သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ICJ ဆုံးဖြတ်ချက် ရှေ့နေဦးအောင်ထူးအမြင်


(Unicode/Zawgyi)

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို လူမျိုးသတ်ဖြတ်မှုစွဲချက်တွေ နဲ့ ပတ်သက်ပြီး တရားစွဲဆိုထားတာနဲ့ ပတ်သက်ပြီး နိုင်ငံတကာတရားရုံး (ICJ) က ဒီကနေ့မှာ အမိန့်ချမှတ်လိုက်ပါတယ်။

ဂမ်ဘီယာနိုင်ငံဘက်ကတောင်းဆိုချက် ၆ ချက်ထဲက ၄ ချက်ကို သဘောတူပြီး တရားသူကြီးတွေက တညီတညွတ်တည်း ဆုံးဖြတ်ပြီး အမိန့်ချမှတ်ခဲ့ကြတာပါ။ ဒီအမှု နဲ့ ပတ်သက်ပြီး ICJ နိုင်ငံတကာတရားရုံး တရားသူကြီးတွေက ဥပဒေကြောင်းအရ ဘယ်လိုဆင်ခြင်သုံးသပ်ပြီး အခုလို အမိန့်ချမှတ်လိုက်သလဲဆိုတာကို ဥပဒေအထောက်အကူပြုကွန်ရက် တည်ထောင်သူ လူ့အခွင့်အရေး ရှေ့နေ ဦးအောင်ထူးးကို ကိုရန်နိုင်က ဆက်သွယ်မေးမြန်းစဉ် သူကအခုလို စဖြေပါတယ်။

ရှေ့နေ ဦးအောင်ထူး။ ။ ပထမတချက်ကတော့ prima facie လို့ခေါ်တဲ့ ဥပဒေအခြေခံဖြစ်တယ်။ အဲဒါဘာလဲဆိုတော့ မြန်မာနိုင်ငံဟာ Genocide လို့ခေါ်တဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို ကျူးလွန်တယ်လို့ စဉ်းစားလို့ရနိုင်လောက်တဲ့ အခြေခံအကြောင်းအချက်နဲ့ ပြည့်စုံတယ်။ ဒုတိယအချက်က Plausible လို့ခေါ်တယ်။ ဒီအမှုကို လက်ခံစစ်ဆေးကြားနာသွားမယ်ဆိုရင် နောက်ဆုံးမှာ Merit of the case လို့ခေါ်တယ် အမှုအရည်အသွေး ၊ အကောင်းအဆိုး အကြောင်းအကျိုးကို ဆုံးဖြတ်နိုင်လိမ့်မယ်လို့ တရားရုံးက သုံးသပ်တယ်။ တတိယအချက်ကတော့ ဘာကြောင့်ချလိုက်တာလဲဆိုတော့ မြန်မာနိုင်ငံထဲမှာ ရိုဟင်ဂျာ ၆ သိန်းလောက် ဆက်ရှိနေတယ်။ တကယ်လို့ provisional measure မချမှတ်ပေးဘူးဆိုရင် ဆက်ပြီးတော့ ရိုဟင်ဂျာအခွင့်အရေးတွေ ချိုးဖောက်ခံနေရဖွယ်ရှိနေတယ်။ တကယ်ဖြစ်ပြီးတော့ ထင်ရှားတဲ့ imminent threat တွေဖြစ်တာတွေ သုံးသပ်ပြီးတော့ အခုလို provisional measure ချပေးလိုက်တာဖြစ်ပါတယ်။

ကိုရန်နိုင်။ ။ ဆိုတော့ ဒါနဲ့ ပတ်သက်ပြီးတော့ မဖြစ်မနေလိုက်နာဖို့ လိုသလား။

ရှေ့နေ ဦးအောင်ထူး။ ။ ဒီလိုဗျ ၂ ပိုင်းရှိတာပေါ့ တပိုင်းက ဘာလဲဆိုတော့ ICJ မှာ enforcement mechanism မရှိဘူး။ တနည်းအားဖြင့် သူက နိုင်ငံတကာ ရဲတပ်ဖွဲ့လိုမျိုး ဖမ်းတာမဟုတ်ဘူး။ နောက် ကုလ တပ်တွေ စေလွှတ်ဖို့ အခွင့်အာဏာလည်းမရှိဘူး။ enforcement mechanism မရှိဘူး။ ဒါက ဒီဘက်ကတပိုင်းဖြစ်တယ်။ တခြားတဘက်ကတော့ တကယ် လိုက်နာသွားမလား မလိုက်နာဘူးလားဆိုတာကတော့ မြန်မာအစိုးရနဲ့ မြန်မာစစ်တပ်အာဏာပိုင်တွေနဲ့ အဓိကဆိုင်ပါတယ်။ သို့သော်လည်းပဲ သူတို့က အမြဲတမ်း state sovereignty ဆိုပြီးတော့ တိုင်းပြည်အချုပ်အခြာအာဏာရှိတယ်။ ပြောချင်တာက ငါတို့လုပ်ချင်တာ လုပ်မယ်ဆိုတာမျိုးပေါ့ ။ သို့သော် ဒီအခြေခံကိုတော့ လက်ရှိ မြန်မာအစိုးရနဲ့ မြန်မာစစ်တပ်ခေါင်းဆောင်တွေက သိပ်ပြီးတော့ မီးမောင်ထိုးလိုပုံမရှိဘူး။ ဘာကြောင့်လဲဆိုတော့ အချက် ၂ ချက်အရဖြစ်တယ်။ ပထမအချက်က ဘာလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဒီ ICJ ရုံးကို သွားပြီးတော့ ခုခံတင်ပြခဲ့တာက ဘာသဘောဆောင်သလဲဆိုတော့ ICJ က ချမှတ်လိုက်တဲ့အမိန့်ကို လိုက်နာပါ့မယ် ။ ICJ ရဲ့ Jurisdiction စီရင်ပိုင်ခွင့်ကို လက်ခံပါတယ်လို့ ပြောလိုက်တာပါပဲ။ ဒါက ပထမအချက်ဖြစ်တယ်။ ဒုတိယအချက်က Genocide Convention လို့ခေါ်တဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေကို ကာကွယ်တားဆီးဖို့နဲ့ ဖြစ်လာရင် အပြစ်ပေးအရေးယူဖု့ိဆိုတဲ့ နိုင်ငံတကာဥပဒေကို မြန်မာက လက်မှတ်ရေးထိုးထားတယ်ဆိုတာ မငြင်းဘူး။ အဲဒီအတိုင်း လိုက်နာဆောင်ရွက်ဖို့ တာဝန်ရှိတယ်ဆိုတာ မငြင်းဘူး။ အဲဒါကြောင့် State Sovereignty ဆိုပြီးတော့ တိုင်းပြည်အချုပ်အခြာအာဏာရှိတယ် ငါတို့ဟာငါတို့ သွားမယ်ဆိုတာမျိုးနဲ့ ဆက်လက်သွားဖို့ အလားအလာက မြန်မာအစိုးရဘက်က နည်းသွားတယ်လို့ ကျနော်သုံးသပ်ပါတယ်။

ICJ က ချမှတ်လိုက်တဲ့ ကြားဖြတ် အရေးပေါ်စီမံချက်တွေကို ဖတ်ရှုနိုင်ပါတယ်။

ကိုရန်နိုင်။ ။ ကျနော်ဘာလို့ မေးသလဲဆိုတော့ ဒါနဲ့ ပတ်သက်ပြီးတော့ အရင်ကလည်း မလိုက်နာတဲ့ တချို့နိုင်ငံတွေရှိတယ်ဆိုတော့ မလိုက်နာရင်ရော ဘာတွေဖြစ်လာနိုင်သလဲ။

ရှေ့နေ ဦးအောင်ထူး။ ။ မလိုက်နာရင်ရော ဘာတွေဖြစ်လာနိုင်သလဲဆိုတော့ ပထမအချက်က တရားရုံးကို စော်ကားသလိုဖြစ်သွားတယ်။ မထီမဲ့မြင်ပြုတာဖြစ်သွားတယ်။ ဒုတိယ အချက်က ကမ္ဘာနဲ့ အဝှမ်းပေါ့ တရားမျှတမှု ရှာဖွေတဲ့စနစ်ကို ဆန့်ကျင်လိုက်တာပဲ။ နိုင်ငံတကာအခြေခံကနေ တရားမျှတမှု ရှာဖွေတဲ့စနစ်ကို ဆန့်ကျင်လိုက်တာ ဘာဖြစ်သွားသလဲဆိုတော့သူတို့ကိုယ်တိုင်က ဒီလို တကယ်ဖြစ်နေတာကို ဝန်ခံလိုက်တာပဲ။ ဆိုလိုချင်တာကတော့ အဲဒါကို လူသိအောင် မလုပ်စေချင်ဘူး ဆက်ပြီး ဖုံးဖိထားမယ်ဆိုတာ ပြလိုက်တာပဲ။ အဲလိုပြလိုက်ခြင်းဖြင့် ပိုဆိုးသွားပြီးတော့ နိုင်ငံတကာက တခြားနည်းနဲ့ အရေးယူပိတ်ဆို့မှုတွေ ပိုတိုးလာမယ်။ ဖိအားတွေပိုများလာနိုင်တယ်။ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေက တော်တော်ကို ထိခိုက်လာနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဥပဒေစိုးမိုးရေး ပျက်သွားပြီဆိုတာကို အထင်ရှားပြလိုက်တာပါပဲ။ ရင်းနှီးမြှုပ်နှံမှုတွေထိခိုက်သွားမယ် နိုင်ငံသားတဦးချင်းစီကနေပြီးတော့ နိုင်ငံတကာနဲ့ ဆက်ဆံဆောင်ရွက်တာတွေ ထိခိုက်သွားနိုင်တယ်။

ကိုရန်နိုင်။ ။ တရားသူကြီးတွေထဲမှာ မြန်မာဘက်က ခန့်ထားတဲ့ တရားသူကြီးတဦးလည်းပါတယ်။ တရားသူကြီးအကုန်လုံးက သဘောတူပြီးတော့ အမိန့်ချလိုက်တဲ့ အပေါ်မှာရော ဘာများပြောချင်ပါသလဲ။

ရှေ့နေ ဦးအောင်ထူး။ ။ အဲဒါကောင်းပါတယ် သဘောတူအမိန့်ချလိုက်တာက တရားရုံးရဲ့ သူ့လုပ်ထုံးလုပ်နည်းနဲ့အညီလုပ်သွားတယ်။ ကျနော်တို့ကတော့ ဘာမှပြောစရာမရှိဘူး။ တရားရုံး ရှင်းပြသွားတဲ့အထဲမှာ စိတ်ဝင်စားစရာကောင်းတာကတော့ ဘာကြောင့် ဒီလိုအမိန့်ချသလဲ ။ ပထမအချက်က ဒီလိုအမှုမျိုးက common interest ဖြစ်တယ်။ လူသားအားလုံးရဲ့ ဘုံအကျိုးစီးပွားဖြစ်တယ်။ ဒါကြောင့် ဘယ်သူမဆို တရားစွဲဆိုခွင့်ရှိတယ်။ ဘယ်နိုင်ငံ မဆို တရားစွဲဆိုခွင့်ရှိတယ်။ တရားစွဲဆိုတာကမျိုးက ဆက်ကိုဆောင်ရွက်သွားရမှာ ဖြစ်တယ်။ နောက်တခါ အရေးကြီးတာကတော့ Moral law and aim of United Nations လို့သုံးသွားတယ်။ လူတွေက ကိုယ့်ကျင့်တရားစံဥပဒေကို လေးစားလိုက်နာရမယ်။ ဒါကို ICJ က ထောက်ပြသွားတာ။ ကိုယ့်ကျင့်တရား ပျက်လို့ ဖြစ်တဲ့ ပြဿနာ ၊ လူသားချင်းစာနာစိတ်မရှိလို့ ဖြစ်တဲ့ ပြဿနာ။ ဒါကို ပြန်ထောက်ပြသွားတယ်။ နောက်တခါ ကမ္ဘာကြီးက သွားနေတာက humanitarian and civilization ကို သွားနေတာ။ လူသားချင်းစာနာထောက်ထားတဲ့ စိတ်အခြေခံတဲ့ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်း တည်ဆောက်မှုဆိုင်ရာ တန်ဖိုးတွေကို ထောက်ပြသွားပါတယ်။ အဲဒီတော့ Genocide Convention ရဲ့ fundamental values အခြေခံတန်ဖိုးတွေက ဒါနဲ့ ဆက်စပ်တယ် အဲဒါကြောင့် ရိုဟင်ဂျာ တွေဟာ Genocide convention အောက်မှ ပါဝင်မူရသင့်တယ်လို့ တန်ဖိုးသဘောတရားတွေကို ရှင်းပြသွားတဲ့ တရားရုံးရပ်တည်ချက်က တော်တော်အဆင့်မြင့်တယ်လို့ ကျနော်ပြောရမှာပါ။

ICJ ဆံုးျဖတ္ခ်က္ ေရွ႕ေနဦးေအာင္ထူးအျမင္
please wait

No media source currently available

0:00 0:05:39 0:00
တိုက္႐ိုက္ လင့္ခ္


..................

ICJ ဆံုးျဖတ္ခ်က္ ေရွ႕ေနဦးေအာင္ထူးအျမင္

(Zawgyi)

ဂမ္ဘီယာႏုိင္ငံက ျမန္မာႏုိင္ငံကို လူမ်ိဳးသတ္ျဖတ္မႈစဲြခ်က္ေတြ နဲ႔ ပတ္သက္ၿပီး တရားစဲြဆုိထားတာနဲ႔ ပတ္သက္ၿပီး ႏုိင္ငံတကာတရား႐ုံး (ICJ) က ဒီကေန႔မွာ အမိန္႔ခ်မွတ္လိုက္ပါတယ္။

ဂမ္ဘီယာႏိုင္ငံဘက္ကေတာင္းဆိုခ်က္ ၆ ခ်က္ထဲက ၄ ခ်က္ကို သေဘာတူၿပီး တရားသူႀကီးေတြက တညီတၫြတ္တည္း ဆုံးျဖတ္ၿပီး အမိန႔္ခ်မွတ္ခဲ့ၾကတာပါ။ ဒီအမႈ နဲ႔ ပတ္သက္ၿပီး ICJ ႏိုင္ငံတကာတရား႐ုံး တရားသူႀကီးေတြက ဥပေဒေၾကာင္းအရ ဘယ္လိုဆင္ျခင္သုံးသပ္ၿပီး အခုလို အမိန႔္ခ်မွတ္လိုက္သလဲဆိုတာကို ဥပေဒအေထာက္အကူျပဳကြန္ရက္ တည္ေထာင္သူ လူ႔အခြင့္အေရး ေရွ ့ေန ဦးေအာင္ထူးးကို ကိုရန္ႏိုင္က ဆက္သြယ္ေမးျမန္းစဥ္ သူကအခုလို စေျဖပါတယ္။

ေရွ႕ေန ဦးေအာင္ထူး။ ။ ပထမတခ်က္ကေတာ့ prima facie လို႔ေခၚတဲ့ ဥပေဒအေျခခံျဖစ္တယ္။ အဲဒါဘာလဲဆိုေတာ့ ျမန္မာႏိုင္ငံဟာ Genocide လို႔ေခၚတဲ့ လူမ်ိဳးတံုးသတ္ျဖတ္မႈကို က်ဴးလြန္တယ္လို႔ စဥ္းစားလို႔ရႏိုင္ေလာက္တဲ့ အေျခခံအေၾကာင္းအခ်က္နဲ႔ ျပည့္စံုတယ္။ ဒုတိယအခ်က္က Plausible လို႔ေခၚတယ္။ ဒီအမႈကုိ လက္ခံစစ္ေဆးၾကားနာသြားမယ္ဆိုရင္ ေနာက္ဆံုးမွာ Merit of the case လို႔ေခၚတယ္ အမႈအရည္အေသြး ၊ အေကာင္းအဆိုး အေၾကာင္းအက်ိိဳးကို ဆံုးျဖတ္ႏိုင္လိမ့္မယ္လို႔ တရားရံုးက သံုးသပ္တယ္။ တတိယအခ်က္ကေတာ့ ဘာေၾကာင့္ခ်လိုက္တာလဲဆိုေတာ့ ျမန္မာႏိုင္ငံထဲမွာ ရိုဟင္ဂ်ာ ၆ သိန္းေလာက္ ဆက္ရွိေနတယ္။ တကယ္လို႔ provisional measure မခ်မွတ္ေပးဘူးဆိုရင္ ဆက္ၿပီးေတာ့ ရိုဟင္ဂ်ာအခြင့္အေရးေတြ ခ်ိဳးေဖာက္ခံေနရဖြယ္ရွိေနတယ္။ တကယ္ျဖစ္ၿပီးေတာ့ ထင္ရွားတဲ့ imminent threat ေတြျဖစ္တာေတြ သံုးသပ္ၿပီးေတာ့ အခုလို provisional measure ခ်ေပးလိုက္တာျဖစ္ပါတယ္။

ကိုရန္ႏုိင္။ ။ ဆိုေတာ့ ဒါနဲ႔ ပတ္သက္ၿပီးေတာ့ မျဖစ္မေနလိုက္နာဖို႔ လိုသလား။

ေရွ႕ေန ဦးေအာင္ထူး။ ။ ဒီလိုဗ် ၂ ပိုင္းရွိတာေပါ့ တပိုင္းက ဘာလဲဆိုေတာ့ ICJ မွာ enforcement mechanism မရွိဘူး။ တနည္းအားျဖင့္ သူက ႏိုင္ငံတကာ ရဲတပ္ဖြဲ႔လိုမ်ိဳး ဖမ္းတာမဟုတ္ဘူး။ ေနာက္ ကုလ တပ္ေတြ ေစလႊတ္ဖို႔ အခြင့္အာဏာလည္းမရွိဘူး။ enforcement mechanism မရွိဘူး။ ဒါက ဒီဘက္ကတပိုင္းျဖစ္တယ္။ တျခားတဘက္ကေတာ့ တကယ္ လုိက္နာသြားမလား မလိုက္နာဘူးလားဆိုတာကေတာ့ ျမန္မာအစိုးရနဲ႔ ျမန္မာစစ္တပ္အာဏာပိုင္ေတြနဲ႔ အဓိကဆိုင္ပါတယ္။ သို႔ေသာ္လည္းပဲ သူတို႔က အျမဲတမ္း state sovereignty ဆိုၿပီးေတာ့ တိုင္းျပည္အခ်ဳပ္အျခာအာဏာရွိတယ္။ ေျပာခ်င္တာက ငါတို႔လုပ္ခ်င္တာ လုပ္မယ္ဆိုတာမ်ိဳးေပါ့ ။ သို႔ေသာ္ ဒီအေျခခံကိုေတာ့ လက္ရွိ ျမန္မာအစိုးရနဲ႔ ျမန္မာစစ္တပ္ေခါင္းေဆာင္ေတြက သိပ္ၿပီးေတာ့ မီးေမာင္ထိုးလိုပုံမရွိဘူး။ ဘာေၾကာင့္လဲဆုိေတာ့ အခ်က္ ၂ ခ်က္အရျဖစ္တယ္။ ပထမအခ်က္က ဘာလဲဆိုေတာ့ ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္တိုင္ ဒီ ICJ ရံုးကို သြားၿပီးေတာ့ ခုခံတင္ျပခဲ့တာက ဘာသေဘာေဆာင္သလဲဆိုေတာ့ ICJ က ခ်မွတ္လိုက္တဲ့အမိန္႔ကို လိုက္နာပါ့မယ္ ။ ICJ ရဲ႕ Jurisdiction စီရင္ပိုင္ခြင့္ကို လက္ခံပါတယ္လို႔ ေျပာလိုက္တာပါပဲ။ ဒါက ပထမအခ်က္ျဖစ္တယ္။ ဒုတိယအခ်က္က Genocide Convention လို႔ေခၚတဲ့ လူမ်ိဳးတံုးသတ္ျဖတ္မႈေတြကို ကာကြယ္တားဆီးဖို႔နဲ႔ ျဖစ္လာရင္ အျပစ္ေပးအေရးယူဖု႔ိဆိုတဲ့ ႏိုင္ငံတကာဥပေဒကို ျမန္မာက လက္မွတ္ေရးထိုးထားတယ္ဆိုတာ မျငင္းဘူး။ အဲဒီအတိုင္း လိုက္နာေဆာင္ရြက္ဖို႔ တာ၀န္ရွိတယ္ဆိုတာ မျငင္းဘူး။ အဲဒါေၾကာင့္ State Sovereignty ဆိုၿပီးေတာ့ တိုင္းျပည္အခ်ဳပ္အျခာအာဏာရွိတယ္ ငါတို႔ဟာငါတို႔ သြားမယ္ဆိုတာမ်ိဳးနဲ႔ ဆက္လက္သြားဖို႔ အလားအလာက ျမန္မာအစိုးရဘက္က နည္းသြားတယ္လို႔ က်ေနာ္သံုးသပ္ပါတယ္။

ICJ က ခ်မွတ္လိုက္တဲ့ ၾကားျဖတ္ အေရးေပၚစီမံခ်က္ေတြကို ဖတ္႐ႈႏုိင္ပါတယ္။

ကိုရန္ႏုိင္။ ။ က်ေနာ္ဘာလို႔ ေမးသလဲဆိုေတာ့ ဒါနဲ႔ ပတ္သက္ၿပီးေတာ့ အရင္ကလည္း မလိုက္နာတဲ့ တခ်ိဳ႕ႏိုင္ငံေတြရွိတယ္ဆိုေတာ့ မလိုက္နာရင္ေရာ ဘာေတြျဖစ္လာႏိုင္သလဲ။

ေရွ႕ေန ဦးေအာင္ထူး။ ။ မလိုက္နာရင္ေရာ ဘာေတြျဖစ္လာႏိုင္သလဲဆိုေတာ့ ပထမအခ်က္က တရားရံုးကို ေစာ္ကားသလုိျဖစ္သြားတယ္။ မထီမဲ့ျမင္ျပဳတာျဖစ္သြားတယ္။ ဒုတိယ အခ်က္က ကမာၻနဲ႔ အ၀ွမ္းေပါ့ တရားမွ်တမႈ ရွာေဖြတဲ့စနစ္ကို ဆန္႔က်င္လိုက္တာပဲ။ ႏိုင္ငံတကာအေျခခံကေန တရားမွ်တမႈ ရွာေဖြတဲ့စနစ္ကို ဆန္႔က်င္လိုက္တာ ဘာျဖစ္သြားသလဲဆိုေတာ ့သူတို႔ကိုယ္တိုင္က ဒီလို တကယ္ျဖစ္ေနတာကို ၀န္ခံလိုက္တာပဲ။ ဆိုလိုခ်င္တာကေတာ့ အဲဒါကို လူသိေအာင္ မလုပ္ေစခ်င္ဘူး ဆက္ၿပီး ဖံုးဖိထားမယ္ဆိုတာ ျပလိုက္တာပဲ။ အဲလိုျပလိုက္ျခင္းျဖင့္ ပိုဆိုးသြားၿပီးေတာ့ ႏိုင္ငံတကာက တျခားနည္းနဲ႔ အေရးယူပိတ္ဆို႔မႈေတြ ပိုတိုးလာမယ္။ ဖိအားေတြပိုမ်ားလာႏိုင္တယ္။ စီးပြားေရး ရင္းႏွီးျမွဳပ္ႏွံမႈေတြက ေတာ္ေတာ္ကို ထိခိုက္လာႏိုင္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဥပေဒစိုးမိုးေရး ပ်က္သြားၿပီဆိုတာကို အထင္ရွားျပလိုက္တာပါပဲ။ ရင္းႏွီးျမွဳပ္ႏွံမႈေတြထိခိုက္သြားမယ္ ႏိုင္ငံသားတဦးခ်င္းစီကေနၿပီးေတာ့ ႏိုင္ငံတကာနဲ႔ ဆက္ဆံေဆာင္ရြက္တာေတြ ထိခိုက္သြားႏိုင္တယ္။

ကိုရန္ႏုိင္။ ။ တရားသူႀကီးေတြထဲမွာ ျမန္မာဘက္က ခန္႔ထားတဲ့ တရားသူႀကီးတဦးလည္းပါတယ္။ တရားသူႀကီးအကုန္လံုးက သေဘာတူၿပီးေတာ့ အမိန္႔ခ်လိုက္တဲ့ အေပၚမွာေရာ ဘာမ်ားေျပာခ်င္ပါသလဲ။

ေရွ႕ေန ဦးေအာင္ထူး။ ။ အဲဒါေကာငး္ပါတယ္ သေဘာတူအမိန္႔ခ်လိုက္တာက တရားရံုးရဲ႕ သူ႔လုပ္ထံုးလုပ္နည္းနဲ႔အညီလုပ္သြားတယ္။ က်ေနာ္တို႔ကေတာ့ ဘာမွေျပာစရာမရွိဘူး။ တရားရံုး ရွင္းျပသြားတဲ့အထဲမွာ စိတ္၀င္စားစရာေကာင္းတာကေတာ့ ဘာေၾကာင့္ ဒီလိုအမိန္႔ခ်သလဲ ။ ပထမအခ်က္က ဒီလိုအမႈမ်ိဳးက common interest ျဖစ္တယ္။ လူသားအားလံုးရဲ႔ ဘံုအက်ိဳးစီးပြားျဖစ္တယ္။ ဒါေၾကာင့္ ဘယ္သူမဆို တရားစြဲဆိုခြင့္ရွိတယ္။ ဘယ္ႏိုင္ငံ မဆုိ တရားစြဲဆိုခြင့္ရွိတယ္။ တရားစြဲဆိုတာကမ်ိဳးက ဆက္ကိုေဆာင္ရြက္သြားရမွာ ျဖစ္တယ္။ ေနာက္တခါ အေရးႀကီးတာကေတာ့ Moral law and aim of United Nations လို႔သံုးသြားတယ္။ လူေတြက ကိုယ့္က်င့္တရားစံဥပေဒကို ေလးစားလိုက္နာရမယ္။ ဒါကို ICJ က ေထာက္ျပသြားတာ။ ကိုယ့္က်င့္တရား ပ်က္လို႔ ျဖစ္တဲ့ ျပႆနာ ၊ လူသားခ်င္းစာနာစိတ္မရွိလို႔ ျဖစ္တဲ့ ျပႆနာ။ ဒါကို ျပန္ေထာက္ျပသြားတယ္။ ေနာက္တခါ ကမာၻႀကီးက သြားေနတာက humanitarian and civilization ကို သြားေနတာ။ လူသားခ်င္းစာနာေထာက္ထားတဲ့ စိတ္အေျခခံတဲ့ ယဥ္ေက်းတဲ့ လူ႕အဖြဲ႔အစည္း တည္ေဆာက္မႈဆိုင္ရာ တန္ဖိုးေတြကို ေထာက္ျပသြားပါတယ္။ အဲဒီေတာ့ Genocide Convention ရဲ႕ fundamental values အေျခခံတန္ဖိုးေတြက ဒါနဲ႔ ဆက္စပ္တယ္ အဲဒါေၾကာင့္ ရိုဟင္ဂ်ာ ေတြဟာ Genocide convention ေအာက္မွ ပါ၀င္မူရသင့္တယ္လို႔ တန္ဖိုးသေဘာတရားေတြကို ရွင္းျပသြားတဲ့ တရားရံုးရပ္တည္ခ်က္က ေတာ္ေတာ္အဆင့္ျမင့္တယ္လို႔ က်ေနာ္ေျပာရမွာပါ။

XS
SM
MD
LG