သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ICOE အစီရင္စာပါက်ဴးလြန္မႈေတြ အေရးယူဖုိ႔ သမၼတ ဦး၀င္းျမင့္ ညႊန္ၾကား


လြြတ္လပ္တဲ့စံုစမ္းစစ္ေဆးေရးေကာ္မ႐ွင္က အစီရင္ခံစာကို ႏိုင္ငံေတာ္ သမၼတထံ ေပးအပ္ (ICOE)

(Zawgyi / Unicode)

လြတ္လပ္ေသာ စံုစမ္းစစ္ေဆးေရးေကာ္မရွင္ (ICOE) ရဲ႕ အၿပီးသတ္အစီရင္ခံစာမွာ ေဖာ္ျပထားတဲ့ က်ဴးလြန္မႈေတြကို ဆက္လက္ စံုစမ္းစစ္ေဆးၿပီး တရားစြဲဆိုဖို႔ ႏုိင္ငံေတာ္သမၼတက ေကာ္မရွင္ရဲ႕ အစီရင္ခံစာအျပည့္အစံုကုိ ေနာက္ဆက္တြဲေတြနဲ႔အတူ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္႐ံုးကုိ ေပးပို႔ၿပီးျဖစ္တယ္လုိ႔ ဇန္နဝါရီလ ၂၁ ရက္ေန႔စြဲနဲ႔ ႏုိင္ငံေတာ္သမၼတ႐ံုးရဲ႕ သတင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ရခုိင္ျပည္နယ္မွာျဖစ္ခဲ့တဲ့ ျပည္တြင္းလက္နက္ကိုင္ ပဋိပကၡေတြအတြင္း ပစၥည္းဥစၥာဖ်က္ဆီးခံရတာ ဒါမွမဟုတ္ လုယက္တာ ဒါမွ မဟုတ္ အရပ္သားေတြက က်ဴးလြန္ခဲ့တဲ့ တျခားရာဇဝတ္မႈႀကီးေတြကို ဆက္လက္ စံုစမ္းစစ္ေဆးၿပီး တရားစြဲဆုိဖို႔ျဖစ္တယ္လုိ႔ သမၼတ႐ံုးထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။

ARSA အဖြဲ႔ဝင္ေတြ ဒါမွမဟုတ္ အလိုတူ ပူးေပါင္းပါဝင္ခဲ့သူေတြက က်ဴးလြန္ခဲ့တဲ့ ႀကီးေလးတဲ့ ရာဇဝတ္မႈေတြကို စံုစမ္းစစ္ေဆးဖို႔နဲ႔ တရားစြဲဆိုုဖို႔ ဘယ္လုိလုပ္သင့္တယ္ဆိုတာ စစ္ဥပေဒခ်ဳပ္နဲ႔ လိုအပ္သလို တိုင္ပင္ေဆာင္ရြက္သြားဖုိ႔လည္း ျပည္ေထာင္စုေရွ႕ေန ခ်ဳပ္ကို သမၼတက အေၾကာင္းၾကားထားပါတယ္။

တပ္မေတာ္သားေတြ က်ဴးလြန္ခဲ့တယ္လို႔ စြပ္စြဲထားတဲ့ ရာဇဝတ္မႈေတြ၊ အထူးသျဖင့္ မင္းႀကီးနဲ႔ ခၽြတ္ျပင္ေက်းရြာေတြမွာ သတ္ျဖတ္မႈေတြ၊ ထြက္ေျပးသြားတဲ့ မြတ္ဆလင္ေတြရဲ႕ ေက်းရြာေတြကေနအိမ္ေတြ မီးေလာင္တာကို တားဆီးဖို႔ ပ်က္ကြက္ခဲ့တာ ေတြအတြက္ တပ္မေတာ္ စစ္ဥပေဒခ်ဳပ္႐ံုးအေနနဲ႔ လက္ရွိ စံုစမ္းစစ္ေဆးမႈနဲ႔ တရားစြဲဆိုမႈေတြကို တုိးခ်ဲ႕လုပ္ေဆာင္ႏုိင္ေရး ေကာ္မရွင္ရဲ႕ အစီရင္ခံစာအျပည့္အစံုနဲ႔ ေနာက္ဆက္တြဲေတြကို သမၼတက ဖြဲ႔စည္းပံုအေျခခံ ဥပေဒနဲ႔အညီ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ထံ ေပးပို႔ခဲ့ၿပီးျဖစ္တယ္လုိ႔လည္း သတင္းထုတ္ျပန္ခ်က္ မွာ ေဖာ္ျပထားပါတယ္။

ICOE ရဲ႕ အၿပီးသတ္ အစီရင္ခံစာမွာ ေနာက္ဆက္တြဲ ၃၁ ခုအပါအဝင္ စုစုေပါင္း စာမ်က္ႏွာ ၄၅၀ ေက်ာ္ ပါပါတယ္။ အဲဒီအစီရင္ ခံစာ အႏွစ္ခ်ဳပ္ေဖာ္ျပခ်က္ကို အမ်ားျပည္သူဖတ္႐ႈႏိုင္ဖို႔ သမၼတရဲ႕ ၫႊန္ၾကားခ်က္နဲ႔ အဂၤါေန႔က ထုတ္ျပန္ေပးခဲ့ပါတယ္။

ဒီအေတာအတြင္းမွာပဲ ျမန္မာႏိုင္ငံမွာ လူမ်ဳိးတံုးသတ္ျဖတ္မႈလုပ္ရပ္ေတြ ဆက္မျဖစ္ေအာင္ တားဆီးေရး ၾကားျဖတ္လိုက္နာလုပ္ ေဆာင္ရမယ့္အခ်က္ေတြကို ခ်မွတ္ေပးဖို႔ ဂမ္ဘီယာႏိုင္ငံရဲ႕ ေလွ်ာက္ထားခ်က္အေပၚ အျပည္ျပည္ဆိုင္ရာတရားခံု႐ံုး (ICJ) က ဇန္နဝါရီလ ၂၃ ရက္ေန႔မွာ ဆံုးျဖတ္ခ်က္ခ်မွတ္မွာျဖစ္တဲ့အတြက္ အဲဒါကိုတက္ေရာက္မယ့္ ျမန္မာကိုယ္စားလွယ္အဖြဲ႔ အဂၤါေန႔က နယ္သာလန္ႏုိ္င္ငံကုိ ထြက္ခြာသြားပါၿပီ။

ျမန္မာကိုယ္စားလွယ္အဖြဲ႔ကို ႏုိင္ငံေတာ္အတိုင္ပင္ခံ႐ံုး ျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္တင့္ေဆြ ဦးေဆာင္သြားတယ္လုိ႔ ႏုိင္ငံျခား ေရးဌာန ဒုၫႊန္ခ်ဳပ္ ဦးဝဏၰဟန္က ဗီြအိုေအကိုေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

ICOE အစီရင်စာပါကျူးလွန်မှုတွေ အရေးယူဖို့ သမ္မတ ဦးဝင်းမြင့်ညွန်ကြား

( Unicode)

လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) ရဲ့ အပြီးသတ်အစီရင်ခံစာမှာ ဖော်ပြထားတဲ့ ကျူးလွန်မှုတွေကို ဆက်လက် စုံစမ်းစစ်ဆေးပြီး တရားစွဲဆိုဖို့ နိုင်ငံတော်သမ္မတက ကော်မရှင်ရဲ့ အစီရင်ခံစာအပြည့်အစုံကို နောက်ဆက်တွဲတွေနဲ့အတူ ပြည်ထောင်စုရှေ့နေချုပ်ရုံးကို ပေးပို့ပြီးဖြစ်တယ်လို့ ဇန်နဝါရီလ ၂၁ ရက်နေ့စွဲနဲ့ နိုင်ငံတော်သမ္မတရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေအတွင်း ပစ္စည်းဥစ္စာဖျက်ဆီးခံရတာ ဒါမှမဟုတ် လုယက်တာ ဒါမှ မဟုတ် အရပ်သားတွေက ကျူးလွန်ခဲ့တဲ့ တခြားရာဇဝတ်မှုကြီးတွေကို ဆက်လက် စုံစမ်းစစ်ဆေးပြီး တရားစွဲဆိုဖို့ဖြစ်တယ်လို့ သမ္မတရုံးထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ARSA အဖွဲ့ဝင်တွေ ဒါမှမဟုတ် အလိုတူ ပူးပေါင်းပါဝင်ခဲ့သူတွေက ကျူးလွန်ခဲ့တဲ့ ကြီးလေးတဲ့ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့နဲ့ တရားစွဲဆိုဖို့ ဘယ်လိုလုပ်သင့်တယ်ဆိုတာ စစ်ဥပဒေချုပ်နဲ့ လိုအပ်သလို တိုင်ပင်ဆောင်ရွက်သွားဖို့လည်း ပြည်ထောင်စုရှေ့နေ ချုပ်ကို သမ္မတက အကြောင်းကြားထားပါတယ်။

တပ်မတော်သားတွေ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲထားတဲ့ ရာဇဝတ်မှုတွေ၊ အထူးသဖြင့် မင်းကြီးနဲ့ ချွတ်ပြင်ကျေးရွာတွေမှာ သတ်ဖြတ်မှုတွေ၊ ထွက်ပြေးသွားတဲ့ မွတ်ဆလင်တွေရဲ့ ကျေးရွာတွေကနေအိမ်တွေ မီးလောင်တာကို တားဆီးဖို့ ပျက်ကွက်ခဲ့တာ တွေအတွက် တပ်မတော် စစ်ဥပဒေချုပ်ရုံးအနေနဲ့ လက်ရှိ စုံစမ်းစစ်ဆေးမှုနဲ့ တရားစွဲဆိုမှုတွေကို တိုးချဲ့လုပ်ဆောင်နိုင်ရေး ကော်မရှင်ရဲ့ အစီရင်ခံစာအပြည့်အစုံနဲ့ နောက်ဆက်တွဲတွေကို သမ္မတက ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့အညီ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံ ပေးပို့ခဲ့ပြီးဖြစ်တယ်လို့လည်း သတင်းထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။

ICOE ရဲ့ အပြီးသတ် အစီရင်ခံစာမှာ နောက်ဆက်တွဲ ၃၁ ခုအပါအဝင် စုစုပေါင်း စာမျက်နှာ ၄၅၀ ကျော် ပါပါတယ်။ အဲဒီအစီရင် ခံစာ အနှစ်ချုပ်ဖော်ပြချက်ကို အများပြည်သူဖတ်ရှုနိုင်ဖို့ သမ္မတရဲ့ ညွှန်ကြားချက်နဲ့ အင်္ဂါနေ့က ထုတ်ပြန်ပေးခဲ့ပါတယ်။

ဒီအတောအတွင်းမှာပဲ မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှုလုပ်ရပ်တွေ ဆက်မဖြစ်အောင် တားဆီးရေး ကြားဖြတ်လိုက်နာလုပ် ဆောင်ရမယ့်အချက်တွေကို ချမှတ်ပေးဖို့ ဂမ်ဘီယာနိုင်ငံရဲ့ လျှောက်ထားချက်အပေါ် အပြည်ပြည်ဆိုင်ရာတရားခုံရုံး (ICJ) က ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ဆုံးဖြတ်ချက်ချမှတ်မှာဖြစ်တဲ့အတွက် အဲဒါကိုတက်ရောက်မယ့် မြန်မာကိုယ်စားလှယ်အဖွဲ့ အင်္ဂါနေ့က နယ်သာလန်နိုင်ငံကို ထွက်ခွာသွားပါပြီ။

မြန်မာကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံတော်အတိုင်ပင်ခံရုံး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ဦးဆောင်သွားတယ်လို့ နိုင်ငံခြား ရေးဌာန ဒုညွှန်ချုပ် ဦးဝဏ္ဏဟန်က ဗွီအိုအေကိုပြောပါတယ်။

XS
SM
MD
LG