သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ICOE အစီရင္ခံစာ ဘယ္ေလာက္ထိေရာက္မလဲ


ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ထံ ICOE အစီရင္ခံစာ အပ္ႏွံစဥ္

(Zawgyi / Unicode)

ရခိုင္ျပည္နယ္ ေျမာက္ပိုင္းမွာ ၂၀၁၇ခုႏွစ္က ျမန္မာစစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းေရးမွာ လူမ်ဳိးတုံး သတ္ျဖတ္မႈကို ရည္ရြယ္ခ်က္ရွိရွိလုပ္ေဆာင္ခဲ့ျခင္းမရွိေၾကာင္း လြတ္လပ္တဲ့ စံုစမ္းစစ္ေဆးေရး ေကာ္မရွင္ ICOE ရဲ႕အစီရင္ခံစာက အတိအက်ေျပာဆိုထားတဲ့အေပၚ ျမန္မာအေရး ေလ့လာေစာင့္ၾကည့္သူေတြဘက္က ေမးခြန္းထုတ္ခဲ့ၾကပါတယ္။

ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေဟာက္ဒိုဆြမ္းကေတာ့ ေကာ္မရွင္က ထုတ္ျပန္တဲ့ အစီရင္ခံစာ အျပည့္အစံုနဲ႔ ျမန္မာအစိုးရက ဆက္လက္ေဆာင္ရြက္မယ့္ ကိစၥကို ေစာင့္ၾကည့္ဖို႔ လိုေၾကာင္း တုံ႔ျပန္ေျပာဆိုခဲ့ပါတယ္။ မအင္ၾကင္းႏုိင္က ဆက္လက္တင္ျပမွာပါ။

ဇန္န၀ါရီလ (၂၀)ရက္ေန႔ ထုတ္ျပန္တဲ့ ICOE ရဲ႕ ေၾကညာခ်က္မွာ စာမ်က္ႏွာ ၄၀၀ ေက်ာ္ရွိတဲ့ သူတို႔ရဲ႕ ေနာက္ဆံုးအစီရင္ခံစာကို ျမန္မာအစိုးရကို ေပးပို႔ခဲ့ၿပီျဖစ္ေၾကာင္းေဖၚျပထားတာပါ။ ဒါေပမဲ့ ICOE ဘက္က ပြင့္လင္းျမင္သာမႈရွိရွိ အမ်ားျပည္သူသိေအာင္ ထုတ္ျပန္ျခင္းမရွိတဲ့အေပၚ ႏိုင္ငံတကာ လူ႔အခြင့္အေရးအဖဲြ႔ေတြဘက္က ျပင္းျပင္းထန္ထန္ ေ၀ဖန္ခဲ့ၾကပါတယ္။ ဒီအေပၚမွာ ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေဟာက္ဒိုဆြမ္းရဲ႕ တုံ႔ျပန္ခ်က္ကေတာ့

“နံပတ္ ၁ ကေတာ့ ပြင့္လင္းျမင္သာမႈ ကိစၥေျပာရမယ္ဆိုရင္ အခုဟာက သူတို႔ ေနာက္ဆံုး Report တင္တာကိုပဲ သူတို႔ ထုတ္ျပန္တာေပါ့ေနာ္။ ေနာက္ထုတ္ျပန္မယ့္ အစီရင္ခံစာနဲ႔ ပတ္သက္လို႔ကေတာ့ ေစာင့္ၾကည့္ဖို႔ ေျပာခ်င္တယ္။ အေသးစိတ္ပိုင္းကိုေတာ့ သက္ဆိုင္ရာကေနၿပီးေတာ့ သူတို႔ သင့္ေတာ္တဲ့အခ်ိန္ ထုတ္ျပန္ဖို႔ ရွိလိမ့္မယ္လို႔ က်ေနာ္အဲလိုမ်ိဳး ေျပာခ်င္တယ္ေပါ့ေနာ္။ ဒီေန႔က အစီရင္ခံစာ တင္တယ္ဆုိတာကို ထုတ္ျပန္တာပဲ ရွိပါေသးတယ္။ အဲဒီအေပၚမွာ ေ၀ဖန္တဲ့သူေတြဘက္က ေျပာတယ္ဆိုတာကေတာ့ အဓိပၸါယ္မရွိပါဘူး။ ဒါတေျဖးေျဖး သိသင့္သိထိုက္တာကေတာ့ လာမွာပါ။ ICOE ဘက္က လုပ္စရာရွိတာေတြကို မခြ်င္းမခ်န္ ဘက္လိုက္မႈမရွိပဲ ေတြ႕ရွိခ်က္ေတြကို အကုန္လံုးေရးၿပီးတင္မွာပဲ။ အဲဒါတင္ၿပီးလို႔ရွိရင္ ဒီအပိုင္းနဲ႔ပတ္သက္လို႔ အေရးယူေဆာင္ရြက္ဖို႔ရွိတာကိုေတာ့ သက္ဆိုင္ရာအာဏာပိုင္ေတြနဲ႔ ႏိုင္ငံေတာ္အစိုးရကေတာ့ သူတို႔လုပ္စရာရွိတာေတြကို ဆက္ၿပီးလုပ္မယ္လို႔ က်ေနာ္အဲဒီလိုပဲေျပာပါရေစ။”

မေန႔က ထုတ္ျပန္တဲ့ ICOE ရဲ႕ေၾကညာခ်က္မွာ စစ္ရာဇ၀တ္က်ဴးလြန္မႈေတြရွိခဲ့တယ္ဆိုတဲ့ အခ်က္ေတြကို သူတို႔အစီရင္ခံစာမွာ ေဖၚျပထားတဲ့ကိစၥဟာ စိတ္၀င္စားစရာေကာင္းေၾကာင္း George Washington တကၠသိုလ္က ျမန္မာ့အေရးေလ့လာသူ ႏိုင္ငံတကာေရးရာ ပါေမာကၡ Christina Fink ကေျပာပါတယ္။

“ဒီအစီရင္ခံစာမွာ အဓိကျဖစ္ခဲ့တဲ့ လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈေတြနဲ႔ စစ္ရာဇ၀တ္ျပစ္မႈေတြကို က်ဴးလြန္ခဲ့တယ္လို႔ ေဖၚျပထားတာကေတာ့ အျပဳသေဘာေဆာင္ပါတယ္။ ဒါေပမဲ့ တခ်ိန္တည္းမွာပဲ ဒီအစီရင္ခံစာနဲ႔ ပတ္သက္လို႔ က်မတို႔ အေသးစိတ္မသိရပါဘူး။ သိရသေလာက္ ဒီအစီရင္ခံစာမွာ ဘဂၤလားေဒ့ရွ္ဘက္ ထြက္ေျပးသြားၾကတဲ့ လူေပါင္း ၇ သိန္းေက်ာ္ရဲ႕ ထြက္ဆိုခ်က္ ပါ၀င္ျခင္းမရွိပါဘူး။ သူတို႔ရဲ႕ ထြက္ဆိုခ်က္ေတြကို ခ်န္ထားခဲ့လို႔ မရပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔ဟာ ဆိုးရြား ေၾကာက္မက္ဖြယ္ေကာင္းလွတဲ့ ညွဥ္းပမ္းႏွိပ္စက္မႈေတြကေန အသက္မေသပဲ လြတ္ေျမာက္လာသူေတြ ျဖစ္ပါတယ္။”

အခုလို ဘဂၤလားေဒ့ရွ္ဘက္ ထြက္ေျပးသြားၾကသူေတြရဲ႕ ထြက္ဆိုခ်က္ေတြကို အစီရင္ခံစာမွာ ထည့္သြင္းခဲ့ျခင္းမရွိတာဟာ ဘဂၤလားေဒ့ရွ္ကို သြားခြင့္ ICOE ဘက္က မရခဲ့တဲ့အတြက္ေၾကာင့္ ျဖစ္တယ္လို႔ သံအမတ္ႀကီး ဦးေဟာက္ဒိုဆြမ္းက ဗီြအိုေအကို ေျပာပါတယ္။

“ICOE ကေနမွ ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းကို အခ်က္အလက္ေတြ ရွာေဖြစုေဆာင္းခြင့္ေပါ့ေနာ္။ ေမးခြင့္ေတာင္းထားတာ ၾကာၿပီ။ သူတို႔က ဟိုကိစၥေမး၊ ဒီကိစၥေမးနဲ႔ က်ေနာ္တို႔ သိသေလာက္က ဘဂၤလားေဒ့ရွ္ဘက္က အခ်က္အလက္ေတြ ဟိုဟာျပန္ေတာင္း ဒီဟာျပန္ေတာင္းနဲ႔ အေတာ္ေလးၾကာတယ္ထင္တယ္။ ေနာက္ဆံုးဘယ္လိုျဖစ္သြားလဲမသိဘူး။”

ICOE ရဲ႕ ေၾကညာခ်က္မွာ သူတို႔ အစီရင္ခံစာေတြ႕ရွိခ်က္ေတြအရ ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ ျဖစ္ခဲ့တဲ့ ျပစ္မႈက်ဴးလြန္မႈေတြဟာ လူမ်ဳိးတုံးသတ္ျဖတ္မႈ အဆင့္ထိ မေရာက္ခဲ့ဘူးလို႔ အတိအက်ေဖၚျပထားတာနဲ႔ ပတ္သက္လို႔ Christina Fink ရဲ႕အျမင္ကေတာ့

“အဓိက ေမးခြန္းကေတာ့ လူမ်ဳိးတုံးသတ္ျဖတ္မႈကို ရည္ရြယ္ခ်က္နဲ႔ လုပ္ခဲ့သလား၊ မလုပ္ခဲ့ဘူးလား ဆိုတာ အတိအက်ေျပာဖို႔ ဒီေကာ္မရွင္အေနနဲ႔ တကယ္ပဲ လုပ္ပိုင္ခြင့္ ရွိသလားဆိုတာပါ။ ေနာက္ ဒုတိယေမးခြန္းကေတာ့ ေကာ္မရွင္က ေတြ႕ခဲ့သူေတြဟာ အမွန္တကယ္ဘာေတြျဖစ္ခဲ့သလဲဆိုတာ အျပည့္အစံုအခ်က္အလက္ေတြကို သူတို႔ကို ေျပာျပဖို႔ သက္ေတာင့္သက္သာ ျဖစ္ခဲ့သလား၊ မျဖစ္ခဲ့ဘူးလားဆိုတာပါ။ ေနာက္ဆံုး အဓိက ေမးခြန္းကေတာ့ အစီရင္ခံစာမွာပါတဲ့ အေထာက္အထားအခ်က္အလက္ေတြကို အစိုးရက ဘာဆက္လုပ္မလဲဆိုတာပါ။ ႀကီးမားလွတဲ့ လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈေတြ မက်ဴးလြန္ခဲ့ပါဘူးလို႔ အရင္တုန္းက စစ္တပ္က ျငင္းဆိုထားၿပီး အခုေတာ့ စစ္ရာဇ၀တ္ က်ဴးလြန္မႈေတြရွိခဲ့တယ္ဆိုတာ ျဖစ္ေနပါတယ္။ ဒါဆိုရင္ ဒီအစီရင္ခံစာရဲ႕ ရလဒ္အျဖစ္ ခံုရံုးဖဲြ႔ စစ္ေဆးမလား၊ ျပစ္မႈက်ဴးလြန္မႈေတြမွာ တာ၀န္ရွိသူေတြကို အေရးယူ အျပစ္ေပးမွာလား။

ေမး။ ။ အခုလို ICOE ရဲ႕အစီရင္ခံစာဟာ ICJ ႏိ္ုင္ငံတကာတရားရံုးကေန ျမန္မာ-ဂမ္ဘီယာအမႈမွာ ၾကားျဖတ္အေရးေပၚစီမံမႈ ထားသင့္မသင့္ ဆံုးျဖတ္ခ်က္ခ်ဖို႔ သံုးရက္အလိုမွာထြက္လာတဲ့အေပၚ တစံုတရာ သက္ေရာက္မႈရွိမရွိ Christina Fink ဘယ္လိုျမင္ပါသလဲ။

ေျဖ။ ။ ICJ တရားရံုးအေနနဲ႔ ဒီအစီရင္ခံစာကို ၾကည့္ခ်င္မွာက ေသခ်ာပါတယ္။ ဒါေပမဲ့လည္း လူမ်ဳိးတုံး သတ္ျဖတ္မႈ မျဖစ္ခဲ့ဘူးလား၊ ျဖစ္ခဲ့သလားဆိုတာကို ဆက္လက္စစ္ေဆးဆံုးျဖတ္ဖို႔အတြက္ပဲ ဒီအစီရင္ခံစာက အသံုး၀င္မွာျဖစ္ပါတယ္။ ဒါေၾကာင့္ က်မအျမင္အရေျပာရရင္ ၾကားျဖတ္အေရးယူ စီမံေဆာင္ရြက္ခ်က္မ်ား ခ်မွတ္သင့္မသင့္ ICJ ရဲ႕ ဆံုးျဖတ္ခ်က္ အေပၚမွာ ဒီအစီရင္ခံစာထုတ္ျပန္ခ်က္က ဘယ္လိုမွ ထိေရာက္မႈရွိမွာ မဟုတ္ပါဘူး။

