သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တိုင္းရင္းသားပါတီေတြ အားေကာင္းရင္ ဘာေတြေမွ်ာ္လင့္ႏိုင္မလဲ


A volunteer clad in Shan ethnic traditional costume fills in a ballot paper during a rehearsal presentation for the upcoming general election Friday, May 15, 2015, in Yangon, Myanmar. (AP Photo/Khin Maung Win)
တိုက္႐ိုက္ လင့္ခ္

လာမယ့္ ေ႐ြးေကာက္ပြဲအၿပီး အစိုးရဖြဲ႕စည္းေရးအတြက္ တိုင္းရင္းသားပါတီေတြ အေရးပါလာမယ္ဆိုရင္ သူတို႔ ဘယ္ပါတီနဲ႔ ပူးေပါင္းၾကမလဲ၊ သူတို႔လိုခ်င္ေနတဲ့ ဖယ္ဒရယ္ျပည္ေထာင္စု ပိုမိုပီျပင္လာႏိုင္သလား။ လက္နက္ကိုင္ ပဋိပကၡေတြေကာ အရွိန္ေလ်ာ့သြားႏိုင္ပါသလား ဆိုတာေတြကို ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီေခါင္းေဆာင္ ေဒါက္တာတူးဂ်ာနဲ႔ ဦးေက်ာ္ဇံသာ ေဆြးေႏြးသုံးသပ္ထားပါတယ္။

ေမး ။ ။ ေဒါက္တာတူးဂ်ာ … မၾကာခင္က်င္းပျပဳလုပ္မယ့္ ေရြးေကာက္ပြဲမွာ တိုင္းရင္းသားပါတီေတြရဲ ႔ ေမွ်ာ္လင့္ခ်က္ ေတာ္ေတာ္ႀကီးႀကီးမားမား ရိွတယ္လို႔ သိရပါတယ္။ သံုးသပ္သူေတြက ေရးၾကတယ္။ ဒီအခ်ိန္မွာ တိုင္းရင္းသားေတြဟာ ျပည္နယ္အဆင့္ လႊတ္ေတာ္ေတြသာမက ဗဟိုအဆင့္လႊတ္ေတာ္မွာ ယွဥ္ၿပိဳင္ၾကမယ္။ သူတို႔တိုင္းရင္းသား အခြင့္အေရးေတြကို အဓိကေဖာ္ေဆာင္ေပးမယ့္ ပါတီနဲ႔ ပူးေပါင္းၿပီးေတာ့ ညႊန္႔ေပါင္းအစိုးရ ဖြဲ႔ရရင္လဲ ဖြဲ႔ဖို႔ရည္ရြယ္ခ်က္ ရိွတယ္ဆိုတဲ့အထိ ေရးၾကပါတယ္။ ဆိုေတာ့ က်ေနာ္ ပထမဦးဆံုးေမးခ်င္တာက အခုလာမယ့္ ေရြးေကာက္ပြဲမွာ တုိင္းရင္းသားပါတီေတြရဲ ႔ အေျခအေနဟာ ဘယ္ေလာက္အထိ ေကာင္းႏိုင္တယ္လုိ႔ ဆရာ ေမွ်ာ္လင့္ပါသလဲ။ အၾကမ္းမ်ဥ္းစေျပာပါ။

ေျဖ ။ ။ က်ေနာ္တုိိ႔ရဲ ႔ သံုးသပ္ခ်က္အရဆိုရင္ေတာ့ ေရြးေကာက္ပြဲဟာ ၂၀၁၀ နဲ႔ ၂၀၁၅ ထက္ နည္းနည္းထူးျခားလာတယ္။ အထူးသျဖင့္ ျပည္နယ္ကလူထုေတြက ျပည္နယ္သားေတြ ဖြဲ႔စည္းတဲ့ပါတီေတြကို အထူးဦးစားေပးခ်င္တဲ့ စိတ္ဆႏၵေတြ ေပၚေပါက္လာတယ္။ သူတို႔ေတြက ႏႈတ္နဲ႔လည္း အားေပးစကားေတြ ေျပာလာတယ္။ ဒါေၾကာင့္မို႔ ဒီလိုပါတီေတြ ျပန္႔က်ဲေနတာလဲ သူတုိ႔က မလိုလားဘူး။ ဒါေၾကာင့္မို႔ ပါတီေတြေပါင္းစည္းဖုိ႔လည္း တုိက္တြန္းအားေပးလာတယ္။ အဲဒီဟာက ဘာလဲဆိုရင္ ၂၀၂၀ ေရြးေကာက္ပြဲကို က်ေနာ္တို႔က ျမန္မာႏိုင္ငံ ျပည္ေထာင္စုတခုလံုး အက်ဳိးအတြက္ေသာ္လည္းေကာင္း၊ ျပည္နယ္အက်ဳိးအတြက္ေသာ္လည္းေကာင္း ထူးျခားတဲ့ ေရြးေကာက္ပြဲ ျဖစ္ေစခ်င္တာေပါ့။

ေမး ။ ။ ဘယ္လိုအက်ဳိးမ်ဳိးလဲဆုိတာကို နည္းနည္းရွင္းျပေပးပါ။

ေျဖ ။ ။ တစ္အခ်က္အေနနဲ႔ ျပည္ေထာင္စုတခုလံုး ၿငိမ္းခ်မ္းေရးရေစခ်င္တယ္။ ရရိွဖို႔ဆိုရင္ စနစ္ေျပာင္းရမယ္။ ဖယ္ဒရယ္ဒီမိုကေရစီစနစ္ကို ေျပာင္းႏိုင္ဖုိ႔ ႀကိဳးစားရမယ္။ ၿပီးရင္ ျပည္နယ္ေတြရဲ ႔ ဖြံ႔ၿဖိဳးတိုးတက္ေရး ျပည္နယ္သားေတြရဲ ႔ ကံၾကမၼာကို ျပည္နယ္သားေတြကိုယ္တိုင္ ဖန္တီးတဲ့ ကိုယ့္ၾကမၼာကိုယ္ ဖန္တီးခြင့္ဆိုတာကို ရုပ္လံုးေဖာ္သြားမယ္။ လက္ေတြ႔လုပ္ႏိုင္သေလာက္ လုပ္ေဆာင္သြားဖို႔ ကိုယ့္ၾကမၼာကိုယ္ ဖန္တီးခြင့္ဆုိတာကို အတတ္ႏို္င္ဆံုး ရရိွတဲ့အခြင့္အေရးေတြ အသံုးခ်ၿပီးမွ လုပ္ေဆာင္သြားဖို႔ပါ။

ေမး ။ ။ ဆိုေတာ့ ၿပီးခဲ့တဲ့ လႊတ္ေတာ္ (၅) ႏွစ္ သက္တမ္းမွာ NLD ပါတီရဲ ႔ လုပ္ေဆာင္ခ်က္ထက္ တိုင္းရင္းသားအက်ဳိးကို ပိုၿပီးတဲ့ စြမ္းစြမ္းတမံ ေဆာင္ရြက္ေပးႏိုင္မယ့္ ပါတီႀကီးအျဖစ္နဲ႔ ဘယ္ပါတီကို ဆရာတုိ႔ ရႈ ႔ျမင္ပါသလဲ။

ေျဖ ။ ။ အခုအခ်ိန္အခါမွာေတာ့ က်ေနာ္တုိ႔က ေစာင့္ၾကည့္ဆဲကာလလို႔ ေျပာလို႔ရပါတယ္။ ပါတီႀကီးေတြေပၚ ဘယ္လိုဆုိၿပီးေတာ့ စိတ္ပိုင္ျဖတ္ထားတာေတာ့ မရိွေသးဘူး။ အခု ေရြးေကာက္ပြဲအႀကိဳကာလကိုလည္း ေစာင့္ၾကည့္မယ္။ ေရြးေကာက္ပြဲၿပီးရဲ ႔ ရလဒ္အေပၚလည္း ေစာင့္ၾကည့္မယ္။ အဲဒီေနာက္ပိုင္းမွာ ျဖစ္ေပၚလာမယ့္ လႈပ္ရွားမႈေတြကို ေစာင့္ၾကည့္မယ္။ ေစာင့္ၾကည့္ၿပီးေတာ့မွ အဆင္ေျပသလို အမ်ားအက်ဳိး၊ ျပည္သူ႔အက်ဳိး၊ ျပည္ေထာင္စုအက်ဳိး၊ ျပည္နယ္အက်ဳိးတို႔ကို တကယ္စိတ္ပါဝင္စားစြာနဲ႔ လက္တြဲေဆာင္ရြက္ခ်င္တဲ့ ဗဟိုနဲ႔ျပည္နယ္ အာဏာခြဲေဝေရးကို မွ်မွ်တတရိွဖို႔၊ နားလည္မႈရိွဖို႔။ ဘယ္ပါတီ၊ ဘယ္ဟာဆိုတာကို အခုအခ်ိန္အခါမွာေတာ့ မခန္႔မွန္းတတ္ေသးဘူး။

ေမး ။ ။ ၿပီးခဲ့တဲ့ကာလမွာ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္နဲ႔ တုိင္းရင္းသားပါတီေတြရဲ ႔ ပူးေပါင္းေဆာင္ရြက္မႈကို အားမလိုအားမရသံေတြ အမ်ားႀကီးၾကားခဲ့ပါတယ္။ အဲဒါကို အက်ဥ္းရံုးေလး ျပန္ၿပီးသံုးသပ္ေပးပါ။

ေျဖ ။ ။ အဲဒါကေတာ့ NLD ေပၚ အမ်ားႀကီးမူတည္တာေပါ့။ သူက တုိင္းရင္းသားေတြရဲ ႔ လိုလားခ်က္ အက်ဳိးစီးပြားေတြကို အေျပာတင္မဟုတ္ဘဲနဲ႔ လက္ေတြ႔က်က် ေဖာ္ေဆာင္ေပးဖို႔ လိုခဲ့တယ္။ အဲဒါေၾကာင့္မို႔ သူ႔လုပ္ရပ္ေပၚမွာ အခုအခ်ိန္အခါမွာေတာ့ ျပည္သူေတြက ေျပာၾကတာပဲ၊ အားမလိုအားမရ ျဖစ္တယ္လုိ႔ ေျပာၾကတယ္။ ေနာက္ေနာင္မွာလဲ လာမယ့္အခ်ိန္ကာလမွာလဲ သူတုိ႔ရဲ ႔ ေျပာဆိုမႈနဲ႔ လုပ္ေဆာင္ခ်က္ေပၚမွာပဲ မူတည္ပါတယ္။

ေမး ။ ။ ဆရာ ဒီေနရာမွာ တစ္ခု စဥ္းစားေစခ်င္တာက တခ်ဳိ ႔တုိင္းရင္းသားေဒသေတြမွာ လက္နက္ကိုင္အင္အားစုေတြဟာ ေတာ္ေတာ္ေလးကို အားေကာင္းေနပါတယ္။ အဲဒီေဒသေတြမွာ ျပည္သူ႔ကိုယ္စားလွယ္ေတြ လႊတ္ေတာ္အမတ္ေတြဟာ သိပ္ၿပီးေတာ့ လူထုရဲ ႔ ယံုၾကည္မႈကို မရၾကဘူးဆိုရင္ မွားမယ္မဟုတ္ပါဘူး။ ျပည္နယ္သားတခ်ဳိ ႔ကဆိုရင္ လႊတ္ေတာ္လမ္းေၾကာင္းနဲ႔ သူတုိ႔ရဲ ႔ အခြင့္အေရးေတြကို ရလာမွာ မဟုတ္ဘူး။ ဘာမွတိုးမေပါက္ဘူး ျဖစ္ေနတယ္။ ဒါေၾကာင့္ လက္နက္ကိုင္လမ္းစဥ္သာ ပိုၿပီးေတာ့ အားေပးရမယ္ စိတ္ကူးမ်ား ေပါက္ေနသလားလို႔ က်ေနာ္က စဥ္းစားမိပါတယ္။ တနည္းေျပာရရင္ ဒီမိုကေရစီကို အယံုအၾကည္ နည္းၿပီးေတာ့ လက္နက္ကိုင္လမ္းစဥ္ကိုပဲ ပိုၿပီးအားသန္ေနၾကသလားဆိုတာကိုလဲ စဥ္းစားစရာ ျဖစ္မယ္လို႔ ထင္ပါတယ္။ ဆရာ အဲဒါကို ဘယ္လိုသေဘာရပါသလဲ။

ေျဖ ။ ။ အေျဖက တစ္ခုပဲ ရိွပါတယ္။ က်ေနာ့္အျမင္က ျပည္တြင္းစစ္ဟာ ႏိုင္ငံေရးျပႆနာေတာ့ ရိွတာေပါ့။ ႏိုင္ငံေရးျပႆနာကို ႏို္င္ငံေရးနည္းနဲ႔ ေျဖရွင္းမွ ေျပလည္ႏိုင္မယ္။ ဆုိတဲ့ဟာကို အားလံုးေတာ့ ခံယူလာၾကပါတယ္။ ဒါေပမဲ့ ႏို္င္ငံေရးနည္းနဲ႔ ေျဖရွင္းတယ္ဆိုတာ ေတြ႔ဆံုေဆြးေႏြးေရး Dialogue ပါ။ အခု ပင္လံုညီလာခံဆုိတာ ရိွေတာ့ရိွေနၿပီ။ ဒါေၾကာင့္မို႔ ဒီဟာကို ဘယ္ေလာက္ျမန္ျမန္ဆန္ဆန္ မွန္မွန္ကန္ကန္ ပံုေဖာ္ႏိုင္မလဲဆိုတာက အဓိကက်ပါတယ္။ အဲဒါကို ပံုေဖာ္တဲ့ေနရာမွာေတာ့ ဖယ္ဒရယ္ဒီမိုကေရစီစနစ္ကို ပီပီျပင္ျပင္ ေဖာ္ေဆာင္သြားႏိုင္တဲ့ အေျဖတစ္ခုရဖို႔ လုိတာေပါ့။ အဲဒီလိုဆုိ အားလံုးေျပလည္သြားႏိုင္တယ္။ တိုင္းျပည္ရဲ ႔ ျပႆနာကို အေျဖရွာတဲ့ေနရာမွာ ႏုိင္ငံေရးေဆြးေႏြးပြဲကို မွန္မွန္ကန္ကန္ ရိုးရိုးသားသား ေျဖာင့္ေျဖာင့္မတ္မတ္နဲ႔ အမွန္တကယ္ေရွ ႔ရႈတဲ့ ေဆြးေႏြးပြဲေတြ ျဖစ္သင့္တယ္။ ေနာက္ ဘံုသေဘာတူညီခ်က္ရရိွတဲ့ ေဆြးေႏြးပြဲေတြ ျဖစ္ေစခ်င္တယ္။ အဲဒီလိုဆိုရင္ေတာ့ အားလံုးေျပလည္သြားမယ္။

ေမး ။ ။ အဲဒီေတာ့ အဲဒီႏိုင္ငံေရးေဆြးေႏြးပြဲ ပင္လံုေတြ ဘာေတြလုပ္ေနတဲ့ ေနရာမွာ လက္နက္ကိုင္အင္အားစုေတြကို ကိုယ္စားျပဳတဲ့ လူေတြက ေျပာေရးဆိုခြင့္ ပိုရိွေနၿပီးေတာ့၊ ျပည္သူ႔ကိုယ္စားလွယ္ဆုိၿပီးေတာ့ ေရြးေကာက္တင္ေျမွာက္ထားတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ သိပ္အေရးပါတာကို မေတြ႔ရဘူးလို႔ အခ်ဳိ ႔ကသံုးသပ္ၾကပါတယ္။

ေျဖ ။ ။ အဲဒါေနာက္ပိုင္းမွာ နည္းနည္းထင္ေပၚလာတယ္။ … သံုးပြင့္ဆိုင္ပါ။ သံုးပြင့္ဆိုင္ဆုိတာ အာဏာ level တူ ဖြဲ႔စည္းထားတာ။ ဒါေပမဲ့ ေနာက္ပိုင္းမွာေတာ့ EAO နဲ႔ အစိုးရတပ္မေတာ္ ႏွစ္ပြင့္ဆိုင္ပံုစံမ်ဳိးနဲ႔ သြားေနတာကို ေတြ႔ရတယ္။ ဒါကလဲ သူတုိ႔က အဓိကက်တဲ့အပိုင္းကေတာ့ လက္နက္ကိုင္ေတာ္လွန္ေရးကို ဘယ္လိုရပ္ဆိုင္းႏုိင္မလဲဆိုတာကို အေျဖထုတ္တဲ့အခါၾကေတာ့ သူတို႔က အဲဒီအေပၚမွာ ပိုၿပီးေတာ့ အဓိကက်လာတာေပါ့။ NCA ကလဲ သူတို႔ေပၚမွာ အမ်ားႀကီးအဓိကက်လာတယ္။ အဲဒါေၾကာင့္မို႔ ျဖစ္တာပါ။ ဒါကိုေတာ့ ေထြေထြထူးထူး မေျပာခ်င္ပါဘူး။ ဒါေပမဲ့ ပါတီကို ပစ္ပယ္ထားလို႔ေတာ့ မရဘူး။ က်ေနာ္လည္း ေျပာေနခဲ့တယ္။ တခ်ဳိ ႔ေတြမွာ အဲဒီလိုထင္ျမင္စရာေတြ ရိွေကာင္းရိွႏိုင္တယ္။ ဒါေပမဲ့ တကယ့္တကယ္ ေပၚလစီအရဆုိရင္ေတာ့ ဒါက အားလံုးသံုးပြင့္ဆိုင္ အာဏာတူ၊ level တူ သံုးပြင့္ဆိုင္နဲ႔ ေတြ႔ဆံုဖို႔လုိတယ္။ အဲဒီဟာနဲ႔ သြားေနတယ္လုိ႔ က်ေနာ္က အဲဒီလိုခံယူတယ္။ တပ္မေတာ္၊ လႊတ္ေတာ္က တစ္ပြင့္၊ EAO က တစ္ပြင့္၊ ႏိုင္ငံေရးပါတီေတြက တစ္ပြင့္ - အဲဒါကို ေျပာတာပါ။

ေမး ။ ။ ဆိုေတာ့ ေနာက္တခုက တုိင္းရင္းသားပါတီေတြအပါအဝင္ ႏို္င္ငံေရးပါတီေတြ ေတာ္ေတာ္မ်ားမ်ားဟာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္နဲ႔ ေတြ႔ၾကပါတယ္။ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္က မၾကာခင္မွာ အနားယူၿပီးေတာ့ ႏို္င္ငံေရးထဲကို ဝင္လာမယ္လုိ႔လဲ ေမွ်ာ္မွန္းၾကပါတယ္။ သူ ႏုိင္ငံေရးထဲကိုပါလာရင္ တုိင္းရင္းသားေတြအက်ဳိးအတြက္ ပိုၿပီးေတာ့ ေဆာင္ရြက္ေပးႏုိင္မယ့္ လူလို႔မ်ား တြက္ၾကသလား။

ေျဖ ။ ။ အဲဒါကိုေတာ့ က်ေနာ္က သိမ္မခန္႔မွန္းတတ္ဘူး။ ဦးေက်ာ္ဇံသာေျပာတဲ့ အပိုင္းေတြကေတာ့ က်ေနာ္က ထင္ျမင္ခ်က္အတိအက်ေတာ့ တိက်တဲ့ထင္ျမင္ခ်က္ေတာ့ မေပးႏိုင္ဘူး။ သူတို႔ရဲ ႔ ကာယကံရွင္ေတြရဲ ႔ စိတ္ထဲမွာ တခ်ဳိ ႔ေတြအျမင္မွာေတာ့ ရိွေကာင္းရိွႏိုင္တာေပါ့။ သူတုိ႔ေတြ႔ဆံုတာက ေရြးေကာက္ပြဲနဲ႔ဆုိင္တယ္။ ေနာက္ၿပီး ညီလာခံနဲ႔လည္းဆိုင္တယ္။ ညီလာခံအႀကိဳမွာ ေတြ႔ဆံုၾကတာ။ အထူးသျဖင့္ သူတုိ႔ေဆြးေႏြးၾကတာ ေရြးေကာက္ပြဲနဲ႔ဆိုင္တဲ့ အခ်က္ေတြကို ေဆြးေႏြးတယ္လို႔ ၾကားရတယ္။

ေမး ။ ။ ေနာက္တခုက ကခ်င္ျပည္နယ္နဲ႔ ရခိုင္ျပည္နယ္ အထူးသျဖင့္ ရခိုင္ျပည္နယ္က ပိုဆုိးတာေပါ့။ တုိက္ပြဲေတြလည္း ျဖစ္ေနတဲ့အခ်ိန္မွာ ေရြးေကာက္ပြဲေကာ တရားမွ်တၿပီးေတာ့ တကယ္လြတ္လပ္တဲ့ ေရြးေကာက္ပြဲ ျဖစ္ႏိုင္ပါ့မလား။ မဲဆႏၵနယ္ေျမ အေတာ္မ်ားမ်ားမွာ ေရြးေကာက္ပြဲ က်င္းပျဖစ္မယ္လို႔ေကာ ထင္ပါသလား။ ကိုဗစ္-၁၉ ျပႆနာလည္း ရိွေနေသးေတာ့။

ေျဖ ။ ။ အခက္အခဲ ရိွပါတယ္။ အခုၾကားေနရတဲ့အတုိင္းဆုိရင္ေတာ့ ေရြးေကာက္ပြဲ မက်င္းပေပးႏိုင္တဲ့ ေနရာ ၿမိဳ ႔နယ္တခ်ဳိ ႔ေတာ့ ရိွေနပါတယ္။ အဲဒါေၾကာင့္ အခက္အခဲ ရိွပါတယ္။ ကခ်င္ျပည္နယ္မွာေတာ့ ျပႆနာ မရိွပါဘူး။ ၿမိဳ ႔နယ္အားလံုးမွာ မဲဆႏၵနယ္ေျမအားလံုးကို ဖြင့္ေပးထားပါတယ္။

ေမး ။ ။ က်ေနာ္ ေနာက္ဆံုးေမးခ်င္တာက တကယ္လို႔ ဆရာတို႔ ေမွ်ာ္လင့္ထားသလို တိုင္းရင္းသားပါတီေတြ အင္အားေကာင္းမယ္။ လႊတ္ေတာ္ႏွစ္ရပ္စလံုးမွာ တုိင္းရင္းသားေတြ သိပ္အင္အားေကာင္းလာမယ္ဆိုရင္ တကယ္လို႔ အေရးႀကီးတဲ့ကိစၥေတြ အေျပာင္းအလဲလုပ္ၾကမယ္ ဆိုၾကပါစို႔ - ဖြဲ႔စည္းပံုအေျခခံဥပေဒမွာ။ ဥပမာ ႏုိင္တဲ့ပါတီရဲ ႔ အစိုးရဖြဲ႔ခြင့္ေတာင္းတဲ့ကိစၥမ်ဳိးေတြ။ အဲဒီလိုမ်ဳိးအထိ သူတုိ႔လိုက္ေလ်ာႏိုင္စရာ အေၾကာင္းရိွမယ္ ထင္ပါသလား။ ေနာက္ၿပီး သယံဇာတ ခြဲေဝတဲ့ကိစၥ။ ကခ်င္မွာဆိုရင္ သယံဇာတ ျပႆနာက သိပ္အေရးႀကီးတဲ့ကိစၥပါ။ ဒီကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ ျပည္နယ္အစိုးရနဲ႔ လူထုရဲ ႔ဆႏၵသေဘာထားအတိုင္း ေတာ္ေတာ္မ်ားမ်ား ျဖစ္လာႏို္င္မယ္ ထင္ပါသလား။ လိုက္ေလ်ာႏိုင္မယ္လို႔ ထင္ပါသလား။

ေျဖ ။ ။ ဒီဟာကေတာ့ အရင္ကထက္ ထူးျခားလာမယ္။ ဘာေၾကာင့္လဲဆိုရင္ အရင္ကေတာ့ ျပည္သူ႔လႊတ္ေတာ္၊ အမ်ဳိးသားလႊတ္ေတာ္ကို ေရာက္သြားတဲ့ တုိင္းရင္းသားကိုယ္စားလွယ္ေတြ၊ လႊတ္ေတာ္အမတ္ေတြက စည္းလံုးညီညႊတ္မႈ မရိွၾကဘူး။ အခုကေတာ့ ၂၀၂၀ ေရြးေကာက္ပြဲၿပီးတဲ့ေနာက္ပိုင္း၊ ေရြးေကာက္ခံတဲ့ တုိင္းရင္းသားကိုယ္စားလွယ္ေတြ ျပည္သူ႔လႊတ္ေတာ္၊ အမ်ဳိးသားလႊတ္ေတာ္ ေရာက္သြားတဲ့လူေတြက သူတုိ႔ စည္းစည္းလံုးလံုး ညီညီညႊတ္ညႊတ္နဲ႔ သြားၾကမွာပါ။ အဲဒါေၾကာင့္ သူတုိ႔အေနနဲ႔က တုိင္းရင္းသားအေရး၊ ျပည္ေထာင္စုအေရးကို တသံထဲထြက္ၿပီးေတာ့ ေဆြးေႏြးၾကမယ္။ ဒါေၾကာင့္မို႔ ဒီဟာက အင္အားႀကီးတခုလို ျဖစ္လာမယ္။ ဒါေၾကာင့္မို႔ ပါတီႀကီးေတြနဲ႔ ယွဥ္ႏို္င္တဲ့ အင္အား တုိင္းရင္းသားအင္အား သက္သက္ေပၚလာလိမ့္မယ္လို႔ ထင္ပါတယ္။ ဒါက က်ေနာ့္ရဲ ႔ ေမွ်ာ္လင့္ခ်က္ပါ။

ေမး ။ ။ တုိင္းရင္းသားေဒသေတြမွာ ျဖစ္ေနတဲ့ ပဋိပကၡေတြကေရာ ေျပလည္မႈ ရလာလိမ့္မယ္။ ေျပလည္မႈ မရသည့္တိုင္း အရိွန္ေလ်ာ့လာလိမ့္မယ္လို႔ေကာ ေမွ်ာ္လင့္ႏိုင္ပါသလား။

ေျဖ ။ ။ဒါကေတာ့ တုိင္းရင္းသားလက္နက္ကိုင္ အင္အားစုေတြက လိုခ်င္တဲ့ ႏိုင္ငံေရးအာမခံခ်က္ မရမခ်င္းေတာ့ ဆက္ၿပီးေတာ့ သြားေနၾကမွာပဲ။ ဒီဘက္မွာ နည္းနည္းအားေကာင္းလာလို႔ ဟိုဘက္အားေပ်ာ့သြားတယ္ဆိုတာမ်ဳိးေတာ့ ျဖစ္မယ္မထင္ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ဒီဘက္မွာ နည္းနည္းအားေကာင္းလာတယ္ဆိုေပမယ့္ ဖယ္ဒရယ္ ျပည္ေထာင္စုမွ မတည္ေဆာက္ႏိုင္ေသးတာ။ ဖယ္ဒရယ္ဖြဲ႔စည္းပံုမွ မေပၚေသးတာ။ ျပည္ေထာင္စုသေဘာတူညီခ်က္စာခ်ဳပ္မွ မခ်ဳပ္ႏိုင္ေသးတာ။ ဖယ္ဒရယ္ဒီမိုကေရစီ ျပည္ေထာင္စု တည္ေဆာက္ေရးဆိုတဲ့ ျပည္ေထာင္စုသေဘာတူစာခ်ဳပ္ Union Accord ေရးဆြဲရပါမယ္။ အဲဒီအဆင့္ မေရာက္မခ်င္းကေတာ့ က်ေနာ္ထင္တယ္ သိပ္ၿပီးအားေပ်ာ့သြားတာမ်ဳိး ေျပာင္းလဲသြားတာမ်ဳိးေတာ့ က်ေနာ့္အေနနဲ႔ ရိွမယ္လို႔ေတာ့ မထင္ပါဘူး။


==Unicode==

လာမယ့် ရွေးကောက်ပွဲအပြီး အစိုးရဖွဲ့စည်းရေးအတွက် တိုင်းရင်းသားပါတီတွေ အရေးပါလာမယ်ဆိုရင် သူတို့ ဘယ်ပါတီနဲ့ ပူးပေါင်းကြမလဲ၊ သူတို့လိုချင်နေတဲ့ ဖယ်ဒရယ်ပြည်ထောင်စု ပိုမိုပီပြင်လာနိုင်သလား။ လက်နက်ကိုင် ပဋိပက္ခတွေကော အရှိန်လျော့သွားနိုင်ပါသလား ဆိုတာတွေကို ကချင်ပြည်နယ် ပြည်သူ့ပါတီခေါင်းဆောင် ဒေါက်တာတူးဂျာနဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ ဒေါက်တာတူးဂျာ … မကြာခင်ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေရဲ့ မျှော်လင့်ချက် တော်တော်ကြီးကြီးမားမား ရှိတယ်လို့ သိရပါတယ်။ သုံးသပ်သူတွေက ရေးကြတယ်။ ဒီအချိန်မှာ တိုင်းရင်းသားတွေဟာ ပြည်နယ်အဆင့် လွှတ်တော်တွေသာမက ဗဟိုအဆင့်လွှတ်တော်မှာ ယှဉ်ပြိုင်ကြမယ်။ သူတို့တိုင်းရင်းသား အခွင့်အရေးတွေကို အဓိကဖော်ဆောင်ပေးမယ့် ပါတီနဲ့ ပူးပေါင်းပြီးတော့ ညွှန့်ပေါင်းအစိုးရ ဖွဲ့ရရင်လဲ ဖွဲ့ဖို့ရည်ရွယ်ချက် ရှိတယ်ဆိုတဲ့အထိ ရေးကြပါတယ်။ ဆိုတော့ ကျနော် ပထမဦးဆုံးမေးချင်တာက အခုလာမယ့် ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေရဲ့ အခြေအနေဟာ ဘယ်လောက်အထိ ကောင်းနိုင်တယ်လို့ ဆရာ မျှော်လင့်ပါသလဲ။ အကြမ်းမျဉ်းစပြောပါ။

ဖြေ ။ ။ ကျနော်တို့ရဲ့ သုံးသပ်ချက်အရဆိုရင်တော့ ရွေးကောက်ပွဲဟာ ၂၀၁၀ နဲ့ ၂၀၁၅ ထက် နည်းနည်းထူးခြားလာတယ်။ အထူးသဖြင့် ပြည်နယ်ကလူထုတွေက ပြည်နယ်သားတွေ ဖွဲ့စည်းတဲ့ပါတီတွေကို အထူးဦးစားပေးချင်တဲ့ စိတ်ဆန္ဒတွေ ပေါ်ပေါက်လာတယ်။ သူတို့တွေက နှုတ်နဲ့လည်း အားပေးစကားတွေ ပြောလာတယ်။ ဒါကြောင့်မို့ ဒီလိုပါတီတွေ ပြန့်ကျဲနေတာလဲ သူတို့က မလိုလားဘူး။ ဒါကြောင့်မို့ ပါတီတွေပေါင်းစည်းဖို့လည်း တိုက်တွန်းအားပေးလာတယ်။ အဲဒီဟာက ဘာလဲဆိုရင် ၂၀၂၀ ရွေးကောက်ပွဲကို ကျနော်တို့က မြန်မာနိုင်ငံ ပြည်ထောင်စုတခုလုံး အကျိုးအတွက်သော်လည်းကောင်း၊ ပြည်နယ်အကျိုးအတွက်သော်လည်းကောင်း ထူးခြားတဲ့ ရွေးကောက်ပွဲ ဖြစ်စေချင်တာပေါ့။

မေး ။ ။ ဘယ်လိုအကျိုးမျိုးလဲဆိုတာကို နည်းနည်းရှင်းပြပေးပါ။

ဖြေ ။ ။ တစ်အချက်အနေနဲ့ ပြည်ထောင်စုတခုလုံး ငြိမ်းချမ်းရေးရစေချင်တယ်။ ရရှိဖို့ဆိုရင် စနစ်ပြောင်းရမယ်။ ဖယ်ဒရယ်ဒီမိုကရေစီစနစ်ကို ပြောင်းနိုင်ဖို့ ကြိုးစားရမယ်။ ပြီးရင် ပြည်နယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေး ပြည်နယ်သားတွေရဲ့ ကံကြမ္မာကို ပြည်နယ်သားတွေကိုယ်တိုင် ဖန်တီးတဲ့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ဆိုတာကို ရုပ်လုံးဖော်သွားမယ်။ လက်တွေ့လုပ်နိုင်သလောက် လုပ်ဆောင်သွားဖို့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ဆိုတာကို အတတ်နိုင်ဆုံး ရရှိတဲ့အခွင့်အရေးတွေ အသုံးချပြီးမှ လုပ်ဆောင်သွားဖို့ပါ။

မေး ။ ။ ဆိုတော့ ပြီးခဲ့တဲ့ လွှတ်တော် (၅) နှစ် သက်တမ်းမှာ NLD ပါတီရဲ့ လုပ်ဆောင်ချက်ထက် တိုင်းရင်းသားအကျိုးကို ပိုပြီးတဲ့ စွမ်းစွမ်းတမံ ဆောင်ရွက်ပေးနိုင်မယ့် ပါတီကြီးအဖြစ်နဲ့ ဘယ်ပါတီကို ဆရာတို့ ရှု့မြင်ပါသလဲ။

ဖြေ ။ ။ အခုအချိန်အခါမှာတော့ ကျနော်တို့က စောင့်ကြည့်ဆဲကာလလို့ ပြောလို့ရပါတယ်။ ပါတီကြီးတွေပေါ် ဘယ်လိုဆိုပြီးတော့ စိတ်ပိုင်ဖြတ်ထားတာတော့ မရှိသေးဘူး။ အခု ရွေးကောက်ပွဲအကြိုကာလကိုလည်း စောင့်ကြည့်မယ်။ ရွေးကောက်ပွဲပြီးရဲ့ ရလဒ်အပေါ်လည်း စောင့်ကြည့်မယ်။ အဲဒီနောက်ပိုင်းမှာ ဖြစ်ပေါ်လာမယ့် လှုပ်ရှားမှုတွေကို စောင့်ကြည့်မယ်။ စောင့်ကြည့်ပြီးတော့မှ အဆင်ပြေသလို အများအကျိုး၊ ပြည်သူ့အကျိုး၊ ပြည်ထောင်စုအကျိုး၊ ပြည်နယ်အကျိုးတို့ကို တကယ်စိတ်ပါဝင်စားစွာနဲ့ လက်တွဲဆောင်ရွက်ချင်တဲ့ ဗဟိုနဲ့ပြည်နယ် အာဏာခွဲဝေရေးကို မျှမျှတတရှိဖို့၊ နားလည်မှုရှိဖို့။ ဘယ်ပါတီ၊ ဘယ်ဟာဆိုတာကို အခုအချိန်အခါမှာတော့ မခန့်မှန်းတတ်သေးဘူး။

မေး ။ ။ ပြီးခဲ့တဲ့ကာလမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားပါတီတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကို အားမလိုအားမရသံတွေ အများကြီးကြားခဲ့ပါတယ်။ အဲဒါကို အကျဉ်းရုံးလေး ပြန်ပြီးသုံးသပ်ပေးပါ။

ဖြေ ။ ။ အဲဒါကတော့ NLD ပေါ် အများကြီးမူတည်တာပေါ့။ သူက တိုင်းရင်းသားတွေရဲ့ လိုလားချက် အကျိုးစီးပွားတွေကို အပြောတင်မဟုတ်ဘဲနဲ့ လက်တွေ့ကျကျ ဖော်ဆောင်ပေးဖို့ လိုခဲ့တယ်။ အဲဒါကြောင့်မို့ သူ့လုပ်ရပ်ပေါ်မှာ အခုအချိန်အခါမှာတော့ ပြည်သူတွေက ပြောကြတာပဲ၊ အားမလိုအားမရ ဖြစ်တယ်လို့ ပြောကြတယ်။ နောက်နောင်မှာလဲ လာမယ့်အချိန်ကာလမှာလဲ သူတို့ရဲ့ ပြောဆိုမှုနဲ့ လုပ်ဆောင်ချက်ပေါ်မှာပဲ မူတည်ပါတယ်။

မေး ။ ။ ဆရာ ဒီနေရာမှာ တစ်ခု စဉ်းစားစေချင်တာက တချို့တိုင်းရင်းသားဒေသတွေမှာ လက်နက်ကိုင်အင်အားစုတွေဟာ တော်တော်လေးကို အားကောင်းနေပါတယ်။ အဲဒီဒေသတွေမှာ ပြည်သူ့ကိုယ်စားလှယ်တွေ လွှတ်တော်အမတ်တွေဟာ သိပ်ပြီးတော့ လူထုရဲ့ ယုံကြည်မှုကို မရကြဘူးဆိုရင် မှားမယ်မဟုတ်ပါဘူး။ ပြည်နယ်သားတချို့ကဆိုရင် လွှတ်တော်လမ်းကြောင်းနဲ့ သူတို့ရဲ့ အခွင့်အရေးတွေကို ရလာမှာ မဟုတ်ဘူး။ ဘာမှတိုးမပေါက်ဘူး ဖြစ်နေတယ်။ ဒါကြောင့် လက်နက်ကိုင်လမ်းစဉ်သာ ပိုပြီးတော့ အားပေးရမယ် စိတ်ကူးများ ပေါက်နေသလားလို့ ကျနော်က စဉ်းစားမိပါတယ်။ တနည်းပြောရရင် ဒီမိုကရေစီကို အယုံအကြည် နည်းပြီးတော့ လက်နက်ကိုင်လမ်းစဉ်ကိုပဲ ပိုပြီးအားသန်နေကြသလားဆိုတာကိုလဲ စဉ်းစားစရာ ဖြစ်မယ်လို့ ထင်ပါတယ်။ ဆရာ အဲဒါကို ဘယ်လိုသဘောရပါသလဲ။

ဖြေ ။ ။ အဖြေက တစ်ခုပဲ ရှိပါတယ်။ ကျနော့်အမြင်က ပြည်တွင်းစစ်ဟာ နိုင်ငံရေးပြဿနာတော့ ရှိတာပေါ့။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမှ ပြေလည်နိုင်မယ်။ ဆိုတဲ့ဟာကို အားလုံးတော့ ခံယူလာကြပါတယ်။ ဒါပေမဲ့ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းတယ်ဆိုတာ တွေ့ဆုံဆွေးနွေးရေး Dialogue ပါ။ အခု ပင်လုံညီလာခံဆိုတာ ရှိတော့ရှိနေပြီ။ ဒါကြောင့်မို့ ဒီဟာကို ဘယ်လောက်မြန်မြန်ဆန်ဆန် မှန်မှန်ကန်ကန် ပုံဖော်နိုင်မလဲဆိုတာက အဓိကကျပါတယ်။ အဲဒါကို ပုံဖော်တဲ့နေရာမှာတော့ ဖယ်ဒရယ်ဒီမိုကရေစီစနစ်ကို ပီပီပြင်ပြင် ဖော်ဆောင်သွားနိုင်တဲ့ အဖြေတစ်ခုရဖို့ လိုတာပေါ့။ အဲဒီလိုဆို အားလုံးပြေလည်သွားနိုင်တယ်။ တိုင်းပြည်ရဲ့ ပြဿနာကို အဖြေရှာတဲ့နေရာမှာ နိုင်ငံရေးဆွေးနွေးပွဲကို မှန်မှန်ကန်ကန် ရိုးရိုးသားသား ဖြောင့်ဖြောင့်မတ်မတ်နဲ့ အမှန်တကယ်ရှေ့ရှုတဲ့ ဆွေးနွေးပွဲတွေ ဖြစ်သင့်တယ်။ နောက် ဘုံသဘောတူညီချက်ရရှိတဲ့ ဆွေးနွေးပွဲတွေ ဖြစ်စေချင်တယ်။ အဲဒီလိုဆိုရင်တော့ အားလုံးပြေလည်သွားမယ်။

မေး ။ ။ အဲဒီတော့ အဲဒီနိုင်ငံရေးဆွေးနွေးပွဲ ပင်လုံတွေ ဘာတွေလုပ်နေတဲ့ နေရာမှာ လက်နက်ကိုင်အင်အားစုတွေကို ကိုယ်စားပြုတဲ့ လူတွေက ပြောရေးဆိုခွင့် ပိုရှိနေပြီးတော့၊ ပြည်သူ့ကိုယ်စားလှယ်ဆိုပြီးတော့ ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ သိပ်အရေးပါတာကို မတွေ့ရဘူးလို့ အချို့ကသုံးသပ်ကြပါတယ်။

ဖြေ ။ ။ အဲဒါနောက်ပိုင်းမှာ နည်းနည်းထင်ပေါ်လာတယ်။ … သုံးပွင့်ဆိုင်ပါ။ သုံးပွင့်ဆိုင်ဆိုတာ အာဏာ level တူ ဖွဲ့စည်းထားတာ။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ EAO နဲ့ အစိုးရတပ်မတော် နှစ်ပွင့်ဆိုင်ပုံစံမျိုးနဲ့ သွားနေတာကို တွေ့ရတယ်။ ဒါကလဲ သူတို့က အဓိကကျတဲ့အပိုင်းကတော့ လက်နက်ကိုင်တော်လှန်ရေးကို ဘယ်လိုရပ်ဆိုင်းနိုင်မလဲဆိုတာကို အဖြေထုတ်တဲ့အခါကြတော့ သူတို့က အဲဒီအပေါ်မှာ ပိုပြီးတော့ အဓိကကျလာတာပေါ့။ NCA ကလဲ သူတို့ပေါ်မှာ အများကြီးအဓိကကျလာတယ်။ အဲဒါကြောင့်မို့ ဖြစ်တာပါ။ ဒါကိုတော့ ထွေထွေထူးထူး မပြောချင်ပါဘူး။ ဒါပေမဲ့ ပါတီကို ပစ်ပယ်ထားလို့တော့ မရဘူး။ ကျနော်လည်း ပြောနေခဲ့တယ်။ တချို့တွေမှာ အဲဒီလိုထင်မြင်စရာတွေ ရှိကောင်းရှိနိုင်တယ်။ ဒါပေမဲ့ တကယ့်တကယ် ပေါ်လစီအရဆိုရင်တော့ ဒါက အားလုံးသုံးပွင့်ဆိုင် အာဏာတူ၊ level တူ သုံးပွင့်ဆိုင်နဲ့ တွေ့ဆုံဖို့လိုတယ်။ အဲဒီဟာနဲ့ သွားနေတယ်လို့ ကျနော်က အဲဒီလိုခံယူတယ်။ တပ်မတော်၊ လွှတ်တော်က တစ်ပွင့်၊ EAO က တစ်ပွင့်၊ နိုင်ငံရေးပါတီတွေက တစ်ပွင့် - အဲဒါကို ပြောတာပါ။

မေး ။ ။ ဆိုတော့ နောက်တခုက တိုင်းရင်းသားပါတီတွေအပါအဝင် နိုင်ငံရေးပါတီတွေ တော်တော်များများဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ကြပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မကြာခင်မှာ အနားယူပြီးတော့ နိုင်ငံရေးထဲကို ဝင်လာမယ်လို့လဲ မျှော်မှန်းကြပါတယ်။ သူ နိုင်ငံရေးထဲကိုပါလာရင် တိုင်းရင်းသားတွေအကျိုးအတွက် ပိုပြီးတော့ ဆောင်ရွက်ပေးနိုင်မယ့် လူလို့များ တွက်ကြသလား။

ဖြေ ။ ။ အဲဒါကိုတော့ ကျနော်က သိမ်မခန့်မှန်းတတ်ဘူး။ ဦးကျော်ဇံသာပြောတဲ့ အပိုင်းတွေကတော့ ကျနော်က ထင်မြင်ချက်အတိအကျတော့ တိကျတဲ့ထင်မြင်ချက်တော့ မပေးနိုင်ဘူး။ သူတို့ရဲ့ ကာယကံရှင်တွေရဲ့ စိတ်ထဲမှာ တချို့တွေအမြင်မှာတော့ ရှိကောင်းရှိနိုင်တာပေါ့။ သူတို့တွေ့ဆုံတာက ရွေးကောက်ပွဲနဲ့ဆိုင်တယ်။ နောက်ပြီး ညီလာခံနဲ့လည်းဆိုင်တယ်။ ညီလာခံအကြိုမှာ တွေ့ဆုံကြတာ။ အထူးသဖြင့် သူတို့ဆွေးနွေးကြတာ ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ အချက်တွေကို ဆွေးနွေးတယ်လို့ ကြားရတယ်။

မေး ။ ။ နောက်တခုက ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ် အထူးသဖြင့် ရခိုင်ပြည်နယ်က ပိုဆိုးတာပေါ့။ တိုက်ပွဲတွေလည်း ဖြစ်နေတဲ့အချိန်မှာ ရွေးကောက်ပွဲကော တရားမျှတပြီးတော့ တကယ်လွတ်လပ်တဲ့ ရွေးကောက်ပွဲ ဖြစ်နိုင်ပါ့မလား။ မဲဆန္ဒနယ်မြေ အတော်များများမှာ ရွေးကောက်ပွဲ ကျင်းပဖြစ်မယ်လို့ကော ထင်ပါသလား။ ကိုဗစ်-၁၉ ပြဿနာလည်း ရှိနေသေးတော့။

ဖြေ ။ ။ အခက်အခဲ ရှိပါတယ်။ အခုကြားနေရတဲ့အတိုင်းဆိုရင်တော့ ရွေးကောက်ပွဲ မကျင်းပပေးနိုင်တဲ့ နေရာ မြို့နယ်တချို့တော့ ရှိနေပါတယ်။ အဲဒါကြောင့် အခက်အခဲ ရှိပါတယ်။ ကချင်ပြည်နယ်မှာတော့ ပြဿနာ မရှိပါဘူး။ မြို့နယ်အားလုံးမှာ မဲဆန္ဒနယ်မြေအားလုံးကို ဖွင့်ပေးထားပါတယ်။

မေး ။ ။ ကျနော် နောက်ဆုံးမေးချင်တာက တကယ်လို့ ဆရာတို့ မျှော်လင့်ထားသလို တိုင်းရင်းသားပါတီတွေ အင်အားကောင်းမယ်။ လွှတ်တော်နှစ်ရပ်စလုံးမှာ တိုင်းရင်းသားတွေ သိပ်အင်အားကောင်းလာမယ်ဆိုရင် တကယ်လို့ အရေးကြီးတဲ့ကိစ္စတွေ အပြောင်းအလဲလုပ်ကြမယ် ဆိုကြပါစို့ - ဖွဲ့စည်းပုံအခြေခံဥပဒေမှာ။ ဥပမာ နိုင်တဲ့ပါတီရဲ့ အစိုးရဖွဲ့ခွင့်တောင်းတဲ့ကိစ္စမျိုးတွေ။ အဲဒီလိုမျိုးအထိ သူတို့လိုက်လျောနိုင်စရာ အကြောင်းရှိမယ် ထင်ပါသလား။ နောက်ပြီး သယံဇာတ ခွဲဝေတဲ့ကိစ္စ။ ကချင်မှာဆိုရင် သယံဇာတ ပြဿနာက သိပ်အရေးကြီးတဲ့ကိစ္စပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြည်နယ်အစိုးရနဲ့ လူထုရဲ့ဆန္ဒသဘောထားအတိုင်း တော်တော်များများ ဖြစ်လာနိုင်မယ် ထင်ပါသလား။ လိုက်လျောနိုင်မယ်လို့ ထင်ပါသလား။

ဖြေ ။ ။ ဒီဟာကတော့ အရင်ကထက် ထူးခြားလာမယ်။ ဘာကြောင့်လဲဆိုရင် အရင်ကတော့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်ကို ရောက်သွားတဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေ၊ လွှတ်တော်အမတ်တွေက စည်းလုံးညီညွှတ်မှု မရှိကြဘူး။ အခုကတော့ ၂၀၂၀ ရွေးကောက်ပွဲပြီးတဲ့နောက်ပိုင်း၊ ရွေးကောက်ခံတဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ရောက်သွားတဲ့လူတွေက သူတို့ စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ်နဲ့ သွားကြမှာပါ။ အဲဒါကြောင့် သူတို့အနေနဲ့က တိုင်းရင်းသားအရေး၊ ပြည်ထောင်စုအရေးကို တသံထဲထွက်ပြီးတော့ ဆွေးနွေးကြမယ်။ ဒါကြောင့်မို့ ဒီဟာက အင်အားကြီးတခုလို ဖြစ်လာမယ်။ ဒါကြောင့်မို့ ပါတီကြီးတွေနဲ့ ယှဉ်နိုင်တဲ့ အင်အား တိုင်းရင်းသားအင်အား သက်သက်ပေါ်လာလိမ့်မယ်လို့ ထင်ပါတယ်။ ဒါက ကျနော့်ရဲ့ မျှော်လင့်ချက်ပါ။

မေး ။ ။ တိုင်းရင်းသားဒေသတွေမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေကရော ပြေလည်မှု ရလာလိမ့်မယ်။ ပြေလည်မှု မရသည့်တိုင်း အရှိန်လျော့လာလိမ့်မယ်လို့ကော မျှော်လင့်နိုင်ပါသလား။

ဖြေ ။ ။ဒါကတော့ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေက လိုချင်တဲ့ နိုင်ငံရေးအာမခံချက် မရမချင်းတော့ ဆက်ပြီးတော့ သွားနေကြမှာပဲ။ ဒီဘက်မှာ နည်းနည်းအားကောင်းလာလို့ ဟိုဘက်အားပျော့သွားတယ်ဆိုတာမျိုးတော့ ဖြစ်မယ်မထင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီဘက်မှာ နည်းနည်းအားကောင်းလာတယ်ဆိုပေမယ့် ဖယ်ဒရယ် ပြည်ထောင်စုမှ မတည်ဆောက်နိုင်သေးတာ။ ဖယ်ဒရယ်ဖွဲ့စည်းပုံမှ မပေါ်သေးတာ။ ပြည်ထောင်စုသဘောတူညီချက်စာချုပ်မှ မချုပ်နိုင်သေးတာ။ ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ ပြည်ထောင်စုသဘောတူစာချုပ် Union Accord ရေးဆွဲရပါမယ်။ အဲဒီအဆင့် မရောက်မချင်းကတော့ ကျနော်ထင်တယ် သိပ်ပြီးအားပျော့သွားတာမျိုး ပြောင်းလဲသွားတာမျိုးတော့ ကျနော့်အနေနဲ့ ရှိမယ်လို့တော့ မထင်ပါဘူး။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG