သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္နဲ႔ခ်င္းဘက္မွာ အင္တာနက္ျပန္ဖြင့္ေပးဖို႔ ကုလ လူ႔အခြင့္အေရး႐ံုး တိုက္တြန္း


ရခိုင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕က ေရွးေဟာင္းေစတီပုထိုးမ်ား။

[Zawgyi/Unicode]

ရခုိင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္က ၿမိဳ႕နယ္တခ်ိဳ႕မွာ အင္တာနက္လိုင္းေတြ ျဖတ္ေတာက္ထားတာ ျပန္ဖြင့္ေပးဖို႔ အေရွ႕ေတာင္အာရွ ေဒသဆုိင္ရာ ကုလသမဂၢ လူ႔အခြင့္အေရး႐ုံးက ျမန္မာအစိုးရကို တုိက္တြန္းလိုက္ပါတယ္။

အခုလို အင္တာနက္ေတြ ျဖတ္ထားတာက COVID-19 ကပ္ေရာဂါကို ရင္ဆုိင္ေနရတဲ့ အရပ္သားျပည္သူေတြရဲ႕ အသက္ေပါင္းမ်ားစြာအတြက္လည္း အႏၱရာယ္ရွိေစတယ္လို႔ သတိေပးထားပါတယ္။

ရခိုင္ျပည္နယ္နဲ႔ ႏုိင္ငံေတာ္လုံျခံဳေရး အေျခအေနေတြေၾကာင့္ဆိုၿပီး ရခုိင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္က ၿမိဳ႕နယ္ ၉ ၿမိဳ႕နယ္မွာ ၂၀၁၉ ခုႏွစ္ ဇြန္လ ၂၀ ရက္ေန႔ကစၿပီး အင္တာနက္လိုင္းေတြကို ျဖတ္ေတာက္ဖို႔ ျမန္မာအစိုးရရဲ႕ ပို႔ေဆာင္ဆက္သြယ္ေရး ၀န္ႀကီးဌာနက အင္တာနက္ ဝန္ေဆာင္မႈကုမၸဏီေတြကို အမိန္႔ထုတ္ခဲ့တာျဖစ္ပါတယ္။

အင္တာနက္ေတြ ျဖတ္ေတာက္ခံထားရတဲ့အတြက္ လူေတြရဲ႕ အသက္ေတြကို ကာကြယ္ဖို႔နဲ႔ လူသားခ်င္းစာနာမႈ အေထာက္အကူေတြ ေပးဖို႔အတြက္ ခုိင္မာတဲ့ သတင္းအခ်က္အလက္ေတြအေပၚ အခ်ိန္နဲ႔တေျပးညီ အားကိုးေနရတဲ့သူေတြကို ထိခိုက္မႈေတြ ရွိေနတယ္လို႔ အေရွ႕ေတာင္အာရွေဒသဆုိင္ရာ ကုလသမဂၢလူ႔အခြင့္အေရး႐ုံးက အႀကီးတန္းအရာရွိ James Rodehaver က ေျပာပါတယ္။

ရခုိင္ျပည္နယ္ေျမာက္ပိုင္းနဲ႔ ခ်င္းျပည္နယ္ထဲက အဲဒီၿမိဳ႕နယ္ေတြမွာ ျမန္မာစစ္တပ္နဲ႔ ရခုိင္လက္နက္ကိုင္အဖဲြ႔ (AA) တုိ႔ၾကား တုိက္ပဲြေတြ ဆက္တုိက္ျဖစ္ပြားေနၿပီး အဲဒီတုိက္ပဲြေတြေၾကာင့္ ေထာင္ေပါင္းမ်ားစြာေသာ အရပ္သားျပည္သူေတြ အိုအိမ္စြန္႔ခြာၿပီး စစ္ေဘးေရွာင္ေနရသလို ေသဆုံးသူလည္း ရာနဲ႔ခ်ီ ရွိေနပါတယ္။

ျမန္မာအစိုးရတပ္နဲ႔ AA ရခုိင္လက္နက္ကိုင္တပ္ဖဲြ႔ေတြအေနနဲ႔ ကမာၻလုံးဆုိင္ရာ အပစ္အခတ္ရပ္စဲဖို႔ ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္က ေတာင္းဆုိထားတာကို ေလးစားလိုက္နာၿပီး အရပ္သားျပည္သူေတြကို အကာအကြယ္ေပးဖို႔လည္း ကုလသမဂၢလူ႔အခြင့္အေရး႐ုံးက တုိက္တြန္းထားပါတယ္။

ဒါ့အျပင္ ပဋိပကၡျဖစ္ေနတဲ့ေဒသေတြမွာ လူသားခ်င္းစာနာမႈ အကူအညီေတြ ေပးႏုိင္ေအာင္ အာဏာပိုင္ေတြဘက္က ကန္႔သတ္တားဆီးထားတာေတြကို ျပန္႐ုပ္သိမ္းေပးဖို႔လည္း ေတာင္းဆုိလုိက္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရခိုင်နဲ့ချင်းဘက်မှာ အင်တာနက်ပြန်ဖွင့်ပေးဖို့ ကုလ လူ့အခွင့်အရေးရုံးတိုက်တွန်း

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က မြို့နယ်တချို့မှာ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာ ပြန်ဖွင့်ပေးဖို့ အရှေ့တောင်အာရှ ဒေသဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။

အခုလို အင်တာနက်တွေ ဖြတ်ထားတာက COVID-19 ကပ်ရောဂါကို ရင်ဆိုင်နေရတဲ့ အရပ်သားပြည်သူတွေရဲ့ အသက်ပေါင်းများစွာအတွက်လည်း အန္တရာယ်ရှိစေတယ်လို့ သတိပေးထားပါတယ်။

ရခိုင်ပြည်နယ်နဲ့ နိုင်ငံတော်လုံခြုံရေး အခြေအနေတွေကြောင့်ဆိုပြီး ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က မြို့နယ် ၉ မြို့နယ်မှာ ၂၀၁၉ ခုနှစ် ဇွန်လ ၂၀ ရက်နေ့ကစပြီး အင်တာနက်လိုင်းတွေကို ဖြတ်တောက်ဖို့ မြန်မာအစိုးရရဲ့ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနက အင်တာနက် ဝန်ဆောင်မှုကုမ္ပဏီတွေကို အမိန့်ထုတ်ခဲ့တာဖြစ်ပါတယ်။

အင်တာနက်တွေ ဖြတ်တောက်ခံထားရတဲ့အတွက် လူတွေရဲ့ အသက်တွေကို ကာကွယ်ဖို့နဲ့ လူသားချင်းစာနာမှု အထောက်အကူတွေ ပေးဖို့အတွက် ခိုင်မာတဲ့ သတင်းအချက်အလက်တွေအပေါ် အချိန်နဲ့တပြေးညီ အားကိုးနေရတဲ့သူတွေကို ထိခိုက်မှုတွေ ရှိနေတယ်လို့ အရှေ့တောင်အာရှဒေသဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးရုံးက အကြီးတန်းအရာရှိ James Rodehaver က ပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်ထဲက အဲဒီမြို့နယ်တွေမှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့ကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး အဲဒီတိုက်ပွဲတွေကြောင့် ထောင်ပေါင်းများစွာသော အရပ်သားပြည်သူတွေ အိုအိမ်စွန့်ခွာပြီး စစ်ဘေးရှောင်နေရသလို သေဆုံးသူလည်း ရာနဲ့ချီ ရှိနေပါတယ်။

မြန်မာအစိုးရတပ်နဲ့ AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ ကမ္ဘာလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က တောင်းဆိုထားတာကို လေးစားလိုက်နာပြီး အရပ်သားပြည်သူတွေကို အကာအကွယ်ပေးဖို့လည်း ကုလသမဂ္ဂလူ့အခွင့်အရေးရုံးက တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ပဋိပက္ခဖြစ်နေတဲ့ဒေသတွေမှာ လူသားချင်းစာနာမှု အကူအညီတွေ ပေးနိုင်အောင် အာဏာပိုင်တွေဘက်က ကန့်သတ်တားဆီးထားတာတွေကို ပြန်ရုပ်သိမ်းပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။

XS
SM
MD
LG