သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္ျပည္နယ္တခုလံုးအတြက္ အိမ္တြင္းေနအမိန္႔ထုတ္


စစ္ေတြၿမိဳ႕တြင္ ရဲလံုျခံဳေရးခ်ထားၿပီး ႏွာေခါင္းစည္းတပ္ သြားလာေနၾကသည့္ ျမင္ကြင္းတခု။ (ၾသဂုတ္ ၂၃၊ ၂၀၂၀)

[Zawgyi/Unicode]

ရခိုင္ျပည္နယ္တခုလံုးက လူထုအေနနဲ႔ ကိုယ့္ေနအိမ္တြင္းမွာပဲ ေနထိုင္ၾကဖို႔ (Stay at home) အမိန္႔တရပ္ကို က်န္းမာေရးဝန္ႀကီး ေဒါက္တာျမင့္ေထြး လက္မွတ္ေရးထိုးၿပီး ဒီကေန႔ညပိုင္းမွာ ထုတ္ျပန္လိုက္ပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းက စစ္ေတြၿမ္ိဳ႕တစိတ္တပိုင္း၊ ေက်ာက္ျဖဴ၊ အမ္း၊ ေတာင္ကုတ္နဲ႔ သံတြဲၿမိဳ႕နယ္ေတြအတြက္ပဲ အိမ္တြင္းေနအမိန္႔ ထုတ္ထားတာကေန အခုလို ျပည္နယ္တခုလံုးအတြက္ အိမ္တြင္းေနအမိန္႔ ေျပာင္းလဲထုတ္ျပန္တာပါ။

အလုပ္တာဝန္အတြက္ အျပင္ထြက္သူေတြက လဲြလို႔ က်န္တဲ့သူေတြအားလံုး အိမ္ထဲမွာပဲေနဖို႔၊ မျဖစ္မေန ေစ်းဝယ္ရမယ္ဆိုရင္ တစ္အိမ္ကို တစ္ဦးပဲသြားဖို႔၊ ေဆး႐ံု ေဆးခန္းသြားရမယ္ဆိုရင္ တစ္အိမ္ကို ႏွစ္ဦးပဲသြားဖို႔၊ ေနအိမ္ကေန အျပင္ထြက္တယ္ဆိုတာနဲ႔ ပါးစပ္နဲ႔ ႏွာေခါင္းစည္း (Mask) တပ္ဖို႔၊ အလုပ္တာဝန္နဲ႔သြားသူေတြကို ႀကိဳပို႔တဲ့ ယာဥ္ေတြနဲ႔ ျဖတ္သန္းခြင့္ျပဳထားတဲ့ ယာဥ္ေတြကိုပဲ ရပ္ကြက္ ေက်ာ္လြန္ၿပီး သြားလာခြင့္ျပဳဖို႔၊ ကားနဲ႔ ေစ်းဝယ္ထြက္တယ္ဆိုရင္ ယာဥ္ေမာင္းအျပင္ ေနာက္တစ္ဦး၊ ေဆး႐ံု ေဆးခန္းသြားတယ္ဆုိရင္လည္း ယာဥ္ေမာင္းအျပင္ ေနာက္ႏွစ္ဦးပဲ ယာဥ္ေပၚမွာလိုက္ပါဖို႔ အမိန္႔ထဲမွာ ေဖာ္ျပထားပါတယ္။

အဲဒီသတ္မွတ္ခ်က္ေတြထက္ ပိုၿပီးေတာ့ သြားလာဖို႔ လိုအပ္လို႔ပဲျဖစ္ျဖစ္၊ တျခား အေရးေပၚကိစၥေတြအတြက္ သြားလာဖို႔ပဲျဖစ္ျဖစ္ သက္ဆိုင္ရာ ရပ္ကြက္အုပ္ခ်ဳပ္ေရးအဖြဲ႔ကို သတင္းပို႔ၿပီး ခြင့္ျပဳခ်က္ရမွ သြားလာရမွာျဖစ္ပါတယ္။

တာဝန္ရွိသူ၊ အလုပ္ကိစၥအတြက္ အသြားအျပန္ လုပ္သူေတြကလဲြၿပီး ရပ္ကြက္ျပင္ပက လူေတြကို ရပ္ကြက္တြင္းဝင္ခြင့္မျပဳဖို႔၊ ရပ္ကြက္ထဲကလူကိုလည္း အျပင္ထြက္ခြင့္မျပဳဖို႔ သက္ဆိုင္ရာ ရပ္ကြက္အုပ္ခ်ဳပ္ေရးအဖြဲ႔ေတြကို ၫႊန္ၾကားထားပါတယ္။

ၾသဂုတ္လ ၂၇ ရက္၊ ၾကာသပေတးေန႔ မနက္ ၈ နာရီကစၿပီး သက္ေရာက္မယ့္ ဒီအမိန္႔ဟာ ဘယ္ေလာက္ၾကာမယ္ဆုိတာကိုေတာ့ ထုတ္ျပန္ခ်က္ထဲမွာ ေျပာမထားပါဘူး။

ရခိုင္ျပည္နယ္တဝန္းမွာ ေဒသတြင္း ကိုဗစ္ေရာဂါပိုး ကူးစက္မႈ ရက္ပိုင္းအတြင္း အေရအတြက္ ရာေက်ာ္တဲ့ထိ ရွိခဲ့ၿပီးတဲ့ေနာက္ က်န္းမာေရးဝန္ႀကီးရဲ႕ အခုအမိန္႔ ထြက္လာတာျဖစ္ပါတယ္။

[Unicode Version]

ရခိုင်ပြည်နယ်တခုလုံးအတွက် အိမ်တွင်းနေအမိန့်ထုတ်

ရခိုင်ပြည်နယ်တခုလုံးက လူထုအနေနဲ့ ကိုယ့်နေအိမ်တွင်းမှာပဲ နေထိုင်ကြဖို့ (Stay at home) အမိန့်တရပ်ကို ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေး လက်မှတ်ရေးထိုးပြီး ဒီကနေ့ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက စစ်တွြေမို့တစိတ်တပိုင်း၊ ကျောက်ဖြူ၊ အမ်း၊ တောင်ကုတ်နဲ့ သံတွဲမြို့နယ်တွေအတွက်ပဲ အိမ်တွင်းနေအမိန့် ထုတ်ထားတာကနေ အခုလို ပြည်နယ်တခုလုံးအတွက် အိမ်တွင်းနေအမိန့် ပြောင်းလဲထုတ်ပြန်တာပါ။

အလုပ်တာဝန်အတွက် အပြင်ထွက်သူတွေက လွဲလို့ ကျန်တဲ့သူတွေအားလုံး အိမ်ထဲမှာပဲနေဖို့၊ မဖြစ်မနေ ဈေးဝယ်ရမယ်ဆိုရင် တစ်အိမ်ကို တစ်ဦးပဲသွားဖို့၊ ဆေးရုံ ဆေးခန်းသွားရမယ်ဆိုရင် တစ်အိမ်ကို နှစ်ဦးပဲသွားဖို့၊ နေအိမ်ကနေ အပြင်ထွက်တယ်ဆိုတာနဲ့ ပါးစပ်နဲ့ နှာခေါင်းစည်း (Mask) တပ်ဖို့၊ အလုပ်တာဝန်နဲ့သွားသူတွေကို ကြိုပို့တဲ့ ယာဉ်တွေနဲ့ ဖြတ်သန်းခွင့်ပြုထားတဲ့ ယာဉ်တွေကိုပဲ ရပ်ကွက် ကျော်လွန်ပြီး သွားလာခွင့်ပြုဖို့၊ ကားနဲ့ ဈေးဝယ်ထွက်တယ်ဆိုရင် ယာဉ်မောင်းအပြင် နောက်တစ်ဦး၊ ဆေးရုံ ဆေးခန်းသွားတယ်ဆိုရင်လည်း ယာဉ်မောင်းအပြင် နောက်နှစ်ဦးပဲ ယာဉ်ပေါ်မှာလိုက်ပါဖို့ အမိန့်ထဲမှာ ဖော်ပြထားပါတယ်။

အဲဒီသတ်မှတ်ချက်တွေထက် ပိုပြီးတော့ သွားလာဖို့ လိုအပ်လို့ပဲဖြစ်ဖြစ်၊ တခြား အရေးပေါ်ကိစ္စတွေအတွက် သွားလာဖို့ပဲဖြစ်ဖြစ် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ကို သတင်းပို့ပြီး ခွင့်ပြုချက်ရမှ သွားလာရမှာဖြစ်ပါတယ်။

တာဝန်ရှိသူ၊ အလုပ်ကိစ္စအတွက် အသွားအပြန် လုပ်သူတွေကလွဲပြီး ရပ်ကွက်ပြင်ပက လူတွေကို ရပ်ကွက်တွင်းဝင်ခွင့်မပြုဖို့၊ ရပ်ကွက်ထဲကလူကိုလည်း အပြင်ထွက်ခွင့်မပြုဖို့ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေကို ညွှန်ကြားထားပါတယ်။

သြဂုတ်လ ၂၇ ရက်၊ ကြာသပတေးနေ့ မနက် ၈ နာရီကစပြီး သက်ရောက်မယ့် ဒီအမိန့်ဟာ ဘယ်လောက်ကြာမယ်ဆိုတာကိုတော့ ထုတ်ပြန်ချက်ထဲမှာ ပြောမထားပါဘူး။

ရခိုင်ပြည်နယ်တဝန်းမှာ ဒေသတွင်း ကိုဗစ်ရောဂါပိုး ကူးစက်မှု ရက်ပိုင်းအတွင်း အရေအတွက် ရာကျော်တဲ့ထိ ရှိခဲ့ပြီးတဲ့နောက် ကျန်းမာရေးဝန်ကြီးရဲ့ အခုအမိန့် ထွက်လာတာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG