(Zawgyi/Unicode)
ျမန္မာအစုိးရက ဖြဲ႔ထားတဲ့ လြတ္လပ္ေသာစံုစမ္း စစ္ေဆးေရးေကာ္မရွင္ (ICOE) အဖြဲ႕ဟာ လူ႔အခြင့္အေရး ခ်ိဳးေဖာက္ေၾကာင္း စြပ္စြဲခ်က္ေတြအတြက္ သက္ေသအေထာက္အထားေတြ စံုစမ္းစစ္ေဆးႏုိင္ေရး ဘဂၤလားေဒ့ရွ္ကုိ သြားဖုိ႔ ျပင္ဆင္ေနပါတယ္။ ICOE အဖြဲ႕ဟာ စံုစမ္းစစ္ေဆးဖုိ႔ အဆင္သင့္ျဖစ္ေနၿပီး၊ ဘဂၤလားေဒ့ရွ္အစုိးရရဲ႕ ခြင့္ျပဳခ်က္ကုိေစာင့္ေနတာပါ။ ဒီအေၾကာင္း အျပည့္အစံုကို ဗီြအုိေအသတင္းေထာက္ စုစုက ေမးျမန္း ေပးပုိ႔ထားပါတယ္။
ရခုိင္ျပည္နယ္ ေျမာက္ပုိင္းမွာ ၂၀၁၇ ခုႏွစ္က တေက်ာ့ျပန္ျဖစ္ေပၚခဲ့တဲ့ အၾကမ္းဖက္မႈေတြေၾကာင့္ တဘက္ ဘဂၤလားေဒ့ရွ္ႏုိင္ငံဘက္ကုိ ထြက္ေျပးသြားၾကတဲ့ ဒုကၡသည္ေတြက လုံၿခံဳေရးတပ္ဖြဲ႔ေတြရဲ႕ နယ္ေျမ ရွင္းလင္းမႈေတြအတြင္း လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြ ရွိခဲ့တယ္လုိ႔ စြပ္စြဲ ေျပာဆုိ ေနတာေတြကုိ စုံစမ္း စစ္ေဆးဖုိ႔ ဒီ လြတ္လပ္ေသာ စုံစမ္းစစ္ေဆးေရးအဖြဲ႔ ဘဂၤလားေဒ့ရွ္ကုိ သြားမွာျဖစ္ပါတယ္။
ဒီကုိယ္စားလွယ္အဖြဲ႔ လာခြင့္ျပဳဖုိ႔ ဘဂၤလားေဒ့ရွ္ အစုိးရထံ စာတင္ထားတာ တစ္လနီးပါးရွိေနၿပီး ဒါဟာ ဒုတိယအႀကိမ္ သြားေရာက္မွာလည္း ျဖစ္ပါတယ္။ ပထမအႀကိမ္ သြားေရာက္ခဲ့တုန္းက အစုိးရ တာ၀န္ရွိသူအခ်င္းခ်င္းသာ ေတြ႕ဆံုေဆြးေႏြးခဲ့တာျဖစ္ၿပီး၊ အခု တေခါက္မွာေတာ့ အေသးစိတ္ လုပ္ငန္းေတြ ေဆာင္ရြက္သြားဖုိ႔ရွိတယ္လို႔ ႏုိင္ငံျခားေရးဝန္ႀကီးဌာန၊ အျပည္အျပည္ဆုိင္ရာ အဖြဲ႕အစည္းမ်ားႏွင့္ စီးပြားေရးဦးစီးဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးခ်မ္းေအးက ေျပာပါတယ္။
“အဆိုျပဳထားတာ ဘဂၤလားေဒ့ရွ္က လက္ခံတယ္၊ အတည္ျပဳတယ္ဆုိတဲ့ဟာေတာ့ က်ေတာ္တို႔ မသိရေသးဘူး။ အဓိကေတာ့ ဘဂၤလားေဒ့ရွ္ဘက္ရဲ႕ ခြင့္ျပဳခ်က္ကုိ ေစာင့္ဆိုင္းေနတယ္လို႔ က်ေတာ္တို႔ သိရတယ္ေလ။ ဒီတေခါက္ကက်ေတာ့ အေသးစိတ္လုပ္ငန္းေတြပါ ပါတာေပါ့ေနာ္။”
ရခိုင္ျပည္နယ္ ျပန္လည္သင့္ျမတ္ေရး၊ တည္ၿငိမ္ေအးခ်မ္းေရးနဲ႔ ဖြံ႕ၿဖိဳးတုိးတက္ေရးတုိ႕ကို ေဆာင္ရြက္ဖုိ႔အတြက္ ဒီ လြတ္လပ္ေသာစံုစမ္း စစ္ေဆးေရးေကာ္မရွင္ကို ျမန္မာအစုိးရက ၂၀၁၈၊ ဇူလိုင္လ ၃၀ရက္ေန႔မွာ ဖြဲ႕စည္းခဲ့တာပါ။ အဲဒီအဖြဲ႕မွာ ဖိလစ္ပုိင္ ႏုိင္ငံျခားေရး ၀န္ႀကီးေဟာင္း Rosario Manalo ကို ဥကၠ႒တာဝန္ ေပးထားၿပီး၊ ႏုိင္ငံေတာ္ဖြဲ႕စည္းပံု အေျခခံဥပေဒဆိုင္ရာခံုရံုး ဥကၠ႒ေဟာင္း ဦးျမသိန္းနဲ႔ ကုလသမဂၢဆုိင္ရာ ဂ်ပန္အျမဲတမ္း ကုိယ္စားလွယ္ေဟာင္း သံအမတ္ႀကီး Kenzo Oshima ၊ ယူနီဆက္အဆင့္ျမင့္ အရာရွိေဟာင္း ပါေမာကၡ ေဒါက္တာ ေအာင္ထြန္းသက္ တို႔ကို အဖြဲ႕ဝင္အျဖစ္ တာဝန္ေပးခဲ့ပါတယ္။
အခုလအတြင္းမွာ ဘဂၤလားေဒ့ရွ္ကုိ သြားေရာက္ စံုုစမ္းစစ္ေဆးဖို႔အတြက္ ႏွစ္ႏုိင္ငံ သေဘာတူ ထားတာျဖစ္ၿပီး၊ ေကာ္မရွင္အေနနဲ႔ လုပ္ငန္းစဥ္ေတြ ေဆာင္ရြက္ဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ အဖြဲ႕ဝင္ တဦးျဖစ္တဲ့ ပါေမာကၡ ေဒါက္တာေအာင္ထြန္းသက္က ေျပာပါတယ္။
“ဆရာတုိ႔ အစတည္းကေပါ့ေနာ္ ႏွစ္ႏို္င္ငံသေဘာတူထားတာ။ ဒီစံုစမ္းစစ္ေဆးေရးအဖြဲ႕က သက္ေသအေထာက္အထားေတြ သြားၾကည့္မယ္လို႔ ေျပာထားၿပီးသားေလ။ အဲေတာ့ ဆရာတို႔အခု သူတို႔နဲ႔နားလည္မႈေတြ ရွိေနေတာ့ သူတို႕ရဲ႕လက္ခံမႈနဲ႔ တို႔သြားႏုိင္တဲ့ေပၚမွာ မူတည္ၿပီးေတာ့ သြားဖုိ႔အစီအစဥ္လုပ္ထားတာေပါ့။ ဆရာတို႔ကေတာ့ ဟုိမွာ လုိအပ္တဲ့လူေတြအားလံုး ေခၚသြားမွာ။ သက္ေသအေထာက္ အထားေတြကို စံုစမ္းစစ္ေဆးႏုိ္င္တဲ့ ကၽြမ္းက်င္တဲ့လူေတြပါမယ္။ ၿပီးေတာ့ သြားတာလည္း ဒါႏွစ္ႏို္င္ငံျဖစ္တာမို႔ သူတုိ႔ဘက္က ဒီလက္ခံတဲ့ေပၚမွာ မူတည္ၿပီးေတာ့ ဆရာတို႔သြားရမွာပဲ။ ဆရာတို႔က အဆင္သင့္ျဖစ္ေနပါၿပီ။”
အခုလ ႏုိဝင္ဘာ၊ ၄ရက္ေန႔က ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ အျမဲတမ္းအတြင္းဝန္ ဦးစုိးဟန္နဲ႔ ဘဂၤလားေဒ့ရွ္ သံအမတ္ႀကီးတုိ႔ ေနျပည္ေတာ္၊ ႏုိင္ငံျခားေရးဝန္ႀကီးဌာနမွာ ေတြ႕ဆံုခဲ့ၿပီး ေနရပ္စြန္႔ခြာသြားသူေတြကုိ ျပန္လည္လက္ခံေရးဆိုင္ရာ ကိစၥရပ္ေတြအပါအဝင္၊ အခုလအတြင္း ICOE အဖြဲ႕ဝင္ေတြ သြားေရာက္မယ့္ခရီးစဥ္နဲ႔ ပတ္သက္ၿပီး ေဆြးေႏြးခဲ့ၾကပါတယ္။
ေနရပ္စြန္႔ခြာသူေတြ ကုိယ့္သေဘာနဲ႔ကို္ယ္ ျမန္မာႏုိင္ငံထဲ ျပန္ဝင္လာတာ အခုခ်ိန္ထိ ၄၀၀ ေက်ာ္ရွိေနပါၿပီ။ ၿပီးခဲ့တဲ့ ေအာက္တုိဘာလ ၃၀ရက္ေန႔တုန္းက ဘဂၤလားေဒ့ရွ္ ႏုိင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ ထုန္ျပန္ခ်က္ထဲမွာ ဒုကၡသည္လက္တဆုပ္စာေလာက္ ျပန္တာဟာ ရခိုင္ျပည္နယ္ထဲမွာ အေျခအေနေတြ တိုးတက္မႈရွိလာၿပီလို႔ မေျပာႏိုင္ေၾကာင္း ေဖာ္ျပထားပါတယ္။
ႏုိင္ငံျခားေရးဝန္ႀကီးဌာန အျမဲတမ္းအတြင္းဝန္ ဦးစုိးဟန္ကေတာ့ အဲဒီေဖာ္ျပခ်က္ဟာ ႏွစ္ႏုိင္ငံ အိမ္နီးခ်င္းေကာင္းဆက္ဆံေရးနဲ႔ ႏွစ္ႏုိင္ငံၾကား သေဘာတူညီခ်က္နဲ႔ ေဆာင္ရြက္ေနတဲ့ ေနရပ္စြန္႔ခြာသူ ျပန္လည္လက္ခံေရး လုပ္ငန္းစဥ္အေကာင္အထည္ေဖာ္ႏုိင္ေရးတို႔ကို ဘယ္လိုမွ အေထာက္အကူမျပဳေၾကာင္း ဘဂၤလားေဒ့ရွ္သံအမတ္ႀကီးနဲ႔ ေတြ႕ဆံုခ်ိန္မွာ တံု႔ျပန္ေျပာဆုိခဲ့တယ္လုိ႔ ႏုိင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ အင္တာနက္ စာမ်က္ႏွာမွာ ေဖာ္ျပထားပါတယ္။
.....................
မြန်မာအစိုးရဖွဲ့တဲ့ စုံစမ်းရေးကော်မရှင် ဘင်္ဂလားဒေ့ရှ် သွားမည်
(Unicode)
မြန်မာအစိုးရက ဖွဲ့ထားတဲ့ လွတ်လပ်သောစုံစမ်း စစ်ဆေးရေးကော်မရှင် (ICOE) အဖွဲ့ဟာ လူ့အခွင့်အရေး ချိုးဖောက်ကြောင်း စွပ်စွဲချက်တွေအတွက် သက်သေအထောက်အထားတွေ စုံစမ်းစစ်ဆေးနိုင်ရေး ဘင်္ဂလားဒေ့ရှ်ကို သွားဖို့ ပြင်ဆင်နေပါတယ်။ ICOE အဖွဲ့ဟာ စုံစမ်းစစ်ဆေးဖို့ အဆင်သင့်ဖြစ်နေပြီး၊ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ ခွင့်ပြုချက်ကိုစောင့်နေတာပါ။ ဒီအကြောင်း အပြည့်အစုံကို ဗွီအိုအေသတင်းထောက် စုစုက မေးမြန်း ပေးပို့ထားပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ၂၀၁၇ ခုနှစ်က တကျော့ပြန်ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် တဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားကြတဲ့ ဒုက္ခသည်တွေက လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နယ်မြေ ရှင်းလင်းမှုတွေအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တယ်လို့ စွပ်စွဲ ပြောဆို နေတာတွေကို စုံစမ်း စစ်ဆေးဖို့ ဒီ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ ဘင်္ဂလားဒေ့ရှ်ကို သွားမှာဖြစ်ပါတယ်။
ဒီကိုယ်စားလှယ်အဖွဲ့ လာခွင့်ပြုဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရထံ စာတင်ထားတာ တစ်လနီးပါးရှိနေပြီး ဒါဟာ ဒုတိယအကြိမ် သွားရောက်မှာလည်း ဖြစ်ပါတယ်။ ပထမအကြိမ် သွားရောက်ခဲ့တုန်းက အစိုးရ တာဝန်ရှိသူအချင်းချင်းသာ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပြီး၊ အခု တခေါက်မှာတော့ အသေးစိတ် လုပ်ငန်းတွေ ဆောင်ရွက်သွားဖို့ရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်အပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးက ပြောပါတယ်။
“အဆိုပြုထားတာ ဘင်္ဂလားဒေ့ရှ်က လက်ခံတယ်၊ အတည်ပြုတယ်ဆိုတဲ့ဟာတော့ ကျတော်တို့ မသိရသေးဘူး။ အဓိကတော့ ဘင်္ဂလားဒေ့ရှ်ဘက်ရဲ့ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေတယ်လို့ ကျတော်တို့ သိရတယ်လေ။ ဒီတခေါက်ကကျတော့ အသေးစိတ်လုပ်ငန်းတွေပါ ပါတာပေါ့နော်။”
ရခိုင်ပြည်နယ် ပြန်လည်သင့်မြတ်ရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်ဖို့အတွက် ဒီ လွတ်လပ်သောစုံစမ်း စစ်ဆေးရေးကော်မရှင်ကို မြန်မာအစိုးရက ၂၀၁၈၊ ဇူလိုင်လ ၃၀ရက်နေ့မှာ ဖွဲ့စည်းခဲ့တာပါ။ အဲဒီအဖွဲ့မှာ ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးဟောင်း Rosario Manalo ကို ဥက္ကဋ္ဌတာဝန် ပေးထားပြီး၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌဟောင်း ဦးမြသိန်းနဲ့ ကုလသမဂ္ဂဆိုင်ရာ ဂျပန်အမြဲတမ်း ကိုယ်စားလှယ်ဟောင်း သံအမတ်ကြီး Kenzo Oshima ၊ ယူနီဆက်အဆင့်မြင့် အရာရှိဟောင်း ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက် တို့ကို အဖွဲ့ဝင်အဖြစ် တာဝန်ပေးခဲ့ပါတယ်။
အခုလအတွင်းမှာ ဘင်္ဂလားဒေ့ရှ်ကို သွားရောက် စုံစမ်းစစ်ဆေးဖို့အတွက် နှစ်နိုင်ငံ သဘောတူ ထားတာဖြစ်ပြီး၊ ကော်မရှင်အနေနဲ့ လုပ်ငန်းစဉ်တွေ ဆောင်ရွက်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ အဖွဲ့ဝင် တဦးဖြစ်တဲ့ ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က ပြောပါတယ်။
“ဆရာတို့ အစတည်းကပေါ့နော် နှစ်နိုင်ငံသဘောတူထားတာ။ ဒီစုံစမ်းစစ်ဆေးရေးအဖွဲ့က သက်သေအထောက်အထားတွေ သွားကြည့်မယ်လို့ ပြောထားပြီးသားလေ။ အဲတော့ ဆရာတို့အခု သူတို့နဲ့နားလည်မှုတွေ ရှိနေတော့ သူတို့ရဲ့လက်ခံမှုနဲ့ တို့သွားနိုင်တဲ့ပေါ်မှာ မူတည်ပြီးတော့ သွားဖို့အစီအစဉ်လုပ်ထားတာပေါ့။ ဆရာတို့ကတော့ ဟိုမှာ လိုအပ်တဲ့လူတွေအားလုံး ခေါ်သွားမှာ။ သက်သေအထောက် အထားတွေကို စုံစမ်းစစ်ဆေးနိုင်တဲ့ ကျွမ်းကျင်တဲ့လူတွေပါမယ်။ ပြီးတော့ သွားတာလည်း ဒါနှစ်နိုင်ငံဖြစ်တာမို့ သူတို့ဘက်က ဒီလက်ခံတဲ့ပေါ်မှာ မူတည်ပြီးတော့ ဆရာတို့သွားရမှာပဲ။ ဆရာတို့က အဆင်သင့်ဖြစ်နေပါပြီ။”
အခုလ နိုဝင်ဘာ၊ ၄ရက်နေ့က နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်နဲ့ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးတို့ နေပြည်တော်၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တွေ့ဆုံခဲ့ပြီး နေရပ်စွန့်ခွာသွားသူတွေကို ပြန်လည်လက်ခံရေးဆိုင်ရာ ကိစ္စရပ်တွေအပါအဝင်၊ အခုလအတွင်း ICOE အဖွဲ့ဝင်တွေ သွားရောက်မယ့်ခရီးစဉ်နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။
နေရပ်စွန့်ခွာသူတွေ ကိုယ့်သဘောနဲ့ကိုယ် မြန်မာနိုင်ငံထဲ ပြန်ဝင်လာတာ အခုချိန်ထိ ၄၀၀ ကျော်ရှိနေပါပြီ။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၀ရက်နေ့တုန်းက ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုန်ပြန်ချက်ထဲမှာ ဒုက္ခသည်လက်တဆုပ်စာလောက် ပြန်တာဟာ ရခိုင်ပြည်နယ်ထဲမှာ အခြေအနေတွေ တိုးတက်မှုရှိလာပြီလို့ မပြောနိုင်ကြောင်း ဖော်ပြထားပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်ကတော့ အဲဒီဖော်ပြချက်ဟာ နှစ်နိုင်ငံ အိမ်နီးချင်းကောင်းဆက်ဆံရေးနဲ့ နှစ်နိုင်ငံကြား သဘောတူညီချက်နဲ့ ဆောင်ရွက်နေတဲ့ နေရပ်စွန့်ခွာသူ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်အကောင်အထည်ဖော်နိုင်ရေးတို့ကို ဘယ်လိုမှ အထောက်အကူမပြုကြောင်း ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးနဲ့ တွေ့ဆုံချိန်မှာ တုံ့ပြန်ပြောဆိုခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။