သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အင္တာနက္ဖြင့္ေပးေရး လႈပ္ရွားသူ ၿငိမ္းစုစီနဲ႔ အမႈဖြင့္ခံရ


အင္တာနက္ျဖတ္ေတာက္ထားတာ တစ္ႏွစ္ျပည့္ စာတန္းပါ အက်ႌဆင္တူဝတ္ဆင္ထားတဲ့ ရမ္းၿဗဲလူငယ္မ်ိဳးဆက္သစ္ကြန္ယက္က လူငယ္ ၇ ဦး။ (ဇြန္ ၂၁၊ ၂၀၂၀)

[Zawgyi/Unicode]

ရခိုင္ျပည္နယ္ေျမာက္ပိုင္းက ၿမိဳ႕နယ္တခ်ိဳ႕နဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕ေတြမွာ အင္တာနက္လိုင္းျဖတ္ေတာက္ထားတာနဲ႔ ပတ္သတ္ၿပီး အင္တာနက္အြန္လိုင္းေပၚကေန ဦးေဆာင္ကန္႔ကြက္သူ ရမ္းၿဗဲ လူငယ္ကြန္ယက္က လူငယ္တစ္ဦးကို ၿငိမ္းစုစီပုဒ္မနဲ႔ အမႈဖြင့္ထားတဲ့ အေၾကာင္းေျပာခ်င္ပါတယ္။ ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ ကိုသက္ႏိုင္က သတင္းေပးပို႔ေပးထားပါတယ္။

အင္တာနက္ျဖတ္ေတာက္ထားတာ တစ္ႏွစ္ျပည့္ စာတန္းပါ အက်ႌဆင္တူဝတ္ဆင္ထားတဲ့ ရမ္းၿဗဲလူငယ္မ်ိဳးဆက္သစ္ကြန္ယက္က လူငယ္ ၇ ဦး။ (ဇြန္ ၂၁၊ ၂၀၂၀)
အင္တာနက္ျဖတ္ေတာက္ထားတာ တစ္ႏွစ္ျပည့္ စာတန္းပါ အက်ႌဆင္တူဝတ္ဆင္ထားတဲ့ ရမ္းၿဗဲလူငယ္မ်ိဳးဆက္သစ္ကြန္ယက္က လူငယ္ ၇ ဦး။ (ဇြန္ ၂၁၊ ၂၀၂၀)

ရခိုင္ျပည္နယ္ေျမာက္ပိုင္းက ၿမိဳ႕နယ္တခ်ိဳ႕နဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕ေတြမွာ အင္တာနက္လိုင္းျဖတ္ေတာက္ထားတာ တစ္ႏွစ္ျပည့္အေနနဲ႔ စာတန္းပါ အက်ၤီဝတ္ဆင္ၿပီးေတာ့ အြန္လိုင္းကမ္ပိန္းတစ္ခုကို မေန႔က ရခိုင္ျပည္နယ္အပါဝင္ တျခားၿမိဳ႕နယ္ေတြမွာလည္း ျပဳလုပ္ခဲ့ၾကပါတယ္။

အဲဒီထဲက ရမ္းၿဗဲၿမိဳ႕နယ္မွာ ကမ္ပိန္းကို ဦးေဆာင္ျပဳလုပ္တဲ့ ရမ္းၿဗဲလူငယ္ကြန္ယက္ ကိုမ်ိဳးမင္းထြန္းကို ခြင့္ျပဳခ်က္မတင္လို႔ဆိုၿပီး ရမ္းၿဗဲၿမိဳ႕နယ္မွဴးက တရားလိုလုပ္ၿပီးေတာ့ ၿငိမ္းစုစီပုဒ္မ ၁၉နဲ႔ အမႈဖြင့္ခံထားရတယ္လို႔ ကိုမ်ိဳးမင္းထြန္းက ေျပာပါတယ္။

"က်ေနာ္တို႔က ေမးပါေသးတယ္။ ပိုစ့္တင္တာကို ခြင့္ျပဳမိန္႔လိုလားလို႔ ေမးၾကည့္တဲ့အခါက်ေတာ့ သူတို႔က လူစုတာေပါ့ေနာ္။ ၄ ေယာက္ထက္ ပိုစုတယ္၊ ၅ ေယာက္ထက္ ပိုစုတယ္တို႕ ဘာတို႔ညာတို႔ ေျပာတာေပါ့။ အဲတာက ၿငိမ္းစုစီ ၁၉ နဲ႔ ညိွတာေပါ့ေနာ္။ အဲဒါအတြက္တရားစြဲမယ္၊ ခင္ဗ်ာတို႔က လုပ္ခ်င္တာ လုပ္ၿပီးသြားၿပီ၊ က်ေနာ္တို႕လည္း လုပ္စရာရွိတာ ဆက္လုပ္ရမယ္ဆိုၿပီးေတာ့ ေျပာတယ္။"

အဲဒီကမ္ပိန္းကို ဦးေဆာင္ျပဳလုပ္တဲ့ ကိုမ်ိဳးမင္းထြန္းကို ၿငိမ္းစုစီပုဒ္မ ၁၉ နဲ႔ အမႈဖြင့္ထားတာနဲ႔ ပတ္သတ္ၿပီး တရားလိုျဖစ္တဲ့ ရမ္းၿဗဲၿမိဳ႕နယ္မွဴး ဦးေဇာ္ဝင္းက အခုလိုေျပာပါတယ္။

"တရားမစြဲရေသးဘူး ခင္ဗ်ာ။ အမႈဖြင့္ထားတာပါခင္ဗ်ာ။ က်ေနာ္တို႔ ဆႏၵေဖာ္ထုတ္မယ္ဆိုရင္ ၿငိမ္းစုစီတင္ရတယ္ေလ။ အဲျဖစ္စဥ္ကို လာေမးရင္ က်ေနာ္တို႔လည္း မေျပာတတ္ဘူးခင္ဗ်ာ။"

ရမ္းၿဗဲလူငယ္မ်ိဳးဆက္သစ္ကြန္ယက္က လူငယ္ ၇ ဦးဟာ အင္တာနက္ျဖတ္ေတာက္ထားတာ တစ္ႏွစ္ျပည့္ စာတန္းပါ အက်ၤီဆင္တူဝတ္ဆင္ၿပီးေတာ့ မေန႔က ရမ္းၿဗဲၿမိဳ႕ဝင္ ဆိုင္းပုဒ္မွာ ဓာတ္ပံုရိုက္ၿပီးေတာ့ သူတို႔ရဲ႕ လူမႈကြန္ယက္ေပၚမွာ တင္ခဲ့ၾကတာျဖစ္တယ္လို႔ ကိုမ်ိဳးမင္းထြန္းက ဆက္ေျပာပါတယ္။

"ၿမိဳ႕ပတ္တာေတြ ဘာေတြမလုပ္ပါဘူး ခင္ဗ်ာ။ က်ေနာ္တို႔က ၿမိဳ႕ျပင္မွာေပါေနာ္။ ၿမိဳ႕ဝင္ဆိုင္ပုဒ္ေရွ႕မွာ အင္တာနက္ ပိတ္ဆို႔မႈ တစ္ႏွစ္ျပည့္ဆိုၿပီးေတာ့ ဆိုင္းပုဒ္ေတြ ကိုင္ၿပီးေတာ့ ဆိုင္းပုဒ္ဆိုတာကလည္း ကပ္ထူျပားေပၚမွာ စာေရးၿပီးေတာ့ ဓာတ္ပံုရိုက္ၿပီးေတာ့ ကို္ယ့္ အေကာင့္မွာ ကိုယ္တင္ၾကတယ္ ဒီေလာက္ပါပဲ။ "

ၿငိမ္းစုစီလို႔ လူသိမ်ားတဲ့ ၿငိမ္းခ်မ္းစြာ စုေဝးျခင္းနဲ႔ ၿငိမ္းခ်မ္းစြာ စီတန္းလွည့္လည္ျခင္း ဆိုင္ရာ ဥပေဒမွာ ပါရွိတဲ့ ပုဒ္မ ၁၉ဟာ အမ်ားဆံုး ေထာင္ဒဏ္ ၃ လနဲ႔ အမ်ားဆံုး ေငြဒဏ္ ၃၀,၀၀၀ အထိရွိၿပီး ျပစ္ဒဏ္ႏွစ္ခုကို တၿပိဳင္တည္းက်ခံေစႏိုင္တဲ့ ပုဒ္မ တစ္ခုလည္းျဖစ္ပါတယ္။

ရခိုင္ေျမာက္ပိုင္းနဲ႔ ခ်င္းျပည္နယ္မွာ အင္တာနက္လိုင္းျဖတ္ေတာက္ထားတာနဲ႔ ပတ္သတ္ၿပီး အြန္လိုင္းကမ္ပိန္းကို ရခိုင္တစ္ျပည္နယ္လံုး အပါအဝင္ တျခားၿမိဳ႕နယ္ေတြမွာ ျပဳလုပ္ၾကေပမယ့္လည္း ရမ္းၿဗဲၿမိဳ႕နယ္က တစ္ေယာက္သာ ၿငိမ္းစုစီနဲ႔ တရားစြဲဆိုခံရတာနဲ႔ ပတ္သတ္ၿပီး ျမန္မာႏိုင္ငံ ေရွ႕ေနမ်ားကြန္ယွက္က တရားလႊတ္ေတာ္ ေရွ႕ေန ဦးႀကီးျမင့္ က အခုလို ေျပာပါတယ္။

"ဥပေဒက မစိုးမိုးဘူးျဖစ္ေနတယ္။ သူတို႔လုပ္ခ်င္ရင္ အေကာင္း၊ က်န္တဲ့ သူေတြလုပ္ရင္မေကာင္းဘူး။ ျပည္သူေတြက အစိုးရကို တရားစြဲမယ္၊ ရဲကို တရားစြဲမယ္ဆိုရင္ မရဘူး။ ဥပမာ အခု NLD က လူေရြးခ်ယ္ပြဲေတြ လုပ္တယ္။ လူေတြစုတယ္ ၅ ေယာက္ထက္ ပိုတာေပါ့ကြာ ေရြးေကာက္ပြဲကလည္း တရားဝင္ေၾကျငာေသးတာ မဟုတ္ဘူး။ လုပ္လို႔မရဘူး .... အဲဒါ လုပ္ေနတာပဲ NLD က အခုလူေတြ စုေနတာပဲ။ အဲဒါပဲ ဥပေဒက အာဏာရတဲ့ အစိုးရလုပ္ လို႔ရွိရင္ တရားတယ္။ အာဏာမရတဲ့ လူေတြကစြဲလို႔မရဘူး။ အဲလိုျဖစ္ေနတာ အဲေတာ့ တရားဥပေဒစိုးမိုးေရးက တို႕ႏိုင္ငံမွာေတာ့ မရွိေသးဘူးလို႔ မွတ္ခ်က္ေပးခ်င္တယ္။"

လက္ရွိအခ်ိန္ထိ စစ္ေရးတင္းမာေနတဲ့ ရခိုင္ေျမာက္ပိုင္းက ၿမိဳ႕နယ္ တခ်ိဳ႕နဲ႔ ခ်င္းျပည္နယ္က ပလက္ဝၿမိဳ႕ နယ္မွာ အင္တာနက္လူမႈကြန္ယက္ကို ၿပီးခဲ့တဲ့ ၂၁၀၉ ဇြန္လ ၂၁ရက္ေန႔က အာဏာပိုင္ေတြက ပိတ္ပင္ထား တာလည္း ျဖစ္ပါတယ္။

လံုၿခံဳေရးအေၾကာင္းျပခ်က္နဲ႔ ရခိုင္ေျမာက္ပို္င္းၿမိဳ႕နယ္အခ်ိဳ႕နဲ႔ ခ်င္းျပည္နယ္က ပလက္ဝၿမိဳ႕နယ္မွာ အင္တာနက္ပိတ္ပင္ထားတာေတြကိုလည္း ရုပ္သိမ္းဖို႔ ကုလသမဂၢ လူ႔အခြင့္အေရးရံုးက တိုက္တြန္းခဲ့ပါတယ္။ ဒီလိုအင္တာနက္ပိတ္တာေၾကာင့္ COVID-19 ကမၻာ့ကပ္ေရာဂါ ရင္ဆိုင္ေနရတဲ့ ပဋိပကၡ ေဒသတြင္းအရပ္သားျပည္သူေတြအတြက္ အသက္အႏၱရာယ္နဲ႔ က်န္းမာေရးစိုးရိမ္စရာေတြ ရိွတယ္လုိ႔လည္း ကုလသမဂၢက မွတ္ခ်က္ျပဳထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အင်တာနက်ဖွင့်ပေးရေး လှုပ်ရှားသူ ငြိမ်းစုစီနဲ့ အမှုဖွင့်ခံရ

ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်တချို့နဲ့ ချင်းပြည်နယ် ပလက်ဝမြို့တွေမှာ အင်တာနက်လိုင်းဖြတ်တောက်ထားတာနဲ့ ပတ်သတ်ပြီး အင်တာနက်အွန်လိုင်းပေါ်ကနေ ဦးဆောင်ကန့်ကွက်သူ ရမ်းဗြဲ လူငယ်ကွန်ယက်က လူငယ်တစ်ဦးကို ငြိမ်းစုစီပုဒ်မနဲ့ အမှုဖွင့်ထားတဲ့ အကြောင်းပြောချင်ပါတယ်။ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က သတင်းပေးပို့ပေးထားပါတယ်။

အင္တာနက္ျဖတ္ေတာက္ထားတာ တစ္ႏွစ္ျပည့္ စာတန္းပါ အက်ႌဆင္တူဝတ္ဆင္ထားတဲ့ ရမ္းၿဗဲလူငယ္မ်ိဳးဆက္သစ္ကြန္ယက္က လူငယ္ ၇ ဦး။ (ဇြန္ ၂၁၊ ၂၀၂၀)
အင္တာနက္ျဖတ္ေတာက္ထားတာ တစ္ႏွစ္ျပည့္ စာတန္းပါ အက်ႌဆင္တူဝတ္ဆင္ထားတဲ့ ရမ္းၿဗဲလူငယ္မ်ိဳးဆက္သစ္ကြန္ယက္က လူငယ္ ၇ ဦး။ (ဇြန္ ၂၁၊ ၂၀၂၀)

ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်တချို့နဲ့ ချင်းပြည်နယ် ပလက်ဝမြို့တွေမှာ အင်တာနက်လိုင်းဖြတ်တောက်ထားတာ တစ်နှစ်ပြည့်အနေနဲ့ စာတန်းပါ အင်္ကျီဝတ်ဆင်ပြီးတော့ အွန်လိုင်းကမ်ပိန်းတစ်ခုကို မနေ့က ရခိုင်ပြည်နယ်အပါဝင် တခြားမြို့နယ်တွေမှာလည်း ပြုလုပ်ခဲ့ကြပါတယ်။

အဲဒီထဲက ရမ်းဗြဲမြို့နယ်မှာ ကမ်ပိန်းကို ဦးဆောင်ပြုလုပ်တဲ့ ရမ်းဗြဲလူငယ်ကွန်ယက် ကိုမျိုးမင်းထွန်းကို ခွင့်ပြုချက်မတင်လို့ဆိုပြီး ရမ်းဗြဲမြို့နယ်မှူးက တရားလိုလုပ်ပြီးတော့ ငြိမ်းစုစီပုဒ်မ ၁၉နဲ့ အမှုဖွင့်ခံထားရတယ်လို့ ကိုမျိုးမင်းထွန်းက ပြောပါတယ်။

"ကျနော်တို့က မေးပါသေးတယ်။ ပိုစ့်တင်တာကို ခွင့်ပြုမိန့်လိုလားလို့ မေးကြည့်တဲ့အခါကျတော့ သူတို့က လူစုတာပေါ့နော်။ ၄ ယောက်ထက် ပိုစုတယ်၊ ၅ ယောက်ထက် ပိုစုတယ်တို့ ဘာတို့ညာတို့ ပြောတာပေါ့။ အဲတာက ငြိမ်းစုစီ ၁၉ နဲ့ ညှိတာပေါ့နော်။ အဲဒါအတွက်တရားစွဲမယ်၊ ခင်ဗျာတို့က လုပ်ချင်တာ လုပ်ပြီးသွားပြီ၊ ကျနော်တို့လည်း လုပ်စရာရှိတာ ဆက်လုပ်ရမယ်ဆိုပြီးတော့ ပြောတယ်။"

အဲဒီကမ်ပိန်းကို ဦးဆောင်ပြုလုပ်တဲ့ ကိုမျိုးမင်းထွန်းကို ငြိမ်းစုစီပုဒ်မ ၁၉ နဲ့ အမှုဖွင့်ထားတာနဲ့ ပတ်သတ်ပြီး တရားလိုဖြစ်တဲ့ ရမ်းဗြဲမြို့နယ်မှူး ဦးဇော်ဝင်းက အခုလိုပြောပါတယ်။

"တရားမစွဲရသေးဘူး ခင်ဗျာ။ အမှုဖွင့်ထားတာပါခင်ဗျာ။ ကျနော်တို့ ဆန္ဒဖော်ထုတ်မယ်ဆိုရင် ငြိမ်းစုစီတင်ရတယ်လေ။ အဲဖြစ်စဉ်ကို လာမေးရင် ကျနော်တို့လည်း မပြောတတ်ဘူးခင်ဗျာ။"

ရမ်းဗြဲလူငယ်မျိုးဆက်သစ်ကွန်ယက်က လူငယ် ၇ ဦးဟာ အင်တာနက်ဖြတ်တောက်ထားတာ တစ်နှစ်ပြည့် စာတန်းပါ အင်္ကျီဆင်တူဝတ်ဆင်ပြီးတော့ မနေ့က ရမ်းဗြဲမြို့ဝင် ဆိုင်းပုဒ်မှာ ဓာတ်ပုံရိုက်ပြီးတော့ သူတို့ရဲ့ လူမှုကွန်ယက်ပေါ်မှာ တင်ခဲ့ကြတာဖြစ်တယ်လို့ ကိုမျိုးမင်းထွန်းက ဆက်ပြောပါတယ်။

"မြို့ပတ်တာတွေ ဘာတွေမလုပ်ပါဘူး ခင်ဗျာ။ ကျနော်တို့က မြို့ပြင်မှာပေါနော်။ မြို့ဝင်ဆိုင်ပုဒ်ရှေ့မှာ အင်တာနက် ပိတ်ဆို့မှု တစ်နှစ်ပြည့်ဆိုပြီးတော့ ဆိုင်းပုဒ်တွေ ကိုင်ပြီးတော့ ဆိုင်းပုဒ်ဆိုတာကလည်း ကပ်ထူပြားပေါ်မှာ စာရေးပြီးတော့ ဓာတ်ပုံရိုက်ပြီးတော့ ကိုယ့် အကောင့်မှာ ကိုယ်တင်ကြတယ် ဒီလောက်ပါပဲ။ "

ငြိမ်းစုစီလို့ လူသိများတဲ့ ငြိမ်းချမ်းစွာ စုဝေးခြင်းနဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ဆိုင်ရာ ဥပဒေမှာ ပါရှိတဲ့ ပုဒ်မ ၁၉ဟာ အများဆုံး ထောင်ဒဏ် ၃ လနဲ့ အများဆုံး ငွေဒဏ် ၃၀,၀၀၀ အထိရှိပြီး ပြစ်ဒဏ်နှစ်ခုကို တပြိုင်တည်းကျခံစေနိုင်တဲ့ ပုဒ်မ တစ်ခုလည်းဖြစ်ပါတယ်။

ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်မှာ အင်တာနက်လိုင်းဖြတ်တောက်ထားတာနဲ့ ပတ်သတ်ပြီး အွန်လိုင်းကမ်ပိန်းကို ရခိုင်တစ်ပြည်နယ်လုံး အပါအဝင် တခြားမြို့နယ်တွေမှာ ပြုလုပ်ကြပေမယ့်လည်း ရမ်းဗြဲမြို့နယ်က တစ်ယောက်သာ ငြိမ်းစုစီနဲ့ တရားစွဲဆိုခံရတာနဲ့ ပတ်သတ်ပြီး မြန်မာနိုင်ငံ ရှေ့နေများကွန်ယှက်က တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့် က အခုလို ပြောပါတယ်။

"ဥပဒေက မစိုးမိုးဘူးဖြစ်နေတယ်။ သူတို့လုပ်ချင်ရင် အကောင်း၊ ကျန်တဲ့ သူတွေလုပ်ရင်မကောင်းဘူး။ ပြည်သူတွေက အစိုးရကို တရားစွဲမယ်၊ ရဲကို တရားစွဲမယ်ဆိုရင် မရဘူး။ ဥပမာ အခု NLD က လူရွေးချယ်ပွဲတွေ လုပ်တယ်။ လူတွေစုတယ် ၅ ယောက်ထက် ပိုတာပေါ့ကွာ ရွေးကောက်ပွဲကလည်း တရားဝင်ကြေငြာသေးတာ မဟုတ်ဘူး။ လုပ်လို့မရဘူး .... အဲဒါ လုပ်နေတာပဲ NLD က အခုလူတွေ စုနေတာပဲ။ အဲဒါပဲ ဥပဒေက အာဏာရတဲ့ အစိုးရလုပ် လို့ရှိရင် တရားတယ်။ အာဏာမရတဲ့ လူတွေကစွဲလို့မရဘူး။ အဲလိုဖြစ်နေတာ အဲတော့ တရားဥပဒေစိုးမိုးရေးက တို့နိုင်ငံမှာတော့ မရှိသေးဘူးလို့ မှတ်ချက်ပေးချင်တယ်။"

လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေတဲ့ ရခိုင်မြောက်ပိုင်းက မြို့နယ် တချို့နဲ့ ချင်းပြည်နယ်က ပလက်ဝမြို့ နယ်မှာ အင်တာနက်လူမှုကွန်ယက်ကို ပြီးခဲ့တဲ့ ၂၁၀၉ ဇွန်လ ၂၁ရက်နေ့က အာဏာပိုင်တွေက ပိတ်ပင်ထား တာလည်း ဖြစ်ပါတယ်။

လုံခြုံရေးအကြောင်းပြချက်နဲ့ ရခိုင်မြောက်ပိုင်းမြို့နယ်အချို့နဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်မှာ အင်တာနက်ပိတ်ပင်ထားတာတွေကိုလည်း ရုပ်သိမ်းဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက တိုက်တွန်းခဲ့ပါတယ်။ ဒီလိုအင်တာနက်ပိတ်တာကြောင့် COVID-19 ကမ္ဘာ့ကပ်ရောဂါ ရင်ဆိုင်နေရတဲ့ ပဋိပက္ခ ဒေသတွင်းအရပ်သားပြည်သူတွေအတွက် အသက်အန္တရာယ်နဲ့ ကျန်းမာရေးစိုးရိမ်စရာတွေ ရှိတယ်လို့လည်း ကုလသမဂ္ဂက မှတ်ချက်ပြုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG