မၾကာေသးမီက က်င္းပၿပီးဆုံးသြားတဲ့ (၂၁) ရာစုပင္လုံညီလာခံ စတုတၳအစည္းအေဝးဟာ ျမန္မာႏိုင္ငံ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ ေရွ ႔ကိုေ႐ြ႕ေအာင္ တစုံတရာ တြန္းပို႔ႏိုင္ခဲ့ပါသလား၊ ဒီလိုေ႐ြ႕ႏိုင္ဖို႔အတြက္ ဘယ္လို အတားအဆီးေတြ အခက္အခဲေတြ ရွိေနပါသလဲ။ ျမန္မာ့အေရးသုံးသပ္သူ ဦးေမာင္ေမာင္စိုးနဲ႔ ဦးေက်ာ္ဇံသာတို႔ ေဆြးေႏြးသုံးသပ္ထားပါတယ္။
ေမး ။ ။ ဒီတႀကိမ္အစည္းအေဝးဟာ တခ်ိန္တုန္းက ရရိွထားတဲ့အဆင့္ကို ျပန္ရေအာင္ တြန္းတင္ခဲ့ရတဲ့ အစည္းအေဝးျဖစ္တယ္လို႔ ဦးေမာင္ေမာင္စိုးက စတင္သံုးသပ္ပါတယ္။
ေျဖ ။ ။ ၂၀၁၈ တတိယအႀကိမ္ ပင္လံုညီလာခံ ရပ္သြားၿပီးတဲ့ေနာက္ပို္င္းမွာ (၂) ႏွစ္နီးပါး မလုပ္ႏုိင္တဲ့ အေျခအေန၊ NLD ေနာက္ဆံုးသက္တမ္း အေျခအေနမွာ ပင္လံုညီလာခံ ေနာက္ျပန္ေလွ်ာမက်ေအာင္လို႔ ေနၿမဲေနရာမွာ ရပ္ေနေအာင္ ျပန္တြန္းတင္ေပးရတဲ့ ညီလာခံလို႔ပဲ က်ေနာ္က ျမင္ပါတယ္။ သေဘာတူညီခ်က္တစ္ခု ရသလားဆိုရင္ေတာ့ မရပါဘူး။ ဆက္ေဆြးေႏြးၾကဖို႔ သေဘာတူညီၾကတယ္။ အရင္သေဘာတူခဲ့တာေတြ ထပ္အတည္ျပဳတယ္ဆိုတဲ့အခါၾကေတာ့ မွန္နန္းအေျခအေန ျပန္တြန္းတင္ေပးတဲ့ အဆင့္ေတာ့ ရိွလိမ့္မယ္ ထင္ပါတယ္။
ေမး ။ ။ ေနာက္အဖြဲ႔ေပါင္းစံု တက္မလာတဲ့ကိစၥ၊ ေျမာက္ပိုင္းမဟာမိတ္ေတြ တက္မလာတဲ့ကိစၥ။ အဲဒီကိစၥေတြကို ဘယ္ေလာက္အထိ အေရးပါသလဲ။ သူတုိ႔မပါဘဲ ၿငိမ္းခ်မ္းေရး ေရွ ႔ကိုေရြ ႔ဖို႔ဆိုတာ ျဖစ္ႏိုင္ပါရဲ ႔လား။
ေျဖ ။ ။ ၂၀၁၁ ခုႏွစ္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ စကတည္းက (၁၀) ႏွစ္လံုးလံုး လႊမ္းမိုးေနတဲ့ ျပႆနာကေတာ့ အားလံုးပါဝင္ေရးဆိုတဲ့ ျပႆနာပါ။ ဒါေပမဲ့ လက္ေတြ႔မွာ အားလံုးက မပါဝင္ႏိုင္ဘူး ျဖစ္ေနတယ္။ အဲဒီေတာ့ က်ေနာ့္အျမင္ကေတာ့ အားလံုးပါဝင္မွ ေကာင္းမွာလား၊ မေကာင္းဘူးလား ဆိုတာကိုပဲျဖစ္ေစ။ လက္ရိွ ဒီအဖြဲ႔ေတြနဲ႔ပဲ ဆက္ၿပီးေတာ့ ႏုိင္ငံေရးသေဘာတူညီခ်က္ ယူသြားဖို႔ျဖစ္ေစ။ ဒီကိစၥေတြအားလံုးကိုေတာ့ က်ေနာ္တုိ႔ အားလံုးပါဝင္ေရးနဲ႔ ပတ္သက္တဲ့ (၁၀) ႏွစ္တာကာလကို ျပန္သံုးသပ္မွသာလွ်င္ က်ေနာ္တို႔ အေျဖတစ္ခုထြက္လိမ့္မယ္ ထင္ပါတယ္။
ေမး ။ ။ အဓိကအားျဖင့္ အားလံုးပါဝင္ႏုိင္ေရးမွာ ဘယ္ဟာက အခက္အခဲ ျဖစ္ေနတာလဲ။
ေျဖ ။ ။ အဓိကေတာ့ က်န္တာကေတာ့ ေျမာက္ပိုင္း (၇) ဖြဲ႔ က်န္တယ္။ KNPP က်န္တယ္။ ရွစ္ဖြဲ႔က်န္တာေပါ့။ အဲဒီေတာ့ ေျမာက္ပိုင္း (၇) ဖြဲ႔ကလဲ ဒီမွာပါဖို႔ဆိုလို႔ရိွရင္ bilateral မထိုးရေသးတဲ့ (၄) ဖြဲ႔ အရင္ bilateral ထိုးဖို႔လိုတယ္။ ဒါမွ ေျမာက္ပိုင္း (၇) ဖြဲ႔လံုးနဲ႔ ေဆြးေႏြးလို႔ရမွာ ျဖစ္တယ္။ ဒါေပမဲ့ bilateral ထိုးဖို႔က်န္ေနတဲ့ (၄) ဖြဲ႔မွာလဲ မထိုးရေသးတဲ့ (၄) ဖြဲ႔ ေပါင္းေဆြးေႏြးမယ္ဆိုတဲ့ အခ်ိန္မွာ ေလာေလာဆယ္ AA နဲ႔ ပတ္သက္ၿပီးေတာ့ သေဘာတူညီခ်က္ရဖို႔ ခက္ခဲေနတယ္။ အဓိကေတာ့ AA ရဲ ႔ တည္ရိွခြင့္နဲ႔ ပတ္သက္တဲ့ ျပႆနာ ျဖစ္တယ္။ အၾကမ္းဖက္အဖြဲ႔အစည္း ေၾကညာတဲ့ ျပႆနာ ျဖစ္တယ္။ အဲဒီေတာ့ က်ေနာ္တို႔က မပါဝင္ေသးတဲ့ ေျမာက္ပိုင္း (၇) ဖြဲ႔နဲ႔ ျပႆနာေတြကို ႏုိင္ငံေရးအရ ေဆြးေႏြးမယ္ဆိုလို႔ရိွရင္ ေသာ့ခ်က္ျပႆနာ ေျဖရွင္းရမယ့္ ျပႆနာက AA ျပႆနာ ျဖစ္တယ္။ AA ျပႆနာကို ႏိုင္ငံေရးအရ ေျဖရွင္းမယ္ဆိုလို႔ရိွရင္ေတာ့ ႏုိင္ငံေရးအရ ထြက္ေပါက္ေပးၿပီးမွ ေျဖရွင္းလို႔ရမယ္လို႔ ျမင္ပါတယ္။
ေမး ။ ။ AA တည္ရိွေရးနဲ႔ ပတ္သက္ၿပီးေတာ့ လက္မခံႏိုင္တဲ့ အခ်က္က ဘာလဲလို႔ ဦးေမာင္ေမာင္စိုး စဥ္းစားမိပါသလဲ။ တျခားအဖြဲ႔ေတြနဲ႔ ဘာမ်ားထူးျခားေနလို႔ AA တည္ရိွေရးကို လက္မခံႏိုင္သလဲဆိုတာကို အေျဖရွာေတြ႔ပါသလား။
ေျဖ ။ ။ အဓိကေတာ့ ၁၉၄၇ ကေန ၁၉၈၀ အထိ ရခိုင္မွာ ပုန္ကန္မႈေတြ ရိွၿပီးေတာ့၊ ၁၉၈၀ ေနာက္ပိုင္းမွာ ရခိုင္မွာ လက္နက္ကိုင္ ပုန္ကန္မႈက မရိွခဲ့ဘူး။ ႏွစ္ေပါင္း (၃၀) ေလာက္ တည္ၿငိမ္တဲ့ အေျခအေန ျပန္ျဖစ္တယ္။ အဲဒီအေျခအေနေအာက္မွာ AA ျပန္ေပၚလာတဲ့အခါမွာ တိုက္ပြဲေတြ ျပန္ျဖစ္လာတဲ့အခါမွာ ဒီအခ်ိန္တိုအတြင္းမွာ AA တပ္ဖြဲ႔တည္ရိွမႈကို တပ္မေတာ္ဘက္ကလဲ အသိအမွတ္ျပဳေပးရမွာကို ခက္ခဲေနတယ္ ထင္ပါတယ္။ အဲဒါကေတာ့ အဓိကအခ်က္ ျဖစ္လိမ့္မယ္လို႔ ထင္တယ္။ ဒါေပမဲ့ လက္ေတြ႔ေဆြးေႏြးပြဲေတြမွာေတာ့ AA ကို တပ္ဖ်က္ၿပီး၊ လက္နက္ခ်ပါဆိုရင္ AA ဘက္က မျဖစ္ႏုိင္ဘူး။ မျဖစ္ႏိုင္တဲ့အခါၾကေတာ့ AA တည္ရိွမႈနဲ႔ အရင္ လက္နက္ကိုင္တပ္ေတြရဲ ႔ တည္ရိွေပးရမယ္။ bilateral လက္မွတ္ထိုးရင္၊ အသိအမွတ္ျပဳမယ္ဆိုရင္ အေစာပိုင္းက လိုင္ဇာမွာ ခြင့္ျပဳေပးမယ့္၊ လိုင္ဇာမွာလဲ ခြင့္မျပဳဘူး။ ရခိုင္မွာလဲ ခြင့္မျပဳႏိုင္ဘူးဆိုရင္ အဲဒါ ႏိုင္ငံေရးအရ ထြက္ေပါက္ပိတ္တယ္လို႔ က်ေနာ္က ျမင္ပါတယ္။ အဲဒီလို ႏုိင္ငံေရးအရ ထြက္ေပါက္ပိတ္ေနရင္ေတာ့ က်ေနာ္တို႔ ႏိုင္ငံေရးအရ ေျဖရွင္းႏိုင္မွာ မဟုတ္ပါဘူး။
ေမး ။ ။ ဒီေနရာမွာ က်ေနာ္ စဥ္းစားမိတာက TNLA တေအာင္းဝ္ (ပေလာင္) အဖြဲ႔ဟာ AA နဲ႔ မေရွ ႔မေႏွာင္း ေပၚေပါက္လာတဲ့ လက္နက္ကိုင္အင္အားစုလို႔ပဲ ထင္ပါတယ္။ အဲဒီ TNLA တည္ရိွမႈကို သူတုိ႔ လက္ခံပါသလား။ ဘာေၾကာင့္ပါလဲ။
ေျဖ ။ ။ TNLA နဲ႔ ပတ္သက္ၿပီးေတာ့ သူတို႔သိပ္မေျပာဘူး။ သိပ္မေျပာဘူးဆိုတဲ့ ျပႆနာက အဲဒီဧရိယာသည္ တကယ္တမ္းၾကေတာ့ TNLA မရိွခင္ကလဲ၊ RCSS တပ္တို႔၊ ျပည္သူ႔စစ္၊ KIA တို႔ လႈပ္ရွားေနတဲ့ေနရာ ျဖစ္တယ္။ အေစာႀကီးကတည္းက လက္နက္ကိုင္ေပ်ာက္က်ားေဒသ ျဖစ္တဲ့အခါၾကေတာ့ TNLA ကိစၥကို သိပ္မေျပာတာလို႔ ထင္ပါတယ္။ ဒါေပမဲ့ ကိုးကန္႔လို႔ဟာမ်ဳိး ၂၀၁၅ မွာ ေပၚလာေတာ့ သူတို႔ ျပင္းျပင္းထန္ထန္ တံု႔ျပန္တာမ်ဳိး ရိွတယ္။ ကိုးကန္႔က ေမာ္ထိုက္အေရွ ႔ဘက္က ဟိုအိုင္ဧရိယာမွာပဲ ေနရာယူထားတာကို ေတြ႔ရပါတယ္။
ေမး ။ ။ ေနာက္တစ္ခုက ျပည္နယ္ေတြနဲ႔ ပတ္သက္ၿပီးေတာ့ State Constitution ကို ေဝါဟာရအားျဖင့္ အဓိပၸါယ္ကြဲတယ္၊ အေခၚအေဝၚကို လက္မခံၾကဖို႔၊ တခ်ဳိ ႔က ျပည္နယ္အေျခခံဥပေဒလို႔ပဲေခၚမယ္။ ဖြဲ႔စည္းပံုလို႔ေတာ့ မေခၚဘူးဆိုတဲ့ ဒီကိစၥနဲ႔ ပတ္သက္ၿပီးေတာ့လဲ တခ်ဳိ ႔ကေတာ့ ဖြဲ႔စည္းပံုဆိုတဲ့စကား ပါလိုက္ျခင္းအားျဖင့္ အဓိပၸါယ္က ပိုေလးနက္တယ္။ စကားလံုးေတြကို ကပ္ၿပီးေတာ့ ျငင္းေနၾကတာကို ေတြ႔ရတယ္။ လက္ေတြ႔မွာ အနစ္သာရအားျဖင့္ ဘာေတြကြဲသလဲ။ သူတုိ႔ ျပည္နယ္ေတြရဲ ႔ ကိုယ္ပိုင္ျပဌာန္းခြင့္ကို လံုးဝလက္မခံခ်င္တဲ့သေဘာနဲ႔ ဒါကိုရရိွေအာင္ ေတာင္းမယ္ဆိုတဲ့ အနစ္သာရ ျဖစ္မယ္လို႔ ထင္ပါတယ္။ ဦးေမာင္ေမာင္စိုးရဲ ႔ သေဘာကို သံုးသပ္ေပးပါ။
ေျဖ ။ ။ အဲဒါနဲ႔ ပတ္သက္လာလို႔ရိွရင္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြမွာ ႏွစ္ဘက္က အေျခခံႏွစ္ခုက မတူၾကဘူး။ ႏွစ္ဘက္စဥ္းစားတာက - တိုင္းရင္းသားေတြဘက္က စဥ္းစားတာက (၁) ပင္လံုညီလာခံ ဆံုးျဖတ္ခ်က္ေတြေပၚမွာ ဒီႏိုင္ငံေတာ္ ေပၚလာတယ္။ ဒါေၾကာင့္ က်ေနာ္တိုိ႔ ႏိုင္ငံေရးေဆြးေႏြးပြဲေတြကို ပင္လံု သေဘာတူညီခ်က္ အေျခခံေပၚကေန ဆက္သြားမယ္လို႔ တုိင္းရင္းသားေတြဘက္က စဥ္းစားတယ္။ ဒါေပမဲ့ အစိုးရနဲ႔ တပ္မေတာ္ဘက္ကေတာ့ ပင္လံုညီလာခံသည္ ေခတ္မမီေတာ့ဘူး။ ဒီေန႔ေခတ္ကာလမွာ ေလ်ာ္ညီတဲ့ သေဘာတူညီခ်က္ေတြ ယူၿပီးေတာ့ ေရွ ႔ဆက္သြားမယ္လို႔ စဥ္းစားတယ္။ ဒါက ပထမတစ္ခ်က္။ ဒုတိယအခ်က္အေနနဲ႔ ေျပာမယ္ဆိုရင္ တို္င္းရင္းသားေတြက ကိုယ္ပိုင္ျပဌာန္းခြင့္၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ေရး၊ တန္းတူေရးဆိုတဲ့ေပၚက ေဆြးေႏြးတယ္။ အစိုးရနဲ႔ တပ္မေတာ္ဘက္က ေဆြးေႏြးတာက ဒီမိုကေရစီတို႔၊ ဖယ္ဒရယ္တိုိ႔ ေျပာေသာ္လဲ ဗဟိုခ်ဳပ္ကိုင္မႈ ေလွ်ာ့ခ်ေရးဘက္က စဥ္းစားတယ္။ အဲဒီအခ်က္ (၂) ခ်က္မွာ သူတို႔ အေျခခံမတူတဲ့အခါမွာ အခုန ဆရာေျပာတဲ့ ဖြဲ႔စည္းပံု၊ ျပည္နယ္ဖြဲ႔စည္းပံု ေရးဆြဲေရးျပႆနာေတြမွာ ေတာက္ေလွ်ာက္လိုက္ၿပီ ျပႆနာ တက္လာတယ္လို႔ ထင္ပါတယ္။
ေမး ။ ။ အစိုးရနဲ႔ တပ္မေတာ္ဘက္က ဗဟိုခ်ဳပ္ကိုင္မႈ ေလွ်ာ့ခ်ေရးကို စဥ္းစားတယ္ဆိုတာ ဟုတ္ပါသလား။
ေျဖ ။ ။ အဲဒီဘက္ကေန စဥ္းစားတယ္လို႔ ထင္ပါတယ္။ ေဆြးေႏြးပြဲ အေျခအေနေတြ ၾကည့္ေနတာကေတာ့။
ေမး ။ ။ အဲဒီေတာ့ ဗဟိုခ်ဳပ္ကိုင္မႈ ေလွ်ာ့ခ်ေရးဟာ တိုင္းရင္းသားေတြရဲ ႔ ကိုယ္ပိုင္ျပဌာန္းခြင့္ ရရိွေရးနဲ႔ ပိုမိုနီးစပ္လာတဲ့ သေဘာေပါ့။ Decentralized လုပ္တယ္ဆိုတာ မဟုတ္ဘူးလား။
ေျဖ ။ ။ အာဏာခြဲေဝေရးဘက္ကေန ေျပာမယ္ဆိုရင္ေတာ့ ပိုနီးစပ္လာတယ္လို႔ ေျပာေပမယ့္ တုိင္းရင္းသားေတြရဲ ႔ identity ကိုယ္ပိုင္လကၡဏာ ေတာင္းဆိုတာနဲ႔ ပတ္သက္လာလို႔ ရိွရင္ေတာ့ ျခားနား၊ ကြဲလြဲမႈကေတာ့ ရိွေနေသးတယ္။
ေမး ။ ။ ေနာက္တခ်ဳိ ႔တုိင္းရင္းသားေခါင္းေဆာင္ေတြက ဗမာလည္းပဲ ျပည္နယ္တစ္ခုပဲ ျဖစ္သင့္တယ္လို႔ ေျပာၾကပါတယ္။ ဒီဟာကို တကယ္တမ္း လက္ခံႏိုင္မယ့္ အေျခအေန ျဖစ္ပါ့မလား။ ေနာက္ႏုိင္ငံကို ခ်စ္တဲ့စိတ္ - Civi Nationalism ဆိုတာမ်ဳိး ျဖစ္သင့္တယ္။ ဖယ္ဒရယ္ျပည္ေထာင္စု စစ္စစ္မွန္မွန္ ထူေထာင္မယ္ဆိုရင္ Ethnic Nationalism လူမ်ဳိးစိိတ္က ဒုတိယသာ ျဖစ္သင့္တယ္လို႔ ေျပာပါတယ္။ ဒီဟာေတြက ေမွ်ာ္လင့္ခ်က္ကေတာ့ ေကာင္းတယ္။ သို႔ေသာ္လဲပဲ သိပ္အလွမ္းေဝးလြန္ပါသလား။ တကယ္လက္ေတြ႔ ျဖစ္လာဖုိ႔အတြက္ ဦးေမာင္ေမာင္စိုးအျမင္ကို သံုးသပ္ပါ။ ျဖစ္ႏိုင္မယ့္ အလားအလာ။
ေျဖ ။ ။ လက္ေတြ႔ကေတာ့ ျဖစ္ႏိုင္မယ့္အလားအလာ ေဝးတယ္လို႔ ထင္ပါတယ္။ အဓိက အခုနေျပာတဲ့ ျပည္နယ္ဖြဲ႔စည္းပံု၊ ျပည္နယ္အေျခခံဥပေဒ ေရးဆြဲေရးဆိုတာက စကားလံုးအရ ျငင္းဆိုၾကတယ္ဆိုေပမယ့္ တကယ္တမ္းအရ ေျပာမယ္ဆိုရင္ ဘာျပႆနာေတြ က်န္ေသးသလဲဆိုရင္ အဓိက ရွစ္ျပည္နယ္မူကို ရပ္တည္ထားတဲ့လူက ဗမာလည္း တစ္ျပည္နယ္ပဲ ရိွတယ္ဆိုတဲ့ အယူအဆ တင္လာမွာ။ တဘက္ကလဲ အစိုးရက ျပည္နယ္ေတြ အေျခခံဥပေဒဆိုတာက လက္ရိွ ၂၀၀၈ ဖြဲ႔စည္းပံုမွာပါတဲ့ (၇) ျပည္နယ္ကို ေျပာေနတာ။ အဲဒီေတာ့ ဒါေတြက တကယ္တမ္း ေဆြးေႏြးမယ္ဆိုရင္ ျငင္းခုန္စရာ အမ်ားႀကီးေပၚလာအံုးမယ္လို႔ ထင္ပါတယ္။
ေမး ။ ။ ဒီေဆြးေႏြးပြဲကို တခ်ဳိ ႔ကေတာ့ ေရြးေကာက္ပြဲနီးလာလုိ႔ ခါေတာ္မီလုပ္တာ။ တကယ္တမ္းလဲ ႏိုင္ငံတကာမွာလဲ ဒီလိုပဲ ေရြးေကာက္ပြဲနီးလာတဲ့အခါ အစိုးရက သူေကာင္းတာကို လုပ္ျပတယ္ဆိုတာကေတာ့ အစဥ္အလာအေနနဲ႔ ေတြ႔ရပါတယ္။ ဆိုေတာ့ အခုေကာ အဲဒီလို သံုးသပ္လို႔ ရပါသလား။ ေနာက္ၿပီးေတာ့ က်ေနာ္ စဥ္းစားမိတာက ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ ကိုယ္တိုင္က ၿငိမ္းခ်မ္းေရးကိစၥကို အျခားကိစၥအတြက္ အသံုးမခ်နဲ႔ ဘာညာ သတိေပးသြားတယ္လို႔ အဲဒီေတာ့ အဲဒါက ေရြးေကာက္ပြဲအတြက္ ဒီဟာကို အသံုးမခ်နဲ႔လို႔ ေျပာတဲ့သေဘာမ်ဳိး ထပ္တူျဖစ္ေနသလား။
ေျဖ ။ ။ က်ေနာ့္အျမင္ကေတာ့ ဦးသိန္းစိန္အစိုးရလက္ထက္နဲ႔ NLD အစိုးရလက္ထက္တို႔မွာ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္နဲ႔ ပတ္သက္ၿပီး လက္စသတ္တာတစ္ခုေတာ့ လုပ္ျပသြားတာ ရိွပါတယ္။ ဦးသိန္းစိန္အစိုးရလက္ထက္ကလဲ ေရြးေကာက္ပြဲနီးမွပဲ ေအာက္တိုဘာ (၁၅) ရက္ေန႔မွာ လက္မွတ္ထိုးၿပီးေတာ့ သူ႔အစိုးရသက္တမ္းမွာ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္နဲ႔ ပတ္သက္ၿပီးေတာ့ တစ္ခုခုကို ျဖတ္ထားခဲ့တယ္ဆိုတာကို ျပသလို။ အခု NLD အစိုးရ သက္တမ္းမွာလဲ အစိုးရသက္တမ္း ကုန္ခါနီးမွာ အဲဒါကို ျဖတ္ျပတယ္လို႔ပဲ ထင္ပါတယ္။ တကယ္တမ္းေတာ့ ကိုဗစ္သာ မရိွဘူးဆိုရင္ေတာ့ ဧၿပီလေလာက္မွာျဖစ္မယ့္ ညီလာခံပါ။ အဲဒီေတာ့ ေရြးေကာက္ပြဲကို သက္သက္ႀကီး ရည္းစူးလုပ္တယ္လို႔ေတာ့ ေျပာရခက္ပါတယ္။
ေမး ။ ။ ေနာက္ဆံုးတစ္ခု စဥ္းစားေပးေစခ်င္တာကေတာ့ တခ်ဳိ ႔က သံုးသပ္ၾကတယ္။ ဒီၿငိမ္းခ်မ္းေရးကို သူ႔လက္ထက္မွာရတာ မလုိခ်င္ဘူး။ ငါကိုယ္တုိင္ တက္လာမွရေအာင္ လုပ္ျပမယ္။ ဒါႏို္င္ငံေရးေခါင္းေဆာင္အခ်င္းခ်င္း အဲဒီလိုသေဘာထားမ်ဳိး ရိွတဲ့အတြက္ေၾကာင့္ ပိုၿပီးေႏွာင့္ေႏွးရတယ္လို႔လဲ သံုးသပ္ပါတယ္။ အဲဒီလို ပုဂၢိဳလ္အရ အမွတ္ယူခ်င္တဲ့ သေဘာထားက ၿငိမ္းခ်မ္းေရးကို ဘယ္ေလာက္ေႏွာင့္ေႏွးေစႏုိင္သလဲ။ အဲဒီဆႏၵရိွေနၾကတယ္ဆိုတာ တကယ္ျဖစ္ႏိုင္ပါ့မလား။
ေျဖ ။ ။ အဲဒီလို သံုးသပ္ၾကတာေတြကေတာ့ ရိွပါတယ္။ ဥပမာ ဦးသိန္းစိန္လက္ထက္ NCA လက္မွတ္ထိုးတဲ့အခ်ိန္မွာ မေလာဖို႔လိုတယ္လို႔ NLD ဘက္က ေဒၚေအာင္ဆန္းစုၾကည္ ေျပာခဲ့တာ ရိွသလို။ NLD အစိုးရ ျဖစ္သြားတဲ့အခါမွာ NCA ကို ျမန္ျမန္ထိုးဖို႔ တိုက္တြန္းတာေတြ ရိွတယ္။ ဆိုေတာ့ အဲဒီအေျခအေနေတြကို ၾကည့္ၿပီးေတာ့ တပ္ကလဲ ေဒၚေအာင္ဆန္းစုၾကည္ အစိုးရလက္ထက္မွာ ေဒၚေအာင္ဆန္းစုၾကည္ကို Credit မေပးခ်င္ဘူးဆိုတဲ့ အျမင္မ်ဳိးေတြလဲ ရိွတယ္။ ဒါေပမဲ့ အဲဒါေတြေၾကာင့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ေႏွာင့္ေႏွးေနတယ္လို႔ေတာ့ သိပ္မထင္ဘူး။ အဓိက ႏုိင္ငံေရးအရ သေဘာတူ ေဆြးေႏြးရမယ့္အခ်က္ေတြကို လက္ေတြ႔က်က် မေျဖရွင္းႏို္္င္တာပဲ။ ပထမတစ္ခ်က္က တိုင္းရင္းသားေတြေတာင္းတဲ့ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္၊ ကိုယ္ပိုင္ျပဌာန္းခြင့္၊ အာဏာခြဲ႔ေဝေရးနဲ႔ ပတ္သက္ၿပီးေတာ့ ဒီေန႔အထိကို က်ေနာ္တုိ႔ မေဆြးေႏြးႏိုင္ဘူး။ ဒါက ပထမတစ္ခ်က္ ျဖစ္တယ္။ ဒုတိယတစ္ခ်က္က အဲဒါနဲ႔ ဆက္ႏႊယ္လာမယ့္ တုိင္းရင္းသားလက္နက္ကိုင္တပ္ဖြဲ႔ ေျဖရွင္းေရးနဲ႔ ပတ္သက္ၿပီး ဒီေန႔အထိ အေျဖမရိွေသးဘူး။ အဲဒီႏွစ္ခ်က္ေၾကာင့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြ ၾကာတယ္လို႔ေျပာတာ ပိုမွန္မယ္လို႔ ထင္ပါတယ္။
==Unicode==
မကြာသေးမီက ကျင်းပပြီးဆုံးသွားတဲ့ (၂၁) ရာစုပင်လုံညီလာခံ စတုတ္ထအစည်းအဝေးဟာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ် ရှေ့ကိုရွေ့အောင် တစုံတရာ တွန်းပို့နိုင်ခဲ့ပါသလား၊ ဒီလိုရွေ့နိုင်ဖို့အတွက် ဘယ်လို အတားအဆီးတွေ အခက်အခဲတွေ ရှိနေပါသလဲ။ မြန်မာ့အရေးသုံးသပ်သူ ဦးမောင်မောင်စိုးနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
မေး ။ ။ ဒီတကြိမ်အစည်းအဝေးဟာ တချိန်တုန်းက ရရှိထားတဲ့အဆင့်ကို ပြန်ရအောင် တွန်းတင်ခဲ့ရတဲ့ အစည်းအဝေးဖြစ်တယ်လို့ ဦးမောင်မောင်စိုးက စတင်သုံးသပ်ပါတယ်။
ဖြေ ။ ။ ၂၀၁၈ တတိယအကြိမ် ပင်လုံညီလာခံ ရပ်သွားပြီးတဲ့နောက်ပိုင်းမှာ (၂) နှစ်နီးပါး မလုပ်နိုင်တဲ့ အခြေအနေ၊ NLD နောက်ဆုံးသက်တမ်း အခြေအနေမှာ ပင်လုံညီလာခံ နောက်ပြန်လျှောမကျအောင်လို့ နေမြဲနေရာမှာ ရပ်နေအောင် ပြန်တွန်းတင်ပေးရတဲ့ ညီလာခံလို့ပဲ ကျနော်က မြင်ပါတယ်။ သဘောတူညီချက်တစ်ခု ရသလားဆိုရင်တော့ မရပါဘူး။ ဆက်ဆွေးနွေးကြဖို့ သဘောတူညီကြတယ်။ အရင်သဘောတူခဲ့တာတွေ ထပ်အတည်ပြုတယ်ဆိုတဲ့အခါကြတော့ မှန်နန်းအခြေအနေ ပြန်တွန်းတင်ပေးတဲ့ အဆင့်တော့ ရှိလိမ့်မယ် ထင်ပါတယ်။
မေး ။ ။ နောက်အဖွဲ့ပေါင်းစုံ တက်မလာတဲ့ကိစ္စ၊ မြောက်ပိုင်းမဟာမိတ်တွေ တက်မလာတဲ့ကိစ္စ။ အဲဒီကိစ္စတွေကို ဘယ်လောက်အထိ အရေးပါသလဲ။ သူတို့မပါဘဲ ငြိမ်းချမ်းရေး ရှေ့ကိုရွေ့ဖို့ဆိုတာ ဖြစ်နိုင်ပါရဲ့လား။
ဖြေ ။ ။ ၂၀၁၁ ခုနှစ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စကတည်းက (၁၀) နှစ်လုံးလုံး လွှမ်းမိုးနေတဲ့ ပြဿနာကတော့ အားလုံးပါဝင်ရေးဆိုတဲ့ ပြဿနာပါ။ ဒါပေမဲ့ လက်တွေ့မှာ အားလုံးက မပါဝင်နိုင်ဘူး ဖြစ်နေတယ်။ အဲဒီတော့ ကျနော့်အမြင်ကတော့ အားလုံးပါဝင်မှ ကောင်းမှာလား၊ မကောင်းဘူးလား ဆိုတာကိုပဲဖြစ်စေ။ လက်ရှိ ဒီအဖွဲ့တွေနဲ့ပဲ ဆက်ပြီးတော့ နိုင်ငံရေးသဘောတူညီချက် ယူသွားဖို့ဖြစ်စေ။ ဒီကိစ္စတွေအားလုံးကိုတော့ ကျနော်တို့ အားလုံးပါဝင်ရေးနဲ့ ပတ်သက်တဲ့ (၁၀) နှစ်တာကာလကို ပြန်သုံးသပ်မှသာလျှင် ကျနော်တို့ အဖြေတစ်ခုထွက်လိမ့်မယ် ထင်ပါတယ်။
မေး ။ ။ အဓိကအားဖြင့် အားလုံးပါဝင်နိုင်ရေးမှာ ဘယ်ဟာက အခက်အခဲ ဖြစ်နေတာလဲ။
ဖြေ ။ ။ အဓိကတော့ ကျန်တာကတော့ မြောက်ပိုင်း (၇) ဖွဲ့ ကျန်တယ်။ KNPP ကျန်တယ်။ ရှစ်ဖွဲ့ကျန်တာပေါ့။ အဲဒီတော့ မြောက်ပိုင်း (၇) ဖွဲ့ကလဲ ဒီမှာပါဖို့ဆိုလို့ရှိရင် bilateral မထိုးရသေးတဲ့ (၄) ဖွဲ့ အရင် bilateral ထိုးဖို့လိုတယ်။ ဒါမှ မြောက်ပိုင်း (၇) ဖွဲ့လုံးနဲ့ ဆွေးနွေးလို့ရမှာ ဖြစ်တယ်။ ဒါပေမဲ့ bilateral ထိုးဖို့ကျန်နေတဲ့ (၄) ဖွဲ့မှာလဲ မထိုးရသေးတဲ့ (၄) ဖွဲ့ ပေါင်းဆွေးနွေးမယ်ဆိုတဲ့ အချိန်မှာ လောလောဆယ် AA နဲ့ ပတ်သက်ပြီးတော့ သဘောတူညီချက်ရဖို့ ခက်ခဲနေတယ်။ အဓိကတော့ AA ရဲ့ တည်ရှိခွင့်နဲ့ ပတ်သက်တဲ့ ပြဿနာ ဖြစ်တယ်။ အကြမ်းဖက်အဖွဲ့အစည်း ကြေညာတဲ့ ပြဿနာ ဖြစ်တယ်။ အဲဒီတော့ ကျနော်တို့က မပါဝင်သေးတဲ့ မြောက်ပိုင်း (၇) ဖွဲ့နဲ့ ပြဿနာတွေကို နိုင်ငံရေးအရ ဆွေးနွေးမယ်ဆိုလို့ရှိရင် သော့ချက်ပြဿနာ ဖြေရှင်းရမယ့် ပြဿနာက AA ပြဿနာ ဖြစ်တယ်။ AA ပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းမယ်ဆိုလို့ရှိရင်တော့ နိုင်ငံရေးအရ ထွက်ပေါက်ပေးပြီးမှ ဖြေရှင်းလို့ရမယ်လို့ မြင်ပါတယ်။
မေး ။ ။ AA တည်ရှိရေးနဲ့ ပတ်သက်ပြီးတော့ လက်မခံနိုင်တဲ့ အချက်က ဘာလဲလို့ ဦးမောင်မောင်စိုး စဉ်းစားမိပါသလဲ။ တခြားအဖွဲ့တွေနဲ့ ဘာများထူးခြားနေလို့ AA တည်ရှိရေးကို လက်မခံနိုင်သလဲဆိုတာကို အဖြေရှာတွေ့ပါသလား။
ဖြေ ။ ။ အဓိကတော့ ၁၉၄၇ ကနေ ၁၉၈၀ အထိ ရခိုင်မှာ ပုန်ကန်မှုတွေ ရှိပြီးတော့၊ ၁၉၈၀ နောက်ပိုင်းမှာ ရခိုင်မှာ လက်နက်ကိုင် ပုန်ကန်မှုက မရှိခဲ့ဘူး။ နှစ်ပေါင်း (၃၀) လောက် တည်ငြိမ်တဲ့ အခြေအနေ ပြန်ဖြစ်တယ်။ အဲဒီအခြေအနေအောက်မှာ AA ပြန်ပေါ်လာတဲ့အခါမှာ တိုက်ပွဲတွေ ပြန်ဖြစ်လာတဲ့အခါမှာ ဒီအချိန်တိုအတွင်းမှာ AA တပ်ဖွဲ့တည်ရှိမှုကို တပ်မတော်ဘက်ကလဲ အသိအမှတ်ပြုပေးရမှာကို ခက်ခဲနေတယ် ထင်ပါတယ်။ အဲဒါကတော့ အဓိကအချက် ဖြစ်လိမ့်မယ်လို့ ထင်တယ်။ ဒါပေမဲ့ လက်တွေ့ဆွေးနွေးပွဲတွေမှာတော့ AA ကို တပ်ဖျက်ပြီး၊ လက်နက်ချပါဆိုရင် AA ဘက်က မဖြစ်နိုင်ဘူး။ မဖြစ်နိုင်တဲ့အခါကြတော့ AA တည်ရှိမှုနဲ့ အရင် လက်နက်ကိုင်တပ်တွေရဲ့ တည်ရှိပေးရမယ်။ bilateral လက်မှတ်ထိုးရင်၊ အသိအမှတ်ပြုမယ်ဆိုရင် အစောပိုင်းက လိုင်ဇာမှာ ခွင့်ပြုပေးမယ့်၊ လိုင်ဇာမှာလဲ ခွင့်မပြုဘူး။ ရခိုင်မှာလဲ ခွင့်မပြုနိုင်ဘူးဆိုရင် အဲဒါ နိုင်ငံရေးအရ ထွက်ပေါက်ပိတ်တယ်လို့ ကျနော်က မြင်ပါတယ်။ အဲဒီလို နိုင်ငံရေးအရ ထွက်ပေါက်ပိတ်နေရင်တော့ ကျနော်တို့ နိုင်ငံရေးအရ ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။
မေး ။ ။ ဒီနေရာမှာ ကျနော် စဉ်းစားမိတာက TNLA တအောင်းဝ် (ပလောင်) အဖွဲ့ဟာ AA နဲ့ မရှေ့မနှောင်း ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်အင်အားစုလို့ပဲ ထင်ပါတယ်။ အဲဒီ TNLA တည်ရှိမှုကို သူတို့ လက်ခံပါသလား။ ဘာကြောင့်ပါလဲ။
ဖြေ ။ ။ TNLA နဲ့ ပတ်သက်ပြီးတော့ သူတို့သိပ်မပြောဘူး။ သိပ်မပြောဘူးဆိုတဲ့ ပြဿနာက အဲဒီဧရိယာသည် တကယ်တမ်းကြတော့ TNLA မရှိခင်ကလဲ၊ RCSS တပ်တို့၊ ပြည်သူ့စစ်၊ KIA တို့ လှုပ်ရှားနေတဲ့နေရာ ဖြစ်တယ်။ အစောကြီးကတည်းက လက်နက်ကိုင်ပျောက်ကျားဒေသ ဖြစ်တဲ့အခါကြတော့ TNLA ကိစ္စကို သိပ်မပြောတာလို့ ထင်ပါတယ်။ ဒါပေမဲ့ ကိုးကန့်လို့ဟာမျိုး ၂၀၁၅ မှာ ပေါ်လာတော့ သူတို့ ပြင်းပြင်းထန်ထန် တုံ့ပြန်တာမျိုး ရှိတယ်။ ကိုးကန့်က မော်ထိုက်အရှေ့ဘက်က ဟိုအိုင်ဧရိယာမှာပဲ နေရာယူထားတာကို တွေ့ရပါတယ်။
မေး ။ ။ နောက်တစ်ခုက ပြည်နယ်တွေနဲ့ ပတ်သက်ပြီးတော့ State Constitution ကို ဝေါဟာရအားဖြင့် အဓိပ္ပါယ်ကွဲတယ်၊ အခေါ်အဝေါ်ကို လက်မခံကြဖို့၊ တချို့က ပြည်နယ်အခြေခံဥပဒေလို့ပဲခေါ်မယ်။ ဖွဲ့စည်းပုံလို့တော့ မခေါ်ဘူးဆိုတဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့လဲ တချို့ကတော့ ဖွဲ့စည်းပုံဆိုတဲ့စကား ပါလိုက်ခြင်းအားဖြင့် အဓိပ္ပါယ်က ပိုလေးနက်တယ်။ စကားလုံးတွေကို ကပ်ပြီးတော့ ငြင်းနေကြတာကို တွေ့ရတယ်။ လက်တွေ့မှာ အနစ်သာရအားဖြင့် ဘာတွေကွဲသလဲ။ သူတို့ ပြည်နယ်တွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို လုံးဝလက်မခံချင်တဲ့သဘောနဲ့ ဒါကိုရရှိအောင် တောင်းမယ်ဆိုတဲ့ အနစ်သာရ ဖြစ်မယ်လို့ ထင်ပါတယ်။ ဦးမောင်မောင်စိုးရဲ့ သဘောကို သုံးသပ်ပေးပါ။
ဖြေ ။ ။ အဲဒါနဲ့ ပတ်သက်လာလို့ရှိရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ နှစ်ဘက်က အခြေခံနှစ်ခုက မတူကြဘူး။ နှစ်ဘက်စဉ်းစားတာက - တိုင်းရင်းသားတွေဘက်က စဉ်းစားတာက (၁) ပင်လုံညီလာခံ ဆုံးဖြတ်ချက်တွေပေါ်မှာ ဒီနိုင်ငံတော် ပေါ်လာတယ်။ ဒါကြောင့် ကျနော်တို့ နိုင်ငံရေးဆွေးနွေးပွဲတွေကို ပင်လုံ သဘောတူညီချက် အခြေခံပေါ်ကနေ ဆက်သွားမယ်လို့ တိုင်းရင်းသားတွေဘက်က စဉ်းစားတယ်။ ဒါပေမဲ့ အစိုးရနဲ့ တပ်မတော်ဘက်ကတော့ ပင်လုံညီလာခံသည် ခေတ်မမီတော့ဘူး။ ဒီနေ့ခေတ်ကာလမှာ လျော်ညီတဲ့ သဘောတူညီချက်တွေ ယူပြီးတော့ ရှေ့ဆက်သွားမယ်လို့ စဉ်းစားတယ်။ ဒါက ပထမတစ်ချက်။ ဒုတိယအချက်အနေနဲ့ ပြောမယ်ဆိုရင် တိုင်းရင်းသားတွေက ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ တန်းတူရေးဆိုတဲ့ပေါ်က ဆွေးနွေးတယ်။ အစိုးရနဲ့ တပ်မတော်ဘက်က ဆွေးနွေးတာက ဒီမိုကရေစီတို့၊ ဖယ်ဒရယ်တို့ ပြောသော်လဲ ဗဟိုချုပ်ကိုင်မှု လျှော့ချရေးဘက်က စဉ်းစားတယ်။ အဲဒီအချက် (၂) ချက်မှာ သူတို့ အခြေခံမတူတဲ့အခါမှာ အခုန ဆရာပြောတဲ့ ဖွဲ့စည်းပုံ၊ ပြည်နယ်ဖွဲ့စည်းပုံ ရေးဆွဲရေးပြဿနာတွေမှာ တောက်လျှောက်လိုက်ပြီ ပြဿနာ တက်လာတယ်လို့ ထင်ပါတယ်။
မေး ။ ။ အစိုးရနဲ့ တပ်မတော်ဘက်က ဗဟိုချုပ်ကိုင်မှု လျှော့ချရေးကို စဉ်းစားတယ်ဆိုတာ ဟုတ်ပါသလား။
ဖြေ ။ ။ အဲဒီဘက်ကနေ စဉ်းစားတယ်လို့ ထင်ပါတယ်။ ဆွေးနွေးပွဲ အခြေအနေတွေ ကြည့်နေတာကတော့။
မေး ။ ။ အဲဒီတော့ ဗဟိုချုပ်ကိုင်မှု လျှော့ချရေးဟာ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးနဲ့ ပိုမိုနီးစပ်လာတဲ့ သဘောပေါ့။ Decentralized လုပ်တယ်ဆိုတာ မဟုတ်ဘူးလား။
ဖြေ ။ ။ အာဏာခွဲဝေရေးဘက်ကနေ ပြောမယ်ဆိုရင်တော့ ပိုနီးစပ်လာတယ်လို့ ပြောပေမယ့် တိုင်းရင်းသားတွေရဲ့ identity ကိုယ်ပိုင်လက္ခဏာ တောင်းဆိုတာနဲ့ ပတ်သက်လာလို့ ရှိရင်တော့ ခြားနား၊ ကွဲလွဲမှုကတော့ ရှိနေသေးတယ်။
မေး ။ ။ နောက်တချို့တိုင်းရင်းသားခေါင်းဆောင်တွေက ဗမာလည်းပဲ ပြည်နယ်တစ်ခုပဲ ဖြစ်သင့်တယ်လို့ ပြောကြပါတယ်။ ဒီဟာကို တကယ်တမ်း လက်ခံနိုင်မယ့် အခြေအနေ ဖြစ်ပါ့မလား။ နောက်နိုင်ငံကို ချစ်တဲ့စိတ် - Civi Nationalism ဆိုတာမျိုး ဖြစ်သင့်တယ်။ ဖယ်ဒရယ်ပြည်ထောင်စု စစ်စစ်မှန်မှန် ထူထောင်မယ်ဆိုရင် Ethnic Nationalism လူမျိုးစိတ်က ဒုတိယသာ ဖြစ်သင့်တယ်လို့ ပြောပါတယ်။ ဒီဟာတွေက မျှော်လင့်ချက်ကတော့ ကောင်းတယ်။ သို့သော်လဲပဲ သိပ်အလှမ်းဝေးလွန်ပါသလား။ တကယ်လက်တွေ့ ဖြစ်လာဖို့အတွက် ဦးမောင်မောင်စိုးအမြင်ကို သုံးသပ်ပါ။ ဖြစ်နိုင်မယ့် အလားအလာ။
ဖြေ ။ ။ လက်တွေ့ကတော့ ဖြစ်နိုင်မယ့်အလားအလာ ဝေးတယ်လို့ ထင်ပါတယ်။ အဓိက အခုနပြောတဲ့ ပြည်နယ်ဖွဲ့စည်းပုံ၊ ပြည်နယ်အခြေခံဥပဒေ ရေးဆွဲရေးဆိုတာက စကားလုံးအရ ငြင်းဆိုကြတယ်ဆိုပေမယ့် တကယ်တမ်းအရ ပြောမယ်ဆိုရင် ဘာပြဿနာတွေ ကျန်သေးသလဲဆိုရင် အဓိက ရှစ်ပြည်နယ်မူကို ရပ်တည်ထားတဲ့လူက ဗမာလည်း တစ်ပြည်နယ်ပဲ ရှိတယ်ဆိုတဲ့ အယူအဆ တင်လာမှာ။ တဘက်ကလဲ အစိုးရက ပြည်နယ်တွေ အခြေခံဥပဒေဆိုတာက လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံမှာပါတဲ့ (၇) ပြည်နယ်ကို ပြောနေတာ။ အဲဒီတော့ ဒါတွေက တကယ်တမ်း ဆွေးနွေးမယ်ဆိုရင် ငြင်းခုန်စရာ အများကြီးပေါ်လာအုံးမယ်လို့ ထင်ပါတယ်။
မေး ။ ။ ဒီဆွေးနွေးပွဲကို တချို့ကတော့ ရွေးကောက်ပွဲနီးလာလို့ ခါတော်မီလုပ်တာ။ တကယ်တမ်းလဲ နိုင်ငံတကာမှာလဲ ဒီလိုပဲ ရွေးကောက်ပွဲနီးလာတဲ့အခါ အစိုးရက သူကောင်းတာကို လုပ်ပြတယ်ဆိုတာကတော့ အစဉ်အလာအနေနဲ့ တွေ့ရပါတယ်။ ဆိုတော့ အခုကော အဲဒီလို သုံးသပ်လို့ ရပါသလား။ နောက်ပြီးတော့ ကျနော် စဉ်းစားမိတာက ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင်က ငြိမ်းချမ်းရေးကိစ္စကို အခြားကိစ္စအတွက် အသုံးမချနဲ့ ဘာညာ သတိပေးသွားတယ်လို့ အဲဒီတော့ အဲဒါက ရွေးကောက်ပွဲအတွက် ဒီဟာကို အသုံးမချနဲ့လို့ ပြောတဲ့သဘောမျိုး ထပ်တူဖြစ်နေသလား။
ဖြေ ။ ။ ကျနော့်အမြင်ကတော့ ဦးသိန်းစိန်အစိုးရလက်ထက်နဲ့ NLD အစိုးရလက်ထက်တို့မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး လက်စသတ်တာတစ်ခုတော့ လုပ်ပြသွားတာ ရှိပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်ကလဲ ရွေးကောက်ပွဲနီးမှပဲ အောက်တိုဘာ (၁၅) ရက်နေ့မှာ လက်မှတ်ထိုးပြီးတော့ သူ့အစိုးရသက်တမ်းမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီးတော့ တစ်ခုခုကို ဖြတ်ထားခဲ့တယ်ဆိုတာကို ပြသလို။ အခု NLD အစိုးရ သက်တမ်းမှာလဲ အစိုးရသက်တမ်း ကုန်ခါနီးမှာ အဲဒါကို ဖြတ်ပြတယ်လို့ပဲ ထင်ပါတယ်။ တကယ်တမ်းတော့ ကိုဗစ်သာ မရှိဘူးဆိုရင်တော့ ဧပြီလလောက်မှာဖြစ်မယ့် ညီလာခံပါ။ အဲဒီတော့ ရွေးကောက်ပွဲကို သက်သက်ကြီး ရည်းစူးလုပ်တယ်လို့တော့ ပြောရခက်ပါတယ်။
မေး ။ ။ နောက်ဆုံးတစ်ခု စဉ်းစားပေးစေချင်တာကတော့ တချို့က သုံးသပ်ကြတယ်။ ဒီငြိမ်းချမ်းရေးကို သူ့လက်ထက်မှာရတာ မလိုချင်ဘူး။ ငါကိုယ်တိုင် တက်လာမှရအောင် လုပ်ပြမယ်။ ဒါနိုင်ငံရေးခေါင်းဆောင်အချင်းချင်း အဲဒီလိုသဘောထားမျိုး ရှိတဲ့အတွက်ကြောင့် ပိုပြီးနှောင့်နှေးရတယ်လို့လဲ သုံးသပ်ပါတယ်။ အဲဒီလို ပုဂ္ဂိုလ်အရ အမှတ်ယူချင်တဲ့ သဘောထားက ငြိမ်းချမ်းရေးကို ဘယ်လောက်နှောင့်နှေးစေနိုင်သလဲ။ အဲဒီဆန္ဒရှိနေကြတယ်ဆိုတာ တကယ်ဖြစ်နိုင်ပါ့မလား။
ဖြေ ။ ။ အဲဒီလို သုံးသပ်ကြတာတွေကတော့ ရှိပါတယ်။ ဥပမာ ဦးသိန်းစိန်လက်ထက် NCA လက်မှတ်ထိုးတဲ့အချိန်မှာ မလောဖို့လိုတယ်လို့ NLD ဘက်က ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တာ ရှိသလို။ NLD အစိုးရ ဖြစ်သွားတဲ့အခါမှာ NCA ကို မြန်မြန်ထိုးဖို့ တိုက်တွန်းတာတွေ ရှိတယ်။ ဆိုတော့ အဲဒီအခြေအနေတွေကို ကြည့်ပြီးတော့ တပ်ကလဲ ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို Credit မပေးချင်ဘူးဆိုတဲ့ အမြင်မျိုးတွေလဲ ရှိတယ်။ ဒါပေမဲ့ အဲဒါတွေကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နှောင့်နှေးနေတယ်လို့တော့ သိပ်မထင်ဘူး။ အဓိက နိုင်ငံရေးအရ သဘောတူ ဆွေးနွေးရမယ့်အချက်တွေကို လက်တွေ့ကျကျ မဖြေရှင်းနို်င်တာပဲ။ ပထမတစ်ချက်က တိုင်းရင်းသားတွေတောင်းတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ အာဏာခွဲ့ဝေရေးနဲ့ ပတ်သက်ပြီးတော့ ဒီနေ့အထိကို ကျနော်တို့ မဆွေးနွေးနိုင်ဘူး။ ဒါက ပထမတစ်ချက် ဖြစ်တယ်။ ဒုတိယတစ်ချက်က အဲဒါနဲ့ ဆက်နွှယ်လာမယ့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ဖြေရှင်းရေးနဲ့ ပတ်သက်ပြီး ဒီနေ့အထိ အဖြေမရှိသေးဘူး။ အဲဒီနှစ်ချက်ကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကြာတယ်လို့ပြောတာ ပိုမှန်မယ်လို့ ထင်ပါတယ်။