[Zawgyi/Unicode]
ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈေတြ တုိးလာေနတဲ့ ရခိုင္ျပည္နယ္မွာ လက္နက္ကုိင္ ပဋိပကၡေတြလည္း ဆက္လက္ျဖစ္ပြားေနတာေၾကာင့္ ေဒသခံေတြ ထိခုိက္ေသေၾကမႈေတြ ႀကံဳေနရတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုသက္ႏိုင္က သတင္းေပးပို႔ထားပါတယ္။
ရခိုင္ျပည္နယ္မွာ ကပ္ေရာဂါကူးစက္ခံရသူ အတည္ျပဳလူနာေတြ ဆက္တုိးေနခ်ိန္မွာပဲ စစ္ေရးတင္းမာမႈေတြနဲ႔ ႀကံဳေနရဆဲ ျဖစ္ပါတယ္။ ဒီရက္ပုိင္းအတြင္းမွာပဲ ရေသ့ေတာင္ၿမိဳ႕နယ္မွာ လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲမႈေတြေၾကာင့္ ေဒသခံေတြ ထိခုိက္ဒဏ္ရာ ရခဲ့ၾကသလုိ ေဘးလြတ္ရာ တိမ္းေရွာင္ေနၾကရတယ္လုိ႔ ရေသ့ေတာင္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္အမတ္ ေဒၚခင္ေစာေဝက ေျပာပါတယ္။
"အခုက COVID -19 ကလည္း ျဖစ္ေနတယ္။ ရေသ့ေတာင္ၿမိဳ႕နယ္မွာ ဆိုရင္လည္း တခ်ိဳ႕ေနရာေတြ ဆိုရင္ တိုက္ပြဲေတြ ျဖစ္တယ္။ တိုက္ပြဲေတြ မျဖစ္ဘဲနဲ႔လည္း လက္နက္ႀကီးက်တယ္၊ အဲဒါမ်ိဳးေတြလည္း ေတြ႔ေနရပါတယ္။ အဲေတာ့ ဒဏ္ရာရတဲ့ လူနာေတြလည္း ရေသ့ေတာင္ၿမိဳ႕ေပၚမွာ လာကုရတာ ရွိတယ္။ ဒီေန႔မွာလည္း ေစတီျပင္မွာ လက္နက္ႀကီးက်ၿပီးေတာ့ အသက္ ၁၇ႏွစ္ အရြယ္တစ္ေယာက္ ဒဏ္ရာရသြားတယ္။"
ရေသ့ေတာင္ၿမိဳ႕နယ္ေျမာက္ပိုင္းမွာ ၿပီးခဲ့တဲ့ သီတင္းပတ္ကတည္းက လက္နက္ႀကီး လက္နက္ငယ္ေတြနဲ႔ ပစ္ခတ္မႈေတြ ရွိေနတာေၾကာင့္ ေဒသခံတခ်ဳိ႕ ေဘးလြတ္ရာ ထြက္ေျပးေနရတယ္လုိ႔လည္း ရေသ့ေတာင္ၿမိဳ႕က စစ္ေရွာင္ ဒုကၡသည္ေတြအေရး ကူညီေပးေနတဲ့ ကုိဘကၠာက ေျပာပါတယ္။
"အသစ္ေရာက္လာတဲ့ စစ္ေရွာင္ေတြကေတာ့ဗ်ာ။ ေရဇိုးေခ်ာင္းေက်းရြာက ၁၀၀ ေက်ာ္ေလာက္ေတာ့ ရွိတယ္။ ငစံေဘာ္ ေက်းရြာကေတာ့ မေရာက္လာေသးဘူး။ သူတို႔က နီးစပ္တဲ့ေက်းရြာေတြကို ထြက္ေျပး ေနၾကတာ။ က်ေနာ္တို႔လည္း လမ္းေၾကာင္းမေကာင္းေတာ့ စားနပ္ရိကၡာေတြ သြားပို႔ဖို႔ အခက္အခဲျဖစ္ေနတယ္။ ေမယုျမစ္မွာရွိတဲ့ ျမန္မာ့တပ္မေတာ္ေရတပ္က အျမဲတမ္းပစ္ခတ္ေနေတာ့ သြားၿပီးေတာ့ ကူညီ ေထာက္ပ့ံေပးဖို႔ အခက္အခဲျဖစ္ေနတယ္ဗ်ာ။"
ၿပီးခဲ့တဲ့ သီတင္းပတ္ထဲ ရခိုင္ျပည္နယ္ေျမာက္ပိုင္း ေက်ာက္ေတာ္ၿမိဳ႕နယ္မွာ လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲမႈေၾကာင့္ ေဒသခံေတြ ထိခုိက္ေသေက်မႈေတြ ရွိခဲ့တယ္လို႔လည္း ေက်ာက္ေတာ္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္အမတ္ ဦးထြန္းဝင္းက ေျပာပါတယ္။
"တပ္မေတာ္စစ္ေၾကာင္း တစ္ခုက ရြာထဲကေန လမ္းမဘက္ကို တက္လာတာေပါ့ေနာ္။ အဲဒီမွာ ေကာက္စိုက္ေနတဲ့ အမ်ိဳးသမီးတစ္စုက ေၾကာက္လန္႔ၿပီးေတာ့ ရြာထဲကို ဝင္လာၾကတဲ့အခ်ိန္ လက္နက္ႀကီးက်ည္ ထိၿပီးေတာ့ ၄ ေယာက္ေလာက္ ဒဏ္ရာရတယ္ဆိုၿပီးေတာ့ က်ေနာ္တို႔ကို ဆက္သြယ္လာတယ္။ တစ္ေယာက္ကေတာ့ ေဆးရံုမွာ ေသသြားတယ္လို႔ၾကားတယ္။ ႏွစ္ေယာက္ေပါ့ေနာ္၊ အေပါက္ဝက တစ္ေယာက္ရယ္၊ ေက်ာက္ေတာ္ ခ်င္းရြာရပ္ကြက္က အသက္ သံုးဆယ္အရြယ္ ေမာင္ႏိုင္ဝင္းဆိုတဲ့ တစ္ေယာက္ရယ္။"
ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈဒဏ္ အဓိကခံေနရတဲ့ ရခုိင္ျပည္နယ္မွာ စစ္ေရးတင္းမာမႈေတြေၾကာင့္ ေဒသခံေတြ ထိခုိက္ေသဆုံးတဲ့အထိ အႏၱရာယ္က်ေရာက္ေနတဲ့အတြက္ တိုက္ပြဲေတြ အျမန္ဆုံးရပ္ဖို႔ လုိအပ္ေနၿပီလုိ႔လည္း ရေသ့ေတာင္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္အမတ္ ေဒၚခင္ေစာေဝက တုိက္တြန္းပါတယ္။
"ရခိုင္ေျမာက္ပိုင္း တို္က္ပြဲျဖစ္ေနတဲ့ေနရာေတြက ေတာ္ေတာ္စိန္ေခၚမႈ မ်ားတာေပါ့ေနာ္။ ကိုယ့္အိမ္မွာ ကိုယ္ေန ရင္း အိမ္ေပၚကို လက္နက္ႀကီး က်ည္က်လာတာကို ရင္ဆိုင္ေနရတယ္။ အခုက COVID-19 ေရာဂါလည္း ကိုယ့္ရဲ႕ေက်းရြာမွာ ဘယ္ေန႔ေရာက္လာမလဲ စစ္ေရွာင္စခန္းေတြမွာ ဘယ္ေန႔မ်ား ေရာက္လာမလဲဆိုၿပီးေတာ့ စိုးရိမ္ေနၾကရပါတယ္။ အခုလို COVID-19 ျဖစ္ေနတဲ့ ကာလမွာေတာ့ တိုက္ပြဲေတြကို ရပ္တန္႔ထားဖို႔ တိုက္တြန္းထား တာလည္း ရွိပါတယ္။ အခုလည္း ေတာင္းဆိုပါတယ္။"
လက္နက္ကိုင္ပဋိပကၡေတြေၾကာင့္ ေနရပ္စြန္႔ခြာထြက္ေျပးေနၾကရတဲ့ စစ္ေရွာင္ဦးေရ ၂၀၀,၀၀၀ ေက်ာ္ေလာက္ ရွိမယ္လုိ႔ ခန္႔မွန္းထားတဲ့ ရခုိင္ျပည္နယ္မွာ မၾကာေသးခင္ သီတင္းပတ္အနည္းငယ္ကစ ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈေတြ ႐ုတ္တရက္ တုိးလာရာက အသြားအလာ ကန္႔သတ္ထိန္းခ်ဳပ္ထားပါတယ္။ စစ္ေတြၿမိဳ႕နယ္မွာ ညမထြက္ရအမိန္႔ အပါအ၀င္ ျပည္နယ္တခုလုံးမွာလည္း မလုိအပ္ရင္ အိမ္ျပန္မထြက္ၾကဖုိ႔ ညႊန္ၾကားထားပါတယ္။
[Unicode Version]
ရခိုင်ပြည်နယ် ကိုဗစ်အကြပ်အတည်းကြား စစ်ရေးတင်းမာမှုများ ရှိနေဆဲ
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ တိုးလာနေတဲ့ ရခိုင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေလည်း ဆက်လက်ဖြစ်ပွားနေတာကြောင့် ဒေသခံတွေ ထိခိုက်သေကြေမှုတွေ ကြုံနေရတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုသက်နိုင်က သတင်းပေးပို့ထားပါတယ်။
ရခိုင်ပြည်နယ်မှာ ကပ်ရောဂါကူးစက်ခံရသူ အတည်ပြုလူနာတွေ ဆက်တိုးနေချိန်မှာပဲ စစ်ရေးတင်းမာမှုတွေနဲ့ ကြုံနေရဆဲ ဖြစ်ပါတယ်။ ဒီရက်ပိုင်းအတွင်းမှာပဲ ရသေ့တောင်မြို့နယ်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုတွေကြောင့် ဒေသခံတွေ ထိခိုက်ဒဏ်ရာ ရခဲ့ကြသလို ဘေးလွတ်ရာ တိမ်းရှောင်နေကြရတယ်လို့ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စောဝေက ပြောပါတယ်။
"အခုက COVID -19 ကလည်း ဖြစ်နေတယ်။ ရသေ့တောင်မြို့နယ်မှာ ဆိုရင်လည်း တချို့နေရာတွေ ဆိုရင် တိုက်ပွဲတွေ ဖြစ်တယ်။ တိုက်ပွဲတွေ မဖြစ်ဘဲနဲ့လည်း လက်နက်ကြီးကျတယ်၊ အဲဒါမျိုးတွေလည်း တွေ့နေရပါတယ်။ အဲတော့ ဒဏ်ရာရတဲ့ လူနာတွေလည်း ရသေ့တောင်မြို့ပေါ်မှာ လာကုရတာ ရှိတယ်။ ဒီနေ့မှာလည်း စေတီပြင်မှာ လက်နက်ကြီးကျပြီးတော့ အသက် ၁၇နှစ် အရွယ်တစ်ယောက် ဒဏ်ရာရသွားတယ်။"
ရသေ့တောင်မြို့နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုတွေ ရှိနေတာကြောင့် ဒေသခံတချို့ ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့လည်း ရသေ့တောင်မြို့က စစ်ရှောင် ဒုက္ခသည်တွေအရေး ကူညီပေးနေတဲ့ ကိုဘက္ကာက ပြောပါတယ်။
"အသစ်ရောက်လာတဲ့ စစ်ရှောင်တွေကတော့ဗျာ။ ရေဇိုးချောင်းကျေးရွာက ၁၀၀ ကျော်လောက်တော့ ရှိတယ်။ ငစံဘော် ကျေးရွာကတော့ မရောက်လာသေးဘူး။ သူတို့က နီးစပ်တဲ့ကျေးရွာတွေကို ထွက်ပြေး နေကြတာ။ ကျနော်တို့လည်း လမ်းကြောင်းမကောင်းတော့ စားနပ်ရိက္ခာတွေ သွားပို့ဖို့ အခက်အခဲဖြစ်နေတယ်။ မေယုမြစ်မှာရှိတဲ့ မြန်မာ့တပ်မတော်ရေတပ်က အမြဲတမ်းပစ်ခတ်နေတော့ သွားပြီးတော့ ကူညီ ထောက်ပံ့ပေးဖို့ အခက်အခဲဖြစ်နေတယ်ဗျာ။"
ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်မြို့နယ်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံတွေ ထိခိုက်သေကျေမှုတွေ ရှိခဲ့တယ်လို့လည်း ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးထွန်းဝင်းက ပြောပါတယ်။
"တပ်မတော်စစ်ကြောင်း တစ်ခုက ရွာထဲကနေ လမ်းမဘက်ကို တက်လာတာပေါ့နော်။ အဲဒီမှာ ကောက်စိုက်နေတဲ့ အမျိုးသမီးတစ်စုက ကြောက်လန့်ပြီးတော့ ရွာထဲကို ဝင်လာကြတဲ့အချိန် လက်နက်ကြီးကျည် ထိပြီးတော့ ၄ ယောက်လောက် ဒဏ်ရာရတယ်ဆိုပြီးတော့ ကျနော်တို့ကို ဆက်သွယ်လာတယ်။ တစ်ယောက်ကတော့ ဆေးရုံမှာ သေသွားတယ်လို့ကြားတယ်။ နှစ်ယောက်ပေါ့နော်၊ အပေါက်ဝက တစ်ယောက်ရယ်၊ ကျောက်တော် ချင်းရွာရပ်ကွက်က အသက် သုံးဆယ်အရွယ် မောင်နိုင်ဝင်းဆိုတဲ့ တစ်ယောက်ရယ်။"
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဒဏ် အဓိကခံနေရတဲ့ ရခိုင်ပြည်နယ်မှာ စစ်ရေးတင်းမာမှုတွေကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးတဲ့အထိ အန္တရာယ်ကျရောက်နေတဲ့အတွက် တိုက်ပွဲတွေ အမြန်ဆုံးရပ်ဖို့ လိုအပ်နေပြီလို့လည်း ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စောဝေက တိုက်တွန်းပါတယ်။
"ရခိုင်မြောက်ပိုင်း တိုက်ပွဲဖြစ်နေတဲ့နေရာတွေက တော်တော်စိန်ခေါ်မှု များတာပေါ့နော်။ ကိုယ့်အိမ်မှာ ကိုယ်နေ ရင်း အိမ်ပေါ်ကို လက်နက်ကြီး ကျည်ကျလာတာကို ရင်ဆိုင်နေရတယ်။ အခုက COVID-19 ရောဂါလည်း ကိုယ့်ရဲ့ကျေးရွာမှာ ဘယ်နေ့ရောက်လာမလဲ စစ်ရှောင်စခန်းတွေမှာ ဘယ်နေ့များ ရောက်လာမလဲဆိုပြီးတော့ စိုးရိမ်နေကြရပါတယ်။ အခုလို COVID-19 ဖြစ်နေတဲ့ ကာလမှာတော့ တိုက်ပွဲတွေကို ရပ်တန့်ထားဖို့ တိုက်တွန်းထား တာလည်း ရှိပါတယ်။ အခုလည်း တောင်းဆိုပါတယ်။"
လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ရှောင်ဦးရေ ၂၀၀,၀၀၀ ကျော်လောက် ရှိမယ်လို့ ခန့်မှန်းထားတဲ့ ရခိုင်ပြည်နယ်မှာ မကြာသေးခင် သီတင်းပတ်အနည်းငယ်ကစ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ရုတ်တရက် တိုးလာရာက အသွားအလာ ကန့်သတ်ထိန်းချုပ်ထားပါတယ်။ စစ်တွေမြို့နယ်မှာ ညမထွက်ရအမိန့် အပါအဝင် ပြည်နယ်တခုလုံးမှာလည်း မလိုအပ်ရင် အိမ်ပြန်မထွက်ကြဖို့ ညွှန်ကြားထားပါတယ်။