သံအမတ္ႀကီး ဦးေဟာက္ဒိုဆြမ္းရဲ႕ အျမင္ကလည္း

“ က်ေနာ္ျမင္တာကေတာ့ ေလာေလာဆယ္မွာ ၂၃ ရက္ေန႔မွာ Provisional measure အတြက္ေပါ့ေနာ္ စီရင္ခ်က္ခ်မွာကို သူတို႔အေနနဲ႔ကေတာ့ ပထမ ဒီ ႏွစ္ဘက္အျပန္အလွန္ ေလွ်ာက္လဲခ်က္အေပၚမွာ မူတည္ၿပီးေတာ့ အေရးေပၚ စီမံခ်က္အမိန္႔ ထုတ္ျပန္ဖို႔ သင့္၊ မသင့္ဆိုတာ ခ်မွတ္မယ္လို႔ က်ေနာ္တို႔ နားလည္ပါတယ္။ ဆိုေတာ့ ေလာေလာဆယ္ impact ကေတာ့ တရားသူႀကီးေတြရဲ႕ ဆံုးျဖတ္ခ်က္ခ်မွေတာ့ အခုဒီ ICOE ေတြ႔ရွိခ်က္ကေတာ့ ေလာေလာဆည္ က်ေနာ္ျမင္တာကေတာ့ ခ်က္ခ်င္း ဒီေလာက္ႀကီးေတာ့ သက္ေရာက္မႈ မရွိႏိုင္ဘူးလို႔ ထင္တယ္။ သို႔ေသာ္ ရခိုင္ျပည္နယ္ေျမာက္ပိုင္း အေရးကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ က်ေနာ္တို႔ လူမ်ိဳးတံုးသတ္ျဖတ္မႈ မရွိပါဘူးလို႔ က်ေနာ္တို႔ဘက္က ရပ္တည္တဲ့အေပၚမွာေတာ့ ခိုင္မာတဲ့ အေထာက္အထားသစ္ေတြ ျဖစ္လာမယ္။ ေနာက္တရားရံုးက ဆက္လက္ၿပီးေတာ့ ဒီကိစၥကို ရွိလား၊ မရွိလားဆိုတဲ့ အမႈကိစၥကို တကယ္တမ္းေလွ်ာက္လဲတဲ့အဆင့္ေရာက္လာရင္ေတာ့ ဒါက အမ်ားစု အေထာက္အကူျပဳမယ္လို႔ က်ေနာ္ အဲလိုပဲ ေျပာခ်င္ပါတယ္။”

၂၀၀၈ခုနွစ္ ဖဲြ႔စည္းပံုအေျခခံဥပေဒအရ စစ္တပ္ရဲ႕ျပစ္မႈက်ဴးလြန္မႈေတြကို အရပ္သားအစိုးရဘက္က တရားစီရင္ပိုင္ခြင့္ မရွိတာေၾကာင့္ အျပစ္ရွိသူေတြကို အေရးယူႏိုင္ေရးကိစၥဟာ စစ္တပ္ရဲ႕ သေဘာထား အေပၚမွာပဲ မူတည္ေနမွာျဖစ္တယ္လို႔ Christina Fink က ေထာက္ျပပါတယ္။

ICOE အစီရင္ခံစာ ဘယ္ေလာက္ထိေရာက္မလဲ
please wait

No media source currently available

0:00 0:05:09 0:00
တိုက္႐ိုက္ လင့္ခ္


.................

