သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္တိုင္းတြင္း ကိုဗစ္ေရာဂါထိန္းခ်ဳပ္ေရး အခက္အခဲရွိေန


ရန္ကုန္ၿမိဳ႕ရွိ လမ္းတခုတြင္ ပိုးသတ္ေဆးဖ်န္းေနၾကတဲ့ မီးသတ္တပ္ဖဲြ႔၀င္မ်ား။ (မတ္ ၂၉၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါကူးစက္မႈေတြ တိုးလာေနတဲ့အထဲ ဒုတိယအမ်ားဆုံးျဖစ္လာေနတဲ့ ရန္ကုန္တိုင္းအတြင္း ကူးစက္မႈအႏၲရာယ္ကို ကာကြယ္ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားေနေပမဲ့ စိန္ေခၚမႈေတြလည္း ရွိေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဒီသတင္းကို ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္စုစုက တင္ဆက္ေပးမွာပါ။

မၾကာေသးခင္ သီတင္းပတ္ေတြကစလို႔ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈေတြ ႐ုတ္တရက္ တိုးလာတဲ့အထဲမွာ ရခိုင္ျပည္နယ္ၿပီးရင္ ရန္ကုန္တိုင္းက ဒုတိယအမ်ားဆုံး ျဖစ္လာပါတယ္။ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္ေတြအရ ရန္ကုန္တိုင္းအတြင္း ပိုးေတြ႕လူနာေတြထဲမွာ ျပည္ပကျပန္လာသူေတြရွိသလို၊ တေက်ာ့ျပန္ျပည္တြင္းကူးစက္မႈ စတင္ရာ စစ္ေတြကိုသြားေရာက္ခဲ့ဖူးတဲ့ ခရီးသြားရာဇဝင္ ရွိသူေတြ၊ အတည္ျပဳလူနာနဲ႔ ထိေတြ႕ခဲ့လို႔ တဆင့္ကူးစက္ခံရသူေတြအျပင္၊ ဘယ္ကေန ကူးစက္ခံရမွန္းမသိတဲ့ သူေတြပါ ေတြ႕ေနရတာပါ။

ဒီလိုအေျခအေနမ်ိဳးမွာ အမ်ားျပည္သူ သြားလာေရး လုပ္ငန္းေတြကတဆင့္ ကူးစက္မွာကို ကာကြယ္ဖို႔ လိုအပ္ေနတာေၾကာင့္ ေန႔စဥ္ ခရီးသည္ ၁၀၀,၀၀၀ ဝန္းက်င္ေလာက္ သုံးစြဲေနတဲ့ YBS ယာဥ္လိုင္းေတြမွာ ႀကိဳတင္ကာကြယ္ေရး ၫႊန္ၾကားခ်က္ေတြနဲ႔အညီ ေဆာင္႐ြက္ဖို႔ ႀကိဳးပမ္းေနေပမဲ့ စိန္ေခၚမႈေတြလည္း ရွိေနတယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈ အာဏာပိုင္အဖြဲ႕ YRTA ရဲ႕ တြဲဖက္အတြင္းေရးမႉး ဦးလွေအာင္က ေျပာပါတယ္။

“အားလုံးကိုလည္း က်ေနာ္တို႔ဘက္က အႏူးအၫႊတ္ ေမတၱာရပ္ခံခ်င္တာက Social Distancing ကိစၥပါ။ ခရီးသြားလာမႈမွာ မနက္ပိုင္း႐ုံးတက္ ႐ုံးဆင္းခ်ိန္ၾကပ္တဲ့အတြက္ ဒါေလးအေပၚမွာေတာ့ က်ေနာ္တို႔လည္း ႏိုင္သမွ်ယာဥ္ေတြက တခ်ိဳ႕ဆိုရင္ စစခ်င္းမွာ ေလ့လာတဲ့အေနနဲ႔ ၂ စီးတြဲလႊတ္တာေတြ လုပ္တယ္။ လုပ္တဲ့အခါက် အလယ္မွာသြားပိတ္ေနၿပီးေတာ့ ခရီးသည္ေတြက ဒီမွတ္တိုင္မွာ လူေတြစုၿပီးေတာ့ အၾကာႀကီးေစာင့္ရတဲ့အျဖစ္ေတြ ျဖစ္ေတာ့ တဘက္မွာ ဟုတ္သလိုလိုနဲ႔ ဟိုတဘက္မွာ သြားထိခိုက္ျပန္ေရာ။ အဲလိုေတြျဖစ္ေတာ့ ဒီ Social Distancing အပိုင္းကိုေတာ့ တတ္ႏိုင္သမွ် ယာဥ္ေတြေပၚမွာေနရာ အက်ယ္အဝန္းေတြရွိရင္ လိုက္နာၿပီးေတာ့ စီးနင္းေပးၾကပါလို႔ ေမတၱာရပ္ခံပါတယ္။ ေနာက္တခ်က္က Mask မျဖစ္မေနတပ္ျခင္းျဖင့္ မိမိကိုယ္လည္း ကာကြယ္ေပးပါ။ ေနာက္မိမိရဲ႕ ပတ္ဝန္းက်င္ကိုလည္း ကာကြယ္ေပးပါလို႔ က်ေနာ့္အေနနဲ႔ ေမတၱာရပ္ခံ ပန္ၾကားလိုပါတယ္ဗ်။”

ထပ္တိုးလူနာသစ္ ၁၀၀ ထဲမွာ ရန္ကုန္တိုင္းအတြင္း ကူးစက္ခံရသူေပါင္း ၄၇ ဦး ရွိေနတာပါ။ အဲဒီထဲမွာ စက္႐ုံလုပ္သားနဲ႔ အေျခခံလူတန္းစား အမ်ားဆုံးေနထိုင္ရာ လႈိင္သာယာၿမိဳ႕နယ္က ၂ ဦးလည္း ပါဝင္ပါတယ္။ ရန္ကုန္မွာ ကူးစက္မႈေတြ တိုးလာေနတာနဲ႔အမွ် ကပ္ေရာဂါနဲ႔ပတ္သက္လို႔ ထုတ္ျပန္ထားတဲ့ ညႊန္ၾကားခ်က္ေတြကို အားလုံးလိုက္နာၾကဖို႔လည္း က်န္းမာေရးပညာရွင္ေတြ တိုက္တြန္းေနၾကပါတယ္။ ကိုဗစ္တိုက္ဖ်က္ရာမွာ ေစတနာ့ဝန္ထမ္းအျဖစ္ ေဆာင္႐ြက္ေပးေနတဲ့ ေဒါက္တာႏိုင္မင္းထြဋ္ကေတာ့ ေရာဂါကူးစက္မႈ အႏၲရာယ္ကို ကာကြယ္ဖို႔ က်န္းမာေရးဆိုင္ရာ ၫႊန္ၾကားခ်က္ေတြကို လိုက္နာဖို႔ သတိေပးေနပါတယ္။

“က်ေနာ့္အေနနဲ႔ လႈိင္သာယာမွာေနတဲ့ လူတေယာက္အေနနဲ႔ေရာ၊ ဆရာဝန္တေယာက္အေနနဲ႔ေရာ စိတ္ပူတာက လႈိင္သာယာက ေအာက္ျမန္မာျပည္ရဲ႕အဝင္အထြက္ေနရာပဲေပါ့ေနာ္။ ဧရာဝတီတို႔ဘက္က အဝင္အထြက္ေနရာျဖစ္တဲ့ အတြက္ေၾကာင့္မို႔လို႔ ဒီေနရာကိုပိုၿပီးေတာ့ ဂ႐ုစိုက္ေစခ်င္တယ္။ ေနာက္ၿပီးေတာ့ ျပည္သူေတြအားလုံးကလည္း ပူးေပါင္းပါဝင္ေစခ်င္တယ္။ ဘယ္လိုပူးေပါင္း ပါဝင္ေစခ်င္တယ္ဆိုေတာ့ ကိုယ့္ရဲ႕ေဆြမ်ိဳးပဲျဖစ္ျဖစ္ သူငယ္ခ်င္းပဲျဖစ္ျဖစ္ မျဖစ္ေလာက္ပါဘူးေလဆိုၿပီးေတာ့ အိမ္မွာလက္ခံထားတာမ်ိဳး မဟုတ္ပဲနဲ႔ ဘယ္ကေနပဲလာလာ သက္ဆိုင္ရာအုပ္ခ်ဳပ္ေရးမႉး၊ ေဒသႏၲရေဆးခန္းနဲ႔ ဆရာဝန္ေတြဆီကို အေၾကာင္းၾကားၿပီးေတာ့ Quarantine ဝင္ေစခ်င္တယ္။ ဘာေၾကာင့္လည္းဆိုေတာ့ က်ေနာ္တို႔မ်က္စိနဲ႔ ျမင္ရတာမဟုတ္ဘူး။ ေလကေနတဆင့္ ကူးစက္တဲ့ေရာဂါျဖစ္လို႔ ဘယ္သူေတြကိုကူးစက္ခံရႏိုင္လည္းဆို လူတိုင္းက ကူးစက္ခံရႏိုင္တယ္။ ဒါေၾကာင့္မို႔ လူတိုင္းအကုန္လုံး ပူးေပါင္းပါဝင္ေဆာင္႐ြက္ ေစခ်င္ပါတယ္။”

အဂၤါေန႔ မနက္ပိုင္း က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ ျမန္မာႏိုင္ငံမွာ ကိုဗစ္ဓာတ္ခြဲအတည္ျပဳလူနာ ၈၈၇ ဦးရွိေနၿပီး၊ အမ်ားစုကေတာ့ ရခိုင္ျပည္နယ္မွာပါ။ ျပည္တြင္းကူးစက္မႈစတင္ခဲ့တဲ့ ရခိုင္ျပည္နယ္မွာေတာ့ မလိုအပ္ရင္ အိမ္ျပင္မထြက္ဖို႔နဲ႔ ခရီးသြားလာမႈေတြကိုလည္း ကန႔္သတ္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရန်ကုန်တိုင်းတွင်း ကိုဗစ်ရောဂါထိန်းချုပ်ရေး အခက်အခဲရှိနေ

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကူးစက်မှုတွေ တိုးလာနေတဲ့အထဲ ဒုတိယအများဆုံးဖြစ်လာနေတဲ့ ရန်ကုန်တိုင်းအတွင်း ကူးစက်မှုအန္တရာယ်ကို ကာကွယ်ထိန်းချုပ်ဖို့ ကြိုးစားနေပေမဲ့ စိန်ခေါ်မှုတွေလည်း ရှိနေတဲ့အကြောင်း ပြောပြပါမယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက တင်ဆက်ပေးမှာပါ။

မကြာသေးခင် သီတင်းပတ်တွေကစလို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ရုတ်တရက် တိုးလာတဲ့အထဲမှာ ရခိုင်ပြည်နယ်ပြီးရင် ရန်ကုန်တိုင်းက ဒုတိယအများဆုံး ဖြစ်လာပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ ရန်ကုန်တိုင်းအတွင်း ပိုးတွေ့လူနာတွေထဲမှာ ပြည်ပကပြန်လာသူတွေရှိသလို၊ တကျော့ပြန်ပြည်တွင်းကူးစက်မှု စတင်ရာ စစ်တွေကိုသွားရောက်ခဲ့ဖူးတဲ့ ခရီးသွားရာဇဝင် ရှိသူတွေ၊ အတည်ပြုလူနာနဲ့ ထိတွေ့ခဲ့လို့ တဆင့်ကူးစက်ခံရသူတွေအပြင်၊ ဘယ်ကနေ ကူးစက်ခံရမှန်းမသိတဲ့ သူတွေပါ တွေ့နေရတာပါ။

ဒီလိုအခြေအနေမျိုးမှာ အများပြည်သူ သွားလာရေး လုပ်ငန်းတွေကတဆင့် ကူးစက်မှာကို ကာကွယ်ဖို့ လိုအပ်နေတာကြောင့် နေ့စဉ် ခရီးသည် ၁၀၀,၀၀၀ ဝန်းကျင်လောက် သုံးစွဲနေတဲ့ YBS ယာဉ်လိုင်းတွေမှာ ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်တွေနဲ့အညီ ဆောင်ရွက်ဖို့ ကြိုးပမ်းနေပေမဲ့ စိန်ခေါ်မှုတွေလည်း ရှိနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA ရဲ့ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောပါတယ်။

“အားလုံးကိုလည်း ကျနော်တို့ဘက်က အနူးအညွှတ် မေတ္တာရပ်ခံချင်တာက Social Distancing ကိစ္စပါ။ ခရီးသွားလာမှုမှာ မနက်ပိုင်းရုံးတက် ရုံးဆင်းချိန်ကြပ်တဲ့အတွက် ဒါလေးအပေါ်မှာတော့ ကျနော်တို့လည်း နိုင်သမျှယာဉ်တွေက တချို့ဆိုရင် စစချင်းမှာ လေ့လာတဲ့အနေနဲ့ ၂ စီးတွဲလွှတ်တာတွေ လုပ်တယ်။ လုပ်တဲ့အခါကျ အလယ်မှာသွားပိတ်နေပြီးတော့ ခရီးသည်တွေက ဒီမှတ်တိုင်မှာ လူတွေစုပြီးတော့ အကြာကြီးစောင့်ရတဲ့အဖြစ်တွေ ဖြစ်တော့ တဘက်မှာ ဟုတ်သလိုလိုနဲ့ ဟိုတဘက်မှာ သွားထိခိုက်ပြန်ရော။ အဲလိုတွေဖြစ်တော့ ဒီ Social Distancing အပိုင်းကိုတော့ တတ်နိုင်သမျှ ယာဉ်တွေပေါ်မှာနေရာ အကျယ်အဝန်းတွေရှိရင် လိုက်နာပြီးတော့ စီးနင်းပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။ နောက်တချက်က Mask မဖြစ်မနေတပ်ခြင်းဖြင့် မိမိကိုယ်လည်း ကာကွယ်ပေးပါ။ နောက်မိမိရဲ့ ပတ်ဝန်းကျင်ကိုလည်း ကာကွယ်ပေးပါလို့ ကျနော့်အနေနဲ့ မေတ္တာရပ်ခံ ပန်ကြားလိုပါတယ်ဗျ။”

ထပ်တိုးလူနာသစ် ၁၀၀ ထဲမှာ ရန်ကုန်တိုင်းအတွင်း ကူးစက်ခံရသူပေါင်း ၄၇ ဦး ရှိနေတာပါ။ အဲဒီထဲမှာ စက်ရုံလုပ်သားနဲ့ အခြေခံလူတန်းစား အများဆုံးနေထိုင်ရာ လှိုင်သာယာမြို့နယ်က ၂ ဦးလည်း ပါဝင်ပါတယ်။ ရန်ကုန်မှာ ကူးစက်မှုတွေ တိုးလာနေတာနဲ့အမျှ ကပ်ရောဂါနဲ့ပတ်သက်လို့ ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကို အားလုံးလိုက်နာကြဖို့လည်း ကျန်းမာရေးပညာရှင်တွေ တိုက်တွန်းနေကြပါတယ်။ ကိုဗစ်တိုက်ဖျက်ရာမှာ စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်ပေးနေတဲ့ ဒေါက်တာနိုင်မင်းထွဋ်ကတော့ ရောဂါကူးစက်မှု အန္တရာယ်ကို ကာကွယ်ဖို့ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်တွေကို လိုက်နာဖို့ သတိပေးနေပါတယ်။

“ကျနော့်အနေနဲ့ လှိုင်သာယာမှာနေတဲ့ လူတယောက်အနေနဲ့ရော၊ ဆရာဝန်တယောက်အနေနဲ့ရော စိတ်ပူတာက လှိုင်သာယာက အောက်မြန်မာပြည်ရဲ့အဝင်အထွက်နေရာပဲပေါ့နော်။ ဧရာဝတီတို့ဘက်က အဝင်အထွက်နေရာဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ဒီနေရာကိုပိုပြီးတော့ ဂရုစိုက်စေချင်တယ်။ နောက်ပြီးတော့ ပြည်သူတွေအားလုံးကလည်း ပူးပေါင်းပါဝင်စေချင်တယ်။ ဘယ်လိုပူးပေါင်း ပါဝင်စေချင်တယ်ဆိုတော့ ကိုယ့်ရဲ့ဆွေမျိုးပဲဖြစ်ဖြစ် သူငယ်ချင်းပဲဖြစ်ဖြစ် မဖြစ်လောက်ပါဘူးလေဆိုပြီးတော့ အိမ်မှာလက်ခံထားတာမျိုး မဟုတ်ပဲနဲ့ ဘယ်ကနေပဲလာလာ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူး၊ ဒေသန္တရဆေးခန်းနဲ့ ဆရာဝန်တွေဆီကို အကြောင်းကြားပြီးတော့ Quarantine ဝင်စေချင်တယ်။ ဘာကြောင့်လည်းဆိုတော့ ကျနော်တို့မျက်စိနဲ့ မြင်ရတာမဟုတ်ဘူး။ လေကနေတဆင့် ကူးစက်တဲ့ရောဂါဖြစ်လို့ ဘယ်သူတွေကိုကူးစက်ခံရနိုင်လည်းဆို လူတိုင်းက ကူးစက်ခံရနိုင်တယ်။ ဒါကြောင့်မို့ လူတိုင်းအကုန်လုံး ပူးပေါင်းပါဝင်ဆောင်ရွက် စေချင်ပါတယ်။”

အင်္ဂါနေ့ မနက်ပိုင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုဗစ်ဓာတ်ခွဲအတည်ပြုလူနာ ၈၈၇ ဦးရှိနေပြီး၊ အများစုကတော့ ရခိုင်ပြည်နယ်မှာပါ။ ပြည်တွင်းကူးစက်မှုစတင်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာတော့ မလိုအပ်ရင် အိမ်ပြင်မထွက်ဖို့နဲ့ ခရီးသွားလာမှုတွေကိုလည်း ကန့်သတ်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG