သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္ျပည္တြင္း ေနာက္ထပ္ ကိုဗစ္ကူးစက္ၿမိဳ႕နယ္ေတြ ပုဒ္မ ၁၄၄ ထုတ္ဖြယ္ရွိ


စစ္ေတြၿမိဳ႕တြင္ ရဲလံုျခံဳေရးခ်ထားၿပီး ႏွာေခါင္းစည္းတပ္ သြားလာေနၾကသည့္ ျမင္ကြင္းတခု။ (၂၆ ၾသဂုတ္ ၂၀၂၀)

[Zawgyi/Unicode]

ကိုဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ တိုးလာေနတဲ့အတြက္ ရခိုင္ျပည္နယ္တခုလုံး တတ္ႏိုင္သမွ် အိမ္ျပင္မထြက္ၾကဖို႔ ၫႊန္ၾကားလိုက္သလို ညမထြက္ရအမိန႔္ကိုပါ ဆက္လက္ထုတ္ျပန္ဖို႔ ျပင္ဆင္ေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဒီသတင္းကို ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္စုစုက တင္ဆက္ေပးပါမယ္။

ကပ္ေရာဂါကူးစက္ပ်ံ႕ႏွံ႔တာကို ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ ရခိုင္ျပည္နယ္တခုလုံးမွာ ဒီကေန႔ကစၿပီး အိမ္မွာသာ ေနထိုင္ဖို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။ ကပ္ေရာဂါအႏၲရာယ္ ႀကိဳတင္ကာကြယ္တဲ့ အေနနဲ႔ ညမထြက္ရအမိန႔္ ထပ္မံထုတ္ျပန္သြားဖို႔ စီစဥ္ေနတဲ့အေၾကာင္း ရခိုင္ျပည္နယ္ ကိုဗစ္ထိန္းခ်ဳပ္ေရးနဲ႔ အေရးေပၚတံု႔ျပန္ေရး ေကာ္မတီဥကၠ႒ ဗိုလ္မႉးႀကီးမင္းသန္းက ေျပာပါတယ္။

“သက္ဆိုင္ရာၿမိဳ႕နယ္အလိုက္ Home Stay။ ၿပီးရင္ တခ်ိဳ႕ပိုးေတြ႕ထားတဲ့ၿမိဳ႕နယ္ေတြက်ေတာ့ ၁၄၄ ထုတ္ဖို႔ျပင္ရမယ္။ ၿပီးရင္ လူေတြကိုအသိပညာေပး ကန႔္သတ္ထိန္းခ်ဳပ္တာေတြ လုပ္ရမွာေပါ့။ ၁၄၄ ထုတ္ဖို႔က ဗဟိုကိုတင္ျပရမွာေပါ့။”

တေက်ာ့ျပန္ျပည္တြင္းကူးစက္မႈ စတင္ခဲ့တဲ့ စစ္ေတြၿမိဳ႕နယ္မွာေတာ့ ညမထြက္ရအမိန႔္ကို ၿပီးခဲ့တဲ့ ေသာၾကာေန႔ကစၿပီး ထုတ္ျပန္ထားပါတယ္။

မေန႔တုန္းက က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာေတာ့ လိုအပ္ခ်က္အရ တာဝန္ထမ္းေဆာင္ေနသူေတြက လြဲလို႔ အိမ္ျပင္မထြက္ဖို႔နဲ႔ ေဈးဝယ္တဲ့ အခါမ်ိဳးမွာလည္း တအိမ္ေထာင္တေယာက္သာ ထြက္ဖို႔ အျပင္ထြက္တဲ့ အခါမွာလည္း ႏွာေခါင္းစည္းတပ္ဆင္ထားဖို႔ အပါအဝင္ ႀကိဳတင္ကာကြယ္ေရး အစီအမံေတြကို လိုက္နာဖို႔ ၫႊန္ၾကားထားပါတယ္။

လိုက္နာဖို႔ ပ်က္ကြက္ခဲ့မယ္ဆိုရင္ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒနဲ႔ အေရးယူမွာျဖစ္ေၾကာင္းလည္း ကပ္ေရာဂါကာကြယ္ထိန္းခ်ဳပ္ ကုသေရး အမ်ိဳးသားအဆင့္ဗဟိုေကာ္မတီက သတိေပးထားပါတယ္။ ရခိုင္ျပည္နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာန လက္ေထာက္ၫႊန္ၾကားေရးမႉး ေဒါက္တာစိုးဝင္းပိုင္ကေတာ့ ၫႊန္ၾကားခ်က္ေတြကို လိုက္နာမႈ အားနည္းေနတယ္လို႔ ေျပာပါတယ္။

“အခု Stay at Home လို႔ေျပာတယ္၊ အိမ္မွာေနၾကပါ။ ဒါေပမဲ့ ဆရာအခု႐ုံးလာတဲ့ လမ္းေတာက္ေလွ်ာက္မွာ အျပင္မွာေတြ႕ေနေသးတယ္။ ဒါက စားမႈေနမႈအတြက္ အျပင္ထြက္ရတယ္ထားပါဦး။ ထြက္ရင္လည္း လူစုလူေဝးမျဖစ္ေစပါနဲ႔။ ၿပီးရင္တေယာက္နဲ႔တေယာက္ လိုအပ္လို႔ဆက္ဆံရတဲ့အခ်ိန္မွာ ၆ေပအကြာကေန ေျပာဆိုဆက္ဆံဖို႔ေပါ့ေနာ္။ အျပင္ထြက္လို႔ရွိရင္ Mask တပ္ဖို႔ေနာ္။ ၿပီးရင္ လက္ကိုဆပ္ျပာနဲ႔ ခဏခဏစင္ၾကယ္ေအာင္ ေဆးပါ။ Stay at Home ကာလမွာ အိမ္မွာေကာင္းေကာင္း နားေနဖို႔လိုတယ္။”

ရခိုင္ျပည္နယ္မွာ ေရာဂါကူးစက္မႈေတြ ႐ုတ္တရက္ တိုးလာတာေၾကာင့္ စိုးရိမ္မႈေတြလည္း ႀကီးထြားလာေနပါတယ္။ စိုးရိမ္မႈေတြနဲ႔အတူ ကပ္ေရာဂါနဲ႔ ပတ္သက္တဲ့ သတင္းအခ်က္အလက္ေတြကို သိရွိလိုေပမဲ့လည္း အင္တာနက္ဆက္သြယ္မႈေတြ အျပည့္အဝမရေသးတာေၾကာင့္ အခက္အခဲ ရွိေနတယ္လို႔လည္း ဘူးသီးေတာင္ၿမိဳ႕နယ္ လမ္းမဒုကၡသည္စခန္းက ဦးေက်ာ္ဝင္းက ေျပာပါတယ္။

“က်ေနာ္တို႔က အခုခ်ိန္မွာ စားေရးေသာက္ေရးက အဆင္မေျပျဖစ္ေနပါတယ္။ ေဈးအသြားအလာေရာ အားလုံး Camp ေတြပါ ပိတ္ထားတယ္ဆိုၿပီးေတာ့ သူတို႔ကလည္း အသြားအလာခက္ခဲေနရတာေပါ့။ အျပင္ထြက္ရင္လည္း Mask တပ္ၿပီးထြက္ရတယ္။ ျပန္လာရင္လည္း လက္ေဆးရတယ္၊ အဝင္ အထြက္ လက္ေဆးရတယ္။ အဲဒါေၾကာင့္ ကိုယ္သြားခ်င္ရာကို မသြားရ၊ လုပ္ခ်င္ရာကို မလုပ္ရပဲနဲ႔ အခက္အခဲေတြပိုျဖစ္ေနပါတယ္။ က်ေနာ္တို႔ဆီ အင္တာနက္လိုင္းမရဆိုေတာ့ အခက္အခဲျဖစ္ေနတာေပါ့။”

ရခိုင္ျပည္နယ္ကို မၾကာေသးခင္က သြားခဲ့တဲ့သူ တခ်ိဳ႕မွာ ေရာဂါပိုးရွိေနတာ စစ္ေဆးေတြ႕ရွိခဲ့တဲ့ေနာက္ ေရာဂါကူးစက္မႈျဖစ္ေနတဲ့ ၿမိဳ႕နယ္ေတြကို သြားဖူးတဲ့သူေတြ သက္ဆိုင္ရာ က်န္းမာေရးဌာနေတြနဲ႔ အာဏာပိုင္ေတြကို အေၾကာင္းၾကားဖို႔လည္း က်န္းမာေရးဝန္ႀကီးဌာနက ႏႈိးေဆာ္ထားပါတယ္။

ရခိုင္ျပည္နယ္မွာ ေရာဂါကူးစက္မႈေတြ တိုးလာတဲ့ အေျခအေနနဲ႔ ပတ္သက္လို႔ COVID-19 ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီဥကၠ႒ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ဒီသီတင္းပတ္ အေစာပိုင္းက မိန႔္ခြန္းေျပာရာမွာေတာ့ စိုးရိမ္မႈေတြ မလြန္ကဲၾကဖို႔နဲ႔ သႏၷိ႒ာန္ ခိုင္ခိုင္မာမာနဲ႔တုံ႔ျပန္ၾကဖို႔ တိုက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရခိုင်ပြည်တွင်း နောက်ထပ် ကိုဗစ်ကူးစက်မြို့နယ်တွေ ပုဒ်မ ၁၄၄ ထုတ်ဖွယ်ရှိ

ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေတဲ့အတွက် ရခိုင်ပြည်နယ်တခုလုံး တတ်နိုင်သမျှ အိမ်ပြင်မထွက်ကြဖို့ ညွှန်ကြားလိုက်သလို ညမထွက်ရအမိန့်ကိုပါ ဆက်လက်ထုတ်ပြန်ဖို့ ပြင်ဆင်နေတဲ့အကြောင်း ပြောပြပါမယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက တင်ဆက်ပေးပါမယ်။

ကပ်ရောဂါကူးစက်ပျံ့နှံ့တာကို ထိန်းချုပ်နိုင်ဖို့အတွက် ရခိုင်ပြည်နယ်တခုလုံးမှာ ဒီကနေ့ကစပြီး အိမ်မှာသာ နေထိုင်ဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကပ်ရောဂါအန္တရာယ် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ညမထွက်ရအမိန့် ထပ်မံထုတ်ပြန်သွားဖို့ စီစဉ်နေတဲ့အကြောင်း ရခိုင်ပြည်နယ် ကိုဗစ်ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဗိုလ်မှူးကြီးမင်းသန်းက ပြောပါတယ်။

“သက်ဆိုင်ရာမြို့နယ်အလိုက် Home Stay။ ပြီးရင် တချို့ပိုးတွေ့ထားတဲ့မြို့နယ်တွေကျတော့ ၁၄၄ ထုတ်ဖို့ပြင်ရမယ်။ ပြီးရင် လူတွေကိုအသိပညာပေး ကန့်သတ်ထိန်းချုပ်တာတွေ လုပ်ရမှာပေါ့။ ၁၄၄ ထုတ်ဖို့က ဗဟိုကိုတင်ပြရမှာပေါ့။”

တကျော့ပြန်ပြည်တွင်းကူးစက်မှု စတင်ခဲ့တဲ့ စစ်တွေမြို့နယ်မှာတော့ ညမထွက်ရအမိန့်ကို ပြီးခဲ့တဲ့ သောကြာနေ့ကစပြီး ထုတ်ပြန်ထားပါတယ်။

မနေ့တုန်းက ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ လိုအပ်ချက်အရ တာဝန်ထမ်းဆောင်နေသူတွေက လွဲလို့ အိမ်ပြင်မထွက်ဖို့နဲ့ ဈေးဝယ်တဲ့ အခါမျိုးမှာလည်း တအိမ်ထောင်တယောက်သာ ထွက်ဖို့ အပြင်ထွက်တဲ့ အခါမှာလည်း နှာခေါင်းစည်းတပ်ဆင်ထားဖို့ အပါအဝင် ကြိုတင်ကာကွယ်ရေး အစီအမံတွေကို လိုက်နာဖို့ ညွှန်ကြားထားပါတယ်။

လိုက်နာဖို့ ပျက်ကွက်ခဲ့မယ်ဆိုရင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနဲ့ အရေးယူမှာဖြစ်ကြောင်းလည်း ကပ်ရောဂါကာကွယ်ထိန်းချုပ် ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီက သတိပေးထားပါတယ်။ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်ကတော့ ညွှန်ကြားချက်တွေကို လိုက်နာမှု အားနည်းနေတယ်လို့ ပြောပါတယ်။

“အခု Stay at Home လို့ပြောတယ်၊ အိမ်မှာနေကြပါ။ ဒါပေမဲ့ ဆရာအခုရုံးလာတဲ့ လမ်းတောက်လျှောက်မှာ အပြင်မှာတွေ့နေသေးတယ်။ ဒါက စားမှုနေမှုအတွက် အပြင်ထွက်ရတယ်ထားပါဦး။ ထွက်ရင်လည်း လူစုလူဝေးမဖြစ်စေပါနဲ့။ ပြီးရင်တယောက်နဲ့တယောက် လိုအပ်လို့ဆက်ဆံရတဲ့အချိန်မှာ ၆ပေအကွာကနေ ပြောဆိုဆက်ဆံဖို့ပေါ့နော်။ အပြင်ထွက်လို့ရှိရင် Mask တပ်ဖို့နော်။ ပြီးရင် လက်ကိုဆပ်ပြာနဲ့ ခဏခဏစင်ကြယ်အောင် ဆေးပါ။ Stay at Home ကာလမှာ အိမ်မှာကောင်းကောင်း နားနေဖို့လိုတယ်။”

ရခိုင်ပြည်နယ်မှာ ရောဂါကူးစက်မှုတွေ ရုတ်တရက် တိုးလာတာကြောင့် စိုးရိမ်မှုတွေလည်း ကြီးထွားလာနေပါတယ်။ စိုးရိမ်မှုတွေနဲ့အတူ ကပ်ရောဂါနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို သိရှိလိုပေမဲ့လည်း အင်တာနက်ဆက်သွယ်မှုတွေ အပြည့်အဝမရသေးတာကြောင့် အခက်အခဲ ရှိနေတယ်လို့လည်း ဘူးသီးတောင်မြို့နယ် လမ်းမဒုက္ခသည်စခန်းက ဦးကျော်ဝင်းက ပြောပါတယ်။

“ကျနော်တို့က အခုချိန်မှာ စားရေးသောက်ရေးက အဆင်မပြေဖြစ်နေပါတယ်။ ဈေးအသွားအလာရော အားလုံး Camp တွေပါ ပိတ်ထားတယ်ဆိုပြီးတော့ သူတို့ကလည်း အသွားအလာခက်ခဲနေရတာပေါ့။ အပြင်ထွက်ရင်လည်း Mask တပ်ပြီးထွက်ရတယ်။ ပြန်လာရင်လည်း လက်ဆေးရတယ်၊ အဝင် အထွက် လက်ဆေးရတယ်။ အဲဒါကြောင့် ကိုယ်သွားချင်ရာကို မသွားရ၊ လုပ်ချင်ရာကို မလုပ်ရပဲနဲ့ အခက်အခဲတွေပိုဖြစ်နေပါတယ်။ ကျနော်တို့ဆီ အင်တာနက်လိုင်းမရဆိုတော့ အခက်အခဲဖြစ်နေတာပေါ့။”

ရခိုင်ပြည်နယ်ကို မကြာသေးခင်က သွားခဲ့တဲ့သူ တချို့မှာ ရောဂါပိုးရှိနေတာ စစ်ဆေးတွေ့ရှိခဲ့တဲ့နောက် ရောဂါကူးစက်မှုဖြစ်နေတဲ့ မြို့နယ်တွေကို သွားဖူးတဲ့သူတွေ သက်ဆိုင်ရာ ကျန်းမာရေးဌာနတွေနဲ့ အာဏာပိုင်တွေကို အကြောင်းကြားဖို့လည်း ကျန်းမာရေးဝန်ကြီးဌာနက နှိုးဆော်ထားပါတယ်။

ရခိုင်ပြည်နယ်မှာ ရောဂါကူးစက်မှုတွေ တိုးလာတဲ့ အခြေအနေနဲ့ ပတ်သက်လို့ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဒီသီတင်းပတ် အစောပိုင်းက မိန့်ခွန်းပြောရာမှာတော့ စိုးရိမ်မှုတွေ မလွန်ကဲကြဖို့နဲ့ သန္နိဋ္ဌာန် ခိုင်ခိုင်မာမာနဲ့တုံ့ပြန်ကြဖို့ တိုက်တွန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG