သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း



ဂမ်ဘီယာ တရားရေးဝန်ကြီးနှင့် Dr.Waker Uddin (Wakar Uddin facebook)
ဂမ်ဘီယာ တရားရေးဝန်ကြီးနှင့် Dr.Waker Uddin (Wakar Uddin facebook)

(Unicode/Zawgyi)




Netherlands International Court Rohingya
Netherlands International Court Rohingya








တိုက်ရိုက် လင့်ခ်


...................

ICJ ဆုံးဖြတ်ချက် ဂမ်ဘီယာအကြံပေး Dr.Waker Uddin တုံ့ပြန်ချက်

(Zawgyi)

ICJ တရားရုံးရဲ့ ဆုံးဖြတ်ချက်တွေကို မြန်မာအစိုးရဘက်က လိုက်နာဆောင်ရွက်လိမ့်မယ်လို့ မျှော်လင့်ကြောင်း တရားစွဲတဲ့ ဂမ်ဘီယာနိုင်ငံရဲ့ အကြံပေး ဒေါက်တာ ဝါကာ အူဒင်က ပြောကြားလိုက်ပါတယ်။ ICJ တရားရုံးဆုံးဖြတ်ချက်တွေကို မြန်မာအစိုးရက လိုက်နာဆောင်ရွက်မယ်ဆိုရင် ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်းမှုရရှိပြီး အားလုံး အတူယှဉ်တွဲနေထိုင်နိုင်မယ်လို့ သူက VOA မြန်မာပိုင်းနဲ့မေးမြန်းခန်းမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒီကနေ့ ICJ တရားရုံးရဲ့ ဆုံးဖြတ်ချက်အပေါ် တုံ့ပြန်ချက်နဲ့ပတ်သက်လို့ ဂမ်ဘီယာနိုင်ငံရဲ့ အကြံပေး ဒေါက်တာ ဝါကာ အူဒင်ကို မစုမြတ်မွန်က မေးတဲ့အခါ သူက ခုလိုစတင်ဖြေပါတယ်။

ဒေါက်တာ ဝါကာ အူဒင်။ ။ ဒီနေ့ဆုံးဖြတ်ချက်ကတော့ Provisional Measure ဆုံးဖြတ်ချက်ပေါ့လေ။ အဲဒါနဲ့ ပတ်သက်လို့ ကောင်းတဲ့ဆုံးဖြတ်ချက်ပေါ့နော်။ ကျနော်တို့ဘက်က အချက် ၆ ချက် ကျနော်တို့ တောင်းဆိုခဲ့တယ်။ ၄ ခုကိုတော့ သူတို့ approve လုပ်ပါတယ်။ တခုအကောင်းဆုံးကတော့ ကျနော်ထင်တယ် တရားသူကြီး ၁၇ ယောက်မှာ ဆုံးဖြတ်ချက်ကို ၁၇ ယောက်စလုံးက vote လုပ်တယ်။ အဲဒီတော့ မြန်မာနိုင်ငံဘက်ကို ချတဲ့ ဒီ Provisional Measure ဆုံးဖြတ်ချက်ကို ထောက်ခံတာက အကောင်းဆုံးပေါ့လေ။ ဘာဖြစ်လို့လဲဆိုတော့ This is Justice ၊ ဒါက တရား ဒါကို တရားသူကြီးက သိတယ်ဆိုတော့ ဒါနဲ့ ပတ်သက်လို့ ကျနော်စိတ်ကောင်းပါတယ်။

မစုမြတ်မွန်။ ။ Gambia ဘက်က တင်တာက ဆောင်ရွက်ချက် ၆ ခုကို တင်တဲ့အထဲမှာ ၄ ခုကိုတော့ အခုဆုံးဖြတ်လိုက်တယ်ဆိုတော့ အဲဒီအပေါ်မှာရော ကျေနပ်မှုရှိပါသလား။

