သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်တိုင်းအတွင်း ၇ မြို့နယ် ကန့်သတ်မှုတိုး


လမ်းသွားလမ်းလာများနဲ့ ပိုးသတ်ဆေးဖျန်းနေတဲ့ ဝန်ထမ်းများကို ရန်ကုန်မြို့ရှိ လမ်းတခုတွင် တွေ့ရ။ (မေ ၂၅၊ ၂၀၂၀)
လမ်းသွားလမ်းလာများနဲ့ ပိုးသတ်ဆေးဖျန်းနေတဲ့ ဝန်ထမ်းများကို ရန်ကုန်မြို့ရှိ လမ်းတခုတွင် တွေ့ရ။ (မေ ၂၅၊ ၂၀၂၀)

[Zawgyi/Unicode]

မြန်မာနိုင်ငံမှာ ရက်ပိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ မြန်မြန်ဆန်ဆန်ပျံ့နှံ့လာတာမှာ ခရီးသွားရာဇဝင်မရှိသူတွေ၊ ပိုးတွေ့လူနာတွေနဲ့ ထိစပ်မှုမရှိတဲ့လူတွေ ရန်ကုန်တိုင်းထဲမှာ အများအပြားတွေ့လာရတဲ့အတွက် ရန်ကုန်တိုင်းထဲက မြို့နယ် ၇ ခုမှာ (Stay at Home Order) အိမ်ထဲမှာပဲနေဖို့အမိန့်ကို ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာလ ၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

မြန်မာအားကစားနဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ စက်တင်ဘာလ ၁ ရက်နေ့ ည ၈ နာရီ ထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်သူခံရသူ လူ ၁၀၀ ထပ်ပြီးတွေ့ရှိခဲ့တာကြောင့် ဒီကနေ့ထိပိုးကူးလူနာ ၉၁၉ ဦး ရှိပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့အမိန့်ထဲမှာ အစိုးရဌာန၊ အဖွဲ့အစည်းတွေနဲ့ စက်ရုံအလုပ်ရုံဝန်ထမ်းတွေတော့ အကျုံးမဝင်ပါဘူး။

ဈေးသွားရင် တအိမ်တယောက်သာသွားဖို့၊ ဆေးရုံဆေးခန်းကို တအိမ် ၂ ဦးသာ သွားဖို့၊ အိမ်အပြင်ထွက်ရင် နှာခေါင်းစည်းတပ်ဖို့၊ ခွင့်ပြုချက်ရ ယာဉ်တွေကိုသာ ဝင်ထွက်ခွင့်ပြုဖို့ ဆိုတဲ့ အမိန့်တွေလည်း ပါဝင်ပါတယ်။ စက်တင်ဘာလ ၂ ရက်မနက် ၈ နာရီမှာ စတင်အသက်ဝင်မယ့် ဒီအမိန့်ကို မလိုက်နာရင် တည်ဆဲဥပဒေအရ အရေးယူမယ်လို့လည်း ဖော်ပြထားပါတယ်။ သြဂုတ်လ ၃၁ ရက်နေ့အတွက် ဓာတ်ခွဲနမူနာပေါင်း ၂,၁၅၂ ခုကိုစစ်ဆေးခဲ့တာပါ။ ပိုးကူးခံရသူတွေကတော့ အသက် ၃ လသား အရွယ်ကနေ အသက် ၆၀ ကျော်ကြား အသက်အရွယ်အမျိုးမျိုးပါဝင်ပါတယ်။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုတွေမြင့်မားနေတာကြောင့် ပြည်သူတွေအနေနဲ့ ပေါ့ပေါ့ဆဆမနေကြဖို့၊ လူစုလူဝေးရှိတဲ့နေရာတွေကို မလိုအပ်ဘဲလုံးဝမသွားကြဖို့၊ လူချင်းခပ်ခွါခွါနေကြဖို့၊ လူအများနဲ့ ဆိုင်တဲ့နေရာတွေမှာ နှာခေါင်းစည်းတပ်ဆင်ကြဖို့နဲ့ လက်ကို မကြာခဏဆေးကြောကြဖို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနကတိုက်တွန်းထားပါတယ်။ မြန်မာနိုင်ငံမှာ ဒီကနေ့ထိ ဓာတ်ခွဲနမူနာပေါင်း ၁၅၀,၀၀၀ ကျော်စစ်ဆေးခဲ့ပြီး အတည်ပြုလူနာတွေထဲ သေဆုံးသူ ၆ ဦးရှိပါတယ်။ ရောဂါပိုးကင်းစင်သွားသူကတော့ ၃၅၄ ယောက်ရှိပါတယ်။

[Unicode Version]






XS
SM
MD
LG