သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခုိင္ျပည္နယ္ အင္တာနက္ ျဖတ္ေတာက္မႈအေပၚ ဂမ္ဘီယာတရားေရး၀န္ႀကီး စုိးရိမ္


ICJ တရား႐ုံးအျပင္ဘက္တြင္ မီဒီယာမ်ားႏွင့္ ေတြ႔ဆုံ ေျပာဆုိေနသည့္ ဂမ္ဘီယာ တရားေရးဝန္ႀကီး Abubacarr Marie Tambaou. (ဇန္နဝါရီ ၂၃၊ ၂၀၂၀)

(Zawgyi / Unicode)

ရခုိင္ျပည္နယ္တြင္း အင္တာနက္ ျဖတ္ေတာက္မႈေတြဟာဆိုရင္ ICJ မွာ ၾကားျဖတ္ အေရးေပၚစီမံခ်က္ေတြအတိုင္း ေဆာင္ရြက္မႈ အေျခအေနကို ပထမဆံုး အစီရင္ခံစာ တင္ရေတာ့မယ့္ ျမန္မာအတြက္ မေကာင္းဘူးလို႔ ဂမ္ဘီယာ တရားေရး၀န္ႀကီးက သတိေပးလုိက္ပါတယ္။

လူမ်ိဳးတုံးသတ္ျဖတ္မႈ က်ဴးလြန္တယ္ဆိုတဲ့ စြဲခ်က္နဲ႔ ျမန္မာႏုိင္ငံကို ႏုိင္ငံတကာ တရား႐ုံး (ICJ) မွာ အမႈဖြင့္ထားတဲ့ ဂမ္ဘီယာႏုိင္ငံကေတာ့ အမႈကို အခုိင္အမာ တည္ေဆာက္ႏိုင္ဖို႔ ႀကိဳးစားေနတယ္လို႔လည္း ေျပာဆိုသြားပါတယ္။ ဂမ္ဘီယာႏိ္ုင္ငံ တရားေရး၀န္ႀကီး Abubacarr Marie Tambaou ကို ဗီြအိုေအ ဘဂၤလားဘာသာ အစီအစဥ္က သီးသန္႔ေတြ႔ဆံု ေမးျမန္းထားပါတယ္။ မသိဂႌထုိက္ ေကာက္ႏုတ္တင္ျပထားပါတယ္။

လူမ်ိဳးတုံးသတ္ျဖတ္မႈ က်ဴးလြန္တယ္ဆိုၿပီး ႏုိင္ငံတကာတရား႐ုံး (ICJ) မွာ အမႈဖြင့္ခံထားရတဲ့ ျမန္မာႏုိင္ငံအေနနဲ႔ တရား႐ုံးရဲ႕ ၾကားျဖတ္ အေရးေပၚစီမံခ်က္ အမိန္႔ကို ေဆာင္ရြက္မႈနဲ႔ ပတ္သက္ၿပီး ပထမဆံုး အစီရင္ခံရမယ့္အခ်ိန္မွာ ရခုိင္ျပည္နယ္တြင္း အင္တာနက္ေတြ ျဖတ္ေတာက္ထားတာက ေကာင္းတဲ့လကၡဏာ မဟုတ္ဘူးလို႔ ဂမ္ဘီယာ တရားေရး၀န္ႀကီး Abubacarr Marie Tambadou က ေျပာဆိုသြားပါတယ္။

“အင္တာနက္လုိင္းေတြ ျဖတ္ေတာက္ထားတဲ့အတြက္ ေဒသတြင္းမွာ အဆက္အသြယ္ေတြ ျပတ္ေတာက္ကုန္ႏုိင္တဲ့အတြက္ တရား႐ုံးအမိန္႔ကုိ လုိက္နာရမယ့္ ျမန္မာႏုိင္ငံအတြက္ေတာ့ သိပ္ေကာင္းတဲ့ကိစၥေတာ့ မဟုတ္ပါဘူး။ တရား႐ုံးအမိန္႔အရ ျမန္မာႏုိင္ငံအေနနဲ႔ ႐ုိဟင္ဂ်ာေတြအေပၚ အကာအကြယ္ေပးေၾကာင္း အခုိင္အမာ ျပသဖုိ႔ရမွာ ျဖစ္ပါတယ္။ အခုကေတာ့ သိပ္အားရစရာ မေကာင္းပါဘူး။ ဒါေပမယ့္လည္း အင္တာနက္ အဆက္အသြယ္ေတြ ျဖတ္ေတာက္တဲ့ အေၾကာင္းရင္း အေပၚမွာေတာ့ ခန္႔မွန္းေျပာတာမ်ဳိး မလုပ္ခ်င္ပါဘူး။ က်ေနာ့္မွာ မွတ္ခ်က္ေပးစရာ အခ်က္အလက္လည္း မရွိပါဘူး။ ဒါေပမယ့္ ေစာင့္ၾကည့္ေနတဲ့ ယႏၱရား ရွိေနၿပီး ျမန္မာအေနနဲ႔လည္း တရား႐ုံးကို မၾကာခင္မွာ အစီရင္ခံစာ တင္ရေတာ့မွာပါ။”

ႏုိင္ငံတကာတရား႐ုံး (ICJ) မွာ ဂမ္ဘီယာနဲ႔ ျမန္မာအမႈကို စစ္ေဆးစဥ္ကာလအတြင္း ျမန္မာဘက္က တရား႐ုံးရဲ႕ ၾကားျဖတ္ အေရးေပၚ အစီအမံ ေဆာင္ရြက္ခ်က္ေတြကို အေကာင္အထည္ေဖာ္မႈနဲ႔ ပတ္သက္ၿပီး ၄ လတႀကိမ္၊ ေနာက္ပိုင္းမွာ ၆ လတႀကိမ္ ပံုမွန္အစီရင္ခံ တင္ျပရမယ္လို႔ ဇန္န၀ါရီ ၂၃ ရက္ေန႔က အမိန္႔ခ်ထားတာေၾကာင့္ အစီရင္ခံစာ တင္ရမယ့္ရက္က နီးေနပါၿပီ။ ျမန္မာရဲ႕ အစီရင္ခံစာထဲမွာ ဘယ္လိုအခ်က္ေတြ ေတြ႔ရဖို႔ရွိသလဲ ဆိုတာကိုေတာ့ ဂမ္ဘီယာ တရားေရး၀န္ႀကီး Abubacarr Marie Tambadou က အခုလို ေျပာပါတယ္။

“အစီရင္ခံစာထဲမွာေတာ့ တရား႐ုံးက ခ်မွတ္ထားတဲ့အတိုင္းပဲ ၾကားျဖတ္ လုပ္ေဆာင္ရမယ့္ ကိစၥေတြကို ျမန္မာဘက္က အေကာင္အထည္ ေဖာ္ေနတယ္ဆိုတဲ့ ခိုင္မာတဲ့အခ်က္ေတြ ပါ၀င္ရမယ္လို႔ က်ေနာ္ ယံုၾကည္ပါတယ္။ ဒီထဲမွာ ကာကြယ္ေစာင့္ေရွာက္တဲ့ အစီအစဥ္ေတြ၊ ႐ုိဟင္ဂ်ာေတြရဲ႕ အသက္အိုးအိမ္စည္းစိမ္ လံုၿခံဳေဘးကင္းေရး ေဆာင္ရြက္ခ်က္ေတြနဲ႔ ျမန္မာႏုိင္ငံတြင္းမွာ က်န္ေနေသးတဲ့သူေတြအေပၚ ေနာက္ထပ္ ထိခုိက္မႈေတြ မျဖစ္ေအာင္ ကာကြယ္ေပးတဲ့အခ်က္ေတြ ပါရပါမယ္။ ဒါေတြက အစီရင္ခံစာထဲမွာ က်ေနာ္တို႔ေတြ႔လိုတဲ့ အခ်က္ေတြပါ။”

ႏုိင္ငံတကာတရား႐ုံး (ICJ) မွာ လူမ်ိဳးတုံးသတ္ျဖတ္မႈနဲ႔ ျမန္မာအေပၚ ဂမ္ဘီယာက တရားစြဲထားတာကို ေမာ္လ္ဒိုက္ႏုိင္ငံကလည္း ေထာက္ခံထားၿပီး အလားတူ တရားစြဲဆိုဖို႔ ေၾကညာထားတာပါ။ တျခားႏုိင္ငံေတြေရာ ပါလာႏုိင္ေျခ ရွိပါသလားလို႔ ေမးတာမွာေတာ့ ဂမ္ဘီယာႏုိင္ငံကို OIC အစၥလာမၼစ္ ပူးေပါင္းေဆာင္ရြက္ေရး အဖြဲ႔၀င္ ႏုိင္ငံေပါင္း ၅၇ ႏုိင္ငံက ေထာက္ခံထားေၾကာင္း၊ တျခားႏုိင္ငံေတြကလည္း မတူကြဲျပားတဲ့ အခန္းက႑ အသီးသီးကေန ေဆာင္ရြက္ေနပါတယ္လို႔ ေျဖၾကားသြားပါတယ္။ ဂမ္ဘီယာႏုိင္ငံ အေနနဲ႔ေတာ့ ျမန္မာဘက္က အစီရင္ခံစာ မထြက္ခင္မွာ အမႈကို အခိုင္အမာ သက္ေသျပႏုိင္ဖို႔ ျပင္ဆင္ေနေၾကာင္းလည္း ဂမ္ဘီယာ တရားေရး၀န္ႀကီးက ေျဖၾကားသြားပါတယ္။

“တရား႐ုံးက ၾကားျဖတ္လုပ္ေဆာင္ရမယ့္ အခ်က္ေတြကို ခ်မွတ္ေပးထားပါတယ္။ ဒါေပမယ့္ ဒါက အမႈၿပီးသြားတာ မဟုတ္ပါဘူး။ လူမ်ိဳးတုံးသတ္ျဖတ္မႈ က်ဴးလြန္ပါတယ္ဆိုၿပီး ျမန္မာအေပၚမွာ က်ေနာ္တို႔ စြဲဆိုထားတဲ့ အမႈအတြက္ သက္ေသျပရဦးမွာပါ။ ဆိုေတာ့ စံုစမ္းစစ္ေဆးစရာေတြ၊ သုေတသန လုပ္စရာေတြ၊ သက္ေသအေထာက္အထား စုစည္းတာေတြ၊ က်ေနာ္တုိ႔ အမႈကို ခိုင္မာေအာင္ သက္ေသျပဖို႔ ျပင္ဆင္စရာေတြ အမ်ားႀကီးရွိပါတယ္။ ဒါေတြလုပ္ေနပါတယ္။ ႀကိဳးစားပမ္းစား လုပ္ေနပါတယ္။”

ျမန္မာဘက္ကေတာ့ ႐ုိဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို အခုအခ်ိန္ထိ လက္သင့္မခံပါဘူး။ ဘဂၤလားေဒရွ္႕နဲ႔ ျမန္မာၾကား ဒုကၡသည္ေတြ ဌာေနျပန္ေရး အတြက္ သေဘာတူထားေပမယ့္လည္း လက္ေတြ႔ အေကာင္အထည္ မေပၚေသးပါဘူး။ အခုအခ်ိန္ထိေတာ့ ျမန္မာႏုိင္ငံတြင္းက ထြက္ေျပးရသူ ၇ သိန္းေက်ာ္ဟာ ဘဂၤလားေဒရွ္႕ ေကာ့ဇ္ဘဇားမွာ ခိုလံႈေနၾကရဆဲ ျဖစ္ပါတယ္။

-----------------------------------

(Unicode)

ရခိုင်ပြည်နယ် အင်တာနက် ဖြတ်တောက်မှုအပေါ် ဂမ်ဘီယာတရားရေးဝန်ကြီး စိုးရိမ်

ရခိုင်ပြည်နယ်တွင်း အင်တာနက် ဖြတ်တောက်မှုတွေဟာဆိုရင် ICJ မှာ ကြားဖြတ် အရေးပေါ်စီမံချက်တွေအတိုင်း ဆောင်ရွက်မှု အခြေအနေကို ပထမဆုံး အစီရင်ခံစာ တင်ရတော့မယ့် မြန်မာအတွက် မကောင်းဘူးလို့ ဂမ်ဘီယာ တရားရေးဝန်ကြီးက သတိပေးလိုက်ပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွဲချက်နဲ့ မြန်မာနိုင်ငံကို နိုင်ငံတကာ တရားရုံး (ICJ) မှာ အမှုဖွင့်ထားတဲ့ ဂမ်ဘီယာနိုင်ငံကတော့ အမှုကို အခိုင်အမာ တည်ဆောက်နိုင်ဖို့ ကြိုးစားနေတယ်လို့လည်း ပြောဆိုသွားပါတယ်။ ဂမ်ဘီယာနိုင်ငံ တရားရေးဝန်ကြီး Abubacarr Marie Tambaou ကို ဗွီအိုအေ ဘင်္ဂလားဘာသာ အစီအစဉ်က သီးသန့်တွေ့ဆုံ မေးမြန်းထားပါတယ်။ မသိင်္ဂီထိုက် ကောက်နုတ်တင်ပြထားပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်ဆိုပြီး နိုင်ငံတကာတရားရုံး (ICJ) မှာ အမှုဖွင့်ခံထားရတဲ့ မြန်မာနိုင်ငံအနေနဲ့ တရားရုံးရဲ့ ကြားဖြတ် အရေးပေါ်စီမံချက် အမိန့်ကို ဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး ပထမဆုံး အစီရင်ခံရမယ့်အချိန်မှာ ရခိုင်ပြည်နယ်တွင်း အင်တာနက်တွေ ဖြတ်တောက်ထားတာက ကောင်းတဲ့လက္ခဏာ မဟုတ်ဘူးလို့ ဂမ်ဘီယာ တရားရေးဝန်ကြီး Abubacarr Marie Tambadou က ပြောဆိုသွားပါတယ်။

“အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတဲ့အတွက် ဒေသတွင်းမှာ အဆက်အသွယ်တွေ ပြတ်တောက်ကုန်နိုင်တဲ့အတွက် တရားရုံးအမိန့်ကို လိုက်နာရမယ့် မြန်မာနိုင်ငံအတွက်တော့ သိပ်ကောင်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ တရားရုံးအမိန့်အရ မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာတွေအပေါ် အကာအကွယ်ပေးကြောင်း အခိုင်အမာ ပြသဖို့ရမှာ ဖြစ်ပါတယ်။ အခုကတော့ သိပ်အားရစရာ မကောင်းပါဘူး။ ဒါပေမယ့်လည်း အင်တာနက် အဆက်အသွယ်တွေ ဖြတ်တောက်တဲ့ အကြောင်းရင်း အပေါ်မှာတော့ ခန့်မှန်းပြောတာမျိုး မလုပ်ချင်ပါဘူး။ ကျနော့်မှာ မှတ်ချက်ပေးစရာ အချက်အလက်လည်း မရှိပါဘူး။ ဒါပေမယ့် စောင့်ကြည့်နေတဲ့ ယန္တရား ရှိနေပြီး မြန်မာအနေနဲ့လည်း တရားရုံးကိုမကြာခင်မှာ အစီရင်ခံစာ တင်ရတော့မှာပါ။”

နိုင်ငံတကာတရားရုံး (ICJ) မှာ ဂမ်ဘီယာနဲ့ မြန်မာအမှုကို စစ်ဆေးစဉ်ကာလအတွင်း မြန်မာဘက်က တရားရုံးရဲ့ ကြားဖြတ် အရေးပေါ် အစီအမံ ဆောင်ရွက်ချက်တွေကို အကောင်အထည်ဖော်မှုနဲ့ ပတ်သက်ပြီး ၄ လတကြိမ်၊ နောက်ပိုင်းမှာ ၆ လတကြိမ် ပုံမှန်အစီရင်ခံ တင်ပြရမယ်လို့ ဇန်နဝါရီ ၂၃ ရက်နေ့က အမိန့်ချထားတာကြောင့် အစီရင်ခံစာ တင်ရမယ့်ရက်က နီးနေပါပြီ။ မြန်မာရဲ့ အစီရင်ခံစာထဲမှာ ဘယ်လိုအချက်တွေ တွေ့ရဖို့ရှိသလဲ ဆိုတာကိုတော့ ဂမ်ဘီယာ တရားရေးဝန်ကြီး Abubacarr Marie Tambadou က အခုလို ပြောပါတယ်။

“အစီရင်ခံစာထဲမှာတော့ တရားရုံးက ချမှတ်ထားတဲ့အတိုင်းပဲ ကြားဖြတ် လုပ်ဆောင်ရမယ့် ကိစ္စတွေကို မြန်မာဘက်က အကောင်အထည် ဖော်နေတယ်ဆိုတဲ့ ခိုင်မာတဲ့အချက်တွေ ပါဝင်ရမယ်လို့ ကျနော် ယုံကြည်ပါတယ်။ ဒီထဲမှာ ကာကွယ်စောင့်ရှောက်တဲ့ အစီအစဉ်တွေ၊ ရိုဟင်ဂျာတွေရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံဘေးကင်းရေး ဆောင်ရွက်ချက်တွေနဲ့ မြန်မာနိုင်ငံတွင်းမှာ ကျန်နေသေးတဲ့သူတွေအပေါ် နောက်ထပ် ထိခိုက်မှုတွေ မဖြစ်အောင် ကာကွယ်ပေးတဲ့အချက်တွေ ပါရပါမယ်။ ဒါတွေက အစီရင်ခံစာထဲမှာ ကျနော်တို့တွေ့လိုတဲ့ အချက်တွေပါ။”

နိုင်ငံတကာတရားရုံး (ICJ) မှာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ မြန်မာအပေါ် ဂမ်ဘီယာက တရားစွဲထားတာကို မော်လ်ဒိုက်နိုင်ငံကလည်း ထောက်ခံထားပြီး အလားတူ တရားစွဲဆိုဖို့ ကြေညာထားတာပါ။ တခြားနိုင်ငံတွေရော ပါလာနိုင်ခြေ ရှိပါသလားလို့ မေးတာမှာတော့ ဂမ်ဘီယာနိုင်ငံကို OIC အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင် နိုင်ငံပေါင်း ၅၇ နိုင်ငံက ထောက်ခံထားကြောင်း၊ တခြားနိုင်ငံတွေကလည်း မတူကွဲပြားတဲ့ အခန်းကဏ္ဍ အသီးသီးကနေ ဆောင်ရွက်နေပါတယ်လို့ ဖြေကြားသွားပါတယ်။ ဂမ်ဘီယာနိုင်ငံ အနေနဲ့တော့ မြန်မာဘက်က အစီရင်ခံစာ မထွက်ခင်မှာ အမှုကို အခိုင်အမာ သက်သေပြနိုင်ဖို့ ပြင်ဆင်နေကြောင်းလည်း ဂမ်ဘီယာ တရားရေးဝန်ကြီးက ဖြေကြားသွားပါတယ်။

“တရားရုံးက ကြားဖြတ်လုပ်ဆောင်ရမယ့် အချက်တွေကို ချမှတ်ပေးထားပါတယ်။ ဒါပေမယ့် ဒါက အမှုပြီးသွားတာ မဟုတ်ပါဘူး။ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ပါတယ်ဆိုပြီး မြန်မာအပေါ်မှာ ကျနော်တို့ စွဲဆိုထားတဲ့ အမှုအတွက် သက်သေပြရဦးမှာပါ။ ဆိုတော့ စုံစမ်းစစ်ဆေးစရာတွေ၊ သုတေသန လုပ်စရာတွေ၊ သက်သေအထောက်အထား စုစည်းတာတွေ၊ ကျနော်တို့ အမှုကို ခိုင်မာအောင် သက်သေပြဖို့ ပြင်ဆင်စရာတွေ အများကြီးရှိပါတယ်။ ဒါတွေလုပ်နေပါတယ်။ ကြိုးစားပမ်းစား လုပ်နေပါတယ်။”

မြန်မာဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို အခုအချိန်ထိ လက်သင့်မခံပါဘူး။ ဘင်္ဂလားဒေရှ့်နဲ့ မြန်မာကြား ဒုက္ခသည်တွေ ဌာနေပြန်ရေး အတွက် သဘောတူထားပေမယ့်လည်း လက်တွေ့ အကောင်အထည် မပေါ်သေးပါဘူး။ အခုအချိန်ထိတော့ မြန်မာနိုင်ငံတွင်းက ထွက်ပြေးရသူ ၇ သိန်းကျော်ဟာ ဘင်္ဂလားဒေရှ့် ကော့ဇ်ဘဇားမှာ ခိုလှုံနေကြရဆဲ ဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG