သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကြားဖြတ်အရေးပေါ်စီမံမှုဆုံးဖြတ်ချက် ICJ ချမှတ်


Unicode/ZawGyi

ကြားဖြတ်အရေးပေါ်စီမံမှုဆုံးဖြတ်ချက် ICJ ချမှတ်

မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှုလုပ်ရပ်တွေ ဆက်ပြီးမဖြစ်အောင်တားဆီးရေး ဂမ်ဘီယာနိုင်ငံဘက်က လျှောက်ထားချက်အရ ကြားဖြတ်လိုက်နာ လုပ်ဆောင်ရမယ့် အချက် ၄ ချက် ကို ICJ အပြည်ပြည်ဆိုင်ရာတရားရုံးက ဒီနေ့ ဆုံးဖြတ်ချက် ချမှတ်လိုက်ပါတယ်။

(၁) လူမျိုးတုန်းသတ်ဖြတ်မှုတားဆီးရေးဆိုင်ရာနိုင်ငံတကာသဘောတူညီချက် အပိုဒ်(၂) မှာ ဖော်ပြထားတဲ့ ကျူးလွန်မှုတွေ ဖြစ်မလာအောင် မြန်မာနိုင်ငံအနေနဲ့ အကာအကွယ်ပေးရေး အစီအမံတွေဆောင်ရွက်သွားရမယ်။

(၂) မြန်မာစစ်တပ်ဖြစ်စေ ပြည်သူ့စစ်အဖွဲ့ဖြစ်စေ အခြားအဖွဲ့အစည်းတခုခုကဖြစ်စေ ဂျီနိုဆိုဒ်စာချုပ် အပိုဒ် (၂) ပါ လူမျိုးတုန်းသတ်ဖြတ်မှုမြောက်တဲ့ လုပ်ရပ်တွေ မကျူးလွန်နိုင်အောင်နဲ့ ကျူးလွန်ဖို့ရည်ရွယ်ချက်နဲ့ လှုံဆော်မှုတွေမဖြစ်အောင် မြန်မာနိုင်ငံအနေနဲ့ ဒီအဖွဲ့အစည်းတွေကို ထိန်းချုပ်ကိုင်တွယ်ရမယ်။

(၃) ဖြစ်ပြီးခဲ့တဲ့ ကျူးလွန်မှုတွေက ကျန်တဲ့ သက်သေအထောက်အထားတွေကို မပျောက်ပျက်အောင် ထိမ်းသိမ်းပေးရမယ်၊ မဖျက်ဆီးပစ်ရဘူး။

(၄) ဂျီနိုဆိုဒ်သဘောတူညီချက်ကို ချိုးဖောက်မှုရှိမရှိ တရားရုံးက စစ်ဆေးနေစဉ်ကာလအတောအတွင်းမှာပဲ မြန်မာနိုင်ငံဖက်က ဆောင်ရွက်မှု တိုးတက်မှုဖြစ်စဉ်ကိုလည်း ၄ လ အတွင်း၊ ပထမအအကြိမ် တရားရုံးကိုအစီရင်ခံစာတင်ရမယ်။ နောက်ပိုင်းမှာ ၆လတကြိမ် ပုံမှန်အစီရင်ခံစာတင်သွားရမယ်။

ICJ Provisional Measures Gambia vs Myanmar
ICJ Provisional Measures Gambia vs Myanmar

မြန်မာနိုင်ငံတွင်း ကျန်နေတဲ့ ရိုဟင်ဂျာတွေကို ကာကွယ်ပေးရေး ကိစ္စတွေကို ချက်ခြင်းဆောင်ရွက်ဖို့ လိုတယ်လို့ ယူဆတဲ့အကြောင်းနဲ့၊ ဒီအတွက် ဂျီနိုဆိုဒ် လူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်မဖြစ် ဆိုတာ ငြင်းဖို့ တရားရုံးက အဖြေထုတ်တဲ့အထိ စောင့်နေစရာ မလိုဘူးလို့လည်း ICJ တရားရုံးက သုံးသပ်ပါတယ်။

ဂမ်ဘီယာနိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာဂျီနိုဆိုဒ် တားဆီးရေး သဘောတူညီချက် အရ တရားစွဲဆိုပိုင်ခွင့် မရှိဘူးလို့ မြန်မာနိုင်ငံဘက်က လျှောက်ထားတာကို ICJ တရားရုံးက ငြင်းဆိုလိုက်ပါတယ်။ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို မြန်မာစစ်တပ်က လုပ်တယ်ဆိုပေမယ့် အစိုးရမှာလည်း တာဝန်ရှိတယ်လို့ သုံးသပ်တဲ့အကြောင်း တရားသူကြီးက ဖတ်ကြားသွားခဲ့တာပါ။

မြန်မာနိုင်ငံရဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသား ဖြစ်မှု ဥပဒေဟာ ရိုဟင်ဂျာတွေကို နိုင်ငံမဲ့ဘ၀ ရောက်အောင် တွန်းပို့ခဲ့တယ်လို့ ယူဆတယ်လို့လည်း ICJ တရားရုံးက သတ်မှတ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာတွေကို ထိထိရောက်ရောက်အကာအကွယ်ပေးနေပါတယ်လို့ အခိုင်အမာ တင်ပြနိုင်ခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။

မြန်မာကို နိင်ငံအနေနဲ့ နိုင်ငံတကာ ဥပဒေတွေလိုက်နာဘို့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မှာသတိပေးခဲ့တာကိုလဲ ICJ က ကိုးကားသွားပါတယ်။

ဒီနေ့ ICJ တရားရုံးက ကြားဖြတ်လိုက်နာ လုပ်ဆောင်ရမယ့် အချက်တွေချမှတ်တဲ့အချိန်မှာ နိုင်ငံတော် အတိုင်ပင်ခံရုံး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ် အဖွဲ့နဲ့ ဥပဒေအကျိုးဆောင်တွေ တက်ရောက်ခဲ့ပါတယ်။

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ တကျော့ပြန်ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေ နောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ လူမျိုးတုံး သတ်ဖြတ်မှုတွေ ဖြစ်ပေါ်ခဲ့တယ် ဆိုပြီး ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် စွဲချက်တင်ခဲ့တာပါ။

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ကမြန်မာနိုင်ငံအပေါ် ဒီကနေ့ချမှတ်တဲ့ ကြားဖြတ်စီမံဆောင်ရွက်ချက် နှင့်ပတ်သက်လို့ သတင်းထုတ်ပြန်ပါတယ်။

ICJ က ဆုံးဖြတ်ချက်မချခင် ရက်ပိုင်းအလိုမှာဘဲ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် ICOE က အစီရင်ခံစာထုတ်ပြန်ပါတယ်။ ရိုဟင်ဂျာ အဆိုတဲ့ အသုံးအနှုံးကို မြန်မာဘက်က လက်မခံသလို ဒီ အသုံးအနှုံးကိုလည်း အစီရင်ခံစာမှာ ဖေါ်ပြခြင်း မရှိပါဘူး။ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးမှာ လူမျိုးတုံး သတ်ဖြတ်မှုကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်း မရှိကြောင်း၊ ဒါပေမဲ့ စစ်ရာဇဝတ်ကျူးလွန်မှု၊ ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စစ်တပ်အပါအဝင် သက်ဆိုင်သူတွေ ကျူးလွန်ကောင်း ကျူးလွန်နိုင်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ZawGyi

ၾကားျဖတ္အေရးေပၚစီမံမႈဆံုးျဖတ္ခ်က္ ICJ ခ်မွတ္

ျမန္မာႏိုင္ငံမွာ လူမ်ိဳးတုံးသတ္ျဖတ္မႈလုပ္ရပ္ေတြ ဆက္ၿပီးမျဖစ္ေအာင္တားဆီးေရး ဂမ္ဘီယာႏိုင္ငံဘက္က ေလွ်ာက္ထားခ်က္အရ ၾကားျဖတ္လိုက္နာ လုပ္ေဆာင္ရမယ့္ အခ်က္ ၄ ခ်က္ ကို ICJ အျပည္ျပည္ဆိုင္ရာတရား႐ုံးက ဒီေန႔ ဆုံးျဖတ္ခ်က္ ခ်မွတ္လိုက္ပါတယ္။

(၁) လူမ်ိဳးတံုးသတ္ျဖတ္မႈတားဆီးေရးဆိုင္ရာႏိုင္ငံတကာသေဘာတူညီခ်က္ အပိုဒ္(၂) မွာ ေဖာ္ျပထားတဲ့ က်ဴးလြန္မႈေတြ ျဖစ္မလာေအာင္ ျမန္မာႏိုင္ငံအေနနဲ႔ အကာအကြယ္ေပးေရး အစီအမံေတြေဆာင္ရြက္သြားရမယ္။

(၂) ျမန္မာစစ္တပ္ျဖစ္ေစ ျပည္သူ႔စစ္အဖဲြ႕ျဖစ္ေစ အျခားအဖဲြ႕အစည္းတခုခုကျဖစ္ေစ ဂ်ီႏိုဆိုဒ္စာခ်ဳပ္ အပိုဒ္ (၂) ပါ လူမ်ိဳးတံုးသတ္ျဖတ္မႈေျမာက္တဲ့ လုပ္ရပ္ေတြ မက်ဴးလြန္ႏိုုင္ေအာင္နဲ႔ က်ဴးလြန္ဖို႔ရည္ရြယ္ခ်က္နဲ႔ လံႈေဆာ္မႈေတြမျဖစ္ေအာင္ ျမန္မာႏိ္ုင္ငံအေနနဲ႔ ဒီအဖဲြ႕အစည္းေတြကို ထိန္းခ်ဳပ္ကိုင္တြယ္ရမယ္။

(၃) ျဖစ္ၿပီးခဲ့တဲ့ က်ဴးလြန္မႈေတြက က်န္တဲ့ သက္ေသအေထာက္အထားေတြကို မေပ်ာက္ပ်က္ေအာင္ ထိမ္းသိမ္းေပးရမယ္၊ မဖ်က္ဆီးပစ္ရဘူး။

(၄) ဂ်ီႏိုဆိုဒ္သေဘာတူညီခ်က္ကို ခ်ိဳးေဖာက္မႈရွိမရွိ တရားရံုးက စစ္ေဆးေနစဥ္ကာလအေတာအတြင္းမွာပဲ ျမန္မာႏိ္ုင္ငံဖက္က ေဆာင္ရြက္မႈ တိုးတက္မႈျဖစ္စဥ္ကိုလည္း ၄ လ အတြင္း၊ ပထမအအႀကိမ္ တရားရံုးကိုအစီရင္ခံစာတင္ရမယ္။ ေနာက္ပိုင္းမွာ ၆လတႀကိမ္ ပံုမွန္အစီရင္ခံစာတင္သြားရမယ္။

ျမန္မာႏိ္ုင္ငံတြင္း က်န္ေနတဲ့ ႐ိုဟင္ဂ်ာေတြကို ကာကြယ္ေပးေရး ကိစၥေတြကို ခ်က္ျခင္းေဆာင္ရြက္ဖို႔ လိုတယ္လို႔ ယူဆတဲ့အေၾကာင္းနဲ႔ ဒီအတြက္ လူမ်ဳိးတံုးသတ္ျဖတ္မႈ ျဖစ္မျဖစ္ဆိုတာ ျငင္းဖို႔ တရားရံုးက အေျဖထုတ္တဲ့အထိ ေစာင့္ေနစရာမလိုဘူးလို႔လည္း ICJ တရား႐ုံးက သုံးသပ္ပါတယ္။

ဂမ္ဘီယာႏိုင္ငံအေနနဲ႔ ျမန္မာႏိုင္ငံအေပၚ ႏိုင္ငံတကာဂ်ီႏိုဆိုဒ္ တားဆီးေရး သေဘာတူညီခ်က္ အရ တရားစြဲဆိုပိုင္ခြင့္ မရွိဘူးလို႔ ျမန္မာႏိုုင္ငံဘက္က ေလွ်ာက္ထားတာကို ICJ တရား႐ုံးက ျငင္းဆိုလိုက္ပါတယ္။ လူ႔အခြင့္အေရး ခ်ဳိးေဖါက္မႈေတြကို ျမန္မာစစ္တပ္က လုပ္တယ္ဆိုေပမယ့္ အစိုးရမွာလည္း တာ၀န္ရွိတယ္လို႔ သုံးသပ္တဲ့အေၾကာင္း တရားသူႀကီးက ဖတ္ၾကားသြားခဲ့တာပါ။

ျမန္မာႏိုင္ငံရဲ႕ ၁၉၈၂ ခုႏွစ္ ႏိုင္ငံသား ျဖစ္မႈ ဥပေဒဟာ ႐ိုဟင္ဂ်ာေတြကို ႏိုင္ငံမဲ့ဘ၀ ေရာက္ေအာင္ တြန္းပို႔ခဲ့တယ္လို႔ ယူဆတယ္လို႔လည္း ICJ တရား႐ုံးက သတ္မွတ္ပါတယ္။ ျမန္မာႏိုင္ငံအေနနဲ႔ ႐ိုဟင္ဂ်ာေတြကို ထိထိေရာက္ေရာက္အကာအကြယ္ေပးေနပါတယ္လို႔ အခိုင္အမာ တင္ျပႏိုင္ခဲ့ျခင္း မရွိဘူးလို႔ ဆိုပါတယ္။

ျမန္မာကို နိ္င္ငံအေနနဲ႔ ႏိုင္ငံတကာ ဥပေဒေတြလိုက္နာဘို႔ ကုလသမဂၢ အေထြေထြညီလာခံမွာ မွာသတိေပးခဲ့တာကိုလဲ ICJ က ကိုးကားသြားပါတယ္။

ဒီေန႔ ICJ တရား႐ုံးက ၾကားျဖတ္လိုက္နာ လုပ္ေဆာင္ရမယ့္ အခ်က္ေတြခ်မွတ္တဲ့အခ်ိန္မွာ ႏိုင္ငံေတာ္ အတိုင္ပင္ခံ႐ုံး ျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္တင့္ေဆြ ဦးေဆာင္တဲ့ ျမန္မာကိုယ္စားလွယ္ အဖြဲ႕နဲ႔ ဥပေဒအက်ဳိးေဆာင္ေတြ တက္ေရာက္ခဲ့ပါတယ္။

ျမန္မာႏိုင္ငံ၊ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းမွာ တေက်ာ့ျပန္ျဖစ္ေပၚခဲ့တဲ့ အၾကမ္းဖက္မႈေတြ ေနာက္ပိုင္း လုံၿခဳံေရးတပ္ဖြဲ႕ေတြက နယ္ေျမရွင္းလင္းေရး ေဆာင္႐ြက္စဥ္ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ၊ လူမ်ိဳးတုံး သတ္ျဖတ္မႈေတြ ျဖစ္ေပၚခဲ့တယ္ ဆိုၿပီး ဂမ္ဘီယာႏိုင္ငံက ျမန္မာႏိုင္ငံအေပၚ စြဲခ်က္တင္ခဲ့တာပါ။

ျမန္မာႏိုင္ငံျခားေရးဝန္ႀကီးဌာနကလည္း အျပည္ျပည္ဆိုင္ရာတရား႐ုံး (ICJ) ကျမန္မာႏိုင္ငံအေပၚ ဒီကေန႔ခ်မွတ္တဲ့ ၾကားျဖတ္စီမံေဆာင္႐ြက္ခ်က္ ႏွင့္ပတ္သက္လို႔ သတင္းထုတ္ျပန္ပါတယ္။

ICJ က ဆုံးျဖတ္ခ်က္မခ်ခင္ ရက္ပိုင္းအလိုမွာပဲ လြတ္လပ္တဲ့ စုံစမ္းစစ္ေဆးေရး ေကာ္မရွင္ ICOE က အစီရင္ခံစာထုတ္ျပန္ပါတယ္။ ႐ိုဟင္ဂ်ာဆိုတဲ့ အသုံးအႏႈံးကို ျမန္မာဘက္က လက္မခံသလို ဒီ အသုံးအႏႈံးကိုလည္း အစီရင္ခံစာမွာ ေဖၚျပျခင္း မရွိပါဘူး။ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းမွာ ၂၀၁၇ ခုႏွစ္က ျမန္မာစစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းေရးမွာ လူမ်ိဳးတုံး သတ္ျဖတ္မႈကို ရည္႐ြယ္ခ်က္ရွိရွိ လုပ္ေဆာင္ခဲ့ျခင္း မရွိေၾကာင္း၊ ဒါေပမဲ့ စစ္ရာဇဝတ္က်ဴးလြန္မႈ၊ ႀကီးေလးတဲ့ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြကို စစ္တပ္အပါအဝင္ သက္ဆိုင္သူေတြ က်ဴးလြန္ေကာင္း က်ဴးလြန္ႏိုင္တယ္လို႔ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

XS
SM
MD
LG