ဒေါက်တာ ဝါကာ အူဒင်။ ။ ကျေနပ်မှုရှိတယ်၊ အားရပါတယ်။ ဘာဖြစ်လို့ဆိုတော့ အခုဒီ Provisional Measure ဆုံးဖြတ်ချက်က အဲဒါကို မြန်မာအစိုးရဘက်က လိုက်နာမယ်ဆိုရင်ပေါ့လေ ရခိုင်ပြည်မှာ ငြိမ်းချမ်းမှု ရှိလာမယ်။ Genocide နဲ့ ပတ်သက်လို့ မြန်မာစစ်တပ်၊ တပ်မတော်က၊ ရဲတွေ၊ တခြားလက်နက်ကိုင်တွေ လုပ်တာ ကျနော်တို့ ရပ်လို့ရပါမယ်။ ဒါက တကယ့်ကို Significant ပါ။ အခုအဲဒါ ဒီဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံလိုက်နာမယ်ဆိုရင် ရခိုင်ပြည်မှာ ငြိမ်းချမ်းမှု ရှိလာမယ်။ အားလုံးအတူတူနေနိုင်မယ်၊ ပြီးတော့ Genocide ၊ လူမျိုးတုံးတာတို့ ၊ သတ်တာ ၊ မုဒိမ်းကျင့်တာတို့ ၊ လယ်မြေသိမ်းတာတို့၊ ရိုဟင်ဂျာရွာတွေကို ဖျက်ဆီးတာမျိုးတွေ ဒါတွေရော အစားအသောက်မရအောင် လုပ်တာတို့ ပျောက်သွားမယ်။

နောက် ဒုတိယအချက်က မြန်မာအစိုးရက ကတိပေးရမယ်။ မြန်မာ့တပ်မတော်၊ ရဲစခန်း ရဲတွေ ၊ တခြားလက်နက်ကိုင်တွေက ရိုဟင်ဂျာတွေကို Act of Genocide၊ မတရားလုပ်တာတို့ မလုပ်ဘူးဆိုတဲ့ ကတိပေးရပါမယ်။ နံပတ် ၃ အချက်ကတော့ ရိုဟင်ဂျာတွေကို Genocide လုပ်တာ၊ အထောက်အထားတွေ ဖျက်ဆီးတာ ၊ လူသတ်တာ၊ မုဒိမ်းကျင့်တာ အဲဒီလို Act of Genocide လုပ်တဲ့ အမှုရဲ့ အထောက်အထားတွေကို မဖျက်ဆီးဖို့အတွက် စောင့်ရှောက်ဖို့အတွက် အဲဒါ တရားရုံးဆုံးဖြတ်ချက်ပါပါတယ်။ ဒီအထောက်အထားက သိပ်အရေးကြီးတယ်လေ။ မြန်မာစစ်တပ်တွေ၊ ရဲတွေ၊ အစိုးရလက်နက်ကိုင်တွေက လူဘယ်လောက် သတ်တယ်ဆိုတာ ၊ ကျေးရွာ၊ လယ်မြေတွေ တိရိစ္ဆာန်တွေကိုတောင် သတ်တာ အဲဒီ အထောက်အထားတွေအားလုံး စောင့်ရှောက်ဖို့အရေးကြီးတယ်။

နောက် ၄ အချက်က ကျနော်တို့ တောင်းဆိုခဲ့တာက Gambia ဘက်ကရော၊မြန်မာအစိုးရဘက်ကရော ၄ လအတွင်းမှာ တိုးတက်မှု ဘယ်လိုအခြေအနေဖြစ်ပြီလဲ အဲဒီ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ရခိုင်ပြည်မှာ ဘာလုပ်တယ်ဆိုတာတွေကို အစီရင်ခံရမယ်လို့ ကျနော်တို့ အဲလိုတောင်းဆိုခဲ့ပါတယ်။ အဲဒါကို ခွင့်ပြုပြီးတော့ အခုကြားထဲမှာ နောက်တခု ပြန်ထည့်လိုက်ပါတယ်။ အဲဒါကတော့ အခု ၄ လပြီးရင် ၆ လတိုင်း report ပေးရမယ်လို့ မြန်မာအစိုးရက Genocide prevention ရိုဟင်ဂျာတွေကို ကာကွယ်ဖို့အတွက်၊ စောင့်ရှောက်ဖို့အတွက် အဲဒါ ပါပါတယ်။ အကောင်းဆုံးကတော့ ကျနော်ထင်တာကတော့ ရိုဟင်ဂျာနာမည်ကို တရားရုံးကအသိအမှတ်ပြုတာ အဲဒါနဲ့ ပတ်သက်လို့ ကျနော်ဝမ်းသာပါတယ်။ နောက်ပြီးတော့ ရိုဟင်ဂျာတွေကို အကာအကွယ်ပေးဖို့ အဲဒါကလည်း ဆုံးဖြတ်ချက်မှာပါတော့ ကောင်းတဲ့သတင်းပါ အဲဒါနဲ့ ပတ်သက်လို့ ကျနော်ဝမ်းသာပါတယ်။

မစုမြတ်မွန်။ ။ နံပတ် ၄ အချက်မှာပါတဲ့ ၄ လတိုင်းမှာ တိုးတက်မှု ဖြစ်စဉ်ကို အစီရင်ခံတင်ရမယ် ၊ နောက်ပိုင်းမှာ ၆ လတကြိမ်တင်ရမယ် ဆိုတာ ဆုံးဖြတ်ချက်မှာပါတယ် ။ အဲဒါက ဘယ်လောက်ကြာကြာအထိ ဒီအစီရင်ခံစာတွေက တင်ရမှာပါလဲ။

ဒေါက်တာ ဝါကာ အူဒင်။ ။ အဲဒါတော့ မပြောဘူးသူတို့က ၊ သူတို့ ၆ လတိုင်းပဲ ပြောတယ်။ ဘယ်နှစ်နှစ်ဆိုတာတော့ မပြောဘူး ။ သူတို့အဲဒါ နောက်မှ ဆုံးဖြတ်မယ်ထင်ပါတယ်။

မစုမြတ်မွန်။ ။ အခု ICJ တရားရုံးက ဆုံးဖြတ်လိုက်တာတွေက မြန်မာအစိုးရက လိုက်နာရမှာပေါ့နော် ဥပဒေအရဆိုရင် ။ ဒါပေမယ့် တကယ်ပဲ လိုက်နာဆောင်ရွက်မှု ရှိလာဖို့အတွက်ကို ဘယ်လိုမျိုးဆောင်ရွက်မှုတွေရှိလာဖို့အတွက် ဘယ်လိုစီစဉ်ထားပါသလဲ။

ဒေါက်တာ ဝါကာ အူဒင်။ ။ အဲဒါတော့ မြန်မာအစိုးရအပေါ် မူတည်ပါတယ်လေ။ ICJ ကတော့ မပြောဘူး ဘယ်လိုလုပ်ရမယ်ဆိုတာ မြန်မာအစိုးရက နိုင်ငံတကာအသိုင်းအဝိုင်းမှာရှိတဲ့ နိုင်ငံ တခုဆိုတော့ အဲဒီ နိုင်ငံတနိုင်ငံ က Genocide convention မှာ လက်မှတ်ထိုးထားပြီးပြီ ။ အခုအဲဒီ ဥပဒေကို မလိုက်နာဘူးဆိုရင် မြန်မာနိုင်ငံကို ကမ္ဘာက ဘယ်လိုကြည့်မလဲ ၊ ဘယ်လိုထင်မလဲ လူမိုက်လိုဖြစ်သွားမယ်လေ ။ အဲဒီ Convention ကို လက်မှတ်ထိုးပြီးတော့ Convention ဥပဒေကို မလိုက်နာဘူးဆိုရင် မြန်မာပြည်အတွက်အများကြီး ပြဿနာ တက်မယ်။ အခုတောင်မှ ပြဿနာတက်နေတာ ပိုပြီးတော့ ပြဿနာတက်မယ်။ မြန်မာပြည်က UN ရဲ့ အဖွဲ့ဝင်နိုင်ငံတခုအနေနဲ့ တကမ္ဘာလုံးက လေးစားအောင် မြန်မာနိုင်ငံက ဥပဒေကို လိုက်နာသင့်တယ်။ ကျနော်တို့ထင်တာကတော့ မြန်မာအစိုးရ ၊ ဒေါ်အောင်ဆန်းစုကြည်အစိုးရက လုပ်မယ်လို့ထင်ပါတယ်။”

ICJ တရားရုံးရဲ့ ဆုံးဖြတ်ချက်အပေါ် တုံ့ပြန်ချက်နဲ့ပတ်သက်လို့ ဂမ်ဘီယာနိုင်ငံရဲ့ အကြံပေး ဒေါက်တာ ဝါကာ အူဒင်ကို မစုမြတ်မွန်က ဆက်သွယ်မေးမြန်းထားတာပါ။

XS
SM
MD
LG