ICOE အစီရင်ခံစာ ဘယ်လောက်ထိရောက်မလဲ

(Unicode)

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ၂၀၁၇ခုနှစ်က မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးမှာ လူမျိုးတုံး သတ်ဖြတ်မှုကို ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် ICOE ရဲ့အစီရင်ခံစာက အတိအကျပြောဆိုထားတဲ့အပေါ် မြန်မာအရေး လေ့လာစောင့်ကြည့်သူတွေဘက်က မေးခွန်းထုတ်ခဲ့ကြပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းကတော့ ကော်မရှင်က ထုတ်ပြန်တဲ့ အစီရင်ခံစာ အပြည့်အစုံနဲ့ မြန်မာအစိုးရက ဆက်လက်ဆောင်ရွက်မယ့် ကိစ္စကို စောင့်ကြည့်ဖို့ လိုကြောင်း တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။

ဇန်နဝါရီလ (၂၀)ရက်နေ့ ထုတ်ပြန်တဲ့ ICOE ရဲ့ ကြေညာချက်မှာ စာမျက်နှာ ၄၀၀ ကျော်ရှိတဲ့ သူတို့ရဲ့ နောက်ဆုံးအစီရင်ခံစာကို မြန်မာအစိုးရကို ပေးပို့ခဲ့ပြီဖြစ်ကြောင်းဖေါ်ပြထားတာပါ။ ဒါပေမဲ့ ICOE ဘက်က ပွင့်လင်းမြင်သာမှုရှိရှိ အများပြည်သူသိအောင် ထုတ်ပြန်ခြင်းမရှိတဲ့အပေါ် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေဘက်က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။ ဒီအပေါ်မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းရဲ့ တုံ့ပြန်ချက်ကတော့

“နံပတ် ၁ ကတော့ ပွင့်လင်းမြင်သာမှု ကိစ္စပြောရမယ်ဆိုရင် အခုဟာက သူတို့ နောက်ဆုံး Report တင်တာကိုပဲ သူတို့ ထုတ်ပြန်တာပေါ့နော်။ နောက်ထုတ်ပြန်မယ့် အစီရင်ခံစာနဲ့ ပတ်သက်လို့ကတော့ စောင့်ကြည့်ဖို့ ပြောချင်တယ်။ အသေးစိတ်ပိုင်းကိုတော့ သက်ဆိုင်ရာကနေပြီးတော့ သူတို့ သင့်တော်တဲ့အချိန် ထုတ်ပြန်ဖို့ ရှိလိမ့်မယ်လို့ ကျနော်အဲလိုမျိုး ပြောချင်တယ်ပေါ့နော်။ ဒီနေ့က အစီရင်ခံစာ တင်တယ်ဆိုတာကို ထုတ်ပြန်တာပဲ ရှိပါသေးတယ်။ အဲဒီအပေါ်မှာ ဝေဖန်တဲ့သူတွေဘက်က ပြောတယ်ဆိုတာကတော့ အဓိပ္ပါယ်မရှိပါဘူး။ ဒါတဖြေးဖြေး သိသင့်သိထိုက်တာကတော့ လာမှာပါ။ ICOE ဘက်က လုပ်စရာရှိတာတွေကို မချွင်းမချန် ဘက်လိုက်မှုမရှိပဲ တွေ့ရှိချက်တွေကို အကုန်လုံးရေးပြီးတင်မှာပဲ။ အဲဒါတင်ပြီးလို့ရှိရင် ဒီအပိုင်းနဲ့ပတ်သက်လို့ အရေးယူဆောင်ရွက်ဖို့ရှိတာကိုတော့ သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ နိုင်ငံတော်အစိုးရကတော့ သူတို့လုပ်စရာရှိတာတွေကို ဆက်ပြီးလုပ်မယ်လို့ ကျနော်အဲဒီလိုပဲပြောပါရစေ။”

မနေ့က ထုတ်ပြန်တဲ့ ICOE ရဲ့ကြေညာချက်မှာ စစ်ရာဇဝတ်ကျူးလွန်မှုတွေရှိခဲ့တယ်ဆိုတဲ့ အချက်တွေကို သူတို့အစီရင်ခံစာမှာ ဖေါ်ပြထားတဲ့ကိစ္စဟာ စိတ်ဝင်စားစရာကောင်းကြောင်း George Washington တက္ကသိုလ်က မြန်မာ့အရေးလေ့လာသူ နိုင်ငံတကာရေးရာ ပါမောက္ခ Christina Fink ကပြောပါတယ်။

“ဒီအစီရင်ခံစာမှာ အဓိကဖြစ်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်ပြစ်မှုတွေကို ကျူးလွန်ခဲ့တယ်လို့ ဖေါ်ပြထားတာကတော့ အပြုသဘောဆောင်ပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ ဒီအစီရင်ခံစာနဲ့ ပတ်သက်လို့ ကျမတို့ အသေးစိတ်မသိရပါဘူး။ သိရသလောက် ဒီအစီရင်ခံစာမှာ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားကြတဲ့ လူပေါင်း ၇ သိန်းကျော်ရဲ့ ထွက်ဆိုချက် ပါဝင်ခြင်းမရှိပါဘူး။ သူတို့ရဲ့ ထွက်ဆိုချက်တွေကို ချန်ထားခဲ့လို့ မရပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ ဆိုးရွား ကြောက်မက်ဖွယ်ကောင်းလှတဲ့ ညှဉ်းပမ်းနှိပ်စက်မှုတွေကနေ အသက်မသေပဲ လွတ်မြောက်လာသူတွေ ဖြစ်ပါတယ်။”

အခုလို ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားကြသူတွေရဲ့ ထွက်ဆိုချက်တွေကို အစီရင်ခံစာမှာ ထည့်သွင်းခဲ့ခြင်းမရှိတာဟာ ဘင်္ဂလားဒေ့ရှ်ကို သွားခွင့် ICOE ဘက်က မရခဲ့တဲ့အတွက်ကြောင့် ဖြစ်တယ်လို့ သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ဗွီအိုအေကို ပြောပါတယ်။

“ICOE ကနေမှ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းကို အချက်အလက်တွေ ရှာဖွေစုဆောင်းခွင့်ပေါ့နော်။ မေးခွင့်တောင်းထားတာ ကြာပြီ။ သူတို့က ဟိုကိစ္စမေး၊ ဒီကိစ္စမေးနဲ့ ကျနော်တို့ သိသလောက်က ဘင်္ဂလားဒေ့ရှ်ဘက်က အချက်အလက်တွေ ဟိုဟာပြန်တောင်း ဒီဟာပြန်တောင်းနဲ့ အတော်လေးကြာတယ်ထင်တယ်။ နောက်ဆုံးဘယ်လိုဖြစ်သွားလဲမသိဘူး။”

ICOE ရဲ့ ကြေညာချက်မှာ သူတို့ အစီရင်ခံစာတွေ့ရှိချက်တွေအရ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ ပြစ်မှုကျူးလွန်မှုတွေဟာ လူမျိုးတုံးသတ်ဖြတ်မှု အဆင့်ထိ မရောက်ခဲ့ဘူးလို့ အတိအကျဖေါ်ပြထားတာနဲ့ ပတ်သက်လို့ Christina Fink ရဲ့အမြင်ကတော့

“အဓိက မေးခွန်းကတော့ လူမျိုးတုံးသတ်ဖြတ်မှုကို ရည်ရွယ်ချက်နဲ့ လုပ်ခဲ့သလား၊ မလုပ်ခဲ့ဘူးလား ဆိုတာ အတိအကျပြောဖို့ ဒီကော်မရှင်အနေနဲ့ တကယ်ပဲ လုပ်ပိုင်ခွင့် ရှိသလားဆိုတာပါ။ နောက် ဒုတိယမေးခွန်းကတော့ ကော်မရှင်က တွေ့ခဲ့သူတွေဟာ အမှန်တကယ်ဘာတွေဖြစ်ခဲ့သလဲဆိုတာ အပြည့်အစုံအချက်အလက်တွေကို သူတို့ကို ပြောပြဖို့ သက်တောင့်သက်သာ ဖြစ်ခဲ့သလား၊ မဖြစ်ခဲ့ဘူးလားဆိုတာပါ။ နောက်ဆုံး အဓိက မေးခွန်းကတော့ အစီရင်ခံစာမှာပါတဲ့ အထောက်အထားအချက်အလက်တွေကို အစိုးရက ဘာဆက်လုပ်မလဲဆိုတာပါ။ ကြီးမားလှတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ မကျူးလွန်ခဲ့ပါဘူးလို့ အရင်တုန်းက စစ်တပ်က ငြင်းဆိုထားပြီး အခုတော့ စစ်ရာဇဝတ် ကျူးလွန်မှုတွေရှိခဲ့တယ်ဆိုတာ ဖြစ်နေပါတယ်။ ဒါဆိုရင် ဒီအစီရင်ခံစာရဲ့ ရလဒ်အဖြစ် ခုံရုံးဖွဲ့ စစ်ဆေးမလား၊ ပြစ်မှုကျူးလွန်မှုတွေမှာ တာဝန်ရှိသူတွေကို အရေးယူ အပြစ်ပေးမှာလား။

မေး။ ။ အခုလို ICOE ရဲ့အစီရင်ခံစာဟာ ICJ နိုင်ငံတကာတရားရုံးကနေ မြန်မာ-ဂမ်ဘီယာအမှုမှာ ကြားဖြတ်အရေးပေါ်စီမံမှု ထားသင့်မသင့် ဆုံးဖြတ်ချက်ချဖို့ သုံးရက်အလိုမှာထွက်လာတဲ့အပေါ် တစုံတရာ သက်ရောက်မှုရှိမရှိ Christina Fink ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ ICJ တရားရုံးအနေနဲ့ ဒီအစီရင်ခံစာကို ကြည့်ချင်မှာက သေချာပါတယ်။ ဒါပေမဲ့လည်း လူမျိုးတုံး သတ်ဖြတ်မှု မဖြစ်ခဲ့ဘူးလား၊ ဖြစ်ခဲ့သလားဆိုတာကို ဆက်လက်စစ်ဆေးဆုံးဖြတ်ဖို့အတွက်ပဲ ဒီအစီရင်ခံစာက အသုံးဝင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကျမအမြင်အရပြောရရင် ကြားဖြတ်အရေးယူ စီမံဆောင်ရွက်ချက်များ ချမှတ်သင့်မသင့် ICJ ရဲ့ ဆုံးဖြတ်ချက် အပေါ်မှာ ဒီအစီရင်ခံစာထုတ်ပြန်ချက်က ဘယ်လိုမှ ထိရောက်မှုရှိမှာ မဟုတ်ပါဘူး။

သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းရဲ့ အမြင်ကလည်း

“ ကျနော်မြင်တာကတော့ လောလောဆယ်မှာ ၂၃ ရက်နေ့မှာ Provisional measure အတွက်ပေါ့နော် စီရင်ချက်ချမှာကို သူတို့အနေနဲ့ကတော့ ပထမ ဒီ နှစ်ဘက်အပြန်အလှန် လျှောက်လဲချက်အပေါ်မှာ မူတည်ပြီးတော့ အရေးပေါ် စီမံချက်အမိန့် ထုတ်ပြန်ဖို့ သင့်၊ မသင့်ဆိုတာ ချမှတ်မယ်လို့ ကျနော်တို့ နားလည်ပါတယ်။ ဆိုတော့ လောလောဆယ် impact ကတော့ တရားသူကြီးတွေရဲ့ ဆုံးဖြတ်ချက်ချမှတော့ အခုဒီ ICOE တွေ့ရှိချက်ကတော့ လောလောဆည် ကျနော်မြင်တာကတော့ ချက်ချင်း ဒီလောက်ကြီးတော့ သက်ရောက်မှု မရှိနိုင်ဘူးလို့ ထင်တယ်။ သို့သော် ရခိုင်ပြည်နယ်မြောက်ပိုင်း အရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ လူမျိုးတုံးသတ်ဖြတ်မှု မရှိပါဘူးလို့ ကျနော်တို့ဘက်က ရပ်တည်တဲ့အပေါ်မှာတော့ ခိုင်မာတဲ့ အထောက်အထားသစ်တွေ ဖြစ်လာမယ်။ နောက်တရားရုံးက ဆက်လက်ပြီးတော့ ဒီကိစ္စကို ရှိလား၊ မရှိလားဆိုတဲ့ အမှုကိစ္စကို တကယ်တမ်းလျှောက်လဲတဲ့အဆင့်ရောက်လာရင်တော့ ဒါက အများစု အထောက်အကူပြုမယ်လို့ ကျနော် အဲလိုပဲ ပြောချင်ပါတယ်။”

၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်ရဲ့ပြစ်မှုကျူးလွန်မှုတွေကို အရပ်သားအစိုးရဘက်က တရားစီရင်ပိုင်ခွင့် မရှိတာကြောင့် အပြစ်ရှိသူတွေကို အရေးယူနိုင်ရေးကိစ္စဟာ စစ်တပ်ရဲ့ သဘောထား အပေါ်မှာပဲ မူတည်နေမှာဖြစ်တယ်လို့ Christina Fink က ထောက်ပြပါတယ်။

XS
SM
MD
LG