သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ICOE အစီရင္ခံစာအေပၚ ျပည္တြင္းလူ႔အခြင့္အေရးလႈပ္ရွားသူေတြ ေမးခြန္းထုတ္


ICOE အစီရင္ခံစာကို ႏိုင္ငံေတာ္ အတိုင္ပင္ခံထံ ေပးအပ္စဥ္( Myanmar State Counsellor Office)

(Zawgyi / Unicode)

ရခိုင္ျပည္နယ္ ေျမာက္ပိုင္းမွာ ၂၀၁၇ ခုႏွစ္က ျမန္မာစစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းေရးမွာ လူမ်ိဳးတုံး သတ္ျဖတ္မႈကို ရည္႐ြယ္ခ်က္ရွိရွိ လုပ္ေဆာင္ခဲ့ျခင္း မရွိေၾကာင္း လြတ္လပ္တဲ့ စုံစမ္းစစ္ေဆးေရး ေကာ္မရွင္ ICOE ရဲ႕ အစီရင္ခံစာက အတိအက် ေျပာဆိုထားတဲ့အေပၚ ေမးခြန္းထုတ္သူေတြ ရွိသလို အေကာင္းဘက္က ရႈျမင္သူေတြလည္း ရွိၾကပါတယ္။ အျပည့္အစုံကိုေတာ့ ဗြီအိုေအ သတင္းေထာက္ မေမခကစုစည္း တင္ျပေပးထားပါတယ္။

လြတ္လပ္တဲ့ စုံစမ္းစစ္ေဆးေရး ေကာ္မရွင္ ICOEက ဇန္နဝါရီလ (၂၀)ရက္ေန႔ ထုတ္ျပန္ထားတဲ့ ေၾကညာခ်က္အရ စာမ်က္ႏွာ ၄၀၀ ေက်ာ္ရွိတဲ့ သူတို႔ေနာက္ဆုံးအစီရင္ခံစာကို ျမန္မာအစိုးရကို ေပးပို႔ခဲ့ၿပီလို႔ေဖာ္ျပထားပါတယ္။ဒါေပမဲ့ ICOE ဘက္က ပြင့္လင္းျမင္သာမႈရွိရွိ အမ်ားျပည္သူသိေအာင္ ထုတ္ျပန္ျခင္းမရွိတဲ့အေပၚ ႏိုင္ငံတကာ လူ႔အခြင့္အေရးအဖြဲ႕ေတြဘက္က ျပင္းျပင္းထန္ထန္ ေဝဖန္မႈေတြရွိခဲ့ပါတယ္။

ျပည္တြင္း လူ႔အခြင့္အေရးလႈပ္ရွားသူ တဦးျဖစ္သူ ညီမွ်ျခင္းျမန္မာက ဦးေအာင္မ်ိဴးမင္းက ICOE ရဲ႕ေၾကညာခ်က္မွာ စစ္ရာဇဝတ္က်ဴးလြန္မႈေတြ ရွိခဲ့တယ္ဆိုတဲ့ အခ်က္ေတြကို သူတို႔ အစီရင္ခံစာမွာ ေဖၚျပထားေပမယ့္ ဘယ္လို အေရးယူေဆာင္႐ြက္သင့္လဲ ဆိုတာကို ေဖာ္ျပထားတာ မရွိတာက ေထာက္ျပစရာျဖစ္ေစတယ္လို႔ဆိုပါတယ္။

“အဓိက Highlight လုပ္ထားတဲ့ ကိစၥက ဒီအခ်က္ေတြကို စုံစမ္း စစ္ေဆးဖို႔ လုပ္ေဆာင္ရမယ္လုိ႔ ေျပာထားတယ္။ ဒါေပမယ့္ သူတုိ႔ရဲ႕ အႀကံျပဳခ်က္ထဲမွာ စုံစမ္းစစ္ေဆးၿပီးေတာ့ ေတြ႔ရွိလာတဲ့ အျပစ္ရွိတဲ့သူေတြကုိ ထိေရာက္စြာ အေရးယူဖုိ႔အတြက္ တုိက္တြန္းထားတဲ့ အၾကံျပဳခ်က္ မပါဘူး။ က်ေနာ္တုိ႔ အဲဒီအေျခအေနက စုံစမ္းေတာ့ စုံစမ္း၊ ဒါေပမယ့္ အေရးယူမႈအပုိင္းကုိ ေထာက္ျပထားတာ မရွိတဲ့အတြက္ က်ေနာ္တုိ႔ လက္ရွိအေျခအေနမွာ ျဖစ္ေနတဲ့ ႏုိင္ငံတကာ ရာဇ၀တ္မႈ ခ်ဳိးေဖာက္မႈေတြ ရွိေနတယ္ဆုိေတာ့၊ ႏုိင္ငံတကာဥပေဒ လုပ္ထုံးလုပ္နည္းအရ အေရးယူရမယ္ဆုိတဲ့ဟာကုိ သူတုိ႔အေနနဲ႔ သိပ္ၿပီးေတာ့ ဒါကုိ စဥ္းစားထားတဲ့ပုံစံ မရွိဘူး။ ဒါကုိေတာ့ က်ေနာ္ သတိထားမိတယ္ဗ်။”

ICOE ရဲ႕ ေၾကညာခ်က္မွာ သူတို႔ အစီရင္ခံစာ ေတြ႕ရွိခ်က္ေတြအရ ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ ျဖစ္ခဲ့တဲ့ ျပစ္မႈက်ဴးလြန္မႈေတြဟာ လူမ်ိဳးတုံးသတ္ျဖတ္မႈ အဆင့္ထိ မေရာက္ခဲ့ဘူးလို႔ အတိအက်ေဖၚျပထားတာနဲ႔ ပတ္သက္လို႔ ေတာ့သီးသန႔္ မွတ္ခ်က္မျပဳခဲ့ပါဘူး။

ရခိုင္ေကာ္မရွင္ အဖြဲ႕ဝင္ေဟာင္း ဟာဂ်ီေအးလြင္ကေတာ့ အစီရင္ခံစာက ရခိုင္ျပည္နယ္တြင္း မတူညီတဲ့ လူမႈအဖြဲ႕ေတြအတြက္ထိေရာက္မႈတစုံတရာရွိေစတယ္လို႔သုံးသပ္ပါတယ္။

“( ၁ )အခ်က္ကေတာ့ သူတို႔သုံးထားတဲ့ အသုံးအႏႈန္းေလးေတြေပါ့ေနာ္၊ သုံးထားတဲ့ ဝိေသသေလးေတြမွာ အလြန္အကြၽံအင္အား သုံးတယ္ဆုိတဲ့ဟာကေတာ့ State Counsellor ကလည္း သုံးတယ္ေလ။ အခုဒီမွာကေတာ့ သူက War Crime ဆိုတာကုိလည္း သုံးထားတယ္။ ေနာက္ၿပီးေတာ့ ဒီ Human rights violation မွာလည္းဘဲ အျပင္းအထန္ဆိုတာကုိ သူက သုံးထားတယ္။ အဲဒါေတြက ထူးျခားခ်က္လးေတြလုိ႔ က်ေနာ္ ျမင္ပါတယ္ ခင္ဗ်။ အဲဒီေတာ့ ဒီလုိ ပဋိပကၡ ေနာက္မျဖစ္ေအာင္၊ အရင္လို ဟာမိုနီမ်ဳိး၊ သဟဇာတ ျပန္ရေအာင္ လုပ္ဖုိ႔အတြက္က ဒီလြဲမွားေနေသာ မွားယြင္းခ်က္ေတြကုိ ျပန္ၿပီးေတာ့ ျပင္ဆင္ရမယ္ဆုိတဲ့ ဒီသခၤန္းစာေလးကုိ ယူႏုိင္မယ္ဆုိရင္ ဒီ Report က အက်ဳိးရွိပါတယ္လုိ႔ က်ေနာ္ ေျပာခ်င္ပါတယ္။”

ICJ ႏိုင္ငံတကာတရား႐ုံးကေန ျမန္မာ-ဂမ္ဘီယာအမႈမွာ ၾကားျဖတ္အေရးေပၚစီမံမႈ ထားသင့္မသင့္ ဆုံးျဖတ္ခ်က္ေတာ့မွာမို႔ ICOE ရဲ႕ အစီရင္ခံစာက ICJ ဆုံးျဖတ္မႈအေပၚ သက္ေရာက္မႈရွိႏိုင္မလားလို႔ ႏိုင္ငံေရးေလ့လာသူတခ်ိဳ႕က သုံးသပ္မႈေတြရွိတဲ့အေပၚ ဦးေအာင္မ်ိဳးမင္းကေတာ့ သက္ေရာက္မႈရွိႏိုင္မယ္မထင္ဘူးလို႔ေျပာပါတယ္။

ဦးေအာင္မ်ိဳးမင္းကေတာ့ တကယ္တမ္း ျမန္မာျပည္တြင္း တရားေရးစနစ္ ဘယ္ေလာက္အထိ ယုံၾကည္ရမလဲ ဆိုတဲ့ ေမးခြန္းေတြ ႏိုင္ငံတကာဘက္က ေမးေနတာကို အစိုးရအေနနဲ႔ စနစ္တက် အေျဖရွာေပးဖို႔ ေတာင္းဆို သြားပါတယ္။

“တကယ္လုိ႔သာ ခုိင္ခုိင္မာမာ အေရးယူႏုိင္လုိ႔ရွိရင္ ျပည္ပကုိလည္း က်ေနာ္တုိ႔ တင္စရာမလုိဘူး။ ျပည္ပကလည္း ဘာမွ လုပ္စရာ မလုိဘူး။ ဒါေပမယ့္ ျပည္တြင္းမွာရွိေနတဲ့ စနစ္နဲ႔ ပုံစံကုိယ္တုိင္က အားနည္းေနတဲ့အတြက္ေၾကာင့္မုိ႔လုိ႔ အခုလုိမ်ဳိး ျပည္ပကေနၿပီးေတာ့ ဒါေတြကုိ ၀င္ၿပီးေတာ့ ဒါေတြကုိ ေျပာဆုိတဲ့ဟာမ်ဳိး၊ တကယ္လုိ႔ ျပည္တြင္းမွာရွိတဲ့အဆင့္မွာ တရားဥပေဒကုိ မေဖာ္ေဆာင္ႏုိင္ရင္ ႏုိင္ငံတကာအေနနဲ႔ ေဖာ္ေဆာင္မႈလုိအပ္တယ္ဆုိတဲ့ လႈပ္ရွားမႈေတြ၊ ေတာင္းဆုိခ်က္ေတြ ထြက္လာျဖစ္တယ္။ လက္ရွိမွာ ဘာေၾကာင့္လဲဆုိေတာ့ ျပည္တြင္းမွာ က်ေနာ္တုိ႔က အားကုိးႏုိင္တဲ့ လုံေလာက္တဲ့၊ ခုိင္မာတဲ့၊ မွ်တတဲ့ တရားစီရင္မႈစနစ္ မရွိလုိ႔ပါဘဲ။”

ဟိႏၵဴဘာသာဝင္တဦးျဖစ္တဲ့ ဦးနီေမာ္ကေတာ့ ေလ့လာစမ္းစစ္ခ်က္ အစီရင္ခံစာမွာ လူ႔အခြင့္အေရး ခ်ိဳးေဖာက္ခံရကာ သတ္ျဖတ္ခံရသူ ဟိႏၵဴေတြနဲ႔ပတ္သတ္လို႔ အထူးတလည္ ေဖာ္ျပထားတာမရွိတဲ့အေပၚ ေမးခြန္းထုတ္ခဲ့ပါတယ္။

“ဒါကေတာ့ ျဖစ္စဥ္ကတည္းက က်ေနာ္တုိ႔ကလည္း မီဒီယာကုိ ေျပာေနက်ပါ။ အစုိးရကလည္းသိတယ္၊ ကမၻာကလည္း သိပါတယ္။ ဒါေပမယ့္ ထိထိေရာက္ေရာက္နဲ႔ ဘာလုိ႔ မေဖာ္ထုတ္လဲဆုိတာကေတာ့၊ ဟုိတေန႔ကလည္း က်ေနာ္တုိ႔ အစည္းအေ၀းမွာ က်ေနာ္တုိ႔ေျပာလုိက္တယ္ေလ၊ ဒါကေတာ့။ ဒါကေတာ့ က်ေနာ္တုိ႔ အၿမဲတမ္း ခံစားေနရတဲ့ကိစၥတခုပါဘဲ။ ဘာျဖစ္လုိ႔လဲဆုိေတာ့ လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈ၊ တရားမွ်တမႈ ဆုိလုိ႔ရွိရင္ ဟိႏၶဴေတြက ေျပာခြင့္မရွိလုိ႔လား။ ဒါဘဲေျပာလုိပါတယ္။”

ရခိုင္ေျမာက္ပိုင္းမွာ ၂၀၁၇ ခုႏွစ္က ျဖစ္ခဲ့တဲ့ အၾကမ္းဖက္မႈေတြမွာ ႐ိုဟင္ဂ်ာေတြအေပၚ လူမ်ိဳးတုံးသတ္ျဖတ္ဖို႔ ရည္မွန္း လုပ္ေဆာင္တယ္ဆိုၿပီး ႏိုင္ငံတကာရဲ႕ စြပ္စြဲခံေနရပါတယ္။

ျမန္မာအစိုးရဘက္ကေတာ့ ဒီ စြပ္စြဲခ်က္ကို ျငင္းပယ္သလို ႐ိုဟင္ဂ်ာဆိုတဲ့ အသုံးအႏႈန္းကိုလည္း လက္မခံပါဘူး။ ဒါေပမယ့္ ဒီအျဖစ္အပ်က္ေတြအေပၚ သီးျခား လြတ္လပ္တဲ့စုံစမ္းမႈေတြလုပ္ၿပီး အေရးယူသြားမယ္လို႔ေတာ့ ႏိုင္ငံတကာကို ကတိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


......................

ICOE အစီရင်ခံစာအပေါ် ပြည်တွင်းလူ့အခွင့်အရေးလှုပ်ရှားသူတွေ မေးခွန်းထုတ်
( Unicode)

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ၂၀၁၇ခုနှစ်က မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးမှာ လူမျိုးတုံး သတ်ဖြတ်မှုကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်း မရှိကြောင်း လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် ICOE ရဲ့ အစီရင်ခံစာက အတိအကျ ပြောဆိုထားတဲ့အပေါ် မေးခွန်းထုတ်သူတွေ ရှိသလို အကောင်းဘက်က ရှုမြင်သူတွေလည်း ရှိကြပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် မမေခကစုစည်း တင်ပြပေးထားပါတယ်။

လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် ICOEကဇန်နဝါရီလ (၂၀)ရက်နေ့ ထုတ်ပြန်ထားတဲ့ ကြေညာချက်အရ စာမျက်နှာ ၄၀၀ ကျော်ရှိတဲ့ သူတို့နောက်ဆုံးအစီရင်ခံစာကို မြန်မာအစိုးရကို ပေးပို့ခဲ့ပြီလို့ဖော်ပြထားပါတယ်။ဒါပေမဲ့ ICOE ဘက်က ပွင့်လင်းမြင်သာမှုရှိရှိ အများပြည်သူသိအောင် ထုတ်ပြန်ခြင်းမရှိတဲ့အပေါ် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေဘက်က ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေရှိခဲ့ပါတယ်။

ပြည်တွင်း လူ့အခွင့်အရေးလှုပ်ရှားသူ တဦးဖြစ်သူ ညီမျှခြင်းမြန်မာက ဦးအောင်မျိူးမင်းက ICOE ရဲ့ကြေညာချက်မှာ စစ်ရာဇဝတ်ကျူးလွန်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ အချက်တွေကို သူတို့ အစီရင်ခံစာမှာ ဖေါ်ပြထားပေမယ့် ဘယ်လို အရေးယူဆောင်ရွက်သင့်လဲ ဆိုတာကို ဖော်ပြထားတာ မရှိတာက ထောက်ပြစရာဖြစ်စေတယ်လို့ဆိုပါတယ်။

“အဓိက Highlight လုပ်ထားတဲ့ ကိစ္စက ဒီအချက်တွေကို စုံစမ်း စစ်ဆေးဖို့ လုပ်ဆောင်ရမယ်လို့ ပြောထားတယ်။ ဒါပေမယ့် သူတို့ရဲ့ အကြံပြုချက်ထဲမှာ စုံစမ်းစစ်ဆေးပြီးတော့ တွေ့ရှိလာတဲ့ အပြစ်ရှိတဲ့သူတွေကို ထိရောက်စွာ အရေးယူဖို့အတွက် တိုက်တွန်းထားတဲ့အချက် မပါဘူး။ ကျနော်တို့ အဲဒီအခြေအနေက စုံစမ်းတော့ စုံစမ်း၊ ဒါပေမယ့် အရေးယူမှုအပိုင်းကို ထောက်ပြထားတာ မရှိတဲ့အတွက် ကျနော်တို့ လက်ရှိအခြေအနေမှာ ဖြစ်နေတဲ့ နိုင်ငံတကာ ရာဇဝတ်မှု ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတော့၊ နိုင်ငံတကာဥပဒေ လုပ်ထုံးလုပ်နည်းအရ အရေးယူရမယ်ဆိုတဲ့ဟာကို သူတို့အနေနဲ့ သိပ်ပြီးတော့ ဒါကို စဉ်းစားထားတဲ့ပုံစံ မရှိဘူး။ ဒါကိုတော့ ကျနော် သတိထားမိတယ်ဗျ။”

ICOE ရဲ့ ကြေညာချက်မှာ သူတို့ အစီရင်ခံစာ တွေ့ရှိချက်တွေအရ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ ပြစ်မှုကျူးလွန်မှုတွေဟာ လူမျိုးတုံးသတ်ဖြတ်မှု အဆင့်ထိ မရောက်ခဲ့ဘူးလို့ အတိအကျဖေါ်ပြထားတာနဲ့ ပတ်သက်လို့ တော့သီးသန့် မှတ်ချက်မပြုခဲ့ပါဘူး။

ရခိုင်ကော်မရှင် အဖွဲ့ဝင်ဟောင်း ဟာဂျီအေးလွင်ကတော့ အစီရင်ခံစာက ရခိုင်ပြည်နယ်တွင်း မတူညီတဲ့ လူမှုအဖွဲ့တွေအတွက်ထိရောက်မှုတစုံတရာရှိစေတယ်လို့သုံးသပ်ပါတယ်။

“( ၁ )အချက်ကတော့ သူတို့သုံးထားတဲ့ အသုံးအနှုန်းလေးတွေပေါ့နော်၊ သုံးထားတဲ့ ဝိသေသလေးတွေမှာ အလွန်အကျွံအင်အား သုံးတယ်ဆိုတဲ့ဟာကတော့ State Counsellor ကလည်း သုံးတယ်လေ။ အခုဒီမှာကတော့ သူက War Crime ဆိုတာကိုလည်း သုံးထားတယ်။ နောက်ပြီးတော့ ဒီ Human rights violation မှာလည်းဘဲ အပြင်းအထန်ဆိုတာကို သူက သုံးထားတယ်။ အဲဒါတွေက ထူးခြားချက်လးတွေလို့ ကျနော် မြင်ပါတယ် ခင်ဗျ။ အဲဒီတော့ ဒီလို ပဋိပက္ခ နောက်မဖြစ်အောင်၊ အရင်လို ဟာမိုနီမျိုး၊ သဟဇာတ ပြန်ရအောင် လုပ်ဖို့အတွက်က ဒီလွဲမှားနေသော မှားယွင်းချက်တွေကို ပြန်ပြီးတော့ ပြင်ဆင်ရမယ်ဆိုတဲ့ ဒီသင်္ခန်းစာလေးကို ယူနိုင်မယ်ဆိုရင် ဒီ Report က အကျိုးရှိပါတယ်လို့ ကျနော် ပြောချင်ပါတယ်။”

ICJ နိုင်ငံတကာတရားရုံးကနေ မြန်မာ-ဂမ်ဘီယာအမှုမှာ ကြားဖြတ်အရေးပေါ်စီမံမှု ထားသင့်မသင့် ဆုံးဖြတ်ချက်တော့မှာမို့ ICOE ရဲ့ အစီရင်ခံစာက ICJ ဆုံးဖြတ်မှုအပေါ် သက်ရောက်မှုရှိနိုင်မလားလို့ နိုင်ငံရေးလေ့လာသူတချို့က သုံးသပ်မှုတွေရှိတဲ့အပေါ် ဦးအောင်မျိုးမင်းကတော့ သက်ရောက်မှုရှိနိုင်မယ်မထင်ဘူးလို့ပြောပါတယ်။

့ဦးအောင်မျိုးမင်းကတော့ တကယ်တမ်း မြန်မာပြည်တွင်း တရားရေးစနစ် ဘယ်လောက်အထိ ယုံကြည်ရမလဲ ဆိုတဲ့ မေးခွန်းတွေ နိုင်ငံတကာဘက်က မေးနေတာကို အစိုးရအနေနဲ့ စနစ်တကျ အဖြေရှာပေးဖို့ တောင်းဆို သွားပါတယ်။

“တကယ်လို့သာ ခိုင်ခိုင်မာမာ အရေးယူနိုင်လို့ရှိရင် ပြည်ပကိုလည်း ကျနော်တို့ တင်စရာမလိုဘူး။ ပြည်ပကလည်း ဘာမှ လုပ်စရာ မလိုဘူး။ ဒါပေမယ့် ပြည်တွင်းမှာရှိနေတဲ့ စနစ်နဲ့ ပုံစံကိုယ်တိုင်က အားနည်းနေတဲ့အတွက်ကြောင့်မို့လို့ အခုလိုမျိုး ပြည်ပကနေပြီးတော့ ဒါတွေကို ဝင်ပြီးတော့ ဒါတွေကို ပြောဆိုတဲ့ဟာမျိုး၊ တကယ်လို့ ပြည်တွင်းမှာရှိတဲ့အဆင့်မှာ တရားဥပဒေကို မဖော်ဆောင်နိုင်ရင် နိုင်ငံတကာအနေနဲ့ ဖော်ဆောင်မှုလိုအပ်တယ်ဆိုတဲ့ လှုပ်ရှားမှုတွေ၊ တောင်းဆိုချက်တွေ ထွက်လာဖြစ်တယ်။ လက်ရှိမှာ ဘာကြောင့်လဲဆိုတော့ ပြည်တွင်းမှာ ကျနော်တို့က အားကိုးနိုင်တဲ့ လုံလောက်တဲ့၊ ခိုင်မာတဲ့၊ မျှတတဲ့ တရားစီရင်မှုစနစ် မရှိလို့ပါဘဲ။”

ဟိန္ဒူဘာသာဝင်တဦးဖြစ်တဲ့ ဦးနီမော်ကတော့ လေ့လာစမ်းစစ်ချက် အစီရင်ခံစာမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရကာ သတ်ဖြတ်ခံရသူ ဟိန္ဒူတွေနဲ့ပတ်သတ်လို့ အထူးတလည် ဖော်ပြထားတာမရှိတဲ့အပေါ် မေးခွန်းထုတ်ခဲ့ပါတယ်။

“ဒါကတော့ ဖြစ်စဉ်ကတည်းက ကျနော်တို့ကလည်း မီဒီယာကို ပြောနေကျပါ။ အစိုးရကလည်းသိတယ်၊ ကမ္ဘာကလည်း သိပါတယ်။ ဒါပေမယ့် ထိထိရောက်ရောက်နဲ့ ဘာလို့ မဖော်ထုတ်လဲဆိုတာကတော့၊ ဟိုတနေ့ကလည်း ကျနော်တို့ အစည်းအဝေးမှာ ကျနော်တို့ပြောလိုက်တယ်လေ၊ ဒါကတော့။ ဒါကတော့ ကျနော်တို့ အမြဲတမ်း ခံစားနေရတဲ့ကိစ္စတခုပါဘဲ။ ဘာဖြစ်လို့လဲဆိုတော့ လူ့အခွင့်အရေးချိုးဖောက်မှု၊ တရားမျှတမှု ဆိုလို့ရှိရင် ဟိန္ဓူတွေက ပြောခွင့်မရှိလို့လား။ ဒါဘဲပြောလိုပါတယ်။”

ရခိုင်မြောက်ပိုင်းမှာ ၂၀၁၇ ခုနှစ်က ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်ဖို့ ရည်မှန်း လုပ်ဆောင်တယ်ဆိုပြီး နိုင်ငံတကာရဲ့ စွပ်စွဲခံနေရပါတယ်။

မြန်မာအစိုးရဘက်ကတော့ ဒီ စွပ်စွဲချက်ကို ငြင်းပယ်သလို ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုလည်း လက်မခံပါဘူး။ ဒါပေမယ့် ဒီအဖြစ်အပျက်တွေအပေါ် သီးခြား လွတ်လပ်တဲ့စုံစမ်းမှုတွေလုပ်ပြီး အရေးယူသွားမယ်လို့တော့ နိုင်ငံတကာကို ကတိပေးထားပါတယ်။

XS
SM
MD
LG