သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာလ ရခိုင္စစ္ဆင္ေရးအတြင္း အရပ္သားတခ်ိဳ႕ဖမ္းဆီးခံရ


ရခိုင္စစ္ေဘးေရွာင္ ဒုကၡသည္မ်ား

[Zawgyi/Unicode]

ကပ္ေဘးနဲ႔ စစ္ေဘးဒဏ္သင့္ေနတဲ့ ရခုိင္ျပည္နယ္မွာ တပ္မေတာ္ရဲ႕ စစ္ဆင္ေရးေတြအတြင္း ေဒသခံေတြ ဖမ္းဆီးခံေနရတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုသက္ႏိုင္က ေျပာျပေပးပါမယ္။

ရခိုင္ျပည္နယ္မွာ ကုိဗစ္ကပ္ေရာဂါ ႀကံဳေနရခ်ိန္မွာပဲ စစ္ေရးတင္းမာမႈေတြ ႀကံဳေနရသလုိ ေဒသခံအရပ္သားေတြ ဖမ္းဆီးစစ္ေဆးခံရတာ ထိခုိက္ေသဆုံးတာေတြ ရွိေနတယ္လုိ႔ လႊတ္ေတာ္ကုိယ္စားလွယ္ေတြနဲ႔ ကုိယ္တုိင္ႀကံဳရသူေတြက ေျပာပါတယ္။ မေန႔တုန္းကလည္း ေက်ာက္ေတာ္ၿမိဳ႕နယ္ သာစည္ေက်းရြာမွာ လုံၿခံဳေရးတပ္ဖဲြ႔၀င္ေတြက ေဒသခံတခ်ဳိ႕ကုိ ေခၚေဆာင္သြားသလုိ ရြာသားတစ္ဦးလည္း ေသနတ္ထိမွန္ေသဆံုးသြားတယ္လို႔ ေဒသခံေတြက အေၾကာင္းၾကားခဲ့ေၾကာင္း ေက်ာက္ေတာ္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ အမတ္ ဦးထြန္းဝင္း ကေျပာ ပါတယ္။

"က်ေနာ့္ကိုေတာ့ မေန႔က ည ၉ နာရီေလာက္မွာ မိတ္ေဆြ တစ္ေယာက္ လွမ္းဆက္လာတာေပါ့ ဒီလိုအေျခအေနျဖစ္ေနတယ္။ ရြာထဲကို စစ္ေၾကာင္းေတြ ေရာက္ေနတယ္။ ေခၚတာစစ္တာေတြ ရွိတယ္ဆိုၿပီးေတာ့ ၾကားတယ္။ ရြာသားတခ်ိဳ႕ကိုလည္း ေခၚသြားတာေတြရွိတယ္ဆိုၿပီးေတာ့ေပါ့။ ၿပီးေတာ့ သိပ္မၾကာခင္မွာပဲ ထပ္ဆက္လာတယ္။ တစ္ေယာက္က်ည္ထိၿပီးေတာ့ ေသတယ္ဆိုၿပီးေတာ့ ၾကားတယ္။ ဒီကေန႔ မနက္ပိုင္းကလည္း ရြာကေန ထြက္ေျပးေနၾကတဲ့ အမ်ိဳးသမီးေတြ ဖုန္းဆက္လာတယ္။ ရြာမွာ မေနရဲေတာ့ဘူး အားလံုး ေၾကာက္လန္႔ေနၾကရတယ္ဆိုၿပီးေတာ့ေပါ့။"

တပ္မေတာ္စစ္ေၾကာင္းက ေခၚေဆာင္သြားသူေတြအတြက္ သက္ဆုိင္ရာ မိသားစုဝင္ေတြ စိုးရိမ္ေနၾကတယ္လို႔လည္း ေဒသခံေတြက ေျပာပါတယ္။ ေဒသခံတခ်ဳိ႕ကေတာ့ စုိးရိမ္တာေၾကာင့္ တိမ္းေရွာင္ခဲ့ၾကတယ္လုိ႔လည္း ကုိယ္တုိင္ေတြ႔ခဲ့တဲ့ သာစည္ေက်းရြာသား တစ္ဦးကေျပာပါတယ္။

"ျမန္မာ့တပ္မေတာ္က ဆင္းလာၿပီးတာ့ က်ေနာ္တို႔သာစည္ေက်းရြာအနားကို ညေန သံုးနာရီေလာက္မွာ ေရာက္တယ္။ အဲဒီအခ်ိန္မွာ သူတို႔က လက္နက္ႀကီး၊ လက္နက္ငယ္ေတြနဲ႔ ပစ္ၿပီးေတာ့ ဝင္လာပါတယ္။ ေနာက္ၿပီးေတာ့ ရြာထဲမွာ ရွိတဲ့ လူေတြ ကေလးေတြ ကိုယ္ဝန္ေဆာင္မိန္းမေတြ သက္ႀကီးရြယ္အိုေတြကို လူေပါင္း ၁၀၀ ေက်ာ္ေခၚေဆာင္သြားတယ္။ သူတို႔ကို ေခၚသြားတာျမင္ေတာ့ က်ေနာ္လည္း ေရွာင္ထြက္လာခဲ့တယ္။"

ေဒသခံေတြကုိ လုံၿခံဳေရးတပ္ဖဲြ႔ေတြက ဖမ္းဆီးေခၚေဆာင္သြားတယ္ဆုိတဲ့ သတင္းေတြနဲ႔ ပတ္သက္လုိ႔ တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးအဖြဲ႔ တာဝန္ရွိသူေတြကို ဗီြအိုေအက ဆက္သြယ္ခဲ့ေပမဲ့ ဖုန္းလက္ခံ ေျဖဆိုခဲ့တာ မရွိခဲ့သလုိ၊ ရခုိင္ျပည္နယ္ လုံၿခံဳေရးနဲ႔ နယ္စပ္ေရးရာ၀န္ႀကီး ဗုိလ္မွဴးႀကီး မင္းသန္း ကလည္း သတင္းမရရွိေသးေၾကာင္း ေျပာပါတယ္။

စစ္ေရးတင္းမာမႈေတြ ႀကံဳေနရခ်ိန္မွာ ေဒသခံေတြ ထိခုိက္ေသဆုံးတဲ့ သတင္းေတြလည္း ထြက္ေပၚေနပါတယ္။ မေန႔က ညေနပိုင္းကလည္း သာစည္ေက်းရြာအနီး ေက်ာက္ဂူစုေက်းရြာမွာ အသက္ ၄၀ အရြယ္ ရြာသားတစ္ဦး ေသနတ္နဲ႔ပစ္သတ္ခံခဲ့ရတယ္လုိ႔ ေဒသခံတစ္ေယာက္က ေျပာပါတယ္။

"က်ေနာ္တို႔ေဒသကလူေတြက သီးႏွံေတြ စိုက္ပ်ိဳးၾကတယ္။ ဟင္းသီးဟင္းရြက္ေတြေပါ့။ အဓိကေတာ့ ကြမ္းစိုက္ ပ်ိဳးၾကတယ္။ သူက ကြမ္းစိုက္ခင္းက အိမ္သို႔အျပန္မွာ ျမန္မာ့တပ္မေတာ္နဲ႔ ေတြ႔ေတာ့ သူတိုက လွမ္းပစ္ တယ္။ သူကေတာ့ ေသသြားတယ္။ အဖဦးထြန္းေအာင္ သူ႔နာမည္ကေတာ့ စိန္သာေအာင္ေပါ့ေနာ္။ အသက္ ၄၀ ဝန္း က်င္ေပါ့ေနာ္။"

ပုဏၰားကြ်န္းၿမိဳ႕နယ္ စပါးထားေက်းရြာမွာလည္း မေန႔တုန္းက တပ္မေတာ္စစ္ေၾကာင္းတစ္ခုက ၀င္ေရာက္စစ္ေဆးၿပီး ဆန္ပိုင္ရွင္တစ္ဦးကို ေခၚေဆာင္သြားသလုိ ဆန္အိတ္ေတြကုိလည္း ယူေဆာင္သြားတယ္လို႔ နီးစပ္သူေတြက ေျပာပါတယ္။ တပ္မေတာ္ကေတာ့ စပါးထားေက်းရြာမွာ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔အတြက္ သိုေလွာင္ထားတဲ့ ဆန္ရိကၡာေတြကို ဖမ္းဆီးရမိခဲ့ၿပီး ဖမ္းဆီးရမိသူနဲ႔ ဆန္အိတ္ေတြကို စစ္ေတြကို ပို႔ေဆာင္ၿပီး ဥပေဒနဲ႔ အညီေဆာင္ရြက္သြားမွာျဖစ္ေၾကာင္း ဒီကေန႔ပဲ သတင္းထုတ္ျပန္ထားပါတယ္။

ေက်ာက္ေတာ္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္အမတ္ ဦးထြန္းဝင္းကေတာ့ စစ္ေဘးနဲ႔ ကပ္ေဘးဒဏ္သင့္ေနခ်ိန္မွာ ေဒသခံေတြ ထိခုိက္နစ္နာမႈ မရွိေအာင္ ေဆာင္ရြက္ဖုိ႔ တုိက္တြန္းထားပါတယ္။

"က်ေနာ္တို႔ကေတာ့ ဗ်ာ ... ဒီအခ်ိန္မွာကေတာ့ ကိုယ့္အိမ္ထဲမွာ ကိုယ္ေနၿပီးေတာ့မွ စိုးရိမ္ေနၾကရတယ္။ ေရာဂါအေျခအေနကလည္း တအားဆိုးေနတဲ့ အခါက်ေတာ့ သတိထားၿပီးေနၾကရတယ္။ ျပည္သူေတြ ပူေလာင္ ေသာကေရာက္ေနတဲ့ အခ်ိန္မွာက်ေတာ့ ဘယ္လက္နက္ကိုင္အဖြဲ႔အစည္းမဆို ဒီအခ်ိန္မွာ လူသားဆန္တဲ့ နွလံုးသားေတြ နဲ႔ေတာ့ နည္းနည္းစဥ္းစားေပးသင့္တယ္လို႔ က်ေနာ္ထင္တယ္။ ဒီအခ်ိန္မွာ ျပည္သူေတြကို ထပ္ၿပီးေတာ့ ပူေလာင္မႈေတြ ထပ္မေပးဖို႔ အထူးသတိျပဳဖို႔ေတာ့လိုမယ္လို႔ က်ေနာ္ထင္တယ္။"

ကုလသမဂၢ ျမန္မာႏုိင္ငံဆုိင္ရာ ဌာေနညွိႏႈိင္းေရးမွဴးနဲ႔ လူသားခ်င္းစာနာေထာက္ထားမႈဆုိင္ရာ ညွိႏႈိင္းေရးမွဴး Mr. Ola Almgren ကေတာ့ ကပ္ေရာဂါနဲ႔ စစ္ေဘးဒဏ္ေတြေၾကာင့္ အကူအညီလုိအပ္ေနခ်ိန္မွာ တုိက္ခုိက္မႈေတြ ရပ္စဲေရး ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ တုိက္တြန္းခ်က္ကုိ လုိက္နာဖုိ႔ ဒီကေန႔ပဲ ေၾကညာခ်က္ထုတ္ျပန္ တုိက္တြန္းထားပါတယ္။ စစ္ေဘးေရာ ကပ္ေရာဂါနဲ႔ပါ ရင္ဆုိင္ေနရခ်ိန္မွာ သတင္းအခ်က္အလက္ ရရွိႏုိင္ေအာင္ အင္တာနက္၀န္ေဆာင္မႈေတြ အျပည့္အ၀သုံးခြင့္ရေအာင္ ေဆာင္ရြက္ဖုိ႔လည္း တုိက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်ကာလ ရခိုင်စစ်ဆင်ရေးအတွင်း အရပ်သားတချို့ဖမ်းဆီးခံရ

ကပ်ဘေးနဲ့ စစ်ဘေးဒဏ်သင့်နေတဲ့ ရခိုင်ပြည်နယ်မှာ တပ်မတော်ရဲ့ စစ်ဆင်ရေးတွေအတွင်း ဒေသခံတွေ ဖမ်းဆီးခံနေရတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က ပြောပြပေးပါမယ်။

ရခိုင်ပြည်နယ်မှာ ကိုဗစ်ကပ်ရောဂါ ကြုံနေရချိန်မှာပဲ စစ်ရေးတင်းမာမှုတွေ ကြုံနေရသလို ဒေသခံအရပ်သားတွေ ဖမ်းဆီးစစ်ဆေးခံရတာ ထိခိုက်သေဆုံးတာတွေ ရှိနေတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကိုယ်တိုင်ကြုံရသူတွေက ပြောပါတယ်။ မနေ့တုန်းကလည်း ကျောက်တော်မြို့နယ် သာစည်ကျေးရွာမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဒေသခံတချို့ကို ခေါ်ဆောင်သွားသလို ရွာသားတစ်ဦးလည်း သေနတ်ထိမှန်သေဆုံးသွားတယ်လို့ ဒေသခံတွေက အကြောင်းကြားခဲ့ကြောင်း ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဦးထွန်းဝင်း ကပြော ပါတယ်။

"ကျနော့်ကိုတော့ မနေ့က ည ၉ နာရီလောက်မှာ မိတ်ဆွေ တစ်ယောက် လှမ်းဆက်လာတာပေါ့ ဒီလိုအခြေအနေဖြစ်နေတယ်။ ရွာထဲကို စစ်ကြောင်းတွေ ရောက်နေတယ်။ ခေါ်တာစစ်တာတွေ ရှိတယ်ဆိုပြီးတော့ ကြားတယ်။ ရွာသားတချို့ကိုလည်း ခေါ်သွားတာတွေရှိတယ်ဆိုပြီးတော့ပေါ့။ ပြီးတော့ သိပ်မကြာခင်မှာပဲ ထပ်ဆက်လာတယ်။ တစ်ယောက်ကျည်ထိပြီးတော့ သေတယ်ဆိုပြီးတော့ ကြားတယ်။ ဒီကနေ့ မနက်ပိုင်းကလည်း ရွာကနေ ထွက်ပြေးနေကြတဲ့ အမျိုးသမီးတွေ ဖုန်းဆက်လာတယ်။ ရွာမှာ မနေရဲတော့ဘူး အားလုံး ကြောက်လန့်နေကြရတယ်ဆိုပြီးတော့ပေါ့။"

တပ်မတော်စစ်ကြောင်းက ခေါ်ဆောင်သွားသူတွေအတွက် သက်ဆိုင်ရာ မိသားစုဝင်တွေ စိုးရိမ်နေကြတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ဒေသခံတချို့ကတော့ စိုးရိမ်တာကြောင့် တိမ်းရှောင်ခဲ့ကြတယ်လို့လည်း ကိုယ်တိုင်တွေ့ခဲ့တဲ့ သာစည်ကျေးရွာသား တစ်ဦးကပြောပါတယ်။

"မြန်မာ့တပ်မတော်က ဆင်းလာပြီးတာ့ ကျနော်တို့သာစည်ကျေးရွာအနားကို ညနေ သုံးနာရီလောက်မှာ ရောက်တယ်။ အဲဒီအချိန်မှာ သူတို့က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ပြီးတော့ ဝင်လာပါတယ်။ နောက်ပြီးတော့ ရွာထဲမှာ ရှိတဲ့ လူတွေ ကလေးတွေ ကိုယ်ဝန်ဆောင်မိန်းမတွေ သက်ကြီးရွယ်အိုတွေကို လူပေါင်း ၁၀၀ ကျော်ခေါ်ဆောင်သွားတယ်။ သူတို့ကို ခေါ်သွားတာမြင်တော့ ကျနော်လည်း ရှောင်ထွက်လာခဲ့တယ်။"

ဒေသခံတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတွေကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ ဖြေဆိုခဲ့တာ မရှိခဲ့သလို၊ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်း ကလည်း သတင်းမရရှိသေးကြောင်း ပြောပါတယ်။

စစ်ရေးတင်းမာမှုတွေ ကြုံနေရချိန်မှာ ဒေသခံတွေ ထိခိုက်သေဆုံးတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ မနေ့က ညနေပိုင်းကလည်း သာစည်ကျေးရွာအနီး ကျောက်ဂူစုကျေးရွာမှာ အသက် ၄၀ အရွယ် ရွာသားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

"ကျနော်တို့ဒေသကလူတွေက သီးနှံတွေ စိုက်ပျိုးကြတယ်။ ဟင်းသီးဟင်းရွက်တွေပေါ့။ အဓိကတော့ ကွမ်းစိုက် ပျိုးကြတယ်။ သူက ကွမ်းစိုက်ခင်းက အိမ်သို့အပြန်မှာ မြန်မာ့တပ်မတော်နဲ့ တွေ့တော့ သူတိုက လှမ်းပစ် တယ်။ သူကတော့ သေသွားတယ်။ အဖဦးထွန်းအောင် သူ့နာမည်ကတော့ စိန်သာအောင်ပေါ့နော်။ အသက် ၄၀ ဝန်း ကျင်ပေါ့နော်။"

ပုဏ္ဏားကျွန်းမြို့နယ် စပါးထားကျေးရွာမှာလည်း မနေ့တုန်းက တပ်မတော်စစ်ကြောင်းတစ်ခုက ဝင်ရောက်စစ်ဆေးပြီး ဆန်ပိုင်ရှင်တစ်ဦးကို ခေါ်ဆောင်သွားသလို ဆန်အိတ်တွေကိုလည်း ယူဆောင်သွားတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ တပ်မတော်ကတော့ စပါးထားကျေးရွာမှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့အတွက် သိုလှောင်ထားတဲ့ ဆန်ရိက္ခာတွေကို ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိသူနဲ့ ဆန်အိတ်တွေကို စစ်တွေကို ပို့ဆောင်ပြီး ဥပဒေနဲ့ အညီဆောင်ရွက်သွားမှာဖြစ်ကြောင်း ဒီကနေ့ပဲ သတင်းထုတ်ပြန်ထားပါတယ်။

ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးထွန်းဝင်းကတော့ စစ်ဘေးနဲ့ ကပ်ဘေးဒဏ်သင့်နေချိန်မှာ ဒေသခံတွေ ထိခိုက်နစ်နာမှု မရှိအောင် ဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။

"ကျနော်တို့ကတော့ ဗျာ ... ဒီအချိန်မှာကတော့ ကိုယ့်အိမ်ထဲမှာ ကိုယ်နေပြီးတော့မှ စိုးရိမ်နေကြရတယ်။ ရောဂါအခြေအနေကလည်း တအားဆိုးနေတဲ့ အခါကျတော့ သတိထားပြီးနေကြရတယ်။ ပြည်သူတွေ ပူလောင် သောကရောက်နေတဲ့ အချိန်မှာကျတော့ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းမဆို ဒီအချိန်မှာ လူသားဆန်တဲ့ နှလုံးသားတွေ နဲ့တော့ နည်းနည်းစဉ်းစားပေးသင့်တယ်လို့ ကျနော်ထင်တယ်။ ဒီအချိန်မှာ ပြည်သူတွေကို ထပ်ပြီးတော့ ပူလောင်မှုတွေ ထပ်မပေးဖို့ အထူးသတိပြုဖို့တော့လိုမယ်လို့ ကျနော်ထင်တယ်။"

ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ ဌာနေညှိနှိုင်းရေးမှူးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Mr. Ola Almgren ကတော့ ကပ်ရောဂါနဲ့ စစ်ဘေးဒဏ်တွေကြောင့် အကူအညီလိုအပ်နေချိန်မှာ တိုက်ခိုက်မှုတွေ ရပ်စဲရေး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ တိုက်တွန်းချက်ကို လိုက်နာဖို့ ဒီကနေ့ပဲ ကြေညာချက်ထုတ်ပြန် တိုက်တွန်းထားပါတယ်။ စစ်ဘေးရော ကပ်ရောဂါနဲ့ပါ ရင်ဆိုင်နေရချိန်မှာ သတင်းအချက်အလက် ရရှိနိုင်အောင် အင်တာနက်ဝန်ဆောင်မှုတွေ အပြည့်အဝသုံးခွင့်ရအောင် ဆောင်ရွက်ဖို့လည်း တိုက်တွန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG