သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာအမႈ ICJ မွာ ေမာ္လဒိုက္ ရဲ႔ေလွ်ာက္ထားခ်က္ အလားအလာ


ICJ ႏုိင္ငံတကာတရားရုံး

(Zawgyi/Unicode)

ျမန္မာႏုိင္ငံ၊ ရခုိင္ျပည္နယ္အတြင္း ရုိဟင္ဂ်ာေတြအေပၚ လူမ်ဳိးတုံးသတ္ျဖတ္မႈေတြ ျဖစ္ေပၚေနတယ္ဆုိတဲ့ စြပ္စြဲခ်က္ေတြနဲ႔ ၾကားျဖတ္ ေဆာင္ရြက္ေပးဖုိ႔ ဂမ္ဘီယာႏုိင္ငံရဲ႕ အဆုိျပဳခ်က္ကုိ ICJ ႏုိင္ငံတကာတရားရုံးက ဆုံးျဖတ္ခ်က္ ခ်ထားၿပီးျဖစ္တဲ့အတြက္ Maldives ႏုိင္ငံက မၾကာခင္မွာ ၾကားျဖတ္အမႈ တင္သြင္းမယ္လုိ႔ ေျပာလုိက္ျခင္းက ဒီအမႈကုိ ေျပာင္းလဲသြားေစမွာမဟုတ္ေၾကာင္း အေမရိကန္ျပည္ေထာင္စု၊ Indiana တကၠသုိလ္က ႏုိင္ငံတကာ စစ္ရာဇ၀တ္မႈနဲ႔ ရာဇ၀တ္မႈမ်ားဆုိင္ရာ ပါေမာကၡ Timothy Waters က ေျပာပါတယ္။ အျပည့္အစုံကုိေတာ့ ကုိေဇာ္၀င္းလႈိင္က တင္ျပေပးပါမယ္။

လူမ်ိဳးတုံးသတ္ျဖတ္မႈ တားဆီးေရးဆိုင္ရာ ႏိ္ုင္ငံတကာ သေဘာတူညီခ်က္ကို ခ်ိဳးေဖာက္တယ္ဆိုတဲ့ ဂမ္ဘီယာႏိုင္ငံရဲ႕ စဲြခ်က္ကို ေထာက္ခံၿပီး ICJ တရားရံုးမွာ ၾကားျဖတ္အမႈ တင္သြင္းမယ့္အေၾကာင္း ဆြစ္ဇာလန္ႏုိင္ငံ၊ ဂ်နီဗာၿမိဳ႕မွာ က်င္းပေနတဲ့ (၄၃) ႀကိမ္ေျမာက္ ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီ စည္းေ၀းပြဲမွာ Maldives ႏုိင္ငံျခားေရး၀န္ႀကီး Abudulla Shahid က ေဖေဖာ္၀ါရီလ ၂၅ ရက္ေန႔မွာ တင္ျပခဲ့သလုိ OIC အစၥလာမ္ႏိုင္ငံမ်ား ပူးေပါင္း ေဆာင္ရြက္ေရး အဖဲြ႕ရဲ႕ ဆံုးျဖတ္ခ်က္နဲ႔အညီ၊ ႐ိုဟင္ဂ်ာေတြအေပၚ လူမ်ိဳးတုံး သတ္ျဖတ္မႈ က်ဴးလြန္တဲ့ လုပ္ရပ္ေတြ အေရးယူႏိုင္ဖို႔ ေဆာင္ရြက္တာျဖစ္တယ္လို႔ Maldives ႏိုင္ငံျခားေရးဌာနကလည္း ေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။

ပါေမာကၡ Timothy Waters ဟာ အေမရိကန္ျပည္ေထာင္စု၊ Indiana တကၠသုိလ္မွာ ႏုိင္ငံတကာ စစ္ရာဇ၀တ္မႈနဲ႔ ရာဇ၀တ္မႈေတြကုိ သင္ၾကားပုိ႔ခ်ေနသူ တဦးျဖစ္တဲ့အျပင္၊ ICJ မွာ ၾကားနာခဲ့တဲ့ ၁၄ ႏွစ္ၾကာ ယူဂုိဆလားဗီးယား စစ္ရာဇ၀တ္မႈမွာ တရားလုိ အက်ဳိးေဆာင္အျဖစ္ ပါ၀င္ေဆာင္ရြက္ခဲ့သူ တဦးလည္းျဖစ္ပါတယ္။ သူက လူမ်ဳိးတုံး သတ္ျဖတ္မႈဟန္႔တားေရးဆုိင္ရာ ႏုိင္ငံတကာ သေဘာတူညီခ်က္မွာ လက္မွတ္ထိုးထားတဲ့ ႏုိင္ငံတခုက တျခားအဖြဲ႔၀င္ ႏုိင္ငံတခုကုိ တရားစြဲဆုိပုိင္ခြင့္ရွိတယ္ဆုိေပမယ့္လည္း ဂမ္ဘီယာႏုိင္ငံက တင္သြင္းၿပီးျဖစ္တဲ့ စြဲခ်က္ေတြနဲ႔ အလားသ႑ာန္တူတဲ့ စြဲခ်က္မ်ဳိး Maldives ႏုိင္ငံက တင္သြင္းမွာျဖစ္တဲ့အတြက္ အေျခခံအားျဖင့္ ဒီအမႈဟာ ထူးျခား ေျပာင္းလဲသြားမွာမဟုတ္ဘူးလုိ႔ ေျပာပါတယ္။

“ICJ မွာ ဂမ္ဘီယာႏုိင္ငံက တင္ထားတဲ့အမႈမွာ Maldives ႏုိင္ငံပါ၀င္လာျခင္းဟာ လုပ္ထုံးလုပ္နည္းအရ ျပႆနာမရွိပါဘူး။ ဒီလုိအမႈမ်ဳိးမွာ ႏုိင္ငံတႏုိ္င္ငံထက္မက ပုိၿပီး ပါ၀င္လာတာကလည္း ႀကီးမားတဲ့ ထူးျခားေျပာင္းလဲမႈ မရွိပါဘူး။ ဒါေပမယ့္ အမႈကုိ ဘယ္လုိတည္ေဆာက္မလဲ ဆုိတဲ့ေနရာမွာေတာ့ ထူးျခားခ်က္ ရွိႏုိင္ပါတယ္။ ထူးျခားမႈရွိႏုိင္တာကေတာ့ Amal Clooney လုိ နာမည္ႀကီး ႏုိင္ငံတကာ ေရွ႕ေနတဦးကုိ ငွားရမ္းလုိက္တဲ့အတြက္ ဒီအမႈကုိ ပုိသိလာ၊ ပုိစိတ္၀င္စားလာမယ္ စတဲ့ ထူးျခားခ်က္ေတာ့ ရွိႏုိင္ပါတယ္။ ဒါေပမယ့္ တႏုိင္ငံကေန ႏွစ္ႏုိင္ငံျဖစ္လာတဲ့အတြက္ အမႈေပၚ တုိက္ရုိက္အက်ဳိးသက္ေရာက္မႈကေတာ့ သိပ္ၿပီး ထူးျခား ေျပာင္းလဲသြားမယ္လုိ႔ က်ေနာ္ မထင္ပါဘူး။”

ဒါေပမယ့္ Maldives ႏုိင္ငံက အမႈကုိ ဘယ္လုိပံုစံနဲ႔ တင္သြင္းမလဲဆုိတာ မသိရေသးဘူးလုိ႔ ဆုိပါတယ္။ တကယ္ေတာ့ Maldives က အခုလုိ လုပ္ေဆာင္လာျခင္းဟာ ျမန္မာႏုိင္ငံအေပၚ ၾကားျဖတ္ေဆာင္ရြက္ခ်က္ေတြ ပုိမုိ ခ်မွတ္ႏုိင္ေအာင္ ႏုိင္ငံတကာရဲ႕ ေထာက္ခံမႈေတြ ပုိရလာေရး မဟာမိတ္ဖြဲ႔ လုပ္ေဆာင္တာျဖစ္ႏုိင္ေၾကာင္း၊ ေရွ႕ေန Amal Clooney ကုိ ငွားလုိက္ျခင္းဟာလည္း အဲဒီသေဘာကုိ ဦးတည္ေနေၾကာင္း ပါေမာကၡ Timothy Waters က ေျပာပါတယ္။

ဒါေပမယ့္ ICJ က မၾကာေသးခင္ လပုိင္းအတြင္းကဘဲ ဆုံးျဖတ္ခ်က္ခ်ထားၿပီးသား အမႈတခုကုိ Maldives ႏုိင္ငံက အလားတူစြဲခ်က္ေတြနဲ႔ဘဲ ထပ္မံ တင္သြင္းသလုိ ျဖစ္မေနဘူးလားလုိ႔ ေမးတဲ့အခါမွာေတာ့

“ခင္ဗ်ားေမးတာ မွန္ပါတယ္။ သူတုိ႔ရဲ႕ စြဲခ်က္ေတြဟာ ထပ္တူလုိ ျဖစ္ေနပါတယ္။ ႏုိင္ငံတခုထက္မကတဲ့ ႏုိင္ငံေတြက အလားတူ စြဲခ်က္ေတြကုိ ထပ္ခါတလဲလဲ တင္သလုိ ျဖစ္ေနတာေၾကာင့္ ဒါေတြအားလုံးကုိ အမႈတခုထဲဘဲအျဖစ္နဲ႔ တရားရုံးဘက္က ရႈျမင္မယ္ဆုိလည္း ရႈျမင္လုိ႔ ရႏုိင္ပါတယ္။”

ဘယ္လုိဘဲျဖစ္ျဖစ္ ဂမ္ဘီယာနဲ႔ ျမန္မာအၾကား ရင္ဆုိင္ေနတဲ့ အမႈကုိ စီရင္ခ်က္ခ်ႏုိင္ဖုိ႔ကုိက ႏွစ္ေပါင္းမ်ားစြာ ၾကာႏုိင္ေသးတယ္လုိ႔ ပါေမာကၡ Waters က သုံးသပ္ပါတယ္။

“ႏွစ္အတန္ၾကာတဲ့အထိ ဒီအမႈကုိ တရားရုံးက ဆုံးျဖတ္ခ်က္ခ်ႏုိင္ဦးမယ္ မထင္ပါဘူး။ အေကာင္းဆုံး ဥပမာတခုကုိ ေျပာရမယ္ဆုိရင္ ICJ က ၾကားနာခဲ့တဲ့ ယူဂုိဆလားဗီးယားႏုိင္ငံက Bosnia နဲ႔ Serbia တုိ႔အၾကားက လူမ်ဳိးတုံး သတ္ျဖတ္မႈဆုိင္ရာ အမႈဘဲ ျဖစ္ပါတယ္။ အဲဒီအမႈကုိ ဆုံးျဖတ္ခ်က္ခ်ႏုိင္ဖုိ႔ ၁၄ ႏွစ္ေလာက္ ၾကာခဲ့ပါတယ္။”

ICJ အမႈေတြဟာ ပုံမွန္အားျဖင့္ လတ္တေလာျဖစ္ေပၚေနတဲ့ ႏုိင္ငံေရးအေျခအေနေတြနဲ႔ သက္ဆုိင္ေလ့မရွိဘူးလုိ႔ ဆုိပါတယ္။ တရားရုံးရဲဲ႕ ဆုံးျဖတ္ခ်က္ေတြဟာ ေရတုိနဲ႔ ေရရွည္မတုိင္မီကာလေတြမွာ ၾကားျဖတ္ေဆာင္ရြက္ေတြ ခ်မွတ္ေရးနဲ႔ ပုိသက္ သက္ဆုိင္ေလ့ရွိတယ္လုိ႔ ပါေမာကၡ Waters က ေျပာပါတယ္။

ဂမ္ဘီယာနဲ႔ ျမန္မာအမႈအတြက္ ကနဦး အယူခံ၀င္ဖုိ႔ အခ်ိန္ေပးတာဟာ တႏွစ္ေလာက္ျဖစ္ေနတာေၾကာင့္ အဲဒီေနာက္မွာ ႏွစ္ဘက္ အျပန္အလွန္ ေလွ်ာက္လဲခ်က္ေတြ တင္ၾကဦးမွာျဖစ္တဲ့အတြက္ အားလုံး ၿပီးဆုံးတဲ့အခ်ိန္အထိဆုိ ႏွစ္ေပါင္း မ်ားစြာ ၾကာႏုိင္တယ္လုိ႔ ပါေမာကၡ Waters က ခန္႔မွန္းပါတယ္။

အဲဒါေတြေနာက္မွာမွ Maldives က တင္သြင္းမယ့္ ၾကားျဖတ္အမႈကုိ စဥ္းစားဖုိ႔ ျဖစ္ႏုိင္ေျခရွိတာေၾကာင့္ တရားရုံးရဲ႕ လုပ္ထုံး လုပ္နည္းအတုိင္း ပုံမွန္လုပ္သြားမယ္ဆုိရင္ေတာင္ ၾကာတတ္ေလ့ ရွိတာေၾကာင့္ တကယ္တမ္း Maldives ရဲ႕ တင္ျပခ်က္ေတြကုိ ၾကားနာဖုိ႔ဟာလည္း ႏွစ္အေတာ္ၾကာႏုိင္ေသးတယ္လုိ႔ ပါေမာကၡ Waters က သုံးသပ္ ေျပာဆုိလုိက္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..................

ရိုဟင်ဂျာအမှု ICJ မှာ မော်လဒိုက် ရဲ့လျှောက်ထားချက်အလားအလာ

(Unicode)

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေ ဖြစ်ပေါ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ကြားဖြတ် ဆောင်ရွက်ပေးဖို့ ဂမ်ဘီယာနိုင်ငံရဲ့ အဆိုပြုချက်ကို ICJ နိုင်ငံတကာတရားရုံးက ဆုံးဖြတ်ချက် ချထားပြီးဖြစ်တဲ့အတွက် Maldives နိုင်ငံက မကြာခင်မှာ ကြားဖြတ်အမှု တင်သွင်းမယ်လို့ ပြောလိုက်ခြင်းက ဒီအမှုကို ပြောင်းလဲသွားစေမှာမဟုတ်ကြောင်း အမေရိကန်ပြည်ထောင်စု၊ Indiana တက္ကသိုလ်က နိုင်ငံတကာ စစ်ရာဇဝတ်မှုနဲ့ ရာဇဝတ်မှုများဆိုင်ရာ ပါမောက္ခ Timothy Waters က ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်ကို ချိုးဖောက်တယ်ဆိုတဲ့ ဂမ်ဘီယာနိုင်ငံရဲ့ စွဲချက်ကို ထောက်ခံပြီး ICJ တရားရုံးမှာ ကြားဖြတ်အမှု တင်သွင်းမယ့်အကြောင်း ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပနေတဲ့ (၄၃) ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ စည်းဝေးပွဲမှာ Maldives နိုင်ငံခြားရေးဝန်ကြီး Abudulla Shahid က ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ တင်ပြခဲ့သလို OIC အစ္စလာမ်နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့အညီ၊ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်တဲ့ လုပ်ရပ်တွေ အရေးယူနိုင်ဖို့ ဆောင်ရွက်တာဖြစ်တယ်လို့ Maldives နိုင်ငံခြားရေးဌာနကလည်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ပါမောက္ခ Timothy Waters ဟာ အမေရိကန်ပြည်ထောင်စု၊ Indiana တက္ကသိုလ်မှာ နိုင်ငံတကာ စစ်ရာဇဝတ်မှုနဲ့ ရာဇဝတ်မှုတွေကို သင်ကြားပို့ချနေသူ တဦးဖြစ်တဲ့အပြင်၊ ICJ မှာ ကြားနာခဲ့တဲ့ ၁၄ နှစ်ကြာ ယူဂိုဆလားဗီးယား စစ်ရာဇဝတ်မှုမှာ တရားလို အကျိုးဆောင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သူ တဦးလည်းဖြစ်ပါတယ်။ သူက လူမျိုးတုံး သတ်ဖြတ်မှုဟန့်တားရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်မှာ လက်မှတ်ထိုးထားတဲ့ နိုင်ငံတခုက တခြားအဖွဲ့ဝင် နိုင်ငံတခုကို တရားစွဲဆိုပိုင်ခွင့်ရှိတယ်ဆိုပေမယ့်လည်း ဂမ်ဘီယာနိုင်ငံက တင်သွင်းပြီးဖြစ်တဲ့ စွဲချက်တွေနဲ့ အလားသဏ္ဍာန်တူတဲ့ စွဲချက်မျိုး Maldives နိုင်ငံက တင်သွင်းမှာဖြစ်တဲ့အတွက် အခြေခံအားဖြင့် ဒီအမှုဟာ ထူးခြား ပြောင်းလဲသွားမှာမဟုတ်ဘူးလို့ ပြောပါတယ်။

“ICJ မှာ ဂမ်ဘီယာနိုင်ငံက တင်ထားတဲ့အမှုမှာ Maldives နိုင်ငံပါဝင်လာခြင်းဟာ လုပ်ထုံးလုပ်နည်းအရ ပြဿနာမရှိပါဘူး။ ဒီလိုအမှုမျိုးမှာ နိုင်ငံတနိုင်ငံထက်မက ပိုပြီး ပါဝင်လာတာကလည်း ကြီးမားတဲ့ ထူးခြားပြောင်းလဲမှု မရှိပါဘူး။ ဒါပေမယ့် အမှုကို ဘယ်လိုတည်ဆောက်မလဲ ဆိုတဲ့နေရာမှာတော့ ထူးခြားချက် ရှိနိုင်ပါတယ်။ ထူးခြားမှုရှိနိုင်တာကတော့ Amal Clooney လို နာမည်ကြီး နိုင်ငံတကာ ရှေ့နေတဦးကို ငှားရမ်းလိုက်တဲ့အတွက် ဒီအမှုကို ပိုသိလာ၊ ပိုစိတ်ဝင်စားလာမယ် စတဲ့ ထူးခြားချက်တော့ ရှိနိုင်ပါတယ်။ ဒါပေမယ့် တနိုင်ငံကနေ နှစ်နိုင်ငံဖြစ်လာတဲ့အတွက် အမှုပေါ် တိုက်ရိုက်အကျိုးသက်ရောက်မှုကတော့ သိပ်ပြီး ထူးခြား ပြောင်းလဲသွားမယ်လို့ ကျနော် မထင်ပါဘူး။”

ဒါပေမယ့် Maldives နိုင်ငံက အမှုကို ဘယ်လိုပုံစံနဲ့ တင်သွင်းမလဲဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။ တကယ်တော့ Maldives က အခုလို လုပ်ဆောင်လာခြင်းဟာ မြန်မာနိုင်ငံအပေါ် ကြားဖြတ်ဆောင်ရွက်ချက်တွေ ပိုမို ချမှတ်နိုင်အောင် နိုင်ငံတကာရဲ့ ထောက်ခံမှုတွေ ပိုရလာရေး မဟာမိတ်ဖွဲ့ လုပ်ဆောင်တာဖြစ်နိုင်ကြောင်း၊ ရှေ့နေ Amal Clooney ကို ငှားလိုက်ခြင်းဟာလည်း အဲဒီသဘောကို ဦးတည်နေကြောင်း ပါမောက္ခ Timothy Waters က ပြောပါတယ်။

ဒါပေမယ့် ICJ က မကြာသေးခင် လပိုင်းအတွင်းကဘဲ ဆုံးဖြတ်ချက်ချထားပြီးသား အမှုတခုကို Maldives နိုင်ငံက အလားတူစွဲချက်တွေနဲ့ဘဲ ထပ်မံ တင်သွင်းသလို ဖြစ်မနေဘူးလားလို့ မေးတဲ့အခါမှာတော့

“ခင်ဗျားမေးတာ မှန်ပါတယ်။ သူတို့ရဲ့ စွဲချက်တွေဟာ ထပ်တူလို ဖြစ်နေပါတယ်။ နိုင်ငံတခုထက်မကတဲ့ နိုင်ငံတွေက အလားတူ စွဲချက်တွေကို ထပ်ခါတလဲလဲ တင်သလို ဖြစ်နေတာကြောင့် ဒါတွေအားလုံးကို အမှုတခုထဲဘဲအဖြစ်နဲ့ တရားရုံးဘက်က ရှုမြင်မယ်ဆိုလည်း ရှုမြင်လို့ ရနိုင်ပါတယ်။”

ဘယ်လိုဘဲဖြစ်ဖြစ် ဂမ်ဘီယာနဲ့ မြန်မာအကြား ရင်ဆိုင်နေတဲ့ အမှုကို စီရင်ချက်ချနိုင်ဖို့ကိုက နှစ်ပေါင်းများစွာ ကြာနိုင်သေးတယ်လို့ ပါမောက္ခ Waters က သုံးသပ်ပါတယ်။

“နှစ်အတန်ကြာတဲ့အထိ ဒီအမှုကို တရားရုံးက ဆုံးဖြတ်ချက်ချနိုင်ဦးမယ် မထင်ပါဘူး။ အကောင်းဆုံး ဥပမာတခုကို ပြောရမယ်ဆိုရင် ICJ က ကြားနာခဲ့တဲ့ ယူဂိုဆလားဗီးယားနိုင်ငံက Bosnia နဲ့ Serbia တို့အကြားက လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ အမှုဘဲ ဖြစ်ပါတယ်။ အဲဒီအမှုကို ဆုံးဖြတ်ချက်ချနိုင်ဖို့ ၁၄ နှစ်လောက် ကြာခဲ့ပါတယ်။”

ICJ အမှုတွေဟာ ပုံမှန်အားဖြင့် လတ်တလောဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ သက်ဆိုင်လေ့မရှိဘူးလို့ ဆိုပါတယ်။ တရားရုံးရဲ့ ဆုံးဖြတ်ချက်တွေဟာ ရေတိုနဲ့ ရေရှည်မတိုင်မီကာလတွေမှာ ကြားဖြတ်ဆောင်ရွက်တွေ ချမှတ်ရေးနဲ့ ပိုသက် သက်ဆိုင်လေ့ရှိတယ်လို့ ပါမောက္ခ Waters က ပြောပါတယ်။

ဂမ်ဘီယာနဲ့ မြန်မာအမှုအတွက် ကနဦး အယူခံဝင်ဖို့ အချိန်ပေးတာဟာ တနှစ်လောက်ဖြစ်နေတာကြောင့် အဲဒီနောက်မှာ နှစ်ဘက် အပြန်အလှန် လျှောက်လဲချက်တွေ တင်ကြဦးမှာဖြစ်တဲ့အတွက် အားလုံး ပြီးဆုံးတဲ့အချိန်အထိဆို နှစ်ပေါင်း များစွာ ကြာနိုင်တယ်လို့ ပါမောက္ခ Waters က ခန့်မှန်းပါတယ်။

အဲဒါတွေနောက်မှာမှ Maldives က တင်သွင်းမယ့် ကြားဖြတ်အမှုကို စဉ်းစားဖို့ ဖြစ်နိုင်ခြေရှိတာကြောင့် တရားရုံးရဲ့ လုပ်ထုံး လုပ်နည်းအတိုင်း ပုံမှန်လုပ်သွားမယ်ဆိုရင်တောင် ကြာတတ်လေ့ ရှိတာကြောင့် တကယ်တမ်း Maldives ရဲ့ တင်ပြချက်တွေကို ကြားနာဖို့ဟာလည်း နှစ်အတော်ကြာနိုင်သေးတယ်လို့ ပါမောက္ခ Waters က သုံးသပ် ပြောဆိုလိုက်ပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG