သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္ COVID တားဆီးေရး ႏွင့္ ႏိုင္ငံေရးသံသယ


လူသြားလူလာ ကင္းမဲ့ေနသည့္ စစ္ေတြၿမိဳ႕တြင္း လမ္းမႀကီးတခု။ (၂၃ ၾသဂုတ္ ၂၀၂၀)
ရခိုင္ COVID တားဆီးေရး ႏွင့္ ႏိုင္ငံေရးသံသယ
please wait

No media source currently available

0:00 0:12:24 0:00
တိုက္႐ိုက္ လင့္ခ္

ရခိုင္ျပည္နယ္မွာ ကိုဗစ္-၁၉ ကပ္ေရာဂါ ကူးစက္မႈ ဟန္႔တားတိုက္ဖ်က္ေရးအတြက္ ႏိုင္ငံေတာ္အစိုးရရဲ ႔ လုပ္ေဆာင္ခ်က္ေတြဟာ ႏုိင္ငံေရးသံသယေတြ၊ အျမင္မၾကည္လင္္မႈေတြေၾကာင့္ အတားအဆီးေတြနဲ႔ ရင္ဆိုင္ေနရသလားဆုိတာကို လူမႈ႔အက်ဳိးေဆာင္တစ္ဦးနဲ႔ ေဆြးေႏြးသံုးသပ္ထားပါတယ္။

ေမး ။ ။ ရခိုင္ျပည္နယ္မွာ အခု အေရးတႀကီးျဖစ္ပြားေနတဲ့ ကိုဗစ္ကပ္ေရာဂါကို ဟန္႔တားတိုက္ဖ်က္ဖို႔အတြက္ အစိုးရနဲ႔ တာဝန္ရိွသူေတြရဲ ႔ လုပ္ေဆာင္မႈအေပၚ ရခိုင္ႏိုင္ငံေရးအသိုင္းအဝိုင္းက ပုဂၢိဳလ္တခ်ဳိ ႔ရဲ ႔ အျမင္မၾကည္လင္မႈ၊ ဘဝင္မက်မႈေတြကို ၾကားေနရပါတယ္။ ရခိုင္ျပည္နယ္က လူထုအေျချပဳအဖြဲ႔အစည္းေတြကေရာ တက္တက္ၾကြၾကြ ပူးေပါင္းေဆာင္ရြက္မႈ ရိွၾကပါရဲ ႔လား။ ဝံလက္ေဖာင္ေဒးရွင္းအဖြဲ႔ကို ပူးတြဲတည္ေထာင္သူလည္းျဖစ္၊ အဲဒီအဖြဲ႔ရဲ ႔ ဒါရိုက္တာလည္းျဖစ္တဲ့ ကိုခိုင္ေကာင္းစံ က အခုလို စတင္ေဆြးေႏြးပါတယ္။

ေျဖ ။ ။ ရိွပါတယ္။ ဧၿပီလမတိုင္မီမွာလဲ ကိုဗစ္နဲ႔ ပတ္သက္ၿပီး အရပ္ဘက္အဖြဲ႔အစည္းေတြ Green Network လို၊ ေနာက္ၿပီးေတာ့ AHCT - Arakan Humanitarian Coordination Team တို႔က စင္တာေတြ ဖြင့္ခဲ့ပါတယ္။ အဲဒီမွာ အစိုးရရဲ ႔ ပူးေပါင္းပါဝင္မႈလည္း အားေကာင္းခဲ့တယ္။ အခုဆုိရင္ က်ေနာ္တို႔ volunteers ေတြလည္း အမ်ားႀကီးျပင္ဆင္ထားၾကတယ္။ ေနာက္ အခုရက္ပိုင္းမွာပဲ We Love Rakhine ဆိုၿပီးေတာ့ လူထုအေျချပဳအဖြဲ႔ ဖြဲ႔စည္းၾကတယ္။ အဲဒါက အစိုးရရဲ ႔ လိုအပ္ခ်က္ေတြမွာ က်န္းမာေရးဆိုင္ရာ လိုအပ္ခ်က္ေတြမွာ ကူညီမယ့္ volunteer ေတြနဲ႔ က်န္းမာေရးအေထာက္အကူျပဳ ပစၥည္းေတြ၊ ဘယ္လိုကူညီၾကမလဲဆိုတဲ့ဟာ အဲဒါမ်ဳိးေတြ လုပ္ေနၾကပါတယ္။ ေျပာခ်င္တာကေတာ့ ရခိုင္ CSO ေတြကလည္း ကိုဗစ္ေဘးကို ကူညီၾကမယ္ဆိုတဲ့ဟာ အဆင္သင့္ ရိွေနၾကတယ္။

ဒါေပမဲ့ အစိုးရဘက္ကို ေထာက္ျပၿပီး ေျပာမယ္ဆိုရင္ေတာ့ အစိုးရဘက္ရဲ ႔ ကမ္းလွမ္းမႈက ေႏွာင့္ေႏွးေနၿပီး၊ အစိုးရရဲ ႔ ဖိတ္ေခၚမႈပိုင္းမွာေတာ့ အားနည္းေနတယ္။ ဥပမာ ရန္ကုန္လိုမ်ဳိး၊ မေကြး၊ မႏၱေလး စသည္အားျဖင့္ တုိင္းနဲ႔ျပည္နယ္က လူငယ္ေတြကို volunteer ေခၚတာပဲ ရိွတယ္။ ရခိုင္က လူငယ္ေတြကို announce လုပ္တာ ဘာမွမရိွဘူး။

ေမး ။ ။ ေနာက္တခုက က်ေနာ္တို႔က ဆုိရွယ္မီဒီယာေတြမွာ ေတြ႔ရတယ္။ တခ်ဳိ ႔လဲပဲ တာဝန္ရိွတဲ့ ပုဂၢိဳလ္ေတြဘက္က ၿငီးတြားတာလည္း ၾကားတယ္။ ရခိုင္ျပည္က လူ႔တခ်ဳိ ႔ရဲ ႔ သေဘာထားဟာ အစိုးရရဲ ႔ လုပ္ရပ္ကို သူတုိ႔ဟာ အေကာင္းမျမင္ၾကဘူး။ သူတုိ႔ရဲ ႔လုပ္ရပ္ဟာ ေစတနာမပါဘဲ လုပ္ေနတယ္ဆိုၿပီး အဓိပၸါယ္တလြဲ ေကာက္ယူၿပီးေတာ့ ေရးသားၾကတာကိုလည္း ေတြ႔ရပါတယ္။ ဆိုေတာ့ ဒီကိစၥေတြကို ဘယ္လိုေျပေပ်ာက္ေအာင္ လုပ္သင့္သလဲ။ အဲဒီျပည္သူတခ်ဳိ ႔ အဲဒီလို ျမင္ေနၾကတာ အလြဲအမွားလို႔ က်ေနာ္ကေတာ့ ထင္တာပဲ။ Online ကေန ေတြ႔ေနရတာကေတာ့ အဲဒါကို တည့္မတ္ေအာင္ ဘယ္လိုလုပ္ႏုိင္မယ္ ထင္ပါသလဲ။

ေျဖ ။ ။ အဓိကေတာ့ ဒီကာလမွာ ႏုိ္င္ငံေရးအရ အျမတ္ထုတ္မႈေတြဆိုတာကိုလည္း က်ေနာ္တုိ႔ ေတြ႔ေနရတယ္။ ကိုဗစ္က အစစ္မဟုတ္ဘူးဆုိၿပီး အဲဒီလိုမ်ဳိး ေကာလာဟလ ေျပာေနၾကတာေတြလည္း messenger ကေန ပို႔ၾကတယ္။ ဒါက လြဲမွားတဲ့ အယူအဆတစ္ခု ျဖစ္ပါတယ္။ က်ေနာ္ျမင္တာကေတာ့ ကိုဗစ္ကေတာ့ က်ေနာ္တို႔ရခိုင္ျပည္မွာ Silent carriers ေတြက အတားအဆီး ရိွႏိုင္တယ္လို႔ ပထမအခ်ိန္မွာကတည္းက သံုးသပ္ခဲ့တယ္။ ေနာက္တစ္ခုက အရပ္ဘက္အဖြဲ႔အစည္းေတြနဲ႔ ျပည္သူေတြအေနနဲ႔ အစိုးရရဲ ႔ ထုတ္ျပန္ခ်က္ေတြ၊ က်န္းမာေရးဝန္ႀကီးဌာနတို႔ရဲ ႔ ထုတ္ျပန္ခ်က္ေတြကို လိုက္နာဖို႔ လိုအပ္ပါတယ္။ အဲဒီလို လိုက္နာမႈေတြ မရိွဘူးဆိုရင္ေတာ့ ပိုၿပီးေတာ့ ဆုိးဝါးႏုိ္င္တဲ့ အေျခအေနမ်ဳိးမွာ ရိွတယ္။

ေနာက္တစ္ခုက အစိုးရအေပၚမွာ လူထုေတြရဲ ႔ ယံုၾကည္မႈ မရိွဘူးဆိုတာကေတာ့ ေရွ ႔မွာအုပ္ခ်ဳပ္ခဲ့တဲ့ အစိုးရအဆက္ဆက္ရဲ ႔ ဝါဒျဖန္႔ခ်ီမႈေတြ၊ ပြင့္လင္းျမင္သာမႈေတြ အားနည္းတဲ့အတြက္ေၾကာင့္မို႔ ျဖစ္တယ္လို႔ပဲ က်ေနာ္က သံုးသပ္မိပါတယ္။

ေမး ။ ။ ဆိုေတာ့ အဲဒီဟာကို တည့္မတ္ေပးဖို႔အတြက္ ဘယ္လိုမ်ား ေဆာင္ရြက္ေပးႏို္င္မယ္ ထင္ပါသလဲ။ ကိုခိုင္ေကာင္းစံတုိ႔ အဖြဲ႔အစည္းေတြအေနနဲ႔ တျခားႏိုင္ငံေရးသမားတခ်ဳိ ႔က ဒီကိစၥကို တည့္မတ္ေပးဖို႔ ေဆာင္ရြက္ႏိုင္စရာအေၾကာင္း ရိွပါသလား။

ေျဖ ။ ။ အဓိကေတာ့ က်န္းမာေရးဆုိင္ရာ ကမာၻ႔ကပ္ေရာဂါေပါ့။ အဲဒီေတာ့ ရခိုင္မွာ ဒါကို ႀကံဳေနရၿပီ။ ဒါက ပါတီတစ္ခုရဲ ႔အေရး မဟုတ္ဘူး။ အစိုးရအဖြဲ႔အစည္းတစ္ခုရဲ ႔ အေရးမဟုတ္ဘူး။ လူမႈအဖြဲ႔အစည္းတစ္ခုရဲ ႔ အေရးမဟုတ္ဘူးဆိုတဲ့ဟာမ်ဳိး က်ေနာ္တို႔ ႏုိင္ငံေရးပါတီေတြလည္း အဲဒီလို ခံယူခ်က္မ်ဳိးနဲ႔ အလုပ္လုပ္ဖို႔ လိုအပ္ပါတယ္။ က်န္းမာေရးကို က်န္းမာေရးရႈေထာင္ကေန ခ်ဥ္းကပ္ဖုိ႔လိုတယ္။ ဒီအခ်ိန္မွာ အစိုးရမုိလို႔၊ ႏိုင္ငံေရးပါတီမိုလို႔ အႏိုင္ရထားတာမို႔လို စသည္အားျဖင့္ ဝိဝါဒ ကြဲေနတာထက္၊ ရခိုင္ျပည္သူအက်ဳိးအတြက္ ေရွ ႔ရႈဖို႔ လိုအပ္တယ္လို႔ ျမင္ပါတယ္။ က်ေနာ္ကေတာ့ အဲဒီလိုလုပ္မယ္ဆိုရင္လဲ လုပ္လို႔ရတဲ့ ေနရာေတြ ရိွတာေပါ့။ ဘာေတြက စလုပ္ရမလဲဆိုေတာ့ အစိုးရအဖြဲ႔အေနနဲ႔ initiative လုပ္ရမွာေပါ့။ အရပ္သားအဖြဲ႔အစည္းေတြ၊ ႏိုင္ငံေရးပါတီေတြ ပူးေပါင္းပါဝင္ၿပီးေတာ့ ရခိုင္ျပည္နယ္မွာ ျဖစ္ေနတဲ့ ကိုဗစ္ ဒုတိယလိႈင္းကို ဘယ္လိုကာကြယ္တံု႔ျပန္ၾကမလဲ ဆိုတဲ့ဟာမ်ဳိးကို ထည့္သြင္းစဥ္းစားဖို႔ လိုပါတယ္။

ေမး ။ ။ ေနာက္တခ်ဳိ ႔ကေတာ့ အင္တာနက္ ပိတ္ထားတဲ့ ကိစၥေၾကာင့္ က်န္းမာေရးဝန္ႀကီးဌာနက ေျပာလိုတဲ့ messages ေတြ၊ သတင္းစကားေတြဟာ ဒုကၡႀကံဳေနရတဲ့လူေတြဆီကို ဒုကၡနဲ႔ ရင္ဆိုင္ေတြ႔ေတာ့မယ့္ လူေတြဆီကို မေရာက္ႏိုင္ဘူးလို႔ ဆိုၾကပါတယ္။ ဒီလိုေနရာမ်ဳိးမွာ ကိုခုိင္ေကာင္းစံတုိ႔လို လူမႈ႔အဖြဲ႔အစည္းေတြက သတင္းစကားေတြ တကယ္ရေအာင္၊ တနည္းနည္းနဲ႔ ေဆာင္ရြက္ႏုိင္တဲ့ အေျခအေန မရိွဘူးလား။ အင္တာနက္ ပိတ္ထားတာကေတာ့ မေကာင္းတာေတာ့ မွန္တာေပါ့။ မေကာင္းဘူး၊ လက္မခံသင့္ဘူး၊ ဖြင့္ေပးသင့္တယ္။ သို႔ေသာ္လဲပဲ ဒီလိုပိတ္ထားတယ္ဆိုၿပီးေတာ့ ထိုင္ေနရမလား။ တျခားနည္းနဲ႔ ေရာက္ႏိုင္ေအာင္ ဘယ္လိုလုပ္ႏိုင္မလဲ။ သတင္းစကားေတြ လူထုထဲကို ေရာက္ႏုိင္ေအာင္။

ေျဖ ။ ။ အင္တာနက္ပိတ္ထားတာကို ဖြင့္ဖို႔ေတာင္းတာက သဘာဝလက္ေတြ႔ ျဖစ္တယ္။ ဒါေပမဲ့ မရဘူးဆိုရင္ က်ေနာ္တို႔ ဘယ္လိုလုပ္မလဲဆိုေတာ့ တခ်ဳိ ႔အရပ္သားအဖြဲ႔အစည္းေတြကေတာ့ IDP Camps ေတြကို ေရဒီယို ျဖန္႔ေဝသြားမယ္။ အထူးသျဖင့္ေတာ့ ၿမိဳ ႔ေပၚမွာေတာ့ အင္တာနက္ပိတ္ထားေပမယ့္ သတင္းဌာနေတြ - ဥပမာ DVB, မဇိၥ်မတို႔ လူၾကည့္မ်ားတဲ့ သတင္းဌာနေတြ VOA, BBC, RFA စသည္ျဖင့္ သတင္းဌာနေတြမွာလည္း ကိုဗစ္ဆိုင္ရာ ေဆာင္ရန္၊ ေရွာင္ရန္ေတြကို က်န္းမာေရးဆုိင္ရာ အခ်က္အလက္ေတြ လိုက္နာရန္ အဲဒါေတြကို က်ေနာ္တို႔ တစိုက္မတ္မတ္ ထုတ္လႊင့္ေပးမယ္ဆိုရင္ေတာ့ အင္တာနက္က အခက္အခဲ ရိွႏိုင္ေပမယ့္ ေက်ာ္လႊာႏိုင္တာေတြ ရိွပါတယ္။ ေနာက္ၿပီးေတာ့ က်န္းမာေရးနဲ႔ အားကစား ဝန္ႀကီးဌာနက ထုတ္ျပန္တဲ့ လိုက္နာသင့္တဲ့ အခ်က္ေတြကို ဗီႏိုင္း၊ pamphlet, flyer ေတြနဲ႔ ျဖန္႔တဲ့ဟာမ်ဳိးက ဒီအခ်ိန္မွာ ပိုၿပီးေတာ့ ခရီးေရာက္တယ္လို႔ ျမင္ပါတယ္။
ေမး ။ ။ ေစာေစာက ကိုခိုင္ေကာင္းစံေျပာခဲ့တဲ့ တခ်ဳိ ႔ဆိုရွယ္မီဒီယာထဲမွာ ကိုဗစ္ေတာင္မွ အတုလုပ္တာ၊ ရခိုင္ကို နိမ္ခ်င္လို႔ ရခိုင္ကလူေတြကို မသြားမလာ၊ လမ္းေတြပိတ္ထားတာကို သူတုိ႔က အျပစ္တင္ၿပီးေတာ့ ေျပာၾကတယ္။ တကယ္ေတာ့ Social distancing, lockdown လုပ္တာတုိ႔ကေတာ့ တကယ္လိုအပ္လို႔ လုပ္တယ္လို႔ ထင္တာပဲ က်ေနာ္ကေတာ့။ ဆိုေတာ့ ဒီကိစၥေတြနဲ႔ ပတ္သက္ၿပီးေတာ့ တလြဲအဓိပၸါယ္ဖြင့္ၿပီးေတာ့ အျမင္မွားေအာင္ ေရးေနၾကတဲ့ Social Media Activists တခ်ဳိ ႔ရဲ ႔ လုပ္ရပ္ေတြကို ဟန္႔တားႏိုင္မယ့္နည္းလမ္း ရိွပါသလား။ ကိုခိုင္ေကာင္းစံတုိ႔ အထူးသျဖင့္ လူမႈအက်ဳိးေဆာင္၊ လူမႈေရးအဖြဲ႔အစည္းေတြကပဲ တတ္ႏိုင္မယ္ ထင္ပါတယ္။ ဘယ္လိုနည္းလမ္းေတြမ်ား ဒီဟာကို ဟန္႔တားဖို႔ စဥ္းစားမိပါသလဲ။

ေျဖ ။ ။ က်ေနာ္တို႔ ျမန္မာႏိုင္ငံမွာေတာ့ ဒီလို ေကာလာဟလ၊ မမွန္မကန္ သတင္းေတြ ျဖန္႔ခ်ီေနတာမ်ဳိးေတြက အမ်ားႀကီး ရိွႏိုင္တာေပါ့။ လက္ရိွမွာလဲ ႀကံဳေနရတယ္။ အဲဒီေတာ့ က်ေနာ္တို႔ အရပ္ဘက္အဖြဲ႔အစည္းေတြကိုယ္တုိင္က ဘာလုပ္ရမလဲဆိုေတာ့ က်န္းမာေရးဆိုင္ရာ သတင္းအခ်က္အလက္ေတြကို မွန္မမွန္ အင္တာနက္ရတဲ့ လူေတြက လူမႈစာမ်က္ႏွာေတြမွာ ေျပာႏိုင္သလို၊ တဘက္မွာလဲ သတင္းဌာနေတြကို က်ေနာ္တို႔ message ေပးဖို႔ အေရးႀကီးတယ္လို႔ သတင္းစကားေပးဖို႔ အေရးႀကီးတယ္လို႔ ျမင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ က်ေနာ္တို႔က ဒီျဖစ္စဥ္ဟာ တကယ္ျဖစ္ေနတာပါပဲ။ ရခိုင္မွာ ဒုတိယလိႈင္း စျဖစ္တယ္ဆိုေတာ့ ပိုးေတြ႔လူနာေတြ ရိွတယ္။ ထိုနည္းလည္းေကာင္း ရခိုင္မွ မဟုတ္ဘူး။ ရန္ကုန္လို လူစုလူေဝးနဲ႔ ေနတဲ့ေနရာေတြမွာလဲ စစ္ေဆးမယ္ဆိုရင္ ေတြ႔ႏိုင္တာေပါ့။ အဲဒီေတာ့ ဘယ္လိုပဲျဖစ္ျဖစ္ပါ ေကာလာဟလေတြ ပေပ်ာက္ေအာင္၊ ေခ်ဖ်က္ႏိုင္ေအာင္ ဒီသတင္းကေတာ့ မွန္တယ္။ ဒီသတင္းကေတာ့ မမွန္ဘူး ဆိုတဲ့ဟာမ်ဳိးကို တေယာက္ခ်င္းဆီက လိုက္လုပ္ေပးမယ္ဆိုရင္လဲ ဒီဟာႀကီးက ထိန္းေက်ာင္းႏိုင္တဲ့ အရာတစ္ခုလို႔ ျမင္ပါတယ္။

ေမး ။ ။ ေနာက္တစ္ခုက ဒီကိုဗစ္ကပ္ေရာဂါ ဆိုတာဟာ နယ္နမိတ္ ရိွတာ မဟုတ္ဘူး။ တကမာၻလံုး ရင္ဆိုင္ေနရတဲ့ ျပႆနာ ျဖစ္တဲ့အတြက္ ကမာၻ႔ေခါင္းေဆာင္ေတြ၊ အေမွ်ာ္အျမင္အျမင္ရိွတဲ့ ပုဂၢိဳလ္ေတြ၊ ကုလသမဂၢ အဖြဲ႔အစည္းေတြက ရန္သူမိတ္ေဆြ၊ ႏို္င္ငံခ်င္းလဲ မၿပိဳင္ၾကနဲ႔ အားလံုး ပူးေပါင္းတုိက္ဖ်က္ၾကပါလို႔ ေျပာေနတယ္။ ဆိုေတာ့ ျမန္မာႏိုင္ငံမွာလဲ ဒီလိုႀကံဳေနရတာပဲ။ အထူးသျဖင့္ ရခိုင္ေဒသဆုိရင္ ႏို္င္ငံေရးအားျဖင့္ ပဋိပကၡေတြ တိုက္ပြဲေတြ ျပင္းထန္ေနတဲ့ေဒသ။ ဒီေနရာမွာေကာ ရန္သူ-မိတ္ေဆြ ဆိုတာကို ခဏေဘးဖယ္ၿပီးေတာ့ ပူးေပါင္းေဆာင္ရြက္ဖို႔ စိတ္ကူးစိတ္သန္မ်ား မရၾကဘူးလား။ တဘက္ကလဲ ေတာင္းဆိုၾကတာပဲ။ ဒီအခ်ိန္မွာ အပစ္ခတ္ရပ္စဲၿပီးေတာ့ ဒီကိစၥကို ပူးေပါင္းလုပ္ေဆာင္ၾကပါ။ တိုက္ဖ်က္ၾကပါလို႔၊ အဲဒီအတြက္ အလားအလာေကာ ရိွႏိုင္သလား။ ဘာေတြမ်ား အဟန္႔အတား ျဖစ္ေနသလဲ။

ေျဖ ။ ။ အဓိကေတာ့ က်ေနာ္တို႔ ရခိုင္ျပည္နယ္အစိုးရအေနနဲ႔လည္းေကာင္း ျပည္ေထာင္စုအစိုးရအေနနဲ႔လည္းေကာင္း လုပ္ေဆာင္လုပ္ၾကတဲ့ အရာေတြ ရိွပါတယ္။ အဲဒါက ဘာလဲဆိုေတာ့ ျပည္ေထာင္စုအစိုးရက ကိုဗစ္ကာလမွာ တို္င္းရင္းသားလက္နက္ကိုင္ေတြနဲ႔ ပူးေပါင္းေဆာင္ရြက္မယ္၊ ေနာက္ၿပီးေတာ့ EAO လက္မွတ္ထိုးထားတဲ့ အဖြဲ႔ေတြကို ကိုဗစ္ကာလ လုပ္ေဆာင္မႈအတြက္ ေငြေၾကးပံ့ပိုးတာတို႔၊ အေရးႀကီးတယ္လို႔ ျမင္ပါတယ္။ ဒါမ်ဳိး လုပ္ေဆာင္ဖို႔အတြက္ဆိုရင္ တပ္မေတာ္ရဲ ႔ အခန္းက႑ အေရးႀကီးတယ္လို႔ ျမင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ကိုဗစ္ကာလမွာ စစ္ေရးရပ္ဆိုင္းမႈက ရခိုင္ကို ခ်န္လွပ္ၿပီးေတာ့ လုပ္တဲ့ဟာလဲ ဒါက အေရးႀကီးတဲ့ အခ်က္တစ္ခ်က္ပါ။ တကယ္က ကိုဗစ္ကာလမွာ အၾကမ္းဖက္အဖြဲ႔ပဲ ျဖစ္ပါေစအံုးေတာ့ က်ေနာ္တုိ႔က လူသားခ်င္းစာနာ၊ က်န္းမာေရးရႈေထာင့္အရ က်ေနာ္တို႔က တိုင္းရင္းသားညီအကိုေတြလည္း ျဖစ္တယ္။ အဲဒီေတာ့ အပစ္ခတ္ရပ္စဲေရးမွာ ရခိုင္ရဲ ႔က႑ကိုလည္း ထည့္သြင္းစဥ္းစားဖို႔ လိုအပ္တဲ့ အခ်က္တစ္ခ်က္လို႔ က်ေနာ္က ေထာက္ျပခ်င္ပါတယ္။ ေနာက္ၿပီးေတာ့ WHO, UN တို႔လို ႏုိင္ငံတကာအဖြဲ႔အစည္းေတြကို က်ေနာ္တို႔ ေျမျပင္မွာ လက္ရိွ တျခားစီမံကိန္းလုပ္ငန္းေတြကို လုပ္ခြင့္မျပဳရင္ေတာင္မွ ကိုဗစ္ဆိုင္ရာ၊ က်န္းမာေရးဆိုင္ရာ လုပ္ငန္းေတြကို လုပ္ေဆာင္ဖို႔အတြက္ အစိုးရအေနနဲ႔ ခြင့္ျပဳဖို႔ စဥ္းစားသင့္တယ္ဆိုတဲ့ အခ်က္ကိုလည္း က်ေနာ္က ေထာက္ျပခ်င္ပါတယ္။

ေမး ။ ။ ေနာက္ဆံုးတစ္ခု သတိရမိတာက ဒီကိုဗစ္ကပ္ေရာဂါ ျဖစ္ခါစက ဒီအစိုးရက အၾကမ္းဖက္အဖြဲ႔လို႔ သတ္မွတ္ထားတဲ့ ရခိုင္တပ္ေတာ္ AA အဖြဲ႔က ကိုဗစ္ကပ္ေရာဂါနဲ႔ ပတ္သက္ၿပီး ျပည္သူေတြကို က်န္းမာေရးတာဝန္ရိွတဲ့ ပုဂၢိဳလ္ေတြ၊ တကယ္ကၽြမ္းက်င္တဲ့ အသိအျမင္နဲ႔ သတိေပးေျပာၾကားေနတာေတြလည္း အြန္လိုင္းမွာ ေတြ႔မိပါတယ္။ ဆိုေတာ့ သူတို႔ဘက္ကလဲ ဒီကပ္ေရာဂါကို တိုက္ဖ်က္ဖို႔ ဆႏၵ ရိွေနတယ္။ အစိုးရကလဲ တုိက္ဖ်က္ဖို႔ ဆႏၵရိွေနတယ္ဆိုရင္ က်န္တဲ့ကြဲျပားမႈေတြကို ဖယ္ထားၿပီးေတာ့ ဒီကိစၥအတြက္ ad-hoc ဒီကိစၥအတြက္ အထူးသျဖင့္ ညိွႏိႈင္းေဆာင္ရြက္မ်ား ရိွလာႏိုင္ေအာင္ တစံုတရာ ဘယ္လိုလုပ္သင့္တယ္ ထင္ပါသလဲ။ လႊတ္ေတာ္ကုိယ္စားလွယ္ေတြကမ်ား လုပ္ႏိုင္မလား။ လူမႈအဖြဲ႔အစည္းေတြကမ်ား ေစ့ေဆာ္ေပးႏိုင္မလား။ အဲဒီလိုလုပ္တဲ့လူေတြေကာ အျပစ္တင္ခံရမလား။ အျပစ္ျမင္ၿပီးေတာ့ အေရးယူခံရဖြယ္ ရိွေနသလား။ ခိုင္ေကာင္းစံရဲ ႔ သေဘာထားကို အက်ဥ္းရံုးေလး ေနာက္ဆံုးသံုးသပ္ေပးပါ။

ေျဖ ။ ။ အဓိကေတာ့ ဒီလုပ္ဘက္မွာ AA ကလည္း က်ေနာ္တို႔ ကမ္းလွမ္းတာ ရိွတယ္။ ကိုဗစ္ကာလမွာ သူတုိ႔ပူးေပါင္းေဆာင္ရြက္မယ္။ ေနာက္ၿပီးေတာ့ AA ရဲ ႔ ေခါင္းေဆာင္တစ္ေယာက္ျဖစ္တဲ့ ေဒါက္တာညိဳထြန္းေအာင္က ကိုဗစ္နဲ႔ ပတ္သက္ၿပီးေတာ့ လုပ္ေနတာေတြ ရိွတယ္။ ေနာက္ ေျမျပင္သတင္းအရ ပလက္ဝၿမိဳ ႔နယ္အတြင္းမွာ ကိုဗစ္ဆိုင္ရာ ကြာရန္တင္းစင္တာေတြကို AA တို႔က အသိပညာေပးတယ္ --- သတင္းေတြ ၾကားေနတယ္။ အဲဒီအတြက္ က်ေနာ္ျမင္တာကေတာ့ အဓိက အစိုးရနဲ႔ တပ္မေတာ္ေပၚမွာ မူတည္တယ္။ မူဝါဒေတြ၊ အယူအဆေတြ ကြဲေပမယ့္ ဒါက တမ်ဳိးသားလံုးနဲ႔ဆိုင္တဲ့ က်န္းမာေရးရႈေထာင့္ကေန ခ်ဥ္းကပ္ဖို႔ လိုပါတယ္။ ဒါေၾကာင့္ တဘက္က လက္နက္ကိုင္အဖြဲ႔အစည္းေတြလဲ သေဘာထားႀကီးၿပီးေတာ့ ကိုဗစ္ကာလမွာ ပူးေပါင္းေဆာင္ရြက္ အေျဖရွာဖို႔ ထည့္သြင္းစဥ္းစားဖို႔ လိုအပ္တယ္လို႔ ျမင္ပါတယ္။


==Unicode==

ရခိုင်ပြည်နယ်မှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှု ဟန့်တားတိုက်ဖျက်ရေးအတွက် နိုင်ငံတော်အစိုးရရဲ့ လုပ်ဆောင်ချက်တွေဟာ နိုင်ငံရေးသံသယတွေ၊ အမြင်မကြည်လင်မှုတွေကြောင့် အတားအဆီးတွေနဲ့ ရင်ဆိုင်နေရသလားဆိုတာကို လူမှု့အကျိုးဆောင်တစ်ဦးနဲ့ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ ရခိုင်ပြည်နယ်မှာ အခု အရေးတကြီးဖြစ်ပွားနေတဲ့ ကိုဗစ်ကပ်ရောဂါကို ဟန့်တားတိုက်ဖျက်ဖို့အတွက် အစိုးရနဲ့ တာဝန်ရှိသူတွေရဲ့ လုပ်ဆောင်မှုအပေါ် ရခိုင်နိုင်ငံရေးအသိုင်းအဝိုင်းက ပုဂ္ဂိုလ်တချို့ရဲ့ အမြင်မကြည်လင်မှု၊ ဘဝင်မကျမှုတွေကို ကြားနေရပါတယ်။ ရခိုင်ပြည်နယ်က လူထုအခြေပြုအဖွဲ့အစည်းတွေကရော တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်မှု ရှိကြပါရဲ့လား။ ဝံလက်ဖောင်ဒေးရှင်းအဖွဲ့ကို ပူးတွဲတည်ထောင်သူလည်းဖြစ်၊ အဲဒီအဖွဲ့ရဲ့ ဒါရိုက်တာလည်းဖြစ်တဲ့ ကိုခိုင်ကောင်းစံ က အခုလို စတင်ဆွေးနွေးပါတယ်။

ဖြေ ။ ။ ရှိပါတယ်။ ဧပြီလမတိုင်မီမှာလဲ ကိုဗစ်နဲ့ ပတ်သက်ပြီး အရပ်ဘက်အဖွဲ့အစည်းတွေ Green Network လို၊ နောက်ပြီးတော့ AHCT - Arakan Humanitarian Coordination Team တို့က စင်တာတွေ ဖွင့်ခဲ့ပါတယ်။ အဲဒီမှာ အစိုးရရဲ့ ပူးပေါင်းပါဝင်မှုလည်း အားကောင်းခဲ့တယ်။ အခုဆိုရင် ကျနော်တို့ volunteers တွေလည်း အများကြီးပြင်ဆင်ထားကြတယ်။ နောက် အခုရက်ပိုင်းမှာပဲ We Love Rakhine ဆိုပြီးတော့ လူထုအခြေပြုအဖွဲ့ ဖွဲ့စည်းကြတယ်။ အဲဒါက အစိုးရရဲ့ လိုအပ်ချက်တွေမှာ ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်တွေမှာ ကူညီမယ့် volunteer တွေနဲ့ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းတွေ၊ ဘယ်လိုကူညီကြမလဲဆိုတဲ့ဟာ အဲဒါမျိုးတွေ လုပ်နေကြပါတယ်။ ပြောချင်တာကတော့ ရခိုင် CSO တွေကလည်း ကိုဗစ်ဘေးကို ကူညီကြမယ်ဆိုတဲ့ဟာ အဆင်သင့် ရှိနေကြတယ်။

ဒါပေမဲ့ အစိုးရဘက်ကို ထောက်ပြပြီး ပြောမယ်ဆိုရင်တော့ အစိုးရဘက်ရဲ့ ကမ်းလှမ်းမှုက နှောင့်နှေးနေပြီး၊ အစိုးရရဲ့ ဖိတ်ခေါ်မှုပိုင်းမှာတော့ အားနည်းနေတယ်။ ဥပမာ ရန်ကုန်လိုမျိုး၊ မကွေး၊ မန္တလေး စသည်အားဖြင့် တိုင်းနဲ့ပြည်နယ်က လူငယ်တွေကို volunteer ခေါ်တာပဲ ရှိတယ်။ ရခိုင်က လူငယ်တွေကို announce လုပ်တာ ဘာမှမရှိဘူး။

မေး ။ ။ နောက်တခုက ကျနော်တို့က ဆိုရှယ်မီဒီယာတွေမှာ တွေ့ရတယ်။ တချို့လဲပဲ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေဘက်က ငြီးတွားတာလည်း ကြားတယ်။ ရခိုင်ပြည်က လူ့တချို့ရဲ့ သဘောထားဟာ အစိုးရရဲ့ လုပ်ရပ်ကို သူတို့ဟာ အကောင်းမမြင်ကြဘူး။ သူတို့ရဲ့လုပ်ရပ်ဟာ စေတနာမပါဘဲ လုပ်နေတယ်ဆိုပြီး အဓိပ္ပါယ်တလွဲ ကောက်ယူပြီးတော့ ရေးသားကြတာကိုလည်း တွေ့ရပါတယ်။ ဆိုတော့ ဒီကိစ္စတွေကို ဘယ်လိုပြေပျောက်အောင် လုပ်သင့်သလဲ။ အဲဒီပြည်သူတချို့ အဲဒီလို မြင်နေကြတာ အလွဲအမှားလို့ ကျနော်ကတော့ ထင်တာပဲ။ Online ကနေ တွေ့နေရတာကတော့ အဲဒါကို တည့်မတ်အောင် ဘယ်လိုလုပ်နိုင်မယ် ထင်ပါသလဲ။

ဖြေ ။ ။ အဓိကတော့ ဒီကာလမှာ နိုင်ငံရေးအရ အမြတ်ထုတ်မှုတွေဆိုတာကိုလည်း ကျနော်တို့ တွေ့နေရတယ်။ ကိုဗစ်က အစစ်မဟုတ်ဘူးဆိုပြီး အဲဒီလိုမျိုး ကောလာဟလ ပြောနေကြတာတွေလည်း messenger ကနေ ပို့ကြတယ်။ ဒါက လွဲမှားတဲ့ အယူအဆတစ်ခု ဖြစ်ပါတယ်။ ကျနော်မြင်တာကတော့ ကိုဗစ်ကတော့ ကျနော်တို့ရခိုင်ပြည်မှာ Silent carriers တွေက အတားအဆီး ရှိနိုင်တယ်လို့ ပထမအချိန်မှာကတည်းက သုံးသပ်ခဲ့တယ်။ နောက်တစ်ခုက အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေအနေနဲ့ အစိုးရရဲ့ ထုတ်ပြန်ချက်တွေ၊ ကျန်းမာရေးဝန်ကြီးဌာနတို့ရဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာဖို့ လိုအပ်ပါတယ်။ အဲဒီလို လိုက်နာမှုတွေ မရှိဘူးဆိုရင်တော့ ပိုပြီးတော့ ဆိုးဝါးနိုင်တဲ့ အခြေအနေမျိုးမှာ ရှိတယ်။

နောက်တစ်ခုက အစိုးရအပေါ်မှာ လူထုတွေရဲ့ ယုံကြည်မှု မရှိဘူးဆိုတာကတော့ ရှေ့မှာအုပ်ချုပ်ခဲ့တဲ့ အစိုးရအဆက်ဆက်ရဲ့ ဝါဒဖြန့်ချီမှုတွေ၊ ပွင့်လင်းမြင်သာမှုတွေ အားနည်းတဲ့အတွက်ကြောင့်မို့ ဖြစ်တယ်လို့ပဲ ကျနော်က သုံးသပ်မိပါတယ်။

မေး ။ ။ ဆိုတော့ အဲဒီဟာကို တည့်မတ်ပေးဖို့အတွက် ဘယ်လိုများ ဆောင်ရွက်ပေးနိုင်မယ် ထင်ပါသလဲ။ ကိုခိုင်ကောင်းစံတို့ အဖွဲ့အစည်းတွေအနေနဲ့ တခြားနိုင်ငံရေးသမားတချို့က ဒီကိစ္စကို တည့်မတ်ပေးဖို့ ဆောင်ရွက်နိုင်စရာအကြောင်း ရှိပါသလား။

ဖြေ ။ ။ အဓိကတော့ ကျန်းမာရေးဆိုင်ရာ ကမ္ဘာ့ကပ်ရောဂါပေါ့။ အဲဒီတော့ ရခိုင်မှာ ဒါကို ကြုံနေရပြီ။ ဒါက ပါတီတစ်ခုရဲ့အရေး မဟုတ်ဘူး။ အစိုးရအဖွဲ့အစည်းတစ်ခုရဲ့ အရေးမဟုတ်ဘူး။ လူမှုအဖွဲ့အစည်းတစ်ခုရဲ့ အရေးမဟုတ်ဘူးဆိုတဲ့ဟာမျိုး ကျနော်တို့ နိုင်ငံရေးပါတီတွေလည်း အဲဒီလို ခံယူချက်မျိုးနဲ့ အလုပ်လုပ်ဖို့ လိုအပ်ပါတယ်။ ကျန်းမာရေးကို ကျန်းမာရေးရှုထောင်ကနေ ချဉ်းကပ်ဖို့လိုတယ်။ ဒီအချိန်မှာ အစိုးရမိုလို့၊ နိုင်ငံရေးပါတီမိုလို့ အနိုင်ရထားတာမို့လို စသည်အားဖြင့် ဝိဝါဒ ကွဲနေတာထက်၊ ရခိုင်ပြည်သူအကျိုးအတွက် ရှေ့ရှုဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ ကျနော်ကတော့ အဲဒီလိုလုပ်မယ်ဆိုရင်လဲ လုပ်လို့ရတဲ့ နေရာတွေ ရှိတာပေါ့။ ဘာတွေက စလုပ်ရမလဲဆိုတော့ အစိုးရအဖွဲ့အနေနဲ့ initiative လုပ်ရမှာပေါ့။ အရပ်သားအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ ပူးပေါင်းပါဝင်ပြီးတော့ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ကိုဗစ် ဒုတိယလှိုင်းကို ဘယ်လိုကာကွယ်တုံ့ပြန်ကြမလဲ ဆိုတဲ့ဟာမျိုးကို ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။

မေး ။ ။ နောက်တချို့ကတော့ အင်တာနက် ပိတ်ထားတဲ့ ကိစ္စကြောင့် ကျန်းမာရေးဝန်ကြီးဌာနက ပြောလိုတဲ့ messages တွေ၊ သတင်းစကားတွေဟာ ဒုက္ခကြုံနေရတဲ့လူတွေဆီကို ဒုက္ခနဲ့ ရင်ဆိုင်တွေ့တော့မယ့် လူတွေဆီကို မရောက်နိုင်ဘူးလို့ ဆိုကြပါတယ်။ ဒီလိုနေရာမျိုးမှာ ကိုခိုင်ကောင်းစံတို့လို လူမှု့အဖွဲ့အစည်းတွေက သတင်းစကားတွေ တကယ်ရအောင်၊ တနည်းနည်းနဲ့ ဆောင်ရွက်နိုင်တဲ့ အခြေအနေ မရှိဘူးလား။ အင်တာနက် ပိတ်ထားတာကတော့ မကောင်းတာတော့ မှန်တာပေါ့။ မကောင်းဘူး၊ လက်မခံသင့်ဘူး၊ ဖွင့်ပေးသင့်တယ်။ သို့သော်လဲပဲ ဒီလိုပိတ်ထားတယ်ဆိုပြီးတော့ ထိုင်နေရမလား။ တခြားနည်းနဲ့ ရောက်နိုင်အောင် ဘယ်လိုလုပ်နိုင်မလဲ။ သတင်းစကားတွေ လူထုထဲကို ရောက်နိုင်အောင်။

ဖြေ ။ ။ အင်တာနက်ပိတ်ထားတာကို ဖွင့်ဖို့တောင်းတာက သဘာဝလက်တွေ့ ဖြစ်တယ်။ ဒါပေမဲ့ မရဘူးဆိုရင် ကျနော်တို့ ဘယ်လိုလုပ်မလဲဆိုတော့ တချို့အရပ်သားအဖွဲ့အစည်းတွေကတော့ IDP Camps တွေကို ရေဒီယို ဖြန့်ဝေသွားမယ်။ အထူးသဖြင့်တော့ မြို့ပေါ်မှာတော့ အင်တာနက်ပိတ်ထားပေမယ့် သတင်းဌာနတွေ - ဥပမာ DVB, မဇ္ဈိမတို့ လူကြည့်များတဲ့ သတင်းဌာနတွေ VOA, BBC, RFA စသည်ဖြင့် သတင်းဌာနတွေမှာလည်း ကိုဗစ်ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်တွေကို ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေ လိုက်နာရန် အဲဒါတွေကို ကျနော်တို့ တစိုက်မတ်မတ် ထုတ်လွှင့်ပေးမယ်ဆိုရင်တော့ အင်တာနက်က အခက်အခဲ ရှိနိုင်ပေမယ့် ကျော်လွှာနိုင်တာတွေ ရှိပါတယ်။ နောက်ပြီးတော့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ လိုက်နာသင့်တဲ့ အချက်တွေကို ဗီနိုင်း၊ pamphlet, flyer တွေနဲ့ ဖြန့်တဲ့ဟာမျိုးက ဒီအချိန်မှာ ပိုပြီးတော့ ခရီးရောက်တယ်လို့ မြင်ပါတယ်။
မေး ။ ။ စောစောက ကိုခိုင်ကောင်းစံပြောခဲ့တဲ့ တချို့ဆိုရှယ်မီဒီယာထဲမှာ ကိုဗစ်တောင်မှ အတုလုပ်တာ၊ ရခိုင်ကို နိမ်ချင်လို့ ရခိုင်ကလူတွေကို မသွားမလာ၊ လမ်းတွေပိတ်ထားတာကို သူတို့က အပြစ်တင်ပြီးတော့ ပြောကြတယ်။ တကယ်တော့ Social distancing, lockdown လုပ်တာတို့ကတော့ တကယ်လိုအပ်လို့ လုပ်တယ်လို့ ထင်တာပဲ ကျနော်ကတော့။ ဆိုတော့ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ တလွဲအဓိပ္ပါယ်ဖွင့်ပြီးတော့ အမြင်မှားအောင် ရေးနေကြတဲ့ Social Media Activists တချို့ရဲ့ လုပ်ရပ်တွေကို ဟန့်တားနိုင်မယ့်နည်းလမ်း ရှိပါသလား။ ကိုခိုင်ကောင်းစံတို့ အထူးသဖြင့် လူမှုအကျိုးဆောင်၊ လူမှုရေးအဖွဲ့အစည်းတွေကပဲ တတ်နိုင်မယ် ထင်ပါတယ်။ ဘယ်လိုနည်းလမ်းတွေများ ဒီဟာကို ဟန့်တားဖို့ စဉ်းစားမိပါသလဲ။

ဖြေ ။ ။ ကျနော်တို့ မြန်မာနိုင်ငံမှာတော့ ဒီလို ကောလာဟလ၊ မမှန်မကန် သတင်းတွေ ဖြန့်ချီနေတာမျိုးတွေက အများကြီး ရှိနိုင်တာပေါ့။ လက်ရှိမှာလဲ ကြုံနေရတယ်။ အဲဒီတော့ ကျနော်တို့ အရပ်ဘက်အဖွဲ့အစည်းတွေကိုယ်တိုင်က ဘာလုပ်ရမလဲဆိုတော့ ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်တွေကို မှန်မမှန် အင်တာနက်ရတဲ့ လူတွေက လူမှုစာမျက်နှာတွေမှာ ပြောနိုင်သလို၊ တဘက်မှာလဲ သတင်းဌာနတွေကို ကျနော်တို့ message ပေးဖို့ အရေးကြီးတယ်လို့ သတင်းစကားပေးဖို့ အရေးကြီးတယ်လို့ မြင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က ဒီဖြစ်စဉ်ဟာ တကယ်ဖြစ်နေတာပါပဲ။ ရခိုင်မှာ ဒုတိယလှိုင်း စဖြစ်တယ်ဆိုတော့ ပိုးတွေ့လူနာတွေ ရှိတယ်။ ထိုနည်းလည်းကောင်း ရခိုင်မှ မဟုတ်ဘူး။ ရန်ကုန်လို လူစုလူဝေးနဲ့ နေတဲ့နေရာတွေမှာလဲ စစ်ဆေးမယ်ဆိုရင် တွေ့နိုင်တာပေါ့။ အဲဒီတော့ ဘယ်လိုပဲဖြစ်ဖြစ်ပါ ကောလာဟလတွေ ပပျောက်အောင်၊ ချေဖျက်နိုင်အောင် ဒီသတင်းကတော့ မှန်တယ်။ ဒီသတင်းကတော့ မမှန်ဘူး ဆိုတဲ့ဟာမျိုးကို တယောက်ချင်းဆီက လိုက်လုပ်ပေးမယ်ဆိုရင်လဲ ဒီဟာကြီးက ထိန်းကျောင်းနိုင်တဲ့ အရာတစ်ခုလို့ မြင်ပါတယ်။

မေး ။ ။ နောက်တစ်ခုက ဒီကိုဗစ်ကပ်ရောဂါ ဆိုတာဟာ နယ်နမိတ် ရှိတာ မဟုတ်ဘူး။ တကမ္ဘာလုံး ရင်ဆိုင်နေရတဲ့ ပြဿနာ ဖြစ်တဲ့အတွက် ကမ္ဘာ့ခေါင်းဆောင်တွေ၊ အမျှော်အမြင်အမြင်ရှိတဲ့ ပုဂ္ဂိုလ်တွေ၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေက ရန်သူမိတ်ဆွေ၊ နိုင်ငံချင်းလဲ မပြိုင်ကြနဲ့ အားလုံး ပူးပေါင်းတိုက်ဖျက်ကြပါလို့ ပြောနေတယ်။ ဆိုတော့ မြန်မာနိုင်ငံမှာလဲ ဒီလိုကြုံနေရတာပဲ။ အထူးသဖြင့် ရခိုင်ဒေသဆိုရင် နိုင်ငံရေးအားဖြင့် ပဋိပက္ခတွေ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ဒေသ။ ဒီနေရာမှာကော ရန်သူ-မိတ်ဆွေ ဆိုတာကို ခဏဘေးဖယ်ပြီးတော့ ပူးပေါင်းဆောင်ရွက်ဖို့ စိတ်ကူးစိတ်သန်များ မရကြဘူးလား။ တဘက်ကလဲ တောင်းဆိုကြတာပဲ။ ဒီအချိန်မှာ အပစ်ခတ်ရပ်စဲပြီးတော့ ဒီကိစ္စကို ပူးပေါင်းလုပ်ဆောင်ကြပါ။ တိုက်ဖျက်ကြပါလို့၊ အဲဒီအတွက် အလားအလာကော ရှိနိုင်သလား။ ဘာတွေများ အဟန့်အတား ဖြစ်နေသလဲ။

ဖြေ ။ ။ အဓိကတော့ ကျနော်တို့ ရခိုင်ပြည်နယ်အစိုးရအနေနဲ့လည်းကောင်း ပြည်ထောင်စုအစိုးရအနေနဲ့လည်းကောင်း လုပ်ဆောင်လုပ်ကြတဲ့ အရာတွေ ရှိပါတယ်။ အဲဒါက ဘာလဲဆိုတော့ ပြည်ထောင်စုအစိုးရက ကိုဗစ်ကာလမှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်မယ်၊ နောက်ပြီးတော့ EAO လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေကို ကိုဗစ်ကာလ လုပ်ဆောင်မှုအတွက် ငွေကြေးပံ့ပိုးတာတို့၊ အရေးကြီးတယ်လို့ မြင်ပါတယ်။ ဒါမျိုး လုပ်ဆောင်ဖို့အတွက်ဆိုရင် တပ်မတော်ရဲ့ အခန်းကဏ္ဍ အရေးကြီးတယ်လို့ မြင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုဗစ်ကာလမှာ စစ်ရေးရပ်ဆိုင်းမှုက ရခိုင်ကို ချန်လှပ်ပြီးတော့ လုပ်တဲ့ဟာလဲ ဒါက အရေးကြီးတဲ့ အချက်တစ်ချက်ပါ။ တကယ်က ကိုဗစ်ကာလမှာ အကြမ်းဖက်အဖွဲ့ပဲ ဖြစ်ပါစေအုံးတော့ ကျနော်တို့က လူသားချင်းစာနာ၊ ကျန်းမာရေးရှုထောင့်အရ ကျနော်တို့က တိုင်းရင်းသားညီအကိုတွေလည်း ဖြစ်တယ်။ အဲဒီတော့ အပစ်ခတ်ရပ်စဲရေးမှာ ရခိုင်ရဲ့ကဏ္ဍကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်တဲ့ အချက်တစ်ချက်လို့ ကျနော်က ထောက်ပြချင်ပါတယ်။ နောက်ပြီးတော့ WHO, UN တို့လို နိုင်ငံတကာအဖွဲ့အစည်းတွေကို ကျနော်တို့ မြေပြင်မှာ လက်ရှိ တခြားစီမံကိန်းလုပ်ငန်းတွေကို လုပ်ခွင့်မပြုရင်တောင်မှ ကိုဗစ်ဆိုင်ရာ၊ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းတွေကို လုပ်ဆောင်ဖို့အတွက် အစိုးရအနေနဲ့ ခွင့်ပြုဖို့ စဉ်းစားသင့်တယ်ဆိုတဲ့ အချက်ကိုလည်း ကျနော်က ထောက်ပြချင်ပါတယ်။

မေး ။ ။ နောက်ဆုံးတစ်ခု သတိရမိတာက ဒီကိုဗစ်ကပ်ရောဂါ ဖြစ်ခါစက ဒီအစိုးရက အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ထားတဲ့ ရခိုင်တပ်တော် AA အဖွဲ့က ကိုဗစ်ကပ်ရောဂါနဲ့ ပတ်သက်ပြီး ပြည်သူတွေကို ကျန်းမာရေးတာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ၊ တကယ်ကျွမ်းကျင်တဲ့ အသိအမြင်နဲ့ သတိပေးပြောကြားနေတာတွေလည်း အွန်လိုင်းမှာ တွေ့မိပါတယ်။ ဆိုတော့ သူတို့ဘက်ကလဲ ဒီကပ်ရောဂါကို တိုက်ဖျက်ဖို့ ဆန္ဒ ရှိနေတယ်။ အစိုးရကလဲ တိုက်ဖျက်ဖို့ ဆန္ဒရှိနေတယ်ဆိုရင် ကျန်တဲ့ကွဲပြားမှုတွေကို ဖယ်ထားပြီးတော့ ဒီကိစ္စအတွက် ad-hoc ဒီကိစ္စအတွက် အထူးသဖြင့် ညှိနှိုင်းဆောင်ရွက်များ ရှိလာနိုင်အောင် တစုံတရာ ဘယ်လိုလုပ်သင့်တယ် ထင်ပါသလဲ။ လွှတ်တော်ကိုယ်စားလှယ်တွေကများ လုပ်နိုင်မလား။ လူမှုအဖွဲ့အစည်းတွေကများ စေ့ဆော်ပေးနိုင်မလား။ အဲဒီလိုလုပ်တဲ့လူတွေကော အပြစ်တင်ခံရမလား။ အပြစ်မြင်ပြီးတော့ အရေးယူခံရဖွယ် ရှိနေသလား။ ခိုင်ကောင်းစံရဲ့ သဘောထားကို အကျဉ်းရုံးလေး နောက်ဆုံးသုံးသပ်ပေးပါ။

ဖြေ ။ ။ အဓိကတော့ ဒီလုပ်ဘက်မှာ AA ကလည်း ကျနော်တို့ ကမ်းလှမ်းတာ ရှိတယ်။ ကိုဗစ်ကာလမှာ သူတို့ပူးပေါင်းဆောင်ရွက်မယ်။ နောက်ပြီးတော့ AA ရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဒေါက်တာညိုထွန်းအောင်က ကိုဗစ်နဲ့ ပတ်သက်ပြီးတော့ လုပ်နေတာတွေ ရှိတယ်။ နောက် မြေပြင်သတင်းအရ ပလက်ဝမြို့နယ်အတွင်းမှာ ကိုဗစ်ဆိုင်ရာ ကွာရန်တင်းစင်တာတွေကို AA တို့က အသိပညာပေးတယ် --- သတင်းတွေ ကြားနေတယ်။ အဲဒီအတွက် ကျနော်မြင်တာကတော့ အဓိက အစိုးရနဲ့ တပ်မတော်ပေါ်မှာ မူတည်တယ်။ မူဝါဒတွေ၊ အယူအဆတွေ ကွဲပေမယ့် ဒါက တမျိုးသားလုံးနဲ့ဆိုင်တဲ့ ကျန်းမာရေးရှုထောင့်ကနေ ချဉ်းကပ်ဖို့ လိုပါတယ်။ ဒါကြောင့် တဘက်က လက်နက်ကိုင်အဖွဲ့အစည်းတွေလဲ သဘောထားကြီးပြီးတော့ ကိုဗစ်ကာလမှာ ပူးပေါင်းဆောင်ရွက် အဖြေရှာဖို့ ထည့်သွင်းစဉ်းစားဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။

မွတ္ခ်က္မ်ားဖတ္ရန္

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG