သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမျိုးတုံးသတ်ဖြတ်မှု အထောက်အထားမတွေ့ရဟု ICOE ထုတ်ပြန် 


လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးကော်မရှင်က အစီရင်ခံစာကို နိုင်ငံတော် အတိုင်ပင်ခံထံ ပေးအပ်
လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးကော်မရှင်က အစီရင်ခံစာကို နိုင်ငံတော် အတိုင်ပင်ခံထံ ပေးအပ်

(Zawgyi / Unicode)

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်ခဲ့တယ်ဆိုတဲ့ အထောက်အထားမတွေ့ရဘူးလို့ ရခိုင်အရေးနဲ့ပတ်သက်လို့ မြန်မာအစိုးရ ဖွဲ့စည်းထားတဲ့ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးကော်မရှင်က ပြောကြားလိုက်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ သတ်ဖြတ်မှုတွေ၊ အိုးအိမ်စွန့်ခွာရတဲ့ အခြေအနေဖြစ်အောင် လုပ်ခဲ့တာတွေဟာ မွတ်ဆလင် ဒါမှမဟုတ် တခြားလူမှုအသိုင်းအဝိုင်းတခုကို ဖျက်စီးဖို့ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တယ်ဆိုတဲ့ အထောက်အထား တစုံတရာ မတွေ့ရဘူးလို့ အဖွဲ့ဝင် ၄ ဦးပါတဲ့ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့လုပ်ရပ်ဟာ လူမျိုး၊ တိုင်းရင်းသား၊ အသားအရောင် ဘာသာတခုကို ဖျက်စီးဖို့ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တယ်၊ လူမျိုးတုံးသတ်ဖြတ်ဖို့ လုပ်ခဲ့တယ်လို့ ကောက်ချက်ဆွဲနိုင်လောက်အောင် အထောက်အထား ခိုင်ခိုင်လုံလုံ မတွေ့ရဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ ၂၀၁၇ ခုနှစ်တုန်းက စစ်တပ်ရဲ့ လုပ်ရပ်တွေအတွင်း စစ်ရာဇဝတ်ကျူးလွန်မှု၊ ကြီးလေးတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စစ်တပ်အပါအဝင်၊ သက်ဆိုင်သူတွေ ကျူးလွန်ခဲ့တယ်ဆိုတာတော့ ခိုင်လုံတဲ့အထောက်အထားတွေ တွေ့ရတယ်လို့ စုံစမ်းမှုတွေလုပ်ခဲ့တဲ့ ကော်မရှင်ကရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

အပြစ်မဲ့ရွာသားတွေကို သတ်ဖြတ်တာ၊ သူတို့နေအိမ်တွေကို ဖျက်စီးတာ စတဲ့လုပ်ရပ်တွေကို ကျူးလွန်ခဲ့တယ်လို့ ပြောပါတယ်။ ရွာသားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို မေးမြန်းစုံစမ်းပြီးရေးသားတဲ့ အစီရင်ခံစာထဲမှာ၊ ကင်းစခန်း ၃၀ ကိုတိုက်ခိုက်မှု၊ နယ်မြေရှင်းလင်းရေးလုပ်အောင် တွန်းပို့မှုတို့အတွက် ရိုဟင်ဂျာစစ်သွေးကြွတွေကို အပြစ်တင်ထားပါတယ်။ သူတို့တေ့ွရှိချက်အစီရင်ခံစာကို မြန်မာအစိုးရကို ပေးပို့လိုက်ပြီဖြစ်ပေမဲ့ အစီရင်ခံစာကို လူသိရှင်ကြား ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

မြန်မာအစိုးရ ဖွဲ့စည်းထားတဲ့ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးကော်မရှင်ထဲမှာ ပြည်တွင်းက ကျွမ်းကျင်သူ ၂ ယောက်အပြင် ဖိလစ်ပိုင် ဒုနိုင်ငံခြားရေးဝန်ကြီးဟောင်း Rosario Manalo၊ ကုလသမဂ္ဂဆိုင်ရာ ဂျပန်သံအမတ်ကြီးဟောင်း Kenzo Oshima တို့ပါဝင်ပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို မြန်မာအစိုးရက လက်မခံသလို ကော်မရှင်ကလည်း ရိုဟင်ဂျာလို့ သုံးနှုန်းတာ မရှိခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်


.....................


(Unicode)






ဆက်စပ်သတင်းများ ...

XS
SM
MD
LG