သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ေတြမွာ COVID-19 လူနာေတြ တိုးလာရင္ ကုသေစာင့္ေရွာက္မႈပံုစံ ေျပာင္းမယ္


ရန္ကုန္ၿမိဳ႕က Quarantine စင္တာတခုမွာ ကို႐ိုနာဗုိင္းရပ္စ္ စမ္းသပ္စစ္ေဆးဖို႔ ျပင္ဆင္ေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ား။ (ေမ ၁၆၊ ၂၀၂၀)

(Zawgyi / Unicode)

ရခိုင္ျပည္နယ္ စစ္ေတြမွာ COVID-19 ကူးစက္ခံရသူေတြအတြက္ ေနာက္ထပ္ ျပင္ဆင္ထားတဲ့ ကုတင္ေနရာ ၁၁၀ က်န္ရွိေနၿပီး ဒီထက္မ်ားလာရင္ေတာ့ စစ္ေတြတကၠသုိလ္မွာ တိုးခ်ဲ႕ဖို႔၊ ေနာက္ဆံုးအဆင့္အေနနဲ႔ အိမ္မွာပဲထားၿပီး ကုသမႈ ေပးဖို႔အထိ စဥ္းစားသံုးသပ္ေနရတဲ့အေၾကာင္း မသိဂႌထုိက္ စုစည္းတင္ျပေပးထားပါတယ္။

ျမန္မာႏုိင္ငံတြင္း COVID-19 ကူးစက္မႈ အမ်ားဆံုးျဖစ္တဲ့ စစ္ေတြက ကုတင္ ၅၀၀ ဆန႔္ ေဆး႐ုံႀကီးမွာ တနဂၤေႏြေန႔အထိ COVID-19 ကူးစက္ခံရသူ လူပုဂၢိဳလ္ ၁၈၁ ဦးကို ကုသေစာင့္ေရွာက္မႈ ေပးေနပါတယ္။ ေနာက္ထပ္ COVID-19 ကူးစက္ခံရသူေတြအတြက္ ကုတင္ေနရာ ၁၁၀ ထပ္ၿပီး ျပင္ဆင္ထားတယ္လို႔ စစ္ေတြ ေဆး႐ုံအုပ္ႀကီး ေဒါက္တာ ေဇာ္လြင္က ဗီြအိုေအကို ေျပာပါတယ္။

“ပထမက ၁၀၀၊ ေနာက္ ၁၀၀ ေပါ့၊ အဲဒါေၾကာင့္ စစ္ေတြေဆး႐ုံမွာ ၂၀၀ ေပါ့။ သူနာျပဳသင္တန္းေက်ာင္းက ၄၀ ဆိုေတာ့ ၂၄၀ ေပါ့။ အဲဒီ ၂၄၀ မွာ က်ေနာ္တို႔ ညေနကထြက္တဲ့ ၈ ေယာက္နဲ႔ ေပါင္းရင္ ၁၈၀ စာေပါ့ေနာ္။ အဲေတာ့ က်ေနာ္တို႔ေဆး႐ုံမွာ ေနာက္ထပ္ ၆၀ စာ ရွိေသးတယ္ေပါ့။ အကယ္၍မ်ား ဒီထက္ပိုမ်ားရင္ေတာ့ တိုင္းရင္းေဆး႐ုံမွာ ေနာက္ထပ္ ၅၀ စာ ရွိပါတယ္။ အဲေတာ့ က်ေနာ္တို႔ ကုတင္လြတ္ အခန္းလြတ္က ေနာက္ထပ္ ၁၁၀ ခန္႔ ရွိပါတယ္ဗ်။”

ဒီအေရအတြက္ထက္ ထပ္ၿပီး လိုအပ္လာရင္ေတာ့ စစ္ေတြတကၠသိုလ္ကို အသံုးျပဳဖို႔ ေဆြးေႏြးညႇိႏႈိင္းမႈေတြ ရွိထားၿပီး ေဆး႐ုံမွာ လက္ရွိ တက္ေရာက္ကုသသူေတြထဲက ေရာဂါသက္သာသူေတြကို သီးျခားခြဲၿပီး ေနရာေျပာင္းေရႊ႕ထားဖို႔လည္း စီစဥ္ထားပါတယ္။ တကယ္လို႔ လိုအပ္လာခဲ့ရင္ေတာ့ အိမ္မွာပဲ ကုသမႈေပးဖို႔ထိ ေဆြးေႏြးထားပါတယ္။

“Positive ေတြ႔တဲ႔လူကို အိမ္မွာပဲထားၿပီး ေရာဂါျဖစ္လာတယ္ဆိုရင္ ေဆး႐ုံကို Contact လုပ္ၿပီး ဖုန္းနဲ႔ေသာ္လည္းေကာင္း၊ ေဆး႐ုံ အေရးေပၚကားနဲ႔ သြားႀကိဳတာေသာ္လည္းေကာင္းေပါ့၊ အဲလိုမ်ိဳးကေတာ့ က်ေနာ္တို႔ ျပည္ေထာင္စုအဆင့္နဲ႔ ျပည္နယ္အဆင့္ လူႀကီးမင္းမ်ားကလည္း အဲဒီဟာကိုပဲ အထူးဂ႐ုစိုက္ၿပီးေတာ့ ဒါ ေဆြးေႏြးေနၾကတယ္ဆိုတာ ရွိပါတယ္။ အဲလိုမ်ိဳး ေနာက္ပိုင္း တကယ္မ်ားလာမယ္ဆို ဒါမ်ိဳးျဖစ္ႏုိင္တယ္လို႔လည္း ဒါ ေျပာလို႔ရတဲ့ အေနအထားတခု ရွိတယ္ေပါ့ေနာ္။”

လတ္တေလာ အေျခအေနမွာေတာ့ COVID-19 ကူးစက္ခံရသူ ပုဂၢိဳလ္ေတြကို အိမ္မွာထားၿပီး ကုသမႈေပးရမယ့္ အေျခအေန မရွိေသးေၾကာင္းနဲ႔ ေဆး႐ုံမွာ ၾကပ္မတ္ ကုသမႈေပးတာက ေရာဂါ ျပန္႔ပြားကူးစက္မႈကိုပါ ထိန္းခ်ဳပ္ဖို႔ ရည္ရြယ္ ေဆာင္ရြက္တာလို႔ စစ္ေတြေဆး႐ုံအုပ္ႀကီးက ေျပာပါတယ္။

အခု ရခုိင္က COVID-19 ကူးစက္မႈက ျပန္႔ပြားမႈႏႈန္းမ်ားၿပီး ေရာဂါျပင္းထန္မႈ နည္းတယ္ဆိုၿပီး ေျပာဆိုေနၾကတဲ့ အေပၚမွာလည္း စစ္ေတြေဆး႐ုံအုပ္ႀကီး ေဒါက္တာ ေဇာ္လြင္က သတိေပးပါတယ္။

“ကူးစက္မႈ မရွိေအာင္ေတာ့ ထိန္းခ်ဳပ္ရမယ္။ ကူးစက္မႈ မရွိေအာင္ေတာ့ ေနရမွာ ျဖစ္ပါတယ္။ ေနာက္တခု ေျပာခ်င္တာက က်ေနာ္တို႔ ေဆး႐ုံကိုတက္တဲ့ လူနာေတြရဲ႕ အေနအထားဟာဆိုရင္ အခုလက္ရွိ ၂ ပတ္ေလာက္ပဲ ရွိတဲ့အခ်ိန္မွာ ဒီလိုျဖစ္ေပမယ့္ ေနာက္ထပ္တပတ္ တတိယပတ္လိုမွာ ေရာဂါရဲ႕ ေျပာင္းလဲမႈက ဘယ္လိုျဖစ္မလဲဆိုတာ က်ေနာ္တို႔က အတိအက် မေျပာႏုိင္ဘူး။”

စစ္ေတြေဆး႐ုံႀကီးမွာေတာ့ COVID-19 လူနာေတြနဲ႔ COVID-19 လူနာမဟုတ္သူေတြကို ေဆး႐ုံမွာ သီးျခား အေဆာင္ေတြခြဲထားၿပီး ေဆး႐ုံပစၥည္း အသံုးအေဆာင္ေတြ၊ ေဆး႐ုံ၀န္ထမ္းေတြလည္း ခြဲျခားထားပါတယ္။ ကုသေရးပိုင္းအတြက္ ေနာက္ထပ္ ေရာက္လာမယ့္ အကူအညီေတြလည္း ရွိတဲ့အတြက္ လံုေလာက္မႈရွိတဲ့ အေနအထားပါလို႔လည္း ေဆး႐ုံအုပ္ႀကီး ေဒါက္တာ ေဇာ္လြင္က ေျပာပါတယ္။

ျမန္မာႏုိင္ငံမွာ အခုအခ်ိန္ထိ COVID-19 ကူးစက္ခံရမႈ ရွိမရွိ က်ယ္က်ယ္ျပန္႔ျပန္႔ မစစ္ေဆးႏုိင္ေသးပါဘူး။ ဗိုင္းရပ္စ္ ကူးစက္ခံရသူေတြနဲ႔ ထိေတြ႔ဆက္စပ္မႈ ရွိသူေတြကိုသာ သီးသန္႔ခြဲထုတ္ စစ္ေဆးေနတာ ျဖစ္ပါတယ္။ လက္ရွိအခ်ိန္ထိ COVID-19 စစ္ေဆးထားသူ တနဂၤေႏြေန႔အထိ ၁၅၇,၈၄၃ ဦးရွိၿပီး ပိုးကူးစက္ခံရသူ ၇၇၅ ဦး ရွိေနတာပါ။ ေစာင့္ၾကည့္ေနသူက ၇,၆၂၄ ဦး ရွိေနပါတယ္။ လက္ရွိအခ်ိန္ထိ COVID-19 ေၾကာင့္ ေသဆံုးသူ ၆ ဦးရွိေၾကာင္း အစိုးရက ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------------

(Unicode)

စစ်တွေမှာ COVID-19 လူနာတွေ တိုးလာရင် ကုသစောင့်ရှောက်မှုပုံစံ ပြောင်းမယ်

ရခိုင်ပြည်နယ် စစ်တွေမှာ COVID-19 ကူးစက်ခံရသူတွေအတွက် နောက်ထပ် ပြင်ဆင်ထားတဲ့ ကုတင်နေရာ ၁၁၀ ကျန်ရှိနေပြီး ဒီထက်များလာရင်တော့ စစ်တွေတက္ကသိုလ်မှာ တိုးချဲ့ဖို့၊ နောက်ဆုံးအဆင့်အနေနဲ့ အိမ်မှာပဲထားပြီး ကုသမှု ပေးဖို့အထိ စဉ်းစားသုံးသပ်နေရတဲ့အကြောင်း မသိင်္ဂီထိုက် စုစည်းတင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံတွင်း COVID-19 ကူးစက်မှု အများဆုံးဖြစ်တဲ့ စစ်တွေက ကုတင် ၅၀၀ ဆန့် ဆေးရုံကြီးမှာ တနင်္ဂနွေနေ့အထိ COVID-19 ကူးစက်ခံရသူ လူပုဂ္ဂိုလ် ၁၈၁ ဦးကို ကုသစောင့်ရှောက်မှု ပေးနေပါတယ်။ နောက်ထပ် COVID-19 ကူးစက်ခံရသူတွေအတွက် ကုတင်နေရာ ၁၁၀ ထပ်ပြီး ပြင်ဆင်ထားတယ်လို့ စစ်တွေ ဆေးရုံအုပ်ကြီး ဒေါက်တာ ဇော်လွင်က ဗွီအိုအေကို ပြောပါတယ်။

“ပထမက ၁၀၀၊ နောက် ၁၀၀ ပေါ့၊ အဲဒါကြောင့် စစ်တွေဆေးရုံမှာ ၂၀၀ ပေါ့။ သူနာပြုသင်တန်းကျောင်းက ၄၀ ဆိုတော့ ၂၄၀ ပေါ့။ အဲဒီ ၂၄၀ မှာ ကျနော်တို့ ညနေကထွက်တဲ့ ၈ ယောက်နဲ့ ပေါင်းရင် ၁၈၀ စာပေါ့နော်။ အဲတော့ ကျနော်တို့ဆေးရုံမှာ နောက်ထပ် ၆၀ စာ ရှိသေးတယ်ပေါ့။ အကယ်၍များ ဒီထက်ပိုများရင်တော့ တိုင်းရင်းဆေးရုံမှာ နောက်ထပ် ၅၀ စာ ရှိပါတယ်။ အဲတော့ ကျနော်တို့ ကုတင်လွတ် အခန်းလွတ်က နောက်ထပ် ၁၁၀ ခန့် ရှိပါတယ်ဗျ။”

ဒီအရေအတွက်ထက် ထပ်ပြီး လိုအပ်လာရင်တော့ စစ်တွေတက္ကသိုလ်ကို အသုံးပြုဖို့ ဆွေးနွေးညှိနှိုင်းမှုတွေ ရှိထားပြီး ဆေးရုံမှာ လက်ရှိ တက်ရောက်ကုသသူတွေထဲက ရောဂါသက်သာသူတွေကို သီးခြားခွဲပြီး နေရာပြောင်းရွှေ့ထားဖို့လည်း စီစဉ်ထားပါတယ်။ တကယ်လို့ လိုအပ်လာခဲ့ရင်တော့ အိမ်မှာပဲ ကုသမှုပေးဖို့ထိ ဆွေးနွေးထားပါတယ်။

“Positive တွေ့တဲ့လူကို အိမ်မှာပဲထားပြီး ရောဂါဖြစ်လာတယ်ဆိုရင် ဆေးရုံကို Contact လုပ်ပြီး ဖုန်းနဲ့သော်လည်းကောင်း၊ ဆေးရုံ အရေးပေါ်ကားနဲ့ သွားကြိုတာသော်လည်းကောင်းပေါ့၊ အဲလိုမျိုးကတော့ ကျနော်တို့ ပြည်ထောင်စုအဆင့်နဲ့ ပြည်နယ်အဆင့် လူကြီးမင်းများကလည်း အဲဒီဟာကိုပဲ အထူးဂရုစိုက်ပြီးတော့ ဒါ ဆွေးနွေးနေကြတယ်ဆိုတာ ရှိပါတယ်။ အဲလိုမျိုး နောက်ပိုင်း တကယ်များလာမယ်ဆို ဒါမျိုးဖြစ်နိုင်တယ်လို့လည်း ဒါ ပြောလို့ရတဲ့ အနေအထားတခု ရှိတယ်ပေါ့နော်။”

လတ်တလော အခြေအနေမှာတော့ COVID-19 ကူးစက်ခံရသူ ပုဂ္ဂိုလ်တွေကို အိမ်မှာထားပြီး ကုသမှုပေးရမယ့် အခြေအနေ မရှိသေးကြောင်းနဲ့ ဆေးရုံမှာ ကြပ်မတ် ကုသမှုပေးတာက ရောဂါ ပြန့်ပွားကူးစက်မှုကိုပါ ထိန်းချုပ်ဖို့ ရည်ရွယ် ဆောင်ရွက်တာလို့ စစ်တွေဆေးရုံအုပ်ကြီးက ပြောပါတယ်။

အခု ရခိုင်က COVID-19 ကူးစက်မှုက ပြန့်ပွားမှုနှုန်းများပြီး ရောဂါပြင်းထန်မှု နည်းတယ်ဆိုပြီး ပြောဆိုနေကြတဲ့ အပေါ်မှာလည်း စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာ ဇော်လွင်က သတိပေးပါတယ်။

“ကူးစက်မှု မရှိအောင်တော့ ထိန်းချုပ်ရမယ်။ ကူးစက်မှု မရှိအောင်တော့ နေရမှာ ဖြစ်ပါတယ်။ နောက်တခု ပြောချင်တာက ကျနော်တို့ ဆေးရုံကိုတက်တဲ့ လူနာတွေရဲ့ အနေအထားဟာဆိုရင် အခုလက်ရှိ ၂ ပတ်လောက်ပဲ ရှိတဲ့အချိန်မှာ ဒီလိုဖြစ်ပေမယ့် နောက်ထပ်တပတ် တတိယပတ်လိုမှာ ရောဂါရဲ့ ပြောင်းလဲမှုက ဘယ်လိုဖြစ်မလဲဆိုတာ ကျနော်တို့က အတိအကျ မပြောနိုင်ဘူး။”

စစ်တွေဆေးရုံကြီးမှာတော့ COVID-19 လူနာတွေနဲ့ COVID-19 လူနာမဟုတ်သူတွေကို ဆေးရုံမှာ သီးခြား အဆောင်တွေခွဲထားပြီး ဆေးရုံပစ္စည်း အသုံးအဆောင်တွေ၊ ဆေးရုံဝန်ထမ်းတွေလည်း ခွဲခြားထားပါတယ်။ ကုသရေးပိုင်းအတွက် နောက်ထပ် ရောက်လာမယ့် အကူအညီတွေလည်း ရှိတဲ့အတွက် လုံလောက်မှုရှိတဲ့ အနေအထားပါလို့လည်း ဆေးရုံအုပ်ကြီး ဒေါက်တာ ဇော်လွင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ အခုအချိန်ထိ COVID-19 ကူးစက်ခံရမှု ရှိမရှိ ကျယ်ကျယ်ပြန့်ပြန့် မစစ်ဆေးနိုင်သေးပါဘူး။ ဗိုင်းရပ်စ် ကူးစက်ခံရသူတွေနဲ့ ထိတွေ့ဆက်စပ်မှု ရှိသူတွေကိုသာ သီးသန့်ခွဲထုတ် စစ်ဆေးနေတာ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ COVID-19 စစ်ဆေးထားသူ တနင်္ဂနွေနေ့အထိ ၁၅၇,၈၄၃ ဦးရှိပြီး ပိုးကူးစက်ခံရသူ ၇၇၅ ဦး ရှိနေတာပါ။ စောင့်ကြည့်နေသူက ၇,၆၂၄ ဦး ရှိနေပါတယ်။ လက်ရှိအချိန်ထိ COVID-19 ကြောင့် သေဆုံးသူ ၆ ဦးရှိကြောင်း အစိုးရက ထုတ်ပြန်ထားပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG