သုံးရလွယ်ကူစေသည့် Link များ
logo-print
နောက်ဆုံးရသတင်း
ရခိုင်နဲ့ချင်းပြည်နယ်မှာ အင်တာနက်လိုင်းဖြတ်တောက်ထားတာ တနှစ်ပြည့်စာတန်းပါ အင်္ကျီများ ဝတ်ဆင်ထားသူတချို့။ (ဓာတ်ပုံ - အသံ - athan)
[Zawgyi/Unicode]
အဲ့လို အင်တာနက်ပေါ် ကမ်ပိန်းလုပ်တာနဲ့ ဆူးလေဂုန်းတံတားပေါ်စာကပ်မှုကြောင့် ဆိုပြီး အသံအဖွဲ့က မောင်ဆောင်းခအပါအဝင် ငါးဦးကို ငြိမ်းစုစီပုဒ်မ ၁၉ နဲ့ အမှုဖွင့်ခံထားရတယ်လို့ ကာယကံရှင်တွေပြောပါတယ်။
ရခိုင်မြောက်ပိုင်းမြို့နယ် တချို့နဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်မှာ အင်တာနက်ပိတ်ပင်ထားတာတွေကိုလည်း ရုပ်သိမ်းဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက တိုက်တွန်းခဲ့သလို၊ အမေရိကန်ပြည်ထောင်စုအပါအဝင် ရန်ကုန်အခြေစိုက် အနောက်နိုင်ငံသံရုံးတွေကလည်း ဒိလို အင်တာနက်ပိတ်တာကြောင့် လာမယ့်ရွေးကောက်ပွဲနဲ့ ကပ်ရောဂါပညာပေးအတွက် ထိခိုက်စေမယ်လို့ သတိပေးခဲ့ကြပါတယ်။
တိုက်ရိုက် လင့်ခ်
[Unicode Version]
ရခိုင်နဲ့ချင်းမှာ အင်တာနက်ပြန်ဖွင့်ပေးဖို့ တောင်းဆိုသူတွေ အမှုဖွင့်ခံထားရ
ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်တချို့နဲ့ ချင်းပြည်နယ် ပလက်ဝမြို့တွေမှာ အင်တာနက်လိုင်းဖြတ်တောက်ထားမှုကို ကန့်ကွက်တဲ့ ရန်ကုန်မြို့က တတ်ကြွလှုပ်ရှားသူ ငါးဦးကို ငြိမ်းစုစီပုဒ်မနဲ့ အမှုဖွင့်ထားတဲ့ အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခပြောပြပေးမှာပါ။
ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်တချို့နဲ့ ချင်းပြည်နယ် ပလက်ဝမြို့တွေမှာ အင်တာနက်လိုင်းဖြတ်တောက်ထားတာ တနှစ်ပြည့်အနေနဲ့ စာတန်းပါ အင်္ကျီဝတ်ဆင်ပြီးတော့ အွန်လိုင်းကမ်ပိန်းလုပ်တာအပြင် တက်ကြွလှုပ်ရှားသူ တချို့က ရန်ကုန် ဆူးလေ ဂုန်းကျော်တံတားပေါ်မှာ ရခိုင်နဲ့ ချင်းမှာ အွန်လိုင်းဖြတ်တောက်မှုအလိုမရှိ၊ စစ်ရာဇဝတ်မှု ကျူးလွန်နေတာကိုသိမှာ စိုးလို့ အင်တာနက်ဖြတ်တာလား ... စတဲ့စာတမ်းတွေ ဇွန်လ ၂၁ ရက်နေ့က ကပ်ခဲ့ပါတယ်။
အဲလို အင်တာနက်ပေါ် ကမ်ပိန်းလုပ်တာနဲ့ ဆူးလေဂုန်းတံတားပေါ်စာကပ်မှုကြောင့် ဆိုပြီး အသံအဖွဲ့က မောင်ဆောင်းခအပါအဝင် ငါးဦးကို ငြိမ်းစုစီပုဒ်မ ၁၉ နဲ့ အမှုဖွင့်ခံထားရတယ်လို့ ကာယကံရှင်တွေပြောပါတယ်။
မနေ့ကလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်တချို့နဲ့ ချင်းပြည်နယ် ပလက်ဝမြို့တွေမှာ အင်တာနက်လိုင်း ဖြတ်တောက်ထားတာနဲ့ ပတ်သတ်လို့ အင်တာနက် ကမ်ပိန်း ဦးဆောင်ပြုလုပ်တဲ့ ကိုမျိုးမင်းထွန်းကိုလည်း ငြိမ်းစုစီပုဒ်မ ၁၉ နဲ့ အမှုဖွင့်ခံခဲ့ရပါ တယ်။
ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်မှာ အင်တာနက်လိုင်း ဖြတ်တောက်ထားတာနဲ့ ပတ်သတ်ပြီး အွန်လိုင်းကမ်ပိန်းကို ရခိုင်တပြည်နယ်လုံး အပါအဝင် တခြားမြို့နယ်တွေမှာ ပြုလုပ်ကြ ပါတယ်။
အခုလို တက်ကြွလှုပ်ရှားသူတွေကို ငြိမ်းစုစီနဲ့ တရားစွဲဆိုခံရတဲ့ အပေါ်မြန်မာနိုင်ငံ ရှေ့နေများကွန်ယက်က တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်ကတော့ တရားဥပဒေနဲ့မျှတမှု မရှိဘဲ ဥပဒေကို လိုရာပုံသွင်းနေတာမျိုးတွေ နဲ့ အရေးယူတာတွေ ဖြစ်နေတယ်လို့အခုလို ပြောပါတယ်။
"ဥပဒေနဲ့ ညီလားဆိုရင်သူတို့လုပ်ရင် ဥပဒေနဲ့ ညီတယ်။ သူတို့စိတ်ထဲမကြိုက်ရင် ဥပဒေနဲ့ မညီဘူးဘဲ။ အဲဒါ စစ်အစိုးရအဆက်ဆက်ကိုင်ဆွဲလာတာ။ NLD အစိုးရလည်း စစ်အစိုးရ လောက်မဟုတ်ပေမဲ့ အဲလမ်းကြောင်းပေါ်မှာပဲ။ ဥပဒေတခုကို အာဏာရသူတွေက အမျိုးမျိုးအဓိပါယ်ဖွင့်နေကြတယ်။ အဲဒီတွက်ကျနော်တို့ ရှုတ်ချပါတယ်။"
လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေတဲ့ ရခိုင်မြောက်ပိုင်းက မြို့နယ်တချို့နဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်မှာ အင်တာနက်ကို ပြီးခဲ့တဲ့ ၂၀၁၉ ဇွန်လ ၂၁ရက်နေ့က အာဏာပိုင်တွေက ပိတ်ပင်ထားခဲ့လည်း ဖြစ်ပါတယ်။
ရခိုင်နဲ့ချင်းပြည်နယ်မှာ အင်တာနက်လိုင်းဖြတ်တောက်ထားတာ တနှစ်ပြည့်စာတန်းပါ အင်္ကျီများ ဝတ်ဆင်ထားသူတချို့။ (ဓာတ်ပုံ - အသံ - athan)
ရခိုင်နဲ့ချင်းပြည်နယ်မှာ အင်တာနက်လိုင်းဖြတ်တောက်ထားတာ တနှစ်ပြည့်စာတန်းပါ အင်္ကျီများ ဝတ်ဆင်ထားသူတချို့။ (ဓာတ်ပုံ - အသံ - athan)
အခုလို ဥပဒေကို လိုသလို ပုံသွင်းယူနိုင်တဲ့ အခြေအနေမှာ လူ့အခွင့်အရေးမျှတဖို့ တောင်း ဆိုမှုတွေ လုပ်နေကြတဲ့ တက်ကြွလှုပ်ရှားသူတွေမှာ အစိုးရဘက်က မတရားဖိနှိပ်ချုပ်ကိုင်မှုတွေကို ပိုရင်ဆိုင်လာရလို့ သတိထားနေထိုင်နေရတယ်လို့ တက်ကြွလှုပ်ရှားသူ ကိုသက်ဆွေဝင်းကပြောပါတယ်။
"အစိုးရကိုင်တွယ်တာ ပိုဆိုးလာတယ်။ နိုင်ငံတကာမှာလည်းပြောစရာ ဖြစ်လာတယ်။ ရခိုင်အရေးဖြစ်နေတာကို။ ဒါ့ကိုမှ အစိုးရကထပ်ပြီးဖိနှိပ်တဲ့ ပုံနဲ့ အရေးယူလာတာတွေ လုပ်တာကကျတော့ နိုင်ငံတကာမှာ နောက်ထပ် ရခိုင်အရေး ဖိအားတွေဖြစ်လာနိုင်တယ်။ အရပ်ဘက်အဖွဲ့က လူတွေကိုလည်း ဒါနဲ့ပတ်သတ်လို့ မပြောရဲအောင်လုပ်လာတာ။ တော်တော်ဆိုးတဲ့ အနေအထားပေါ့။"
ရခိုင်မြောက်ပိုင်းမြို့နယ် တချို့နဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်မှာ အင်တာနက်ပိတ်ပင်ထားတာတွေကိုလည်း ရုပ်သိမ်းဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက တိုက်တွန်းခဲ့သလို၊ အမေရိကန်ပြည်ထောင်စုအပါအဝင် ရန်ကုန်အခြေစိုက် အနောက်နိုင်ငံံသံရုံးတွေကလည်း ဒိလို အင်တာနက်ပိတ်တာကြောင့် လာမယ့်ရွေးကောက်ပွဲနဲ့ ကပ်ရောဂါပညာပေးအတွက် ထိခိုက်စေမယ်လို့ သတိပေးခဲ့ကြပါတယ်။
ဒီလိုအင်တာနက်ပိတ်တာကြောင့် COVID-19 ကမ္ဘာ့ကပ်ရောဂါ ရင်ဆိုင်နေရတဲ့ ပဋိပက္ခ ဒေသတွင်း အရပ်သားပြည်သူတွေအတွက် အသက်အန္တရာယ်နဲ့ ကျန်းမာရေးစိုးရိမ်စရာတွေ ရှိတယ်လို့လည်း ကုလသမဂ္ဂက မှတ်ချက်ပြုထားပါတယ်။
XS
SM
MD
LG