သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့ဒီမိုကေရစီ မုခ္ဦး ၂၀၂၀ ျပည့္ေ႐ြးေကာက္ပြဲ


မဲဆႏၵရွင္စာရင္း ၾကည့္႐ႈေနသည့္ ရန္ကုန္ေဒသခံတဦး။ (၂၅ ဇူလိုင္ ၂၀၂၀)
တိုက္႐ိုက္ လင့္ခ္

အေမရိကန္ျပည္ေထာင္စု George W. Bush Institute က “Doorway to Democracy: Burma ‘s 2020 Election – ဒီမိုကေရစီအဝင္ တံခါးေပါက္၊ ျမန္မာႏိုင္ငံ ၂၀၂၀ ေရြးေကာက္ပြဲ” ဆိုတဲ့ေခါင္းစဥ္နဲ႔ စာတမ္းတစ္ေစာင္ကို ၿပီးခဲ့တဲ့အပတ္က ထုတ္ျပန္လုိက္ပါတယ္။ ျမန္မာႏိုင္ငံ ၂၀၂၀ ေရြးေကာက္ပြဲနဲ႔ လက္ရိွႏုိင္ငံေရး အေျခအေနေတြကို သံုးသပ္ၿပီး ဒီမိုကေရစီအျပည့္အဝ ထြန္းကားေရးအတြက္ ႏိုင္ငံတကာအသိုင္းအဝိုင္းက ဘာလုပ္သင့္သလဲဆိုတာေတြကို ေထာက္ခံတင္ျပထားတာ ျဖစ္ပါတယ္။ ဒီစာတမ္းကို ျပဳစုသူ George W. Bush Institute ရဲ ႔ အႀကီးတန္းမန္ေနဂ်ာ Jieun Pyun ကို ဦးေက်ာ္ဇံသာက ဆက္သြယ္ေမးျမန္းထားပါတယ္။


ေမး ။ ။ ဒီစာတမ္းထဲမွာ CSO လို႔ေခၚတဲ့ လူမႈအဖြဲ႔အစည္းေတြကို ပံ့ပိုးကူညီဖို႔ေပးထားတယ္။ ဒါကေတာ့ ဟုတ္ေနပါၿပီ။ သို႔ေသာ္လဲ ႏိုင္ငံေရးပါတီကိုလည္း ေထာက္ခံရမယ္၊ အားေပးရမယ္ဆိုေတာ့ ႏိုင္ငံေရးပါတီေတြကို အေမရိကန္လို အေနာက္ႏုိင္ငံေတြက ေထာက္ခံအားေပးတဲ့အတြက္ သူတို႔က အေမရိကန္ လိုလားတယ္။ အေနာက္ဘက္ယိမ္းတယ္ဆိုၿပီးေတာ့ ျပည္တြင္းမွာ စြပ္စြဲခံရတဲ့ ျပႆေတြ မရိွႏိုင္ဘူးလား။

ေျဖ ။ ။ က်မအေနနဲ႔ အဓိကေျပာေနတာက ႏိုင္ငံေရးပါတီေတြ၊ ႏိုင္ငံေရးသမားေတြ ဒီမိုကေရစီျဖစ္စဥ္မွာ လံုးဝျမဳပ္ႏံွပါဝင္ေနေအာင္လို႔ ကူညီေထာက္ခံေပးရမယ္ဆုိတာ ျဖစ္ပါတယ္။ ျမန္မာျပည္သူေတြက ဒီမိုကေရစီအျပည့္အဝ ထြန္းကားဖုိ႔ ေမွ်ာ္လင့္ေနတာပါ။ ႏိုင္ငံေရးပါတီ တစ္ရာနီးပါးက ေရြးေကာက္ခံမယ့္ ၇၀၀၀ ေလာက္အနက္က အမ်ားစုက အဆင္သင့္မျဖစ္ၾကေသးဘူးဆိုတာလဲ ေတြ႔ေနရပါတယ္။ ပုဂၢိဳလ္ဆိုင္ရာ လြတ္လပ္ခြင့္၊ လူ႔အခြင့္အေရး၊ ဒီမိုကေရစီ၊ တရားဥပေဒ စိုးမိုးေရးနဲ႔ လြတ္လပ္တဲ့ေစ်းကြက္ရဲ ႔ အေျခခံသေဘာေတြကို စစ္အစိုးရလက္ထက္ ပညာေရးစနစ္မွာ သင္ယူခြင့္ မရရိွခဲ့ၾကပါဘူး။ ဒါ့အျပင္ ျမန္မာလြတ္ေတာ္အမတ္ေတြဟာ ႏုိင္ငံေရးအေတြ႔အႀကံဳလည္း လိုအပ္ေနပါတယ္။ ႏိုင္ငံေရးအဖြဲ႔ေတြအေနနဲ႔ သူတုိ႔အမတ္ေလာင္းေတြကို လုပ္ပိုင္ခြင့္အာဏာ ေပးအပ္တာဟာ အဓိကအားျဖင့္ Professionally functioning Parliament ကၽြမ္းကၽြမ္းက်င္က်င္ လည္ပတ္ႏိုင္တဲ့ ပါလီမန္ေဖာ္ထြန္းေရးမွာ မရိွမျဖစ္ လိုအပ္တဲ့ကိစၥပါ။ ဒါေၾကာင့္မုိ႔ အကူအညီေပးတယ္ဆုိတာ ဘယ္ဘက္ကို ဘက္လိုက္ရမယ္။ အေနာက္တုိင္း လိုလားေအာင္ လုပ္ရမယ္ဆိုိတဲ့ သေဘာမဟုတ္ဘဲနဲ႔ စနစ္က်ၿပီးေတာ့ မွန္ကန္တဲ့ ပါလီမန္ ျဖစ္ထြန္းေရးအတြက္သာ ျဖစ္ပါတယ္။

ေမး ။ ။ စာတမ္းထဲမွာ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ NLD ပါတီရဲ ႔ ေခါင္းေဆာင္မႈကိုလည္း ေဝဖန္ထားတာ ေတြ႔ရပါတယ္။ ဒါေပမဲ့ ေမးစရာတစ္ခုက အခုအခ်ိန္မွာ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ NLD ပါတီထက္ ပိုၿပီးေကာင္းတဲ့၊ ပိုမိုသင့္ေလ်ာ္တဲ့ ေခါင္းေဆာင္မႈနဲ႔ပါတီ Better alternatives ေတြ အဲဒါေကာ ရိွႏိုင္ပါသလား။ ရိွေနတယ္လို႔ ယူဆပါသလား။

ေျဖ ။ ။ မွန္ပါတယ္။ ျမန္မာ့ႏိုင္ငံေရး အခင္းအက်င္းက ေဒၚေအာင္ဆန္းစုၾကည္နဲ႔ NLD ေသာင္ၿပိဳကမ္းၿပိဳ အႏိုင္ရရိွခဲ့တဲ့ ၂၀၁၅ ခုႏွစ္ကတည္းက သိသိသာသာ ေျပာင္းလဲခဲ့ပါၿပီ။ အဲဒီတုန္းကေတာ့ လြတ္ေတာ္မွာ အျပတ္အသတ္အႏိုင္ရၿပီးေတာ့ တျပည္လံုး အုံးအံုးက်က္က်က္ ေထာက္ခံခဲ့ၾကပါတယ္။ ဒါေပမဲ့ ဒီကေန႔မွာေတာ့ ျမန္မာျပည္သူေတြက NLD ရဲ ႔ ေခါင္းေဆာင္မႈနဲ႔ ဒီမိုကေရစီ ေဖာ္ေဆာင္ႏိုင္မႈ အားနည္းတဲ့ေပၚမွာ တျဖည္းျဖည္းနဲ႔ မခ်င့္မရဲ ျဖစ္ေနခဲ့တာကို က်မတို႔ ေတြ႔ေနရပါတယ္။ တိုင္းရင္းသားေတြလည္း NLD အစိုးရအေပၚ စိတ္ပ်က္လာေနခဲ့ပါတယ္။ သူတုိ႔အခြင့္အေရးနဲ႔ ဖယ္ဒရယ္ျပည္ေထာင္စု ဖြဲ႔စည္းေရးနဲ႔ ၿငိမ္းခ်မ္းေရး မေဖာ္ေဆာင္ႏိုင္တဲ့အေပၚမွာ စိတ္ပ်က္ၾကပါတယ္။ ဒါေၾကာင့္မို႔ တုိင္းရင္းသားပါတီေတြအခ်င္းခ်င္း ေပါင္းစည္းညိွႏိႈင္းၿပီးေတာ့ သူတုိ႔ေဒသေတြမွာ အမတ္ေနရာ ပိုမိုရရိွေရးအတြက္ လုပ္ေဆာင္လာၾကပါတယ္။ သူတိုိ႔ေအာင္ျမင္ခဲ့ရင္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ NLD ရဲ ႔ တစ္ဦးတည္း၊ တစ္ပါတီႀကီး ေခါင္းေဆာင္ႏိုင္မႈကို ပိုမိုၿပီးေတာ့ စိန္ေခၚလာႏိုင္မွာ ျဖစ္ပါတယ္။

ေမး ။ ။ ဒါေပမဲ့ တကယ္တမ္းေတာ့ တစ္ႏုိင္ငံလံုးအတြက္ လႊမ္းၿခံဳၾကည့္မယ္ဆိုရင္ တိုင္းရင္းသားမဟာမိတ္ေတြရဲ ႔ ေခါင္းေဆာင္မႈက NLD နဲ႔ ေဒၚေအာင္ဆန္းစုၾကည္တို႔ကို အစားထိုးႏိုင္မယ့္ အေျခအေနေတာ့ မရိွဘူး ထင္ပါတယ္။

ေျဖ ။ ။ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ NLD က အထူးလူႀကိဳက္မ်ားေနၿပီး ေရြးေကာက္ပြဲကိုလည္း ႏုိင္ႏုိင္ေခ် အမ်ားႀကီး ရိွပါတယ္။ ဒါေပမဲ့ တုိင္းရင္းသားပါတီေတြရဲ ႔ စိန္ေခၚမႈ၊ အျခားဒီမိုကေရစီ တက္ၾကြတဲ့ ျပည္သူ႔ပါတီ၊ ျပည္သူ႔ေရွ ႔ေဆာင္ပါတီ၊ ျပည္ေထာင္စုေကာင္းက်ဳိးေဆာင္ပါတီတို႔လို ပါတီေတြရဲ ႔ စိန္ေခၚမႈမွာ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ NLD အေနနဲ႔ တစ္ပါတီအစိုးရ မဖြဲ႔ႏိုင္ပဲနဲ႔ ညႊန္႔ေပါင္းမဟာမိတ္ လက္ခံရမယ့္ အေျခအေန ေရာက္ရိွေစႏိုင္ပါတယ္။ ဒီလိုနဲ႔ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ NLD တို႔ရဲ ႔ ပြင့္လင္းမႈမရိွတဲ့ ဗ်ဴရိုကရက္ဆန္လြန္တဲ့ ကိစၥေတြကို စိန္ေခၚလာၾကမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္မို႔ NLD က လႊတ္ေတာ္မွာ ညႊန္႔ေပါင္းမဟာမိတ္ေတြ ညိွႏိႈင္းၾကရမွာ ျဖစ္ပါတယ္။ ဒါက အေပါင္းလကၡဏာေဆာင္တယ္လို႔ က်မတို႔ ယူဆၾကပါတယ္။

ေမး ။ ။ တကယ္ေတာ့ စာတမ္းထဲမွာ ကိုးကားေဖာ္ျပခဲ့တဲ့ ပါေမာကၡ Zoltan Barany ေျပာသလိုပါပဲ ေရြးေကာက္ပြဲမွာ အရပ္သားအစိုးရကို စစ္တပ္က ထိထိေရာက္ေရာက္ ဘယ္ႏိုင္ငံေရးအာဏာမွ လြဲေပးခဲ့တာ မရိွပါဘူး။ ဒါက ျပႆနာရဲ ႔ အဓိကအေၾကာင္းရင္းလို႔ ထင္ပါတယ္။ ဒါကို Pressure and Support ခင္မ်ားတုိ႔ရဲ ႔ အစီရင္ခံစာထဲမွာ ေရးထားတဲ့အတိုင္း ဆုေပးဒဏ္ေပးစနစ္ ေခၚပါေတာ့ အဲဒီလိုလုပ္ဖို႔ သိပ္မခက္ဘူးလား ဒီအခ်ိန္မ်ဳိးမွာ - စစ္တပ္ကို ဖိအားေပးဖို႔ဆိုိၿပီးေတာ့ ခင္မ်ားတုိ႔ဘက္က လုပ္ေပမယ့္၊ အေနာက္ႏုိင္ငံေတြက ႀကိဳးစားေပမယ့္လဲ တရုတ္ကေတာ့ ထားပါေတာ့ ဒီမိုကေရစီ မဟုတ္ဘူး။ အိႏိၵယတို႔လို ဒီမိုကေရစီႏိုင္ငံေတြကလဲ စစ္တပ္ကို ကူညီအားေပးေနၾကတယ္ဆိုေတာ့ ဒီလို ဖိအားေပးတာ၊ ေထာက္ခံတာလုပ္ဖို႔ေတာ့ ခက္မယ္လို႔ ထင္ပါတယ္။ ဘယ္လိုသေဘာရပါလဲ။

ေျဖ ။ ။ အခုေလာေလာဆယ္ စစ္တပ္ေပၚ ခရီးသြားလာေရးနဲ႔ ဘ႑ာေရး ဒဏ္ခတ္ပိတ္စို႔မႈေတြ ထားရိွၿပီးေတာ့ အျပင္းထန္ဆံုး အရိွန္ျမွင့္သင့္ပါတယ္။ ဒီေနရာမွာ ရွင္က တရုတ္အခန္းက႑လို႔ ေျပာလို႔ ျမန္မာႏိုင္ငံမွာ တရုတ္ၾသဇာ ပိုမိုၿပီးေတာ့ လႊမ္းမုိးလာတာဟာ ဒီမိုကေရစီ ျဖစ္ထြန္းေရးအတြက္ သတင္းဆိုး ျဖစ္ပါတယ္။ တရုတ္က သူတုိ႔အိမ္နီးခ်င္းမွာ ဒီမိုကေရစီႏိုင္ငံ တစ္ခုအေနနဲ႔ ေပၚထြန္းလာမွာကို မလိုလားပါဘူး။

ေမး ။ ။ ဆုိေတာ့ တရုတ္က မေကာင္းဘူး။ ငါတုိ႔က တရုတ္ထက္ ပိုေကာင္းတယ္ဆိုတာကို ျမန္မာစစ္တပ္က သေဘာေပါက္လာေအာင္ သူတုိ႔ Convince ျဖစ္သြားေအာင္ အေမရိကန္ျပည္ေထာင္စုနဲ႔ အေနာက္ႏုိင္ငံေတြက ဘယ္လိုလုပ္ႏိုင္မလဲဆိုတာကို ေမးစရာ ျဖစ္လာတာေပါ့။

ေျဖ ။ ။ ဒီေနရာမွာ Convince သေဘာေပါက္ လက္ခံႏိုင္ေအာင္ လုပ္တယ္ဆုိတာနဲ႔ မဆိုင္ဘူးလို႔ ထင္ပါတယ္။ ဖိအားေပးတာကို အဆံုးစြန္အထိ တိုးျမင့္ေအာင္ လုပ္ဖို႔သာ လိုပါတယ္။

ေမး ။ ။ Pressure ဖိအားေပးတယ္ဆုိတဲ့ ကိစၥဟာ ပညာရွင္တခ်ဳိ ႔က မထိေရာက္ဘူးလို႔ ေျပာၾကပါတယ္။ အထူးသျဖင့္ ပါေမာကၡ David Steinberg ကဆိုရင္ မၾကာခဏ ေျပာတယ္။ လံုးဝလက္မခံဘူး။ Sanction ကို သူက အၿမဲတမ္း ဆန္႔က်င္လာပါတယ္။ ဆိုေတာ့ ခင္မ်ားတုိ႔က Pressure ကို ယံုၾကည္ၾကတယ္ေပါ့။ ဖိအားကို ယံုၾကည္ၾကတယ္ေပါ့။

ေျဖ ။ ။ က်မ ယံုပါတယ္။ အထူးသျဖင့္ ဖိအားေပးတာက NLD ေပၚမွာ ထိေရာက္မႈ ရိွပါတယ္။ အခု မူစလင္အမတ္ေလာင္းႏွစ္ဦး ပါဝင္တဲ့ကိစၥကလဲ ဖိအားကို တံု႔ျပန္တာကို ျပသတာ ျဖစ္ပါတယ္။ ဒါက ေကာင္းက်ဳိးကိုေဆာင္တဲ့ လကၡဏာပါ။ NLD အစိုးရကေတာ့ ႏုိင္ငံတကာအသိုင္းအဝိုင္းနဲ႔အတူတူ အလုပ္လုပ္ႏုိင္တယ္ဆိုတာကို ျပသရာ ေရာက္ပါတယ္။ စစ္တပ္ကေတာ့ အဲဒီလို မဟုတ္ပါဘူး။

ေမး ။ ။ ေနာက္တစ္ခုက အမ်ဳိးသားေရးကို သိပ္ၿပီးအေၾကာင္းျပတယ္။ ေရွ ႔တန္းတင္တယ္ဆိုတဲ့ ကိစၥလည္း က်ေနာ္ ေျပာခ်င္ပါတယ္။ ကမာၻ႔ႏုိင္ငံေတြမွာ ဒါေတြလြတ္ကင္းလို႔လား။ ဥပမာဆိုပါစို႔ အေမရိကန္ျပည္ေထာင္စုမွာ သမၼတ Trump က Make America Great Again ဆိုတဲ့ ကိစၥ ဆိုပါေတာ့ ဒါက တနည္းအားျဖင့္ ေျပာရမယ္ဆိုရင္ Trump က အမ်ဳိးသားေရးကို ေရွ ႔တန္းတင္ၿပီးေတာ့ စည္းရံုးေနတာပဲလို႔ ေျပာလို႔မရဘူးလား။

ေျဖ ။ ။ က်မ ေျပာခ်င္တာကေတာ့ NLD အေနနဲ႔ သူတုိ႔ရဲ ႔ အေျပာအဆို Rhetoric ေတြကို ေျပာင္းလဲဖို႔ လိုမယ္လို႔ ယူဆပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ရဲ ႔ စကားေတြက အင္မတန္မွ ခြန္အားႀကီးဆဲ ျဖစ္ပါတယ္။ ဥပမာအားျဖင့္ ရိုဟင္ဂ်ာကိစၥနဲ႔ တိုင္းရင္းသားကိစၥေတြမွာဆိုရင္ လူ႔အခြင့္အေရးကိစၥ၊ ရႈေထာင့္ကေန ေျပာဆိုသင့္ပါတယ္။ ရိုဟင္ဂ်ာကိစၥက ေဒၚေအာင္ဆန္းစုၾကည္နဲ႔ NLD ေပၚမွာ အထူးသျဖင့္ အေနာက္ႏုိင္ငံေတြက ဒီမိုကေရစီမဟာမိတ္ေတြရဲ ႔ ယံုၾကည္မႈကို ရပ္ဆိုင္းလိုက္ပါတယ္။

ေမး ။ ။ ျမန္မာ့လူ႔အဖြဲ႔အစည္းမွာ အမ်ားစုကေတာ့ အမ်ဳိးသားေရးကိုပဲ ေရွ ႔တန္းတင္ေနဆဲလို႔ေျပာရင္ မွားမွာမဟုတ္ပါဘူး။ ဒီလိုအေျခအေနမ်ဳိးမွာ သူက ဒီကိစၥကို ေဘးဖယ္ၿပီးေတာ့ လူ႔အခြင့္အေရးကို ေရွ ႔တန္းတင္ၿပီးေတာ့ ေျပာလာမယ္ဆိုရင္ သူ႔ရဲ ႔လူထုေထာက္ခံမႈ မဆံုးရႈံးသြားႏိုင္ဘူးလား။ အဲဒီေတာ့ လူထုက မေထာက္ခံဘူးဆိုရင္ သူလုပ္ခ်င္တာ ဘာမွလုပ္မရဘူး ျဖစ္သြားမွာေပါ့။ ဒါကိုလဲ စဥ္းစားမယ္ ထင္ပါတယ္။

ေျဖ ။ ။ ဒီမွာ ေဒၚေအာင္ဆန္းစုၾကည္က လူႀကိဳက္အမ်ားဆံုး ပုဂၢိဳလ္ပါ။ အထူးသျဖင့္ ဗမာလူမ်ားစုၾကားမွာ လူထုေထာက္ခံမႈ အရဆံုး ျဖစ္ေနဆဲလို႔ က်မ ယံုပါတယ္။ ဒါေၾကာင့္ လူ႔အခြင့္အေရးနဲ႔ ပတ္သက္တဲ့ကိစၥေတြကို ေဖာ္ထုတ္ေျပာၾကားလိုက္တဲ့အတြက္ လူထုေထာက္္ခံမႈ ဆံုးရႈံးသြားမယ္လို႔ မထင္ပါဘူး။

ေမး ။ ။ ျမန္မာႏုိင္ငံ ဒီမိုကေရစီ အေျပာင္းအလဲအတြက္ ဖိအားေပး ကူညီတဲ့ေနရာမွာ ကမာၻ႔ဒီမိုကေရစီ ႏုိင္ငံေတြက တေပါင္းတစည္းထဲ လက္တြဲလုပ္ဖို႔ လိုတယ္လို႔လဲ ေျပာထားတာ ေတြ႔ရပါတယ္။ ဒါေပမဲ့လဲ တခ်ဳိ ႔ႏုိင္ငံေတြက ျမန္မာႏုိင္ငံနဲ႔ စီးပြားေရး လုပ္ေနၾကတယ္။ အထူးသျဖင့္ အိႏိၵယ၊ ဂ်ပန္၊ ေတာင္ကိုရီးယားတုိ႔ဆိုရင္ ဖိအားေပးမယ့္အစား စီးပြားေရးလုပ္ေနတာကို ပိုၿပီးေတြ႔ေနရပါတယ္။ ဆိုေတာ့ ဒီဟာကို ၾကည့္ၿပီးေတာ့ ကမာၻ႔ဒီမိုကေရစီႏိုင္ငံေတြက ျမန္မာ့အေရးမွာ ညီညႊတ္ေနၾကတယ္လို႔ ေျပာလို႔ရပါသလား။

ေျဖ ။ ။ ဒီမိုကေရစီ တည္ေဆာက္ေရးဟာ ကာလရွည္ၾကာ လုပ္ေဆာင္ရတဲ့ အစီအစဥ္တစ္ခုပါ။ အထူးသျဖင့္ဆုိရင္ စစ္အာဏာရွင္စနစ္ကေန ဒီမိုကေရစီ ကူးေျပာင္းတာ ပိုမိုၿပီး ခက္ခဲၾကန္႔ၾကာပါတယ္။ ဒီေနရာမွာ အသြင္ကူးေျပာင္းေနတဲ့ ႏုိင္ငံေတြနဲ႔ ႏုိင္ငံတကာအသိုင္းအဝိုင္းၾကားမွာ အခိုင္အမာ ပူးေပါင္းေဆာင္ရြက္မႈေတြရိွဖို႔ လိုအပ္ပါတယ္။ ဒါေၾကာင့္မို႔ ျမန္မာႏုိင္ငံအေနနဲ႔ အေမရိကန္သာမကဘဲနဲ႔ ဒီမိုကေရစီ မဟာမိတ္အားလံုးဆီက ေထာက္ခံမႈရရိွဖို႔ မျဖစ္မေနလုပ္ဖို႔ လိုအပ္ပါတယ္။

ေမး ။ ။ က်ေနာ့္ ေမးခြန္းက ဒီလိုလိုအပ္တဲ့ေနရာမွာ အေမရိကန္အပါအဝင္ က်န္တဲ့ဒီမိုကေရစီႏုိင္ငံေတြက တသေဘာထဲ ျဖစ္ေနၾကလား။ တညီတညႊတ္တည္း ျဖစ္ေနၾကလား။ တခ်ဳိ ႔က ဒဏ္ခတ္တယ္။ တခ်ဳိ ႔က စီးပြားေရးလုပ္ေနၾကတယ္။ အဲဒီကိစၥကို ေမးတာပါ။

ေျဖ ။ ။ ဒီေနရာမွာဆိုရင္ေတာ့ ႏုိင္ငံတကာရဲ ႔ ေထာက္ခံအားေပးမႈေတြက တညီတညႊတ္တည္း မဟုတ္ဘူးလို႔ ေျဖၾကားခ်င္ပါတယ္။ ေတာင္ကိုရီးယားနဲ႔ ဂ်ပန္တို႔က ရင္းႏီွးျမဳပ္ႏံွမႈကတဆင့္ စီးပြားေရးဖြံ႔ၿဖိဳးတိုးတက္ဖို႔ အားေပးတယ္။ အေမရိကန္ျပည္ေထာင္စုကေတာ့ အရပ္ဘက္အဖြဲ႔အစည္း ဖြံ႔ၿဖိဳးေရး၊ ဒီမိုကေရစီ အေျခခံခုိင္မာေရးအတြက္ အားေပးတယ္။ က်မအျမင္မွာေတာ့ အေမရိကန္ျပည္ေထာင္စုကလဲ က်န္ႏုိင္ငံေတြလိုပဲ ဒီမိုကေရစီ အေျခခံခုိင္မာေရးနဲ႔ စီးပြားေရးဖြံ႔ၿဖိဳးေရးကို အတူတူ လက္တြဲလုပ္သင့္တယ္လို႔ ထင္ပါတယ္။

==Unicode==

အမေရိကန်ပြည်ထောင်စု George W. Bush Institute က “Doorway to Democracy: Burma ‘s 2020 Election – ဒီမိုကရေစီအဝင် တံခါးပေါက်၊ မြန်မာနိုင်ငံ ၂၀၂၀ ရွေးကောက်ပွဲ” ဆိုတဲ့ခေါင်းစဉ်နဲ့ စာတမ်းတစ်စောင်ကို ပြီးခဲ့တဲ့အပတ်က ထုတ်ပြန်လိုက်ပါတယ်။ မြန်မာနိုင်ငံ ၂၀၂၀ ရွေးကောက်ပွဲနဲ့ လက်ရှိနိုင်ငံရေး အခြေအနေတွေကို သုံးသပ်ပြီး ဒီမိုကရေစီအပြည့်အဝ ထွန်းကားရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းက ဘာလုပ်သင့်သလဲဆိုတာတွေကို ထောက်ခံတင်ပြထားတာ ဖြစ်ပါတယ်။ ဒီစာတမ်းကို ပြုစုသူ George W. Bush Institute ရဲ့ အကြီးတန်းမန်နေဂျာ Jieun Pyun ကို ဦးကျော်ဇံသာက ဆက်သွယ်မေးမြန်းထားပါတယ်။


မေး ။ ။ ဒီစာတမ်းထဲမှာ CSO လို့ခေါ်တဲ့ လူမှုအဖွဲ့အစည်းတွေကို ပံ့ပိုးကူညီဖို့ပေးထားတယ်။ ဒါကတော့ ဟုတ်နေပါပြီ။ သို့သော်လဲ နိုင်ငံရေးပါတီကိုလည်း ထောက်ခံရမယ်၊ အားပေးရမယ်ဆိုတော့ နိုင်ငံရေးပါတီတွေကို အမေရိကန်လို အနောက်နိုင်ငံတွေက ထောက်ခံအားပေးတဲ့အတွက် သူတို့က အမေရိကန် လိုလားတယ်။ အနောက်ဘက်ယိမ်းတယ်ဆိုပြီးတော့ ပြည်တွင်းမှာ စွပ်စွဲခံရတဲ့ ပြဿတွေ မရှိနိုင်ဘူးလား။

ဖြေ ။ ။ ကျမအနေနဲ့ အဓိကပြောနေတာက နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးသမားတွေ ဒီမိုကရေစီဖြစ်စဉ်မှာ လုံးဝမြုပ်နံှပါဝင်နေအောင်လို့ ကူညီထောက်ခံပေးရမယ်ဆိုတာ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေက ဒီမိုကရေစီအပြည့်အဝ ထွန်းကားဖို့ မျှော်လင့်နေတာပါ။ နိုင်ငံရေးပါတီ တစ်ရာနီးပါးက ရွေးကောက်ခံမယ့် ၇၀၀၀ လောက်အနက်က အများစုက အဆင်သင့်မဖြစ်ကြသေးဘူးဆိုတာလဲ တွေ့နေရပါတယ်။ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်ခွင့်၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီ၊ တရားဥပဒေ စိုးမိုးရေးနဲ့ လွတ်လပ်တဲ့ဈေးကွက်ရဲ့ အခြေခံသဘောတွေကို စစ်အစိုးရလက်ထက် ပညာရေးစနစ်မှာ သင်ယူခွင့် မရရှိခဲ့ကြပါဘူး။ ဒါ့အပြင် မြန်မာလွတ်တော်အမတ်တွေဟာ နိုင်ငံရေးအတွေ့အကြုံလည်း လိုအပ်နေပါတယ်။ နိုင်ငံရေးအဖွဲ့တွေအနေနဲ့ သူတို့အမတ်လောင်းတွေကို လုပ်ပိုင်ခွင့်အာဏာ ပေးအပ်တာဟာ အဓိကအားဖြင့် Professionally functioning Parliament ကျွမ်းကျွမ်းကျင်ကျင် လည်ပတ်နိုင်တဲ့ ပါလီမန်ဖော်ထွန်းရေးမှာ မရှိမဖြစ် လိုအပ်တဲ့ကိစ္စပါ။ ဒါကြောင့်မို့ အကူအညီပေးတယ်ဆိုတာ ဘယ်ဘက်ကို ဘက်လိုက်ရမယ်။ အနောက်တိုင်း လိုလားအောင် လုပ်ရမယ်ဆိုတဲ့ သဘောမဟုတ်ဘဲနဲ့ စနစ်ကျပြီးတော့ မှန်ကန်တဲ့ ပါလီမန် ဖြစ်ထွန်းရေးအတွက်သာ ဖြစ်ပါတယ်။

မေး ။ ။ စာတမ်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီရဲ့ ခေါင်းဆောင်မှုကိုလည်း ဝေဖန်ထားတာ တွေ့ရပါတယ်။ ဒါပေမဲ့ မေးစရာတစ်ခုက အခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီထက် ပိုပြီးကောင်းတဲ့၊ ပိုမိုသင့်လျော်တဲ့ ခေါင်းဆောင်မှုနဲ့ပါတီ Better alternatives တွေ အဲဒါကော ရှိနိုင်ပါသလား။ ရှိနေတယ်လို့ ယူဆပါသလား။

ဖြေ ။ ။ မှန်ပါတယ်။ မြန်မာ့နိုင်ငံရေး အခင်းအကျင်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့တဲ့ ၂၀၁၅ ခုနှစ်ကတည်းက သိသိသာသာ ပြောင်းလဲခဲ့ပါပြီ။ အဲဒီတုန်းကတော့ လွတ်တော်မှာ အပြတ်အသတ်အနိုင်ရပြီးတော့ တပြည်လုံး အုံးအုံးကျက်ကျက် ထောက်ခံခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာတော့ မြန်မာပြည်သူတွေက NLD ရဲ့ ခေါင်းဆောင်မှုနဲ့ ဒီမိုကရေစီ ဖော်ဆောင်နိုင်မှု အားနည်းတဲ့ပေါ်မှာ တဖြည်းဖြည်းနဲ့ မချင့်မရဲ ဖြစ်နေခဲ့တာကို ကျမတို့ တွေ့နေရပါတယ်။ တိုင်းရင်းသားတွေလည်း NLD အစိုးရအပေါ် စိတ်ပျက်လာနေခဲ့ပါတယ်။ သူတို့အခွင့်အရေးနဲ့ ဖယ်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းရေးနဲ့ ငြိမ်းချမ်းရေး မဖော်ဆောင်နိုင်တဲ့အပေါ်မှာ စိတ်ပျက်ကြပါတယ်။ ဒါကြောင့်မို့ တိုင်းရင်းသားပါတီတွေအချင်းချင်း ပေါင်းစည်းညှိနှိုင်းပြီးတော့ သူတို့ဒေသတွေမှာ အမတ်နေရာ ပိုမိုရရှိရေးအတွက် လုပ်ဆောင်လာကြပါတယ်။ သူတို့အောင်မြင်ခဲ့ရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ရဲ့ တစ်ဦးတည်း၊ တစ်ပါတီကြီး ခေါင်းဆောင်နိုင်မှုကို ပိုမိုပြီးတော့ စိန်ခေါ်လာနိုင်မှာ ဖြစ်ပါတယ်။

မေး ။ ။ ဒါပေမဲ့ တကယ်တမ်းတော့ တစ်နိုင်ငံလုံးအတွက် လွှမ်းခြုံကြည့်မယ်ဆိုရင် တိုင်းရင်းသားမဟာမိတ်တွေရဲ့ ခေါင်းဆောင်မှုက NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို အစားထိုးနိုင်မယ့် အခြေအနေတော့ မရှိဘူး ထင်ပါတယ်။

ဖြေ ။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD က အထူးလူကြိုက်များနေပြီး ရွေးကောက်ပွဲကိုလည်း နိုင်နိုင်ချေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားပါတီတွေရဲ့ စိန်ခေါ်မှု၊ အခြားဒီမိုကရေစီ တက်ကြွတဲ့ ပြည်သူ့ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီတို့လို ပါတီတွေရဲ့ စိန်ခေါ်မှုမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အနေနဲ့ တစ်ပါတီအစိုးရ မဖွဲ့နိုင်ပဲနဲ့ ညွှန့်ပေါင်းမဟာမိတ် လက်ခံရမယ့် အခြေအနေ ရောက်ရှိစေနိုင်ပါတယ်။ ဒီလိုနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD တို့ရဲ့ ပွင့်လင်းမှုမရှိတဲ့ ဗျူရိုကရက်ဆန်လွန်တဲ့ ကိစ္စတွေကို စိန်ခေါ်လာကြမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ NLD က လွှတ်တော်မှာ ညွှန့်ပေါင်းမဟာမိတ်တွေ ညှိနှိုင်းကြရမှာ ဖြစ်ပါတယ်။ ဒါက အပေါင်းလက္ခဏာဆောင်တယ်လို့ ကျမတို့ ယူဆကြပါတယ်။

မေး ။ ။ တကယ်တော့ စာတမ်းထဲမှာ ကိုးကားဖော်ပြခဲ့တဲ့ ပါမောက္ခ Zoltan Barany ပြောသလိုပါပဲ ရွေးကောက်ပွဲမှာ အရပ်သားအစိုးရကို စစ်တပ်က ထိထိရောက်ရောက် ဘယ်နိုင်ငံရေးအာဏာမှ လွဲပေးခဲ့တာ မရှိပါဘူး။ ဒါက ပြဿနာရဲ့ အဓိကအကြောင်းရင်းလို့ ထင်ပါတယ်။ ဒါကို Pressure and Support ခင်များတို့ရဲ့ အစီရင်ခံစာထဲမှာ ရေးထားတဲ့အတိုင်း ဆုပေးဒဏ်ပေးစနစ် ခေါ်ပါတော့ အဲဒီလိုလုပ်ဖို့ သိပ်မခက်ဘူးလား ဒီအချိန်မျိုးမှာ - စစ်တပ်ကို ဖိအားပေးဖို့ဆိုပြီးတော့ ခင်များတို့ဘက်က လုပ်ပေမယ့်၊ အနောက်နိုင်ငံတွေက ကြိုးစားပေမယ့်လဲ တရုတ်ကတော့ ထားပါတော့ ဒီမိုကရေစီ မဟုတ်ဘူး။ အိန္ဒိယတို့လို ဒီမိုကရေစီနိုင်ငံတွေကလဲ စစ်တပ်ကို ကူညီအားပေးနေကြတယ်ဆိုတော့ ဒီလို ဖိအားပေးတာ၊ ထောက်ခံတာလုပ်ဖို့တော့ ခက်မယ်လို့ ထင်ပါတယ်။ ဘယ်လိုသဘောရပါလဲ။

ဖြေ ။ ။ အခုလောလောဆယ် စစ်တပ်ပေါ် ခရီးသွားလာရေးနဲ့ ဘဏ္ဍာရေး ဒဏ်ခတ်ပိတ်စို့မှုတွေ ထားရှိပြီးတော့ အပြင်းထန်ဆုံး အရှိန်မြှင့်သင့်ပါတယ်။ ဒီနေရာမှာ ရှင်က တရုတ်အခန်းကဏ္ဍလို့ ပြောလို့ မြန်မာနိုင်ငံမှာ တရုတ်သြဇာ ပိုမိုပြီးတော့ လွှမ်းမိုးလာတာဟာ ဒီမိုကရေစီ ဖြစ်ထွန်းရေးအတွက် သတင်းဆိုး ဖြစ်ပါတယ်။ တရုတ်က သူတို့အိမ်နီးချင်းမှာ ဒီမိုကရေစီနိုင်ငံ တစ်ခုအနေနဲ့ ပေါ်ထွန်းလာမှာကို မလိုလားပါဘူး။

မေး ။ ။ ဆိုတော့ တရုတ်က မကောင်းဘူး။ ငါတို့က တရုတ်ထက် ပိုကောင်းတယ်ဆိုတာကို မြန်မာစစ်တပ်က သဘောပေါက်လာအောင် သူတို့ Convince ဖြစ်သွားအောင် အမေရိကန်ပြည်ထောင်စုနဲ့ အနောက်နိုင်ငံတွေက ဘယ်လိုလုပ်နိုင်မလဲဆိုတာကို မေးစရာ ဖြစ်လာတာပေါ့။

ဖြေ ။ ။ ဒီနေရာမှာ Convince သဘောပေါက် လက်ခံနိုင်အောင် လုပ်တယ်ဆိုတာနဲ့ မဆိုင်ဘူးလို့ ထင်ပါတယ်။ ဖိအားပေးတာကို အဆုံးစွန်အထိ တိုးမြင့်အောင် လုပ်ဖို့သာ လိုပါတယ်။

မေး ။ ။ Pressure ဖိအားပေးတယ်ဆိုတဲ့ ကိစ္စဟာ ပညာရှင်တချို့က မထိရောက်ဘူးလို့ ပြောကြပါတယ်။ အထူးသဖြင့် ပါမောက္ခ David Steinberg ကဆိုရင် မကြာခဏ ပြောတယ်။ လုံးဝလက်မခံဘူး။ Sanction ကို သူက အမြဲတမ်း ဆန့်ကျင်လာပါတယ်။ ဆိုတော့ ခင်များတို့က Pressure ကို ယုံကြည်ကြတယ်ပေါ့။ ဖိအားကို ယုံကြည်ကြတယ်ပေါ့။

ဖြေ ။ ။ ကျမ ယုံပါတယ်။ အထူးသဖြင့် ဖိအားပေးတာက NLD ပေါ်မှာ ထိရောက်မှု ရှိပါတယ်။ အခု မူစလင်အမတ်လောင်းနှစ်ဦး ပါဝင်တဲ့ကိစ္စကလဲ ဖိအားကို တုံ့ပြန်တာကို ပြသတာ ဖြစ်ပါတယ်။ ဒါက ကောင်းကျိုးကိုဆောင်တဲ့ လက္ခဏာပါ။ NLD အစိုးရကတော့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့အတူတူ အလုပ်လုပ်နိုင်တယ်ဆိုတာကို ပြသရာ ရောက်ပါတယ်။ စစ်တပ်ကတော့ အဲဒီလို မဟုတ်ပါဘူး။

မေး ။ ။ နောက်တစ်ခုက အမျိုးသားရေးကို သိပ်ပြီးအကြောင်းပြတယ်။ ရှေ့တန်းတင်တယ်ဆိုတဲ့ ကိစ္စလည်း ကျနော် ပြောချင်ပါတယ်။ ကမ္ဘာ့နိုင်ငံတွေမှာ ဒါတွေလွတ်ကင်းလို့လား။ ဥပမာဆိုပါစို့ အမေရိကန်ပြည်ထောင်စုမှာ သမ္မတ Trump က Make America Great Again ဆိုတဲ့ ကိစ္စ ဆိုပါတော့ ဒါက တနည်းအားဖြင့် ပြောရမယ်ဆိုရင် Trump က အမျိုးသားရေးကို ရှေ့တန်းတင်ပြီးတော့ စည်းရုံးနေတာပဲလို့ ပြောလို့မရဘူးလား။

ဖြေ ။ ။ ကျမ ပြောချင်တာကတော့ NLD အနေနဲ့ သူတို့ရဲ့ အပြောအဆို Rhetoric တွေကို ပြောင်းလဲဖို့ လိုမယ်လို့ ယူဆပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားတွေက အင်မတန်မှ ခွန်အားကြီးဆဲ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ရိုဟင်ဂျာကိစ္စနဲ့ တိုင်းရင်းသားကိစ္စတွေမှာဆိုရင် လူ့အခွင့်အရေးကိစ္စ၊ ရှုထောင့်ကနေ ပြောဆိုသင့်ပါတယ်။ ရိုဟင်ဂျာကိစ္စက ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပေါ်မှာ အထူးသဖြင့် အနောက်နိုင်ငံတွေက ဒီမိုကရေစီမဟာမိတ်တွေရဲ့ ယုံကြည်မှုကို ရပ်ဆိုင်းလိုက်ပါတယ်။

မေး ။ ။ မြန်မာ့လူ့အဖွဲ့အစည်းမှာ အများစုကတော့ အမျိုးသားရေးကိုပဲ ရှေ့တန်းတင်နေဆဲလို့ပြောရင် မှားမှာမဟုတ်ပါဘူး။ ဒီလိုအခြေအနေမျိုးမှာ သူက ဒီကိစ္စကို ဘေးဖယ်ပြီးတော့ လူ့အခွင့်အရေးကို ရှေ့တန်းတင်ပြီးတော့ ပြောလာမယ်ဆိုရင် သူ့ရဲ့လူထုထောက်ခံမှု မဆုံးရှုံးသွားနိုင်ဘူးလား။ အဲဒီတော့ လူထုက မထောက်ခံဘူးဆိုရင် သူလုပ်ချင်တာ ဘာမှလုပ်မရဘူး ဖြစ်သွားမှာပေါ့။ ဒါကိုလဲ စဉ်းစားမယ် ထင်ပါတယ်။

ဖြေ ။ ။ ဒီမှာ ဒေါ်အောင်ဆန်းစုကြည်က လူကြိုက်အများဆုံး ပုဂ္ဂိုလ်ပါ။ အထူးသဖြင့် ဗမာလူများစုကြားမှာ လူထုထောက်ခံမှု အရဆုံး ဖြစ်နေဆဲလို့ ကျမ ယုံပါတယ်။ ဒါကြောင့် လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ကိစ္စတွေကို ဖော်ထုတ်ပြောကြားလိုက်တဲ့အတွက် လူထုထောက်ခံမှု ဆုံးရှုံးသွားမယ်လို့ မထင်ပါဘူး။

မေး ။ ။ မြန်မာနိုင်ငံ ဒီမိုကရေစီ အပြောင်းအလဲအတွက် ဖိအားပေး ကူညီတဲ့နေရာမှာ ကမ္ဘာ့ဒီမိုကရေစီ နိုင်ငံတွေက တပေါင်းတစည်းထဲ လက်တွဲလုပ်ဖို့ လိုတယ်လို့လဲ ပြောထားတာ တွေ့ရပါတယ်။ ဒါပေမဲ့လဲ တချို့နိုင်ငံတွေက မြန်မာနိုင်ငံနဲ့ စီးပွားရေး လုပ်နေကြတယ်။ အထူးသဖြင့် အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယားတို့ဆိုရင် ဖိအားပေးမယ့်အစား စီးပွားရေးလုပ်နေတာကို ပိုပြီးတွေ့နေရပါတယ်။ ဆိုတော့ ဒီဟာကို ကြည့်ပြီးတော့ ကမ္ဘာ့ဒီမိုကရေစီနိုင်ငံတွေက မြန်မာ့အရေးမှာ ညီညွှတ်နေကြတယ်လို့ ပြောလို့ရပါသလား။

ဖြေ ။ ။ ဒီမိုကရေစီ တည်ဆောက်ရေးဟာ ကာလရှည်ကြာ လုပ်ဆောင်ရတဲ့ အစီအစဉ်တစ်ခုပါ။ အထူးသဖြင့်ဆိုရင် စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီ ကူးပြောင်းတာ ပိုမိုပြီး ခက်ခဲကြန့်ကြာပါတယ်။ ဒီနေရာမှာ အသွင်ကူးပြောင်းနေတဲ့ နိုင်ငံတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကြားမှာ အခိုင်အမာ ပူးပေါင်းဆောင်ရွက်မှုတွေရှိဖို့ လိုအပ်ပါတယ်။ ဒါကြောင့်မို့ မြန်မာနိုင်ငံအနေနဲ့ အမေရိကန်သာမကဘဲနဲ့ ဒီမိုကရေစီ မဟာမိတ်အားလုံးဆီက ထောက်ခံမှုရရှိဖို့ မဖြစ်မနေလုပ်ဖို့ လိုအပ်ပါတယ်။

မေး ။ ။ ကျနော့် မေးခွန်းက ဒီလိုလိုအပ်တဲ့နေရာမှာ အမေရိကန်အပါအဝင် ကျန်တဲ့ဒီမိုကရေစီနိုင်ငံတွေက တသဘောထဲ ဖြစ်နေကြလား။ တညီတညွှတ်တည်း ဖြစ်နေကြလား။ တချို့က ဒဏ်ခတ်တယ်။ တချို့က စီးပွားရေးလုပ်နေကြတယ်။ အဲဒီကိစ္စကို မေးတာပါ။

ဖြေ ။ ။ ဒီနေရာမှာဆိုရင်တော့ နိုင်ငံတကာရဲ့ ထောက်ခံအားပေးမှုတွေက တညီတညွှတ်တည်း မဟုတ်ဘူးလို့ ဖြေကြားချင်ပါတယ်။ တောင်ကိုရီးယားနဲ့ ဂျပန်တို့က ရင်းနှီးမြုပ်နံှမှုကတဆင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ အားပေးတယ်။ အမေရိကန်ပြည်ထောင်စုကတော့ အရပ်ဘက်အဖွဲ့အစည်း ဖွံ့ဖြိုးရေး၊ ဒီမိုကရေစီ အခြေခံခိုင်မာရေးအတွက် အားပေးတယ်။ ကျမအမြင်မှာတော့ အမေရိကန်ပြည်ထောင်စုကလဲ ကျန်နိုင်ငံတွေလိုပဲ ဒီမိုကရေစီ အခြေခံခိုင်မာရေးနဲ့ စီးပွားရေးဖွံ့ဖြိုးရေးကို အတူတူ လက်တွဲလုပ်သင့်တယ်လို့ ထင်ပါတယ်။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG