘူး။ တိုင်းရင်းသားပါတီတွေအားလုံး ကန့်ကွက်ကြပြီးတော့ စိတ်ပျက်လက်ပျက် ဖြစ်နေကြတဲ့ အခြေအနေမျိုးကို တွေ့ရပါတယ်။ နောက်တစ်ခုက စစ်ပွဲတွေအနေနဲ့ ရခိုင်သာမက ရှမ်းမြောက်၊ ကချင် စတဲ့ ဒေသတွေမှာ စစ်မီးက ဆက်တောက်နိုင်မယ်လို့ ထင်ပါတယ်။ ဆိုတော့ ဒီကိစ္စက ရခိုင်တင်တော့ ပြီးလိမ့်မယ်လို့ မထင်ပါဘူး။
မေး ။ ။ နောက်ဆုံးမေးချင်တာကတော့ ဒီလိုရွေးကောက်ပွဲ မကျင်းပဘူးလို့ သူတို့ကြေညာတဲ့ကိစ္စတွေဟာ တိုင်းရင်းသားဒေသတွေမှာ သူတို့ NLD ရှုံးပြီးတော့ တိုင်းရင်းသားပါတီတွေ အင်အားကောင်းလာမှာကို စိုးရိမ်လို့ တမင်လုပ်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တယ်လို့ တိုင်းရင်းသားတချို့က ပြောကြပါတယ်။ စောစောက ဦးမောင်မောင်စိုးလည်း ရခိုင်မှာ မြို့နယ်အချို့ကို နမူနာပေးပြီးတော့ ပြောသွားပြီ ဖြစ်ပါတယ်။ ဆိုတော့ တနိုင်ငံလုံးမှာ ကျန်တိုင်းရင်းသားတွေ လုပ်တဲ့ကိစ္စတွေကို လွှမ်းခြုံပြီး ကြည့်မယ်ဆိုရင် NLD မှာ တကယ်တမ်း ဒီသဘောထား ရှိနေတယ်လို့ ယူဆစရာအကြောင်း ရှိပါသလား။
ဖြေ ။ ။ NLD မှာ ဒီသဘောထား ရှိလား၊ မရှိလားတော့ ကျနော်လည်း ပြောရခက်ပါတယ်။ သို့သော်လဲ လောလောဆယ် ရွေးကောက်ပွဲ မကျင်းပတဲ့ မြို့နယ်တွေက NLD က ၂၀၁၅ မှာ ရှုံးခဲ့တဲ့ မြို့နယ်တွေ ဖြစ်ခဲ့တဲ့အတွက် အဲဒီလိုတော့ ပြောစရာ ဖြစ်နေပါတယ်။ ကျနော့်အနေနဲ့ အကြံပြုချင်တာကတော့ NLD သည် တိုင်းရင်းသားပါတီတွေ အနိုင်ရသည် ရှိခဲ့ရင် NLD က ပြိုင်ဘက်တွေ၊ ရန်ဘက်တွေအဖြစ် သဘောမထားဖို့ လိုပါတယ်။ တိုင်းရင်းသားပါတီတွေသည် ကျနော်တို့ ဒီမိုကရေစီ မဟာမိတ်တွေ ဖြစ်တယ်။ ပြည်တွင်းမှာ တိုင်းရင်းသားတွေသည် ဒီမိုကရေစီအင်အားစုတွေရဲ့ မဟာမိတ်တွေ ဖြစ်တယ်လို့ သဘောထားမှသာ ဒီပြဿနာကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ အဲဒါကို ရန်ဘက်လို့ သဘောထားနေရင်တော့ ပြဿနာ ဖြေရှင်းနိုင်မယ် မဟုတ်ပါဘူး။