သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခုိင္မွာ အင္တာနက္ဆက္သြယ္ေရး အျပည့္အဝဖြင့္ေပးဖို႔ ေတာင္းဆို


ရခိုင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕ရွိ ေရွးေဟာင္းေစတီပုထိုးမ်ား။ (ႏို၀င္ဘာ ၀၈၊ ၂၀၁၂)

[Zawgyi/Unicode]

ကိုဗစ္ကပ္ေဘးနဲ႔ စစ္ေဘးဒဏ္သင့္ ရခုိင္ျပည္နယ္မွာ အင္တာနက္ ၀န္ေဆာင္မႈေတြ အျပည့္အ၀ ျပန္ဖြင့္ေပးဖုိ႔ ေတာင္းဆုိမႈေတြ ထြက္ေပၚလာေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မအဂၢႏြန္က သတင္းေပးပို႔ထားပါတယ္ရွင္။

မၾကာေသးခင္ကစလုိ႔ ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈေတြ တုိးလာေနၿပီး၊ တုိက္ပဲြေတြလည္း ဆက္လက္ျဖစ္ပြားေနတဲ့ ရခုိင္ျပည္နယ္မွာ က်န္းမာေရးကိစၥ အပါအ၀င္ အေရးႀကီးတဲ့ သတင္းအခ်က္အလက္ေတြ ရရွိႏုိင္ဖုိ႔ အင္တာနက္ ဆက္သြယ္မႈေတြ အျပည့္အ၀ရေရး တက္ၾကြလႈပ္ရွားသူေတြ ေတာင္းဆုိေနၾကတာပါ။ ရခုိင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္က ၿမိဳ႕နယ္တခ်ဳိ႕မွာ လုံၿခံဳေရး အေၾကာင္းျပခ်က္နဲ႔ တႏွစ္ေက်ာ္ၾကာ အင္တာနက္ ဆက္သြယ္မႈေတြ ပိတ္ထားခဲ့ၿပီးေနာက္ ျပန္ဖြင့္ေပးလုိက္ေပမဲ့ 4G ျမန္ႏႈန္းျမင့္အဆင့္ မဟုတ္ဘဲ 2G အဆင့္ကုိသာ ေပးထားတဲ့အတြက္ အေရးႀကီးတဲ့ သတင္းအခ်က္အလက္ေတြ မရႏုိင္ပဲ ျဖစ္ေနရတယ္လုိ႔လည္း လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆုိခြင့္ လႈပ္ရွားမႈ အဖဲြ႔တခုျဖစ္တဲ့ အသံအဖြဲ႔ အမႈေဆာင္ဒါ႐ုိက္တာ ေမာင္ေဆာင္းခ ကေျပာပါတယ္။

“ျပည္သူလူထုအေနနဲ႔ ဒီ Update information ေတြကုိ အခ်ိန္နဲ႔ တေျပးညီမရရွိဘူးဆိုရင္ ဒီေရာဂါပိုးပ်ံ ႔ႏွံ႔ႏိုင္ေျခ ကူးစက္ႏိုင္ေျခက ပိုၿပီးေတာ့ မ်ားသြားတယ္၊ သတင္းရရွိမႈက ဒီအခ်ိန္မွာ အရင္ကထက္ပိုၿပီးေတာ့ကို အေရးႀကီးလာတယ္လို႔ က်ေနာ္တို႔က ျမင္တယ္။ အဲ့ဒါေၾကာင့္မို႔လို႔ ဒီ Information ေတြကို လ်င္ျမန္ေအာင္ ၾကည့္ရႈႏိုင္ဖို႔ ခုဏ လူထုက အခ်ိန္နဲ႔ တေျပးညီ ဒီအခ်က္အလက္ေတြ ရရွိၿပီးေတာ့ ဒီေရာဂါရဲ႕ အႏၱရာယ္ကေနၿပီးေတာ့ ကာကြယ္ႏိုင္ဖို႔ ဒီအင္တာနက္ 4G ျမန္ႏႈန္းကို ျပန္လည္ေပးအပ္ဖို႔ က်ေနာ္တို႔က ဒီေန႔ေတာင္းဆိုရျဖစ္ပါတယ္။”

လူထုက်န္းမာေရးအတြက္ အင္တာနက္ ဆက္သြယ္မႈေတြကုိ အျပည့္အ၀ ျပန္လည္ဖြင့္လွစ္ေပးဖုိ႔လည္း အသံအဖဲြ႔က ဒီကေန႔ပဲ ေၾကညာခ်က္တေစာင္ ထုတ္ျပန္တုိက္တြန္းခဲ့တာပါ။ အင္တာနက္ ျဖတ္ေတာက္မႈေတြကုိ ဒီလဆန္းပုိင္းမွာပဲ ျပန္ဖြင့္ေပးလုိက္ေပမဲ့ 2G ဆက္သြယ္မႈသာ ရႏုိင္တာေၾကာင့္ အင္တာနက္ မသုံးႏုိင္ေသးဘူးလုိ႔လည္း ရခုိင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕က ေဒၚနီလာသန္းက ေျပာပါတယ္။

“အဝိုင္းေတြ လယ္ေနတယ္။ ပံု ဆိုလည္းမေပၚဘူး၊ စာေတြေတာင္ ဖတ္လို႔ မရဘူး၊ သမီးဖုန္းကဆိုရင္ အင္တာနက္က E ပဲရတယ္၊ E ဆိုရင္ ဘာမွာလုပ္္လို႔မရဘူး၊ ဘာအခက္အခဲရွိလည္းဆိုေတာ့ က်န္းမာေရးနဲ႔ ပတ္သက္ၿပီးေတာ့လည္း အင္တာနက္ေတြကို ဖြင့္ၾကည့္တယ္ က်န္းမာေရးပတ္သက္တဲ့အရာေတြ သိရတယ္၊ အခုဆိုရင္ COVID-19 က အေရးေနတဲ့ ကာလေရာက္ေနၿပီးေတာ့ သမီးတို႔က အဲ့ဒီ COVID -19 နဲ႔ ပတ္သက္ၿပီး သတင္းေတြဘာေတြသိရဖို႔အတြက္ဆိုရင္ အင္တာနက္ရွိမွျဖစ္မယ္။”

AA ရခုိင္လက္နက္ကုိင္အဖဲြ႔နဲ႔ တပ္မေတာ္ၾကား တုိက္ပဲြေတြ စတင္ျဖစ္ပြားခဲ့တဲ့ ၂၀၁၉ ခုႏွစ္ကစလုိ႔ ရခိုင္ျပည္နယ္ ေက်ာက္ေတာ္၊ ေျမာက္ဦး၊ မင္းျပား၊ ေျမပံု၊ ရေသ့ေတာင္၊ ဘူးသီးေတာင္၊ ပုဏၰားကၽြန္းနဲ႔ ခ်င္းျပည္နယ္က ပလက္ဝၿမိဳ႕နယ္ေတြမွာ လံုၿခံဳေရး အေၾကာင္းျပခ်က္နဲ႔ အင္တာနက္လိုင္းေတြကို ပိတ္ထားခဲ့တာပါ။ ဒါေပမဲ့လည္း အင္တာနက္ အဆက္အသြယ္ျဖတ္ေတာက္မႈေၾကာင့္ ေကာင္းက်ဳိးထက္ ဆုိးက်ဳိးေတြကသာ ပုိမ်ားတယ္လုိ႔လည္း အသံအဖဲြ႔က ေမာင္ေဆာင္းခက ေျပာပါတယ္။

“တကယ့္အေျခအေနမွာက်ေတာ့ လူထုရဲ႕ အက်ဳိးစီးပြားက ဒီအင္တာနက္ပိတ္ထားတဲ့အတြက္ ပိုၿပီးေတာ့ ထိခိုက္နစ္နာမႈပိုမ်ားတာပဲ ရွိတယ္။ တိုးတက္ေကာင္းမြန္လာတာ ဘာတစ္ခုမွရွိမေနဘူး။ လူတိုင္းသိၿပီးသားကိစၥ အဲ့ေတာ့ သူ႔ရဲ႕ အက်ဳိးစီးပြား၊ သူ႔ရဲ႕ က်န္းမာေရးကို အေလအနက္ထားေသာအားျဖင့္ 4G အင္တာနက္ကို အစိုးရအေနနဲ႔ အျမန္ဆံုး ျပန္ေပးဖို႔ ေတာင္းဆိုခ်င္ပါတယ္။”

ကုိဗစ္ကပ္ေရာဂါ ႀကံဳေနရခ်ိန္မွာ အင္တာနက္ ဆက္သြယ္မႈေတြ အျပည့္အ၀မရတဲ့အတြက္ လူထုက်န္းမာေရးအတြက္ စုိးရိမ္ေၾကာင္းလည္း ေဒသခံ ႏုိင္ငံေရးပါတီတခုျဖစ္တဲ့ ရခုိင္အမ်ဳိးသားပါတီက မၾကာေသးခင္တုန္းကပဲ ေၾကညာခ်က္ ထုတ္ျပန္ေျပာဆုိထားပါတယ္။ အလားတူ လူ႔အခြင့္အေရး အဖဲြ႔ေတြကလည္း ရခုိင္ျပည္နယ္မွာ အင္တာနက္ဆက္သြယ္မႈေတြ ကန္႔သတ္ထားတာ အဆုံးသတ္ဖုိ႔လည္း တုိက္တြန္းေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရခိုင်မှာ အင်တာနက်ဆက်သွယ်ရေး အပြည့်အဝဖွင့်ပေးဖို့ တောင်းဆို

ကိုဗစ်ကပ်ဘေးနဲ့ စစ်ဘေးဒဏ်သင့် ရခိုင်ပြည်နယ်မှာ အင်တာနက် ဝန်ဆောင်မှုတွေ အပြည့်အ၀ ပြန်ဖွင့်ပေးဖို့ တောင်းဆိုမှုတွေ ထွက်ပေါ်လာနေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအဂ္ဂနွန်က သတင်းပေးပို့ထားပါတယ်ရှင်။

မကြာသေးခင်ကစလို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ တိုးလာနေပြီး၊ တိုက်ပွဲတွေလည်း ဆက်လက်ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ ကျန်းမာရေးကိစ္စ အပါအဝင် အရေးကြီးတဲ့ သတင်းအချက်အလက်တွေ ရရှိနိုင်ဖို့ အင်တာနက် ဆက်သွယ်မှုတွေ အပြည့်အဝရရေး တက်ကြွလှုပ်ရှားသူတွေ တောင်းဆိုနေကြတာပါ။ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က မြို့နယ်တချို့မှာ လုံခြုံရေး အကြောင်းပြချက်နဲ့ တနှစ်ကျော်ကြာ အင်တာနက် ဆက်သွယ်မှုတွေ ပိတ်ထားခဲ့ပြီးနောက် ပြန်ဖွင့်ပေးလိုက်ပေမဲ့ 4G မြန်နှုန်းမြင့်အဆင့် မဟုတ်ဘဲ 2G အဆင့်ကိုသာ ပေးထားတဲ့အတွက် အရေးကြီးတဲ့ သတင်းအချက်အလက်တွေ မရနိုင်ပဲ ဖြစ်နေရတယ်လို့လည်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှု အဖွဲ့တခုဖြစ်တဲ့ အသံအဖွဲ့ အမှုဆောင်ဒါရိုက်တာ မောင်ဆောင်းခ ကပြောပါတယ်။

“ပြည်သူလူထုအနေနဲ့ ဒီ Update information တွေကို အချိန်နဲ့ တပြေးညီမရရှိဘူးဆိုရင် ဒီရောဂါပိုးပျံ့နှံ့နိုင်ခြေ ကူးစက်နိုင်ခြေက ပိုပြီးတော့ များသွားတယ်၊ သတင်းရရှိမှုက ဒီအချိန်မှာ အရင်ကထက်ပိုပြီးတော့ကို အရေးကြီးလာတယ်လို့ ကျနော်တို့က မြင်တယ်။ အဲ့ဒါကြောင့်မို့လို့ ဒီ Information တွေကို လျင်မြန်အောင် ကြည့်ရှုနိုင်ဖို့ ခုဏ လူထုက အချိန်နဲ့ တပြေးညီ ဒီအချက်အလက်တွေ ရရှိပြီးတော့ ဒီရောဂါရဲ့ အန္တရာယ်ကနေပြီးတော့ ကာကွယ်နိုင်ဖို့ ဒီအင်တာနက် 4G မြန်နှုန်းကို ပြန်လည်ပေးအပ်ဖို့ ကျနော်တို့က ဒီနေ့တောင်းဆိုရဖြစ်ပါတယ်။”

လူထုကျန်းမာရေးအတွက် အင်တာနက် ဆက်သွယ်မှုတွေကို အပြည့်အ၀ ပြန်လည်ဖွင့်လှစ်ပေးဖို့လည်း အသံအဖွဲ့က ဒီကနေ့ပဲ ကြေညာချက်တစောင် ထုတ်ပြန်တိုက်တွန်းခဲ့တာပါ။ အင်တာနက် ဖြတ်တောက်မှုတွေကို ဒီလဆန်းပိုင်းမှာပဲ ပြန်ဖွင့်ပေးလိုက်ပေမဲ့ 2G ဆက်သွယ်မှုသာ ရနိုင်တာကြောင့် အင်တာနက် မသုံးနိုင်သေးဘူးလို့လည်း ရခိုင်ပြည်နယ် မြောက်ဦးမြို့က ဒေါ်နီလာသန်းက ပြောပါတယ်။

“အဝိုင်းတွေ လယ်နေတယ်။ ပုံ ဆိုလည်းမပေါ်ဘူး၊ စာတွေတောင် ဖတ်လို့ မရဘူး၊ သမီးဖုန်းကဆိုရင် အင်တာနက်က E ပဲရတယ်၊ E ဆိုရင် ဘာမှာလုပ်လို့မရဘူး၊ ဘာအခက်အခဲရှိလည်းဆိုတော့ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့လည်း အင်တာနက်တွေကို ဖွင့်ကြည့်တယ် ကျန်းမာရေးပတ်သက်တဲ့အရာတွေ သိရတယ်၊ အခုဆိုရင် COVID-19 က အရေးနေတဲ့ ကာလရောက်နေပြီးတော့ သမီးတို့က အဲ့ဒီ COVID -19 နဲ့ ပတ်သက်ပြီး သတင်းတွေဘာတွေသိရဖို့အတွက်ဆိုရင် အင်တာနက်ရှိမှဖြစ်မယ်။”

AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ တပ်မတော်ကြား တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တဲ့ ၂၀၁၉ ခုနှစ်ကစလို့ ရခိုင်ပြည်နယ် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်းနဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်တွေမှာ လုံခြုံရေး အကြောင်းပြချက်နဲ့ အင်တာနက်လိုင်းတွေကို ပိတ်ထားခဲ့တာပါ။ ဒါပေမဲ့လည်း အင်တာနက် အဆက်အသွယ်ဖြတ်တောက်မှုကြောင့် ကောင်းကျိုးထက် ဆိုးကျိုးတွေကသာ ပိုများတယ်လို့လည်း အသံအဖွဲ့က မောင်ဆောင်းခက ပြောပါတယ်။

“တကယ့်အခြေအနေမှာကျတော့ လူထုရဲ့ အကျိုးစီးပွားက ဒီအင်တာနက်ပိတ်ထားတဲ့အတွက် ပိုပြီးတော့ ထိခိုက်နစ်နာမှုပိုများတာပဲ ရှိတယ်။ တိုးတက်ကောင်းမွန်လာတာ ဘာတစ်ခုမှရှိမနေဘူး။ လူတိုင်းသိပြီးသားကိစ္စ အဲ့တော့ သူ့ရဲ့ အကျိုးစီးပွား၊ သူ့ရဲ့ ကျန်းမာရေးကို အလေအနက်ထားသောအားဖြင့် 4G အင်တာနက်ကို အစိုးရအနေနဲ့ အမြန်ဆုံး ပြန်ပေးဖို့ တောင်းဆိုချင်ပါတယ်။”

ကိုဗစ်ကပ်ရောဂါ ကြုံနေရချိန်မှာ အင်တာနက် ဆက်သွယ်မှုတွေ အပြည့်အဝမရတဲ့အတွက် လူထုကျန်းမာရေးအတွက် စိုးရိမ်ကြောင်းလည်း ဒေသခံ နိုင်ငံရေးပါတီတခုဖြစ်တဲ့ ရခိုင်အမျိုးသားပါတီက မကြာသေးခင်တုန်းကပဲ ကြေညာချက် ထုတ်ပြန်ပြောဆိုထားပါတယ်။ အလားတူ လူ့အခွင့်အရေး အဖွဲ့တွေကလည်း ရခိုင်ပြည်နယ်မှာ အင်တာနက်ဆက်သွယ်မှုတွေ ကန့်သတ်ထားတာ အဆုံးသတ်ဖို့လည်း တိုက်တွန်းနေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG