(Zawgyi/Unicode)
ရခုိင္ျပည္နယ္မွာ အင္တာနက္ ဆက္သြယ္မႈေတြ ထပ္မံျဖတ္ေတာက္လုိက္ၿပီးေနာက္ လက္နက္ကုိင္ ပဋိပကၡေတြအတြင္း အရပ္သားေတြ ထိခုိက္ေသဆုံးေနတဲ့အေပၚ စုိးရိမ္ေၾကာင္း ကုလသမဂၢ အထူးကုိယ္စားလွယ္ေတြက ေျပာဆုိလုိက္ပါတယ္။
ႀကီးထြားလာေနတဲ့ ပဋိပကၡေတြရဲ႕ဒဏ္ကုိ ကေလးေတြ အပါအ၀င္ အရပ္သားေတြ ခံစားေနရေၾကာင္း ျမန္မာႏုိင္ငံ လူ႔အခြင့္အေရးဆုိင္ရာ အထူးကုိယ္စားလွယ္ Yanghee Lee နဲ႔အတူ ျပည္တြင္းဒုကၡသည္ဆုိင္ရာ လူ႔အခြင့္အေရး အထူးကုိယ္စားလွယ္ Cecilia Jimenez-Damary လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆုိခြင့္ ကာကြယ္ျမွင့္တင္ေရးဆုိင္ရာ အထူးကုိယ္စားလွယ္ David Kaye နဲ႔ လူနည္းစုေရးရာ အထူးကုိယ္စားလွယ္ Fernand de Varennes တုိ႔ အဂၤါေန႔က ပူးတဲြထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပထားတာပါ။
ဒီလဆန္းကစလုိ႔ ရခုိင္ျပည္နယ္က ၿမိဳ႕နယ္ ၄ ၿမိဳ႕နယ္နဲ႔ ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕နယ္ေတြမွာ အင္တာနက္အဆက္အသြယ္ေတြ ေနာက္တႀကိမ္ ျဖတ္ေတာက္ခဲ့ၿပီးေနာက္ တုိက္ပဲြေတြၾကား ေသဆုံးသူအရပ္သား ၇ ဦးထက္မနည္း ရွိေနၿပီး၊ ႐ုိဟင္ဂ်ာ ၃ ဦး ပါ၀င္ေၾကာင္း ခုိင္လုံတဲ့သတင္းေတြ ရရွိထားတယ္လုိ႔လည္း ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။
ဘူးသီးေတာင္ၿမိဳ႕နယ္မွာရွိတဲ့ စာသင္ေက်ာင္းမွာ လက္နက္ႀကီးက်ည္ထိမွန္ဒဏ္ရာရသူ ကေလးေတြ အပါအ၀င္ မၾကာေသးခင္က ထိခုိက္ဒဏ္ရာရသူ ၅၀ ေလာက္အထိ ရွိတယ္လုိ႔လည္း ေျပာပါတယ္။ ကေလးေတြ ထိခုိက္ေသဆုံးတဲ့အေပၚ စုိးရိမ္ေၾကာင္းနဲ႔ အရပ္သားေတြ၊ စာသင္ေက်ာင္းေတြ ဘုန္းႀကီးေက်ာင္းေတြကုိပါ တုိက္ခုိက္ေနတာေတြဟာ လူသားခ်င္းစာနာရမယ့္ ႏုိင္ငံတကာ ဥပေဒေတြကုိ ခ်ဳိးေဖာက္ရာ ေရာက္ေၾကာင္းလည္း ေျပာဆုိထားတာပါ။
သက္ဆုိင္သူေတြ အားလုံးအေနနဲ႔ ႏုိင္ငံတကာ လူသားခ်င္းစာနာမႈနဲ႔ လူ႔အခြင့္အေရး ဥပေဒေတြကုိ ေလးစားလုိက္နာဖုိ႔နဲ႔ အရပ္သားေတြကုိ အကာအကြယ္ေပးဖုိ႔၊ အင္တာနက္ ဆက္သြယ္မႈေတြကုိ ျပန္ဖြင့္ဖုိ႔လည္း တုိက္တြန္းထားပါတယ္။ ႐ုိဟင္ဂ်ာေတြနဲ႔ ပတ္သက္လုိ႔ ျမန္မာႏုိင္ငံက လုိက္နာေဆာင္ရြက္ရမယ့္ ၾကားျဖတ္ဆုံးျဖတ္ခ်က္ တရပ္ကုိ အျပည္ျပည္ဆုိင္ရာ တရား႐ုံး (ICJ) က ခ်မွတ္ထားေၾကာင္းလည္း ထုတ္ျပန္ခ်က္မွာ သတိေပးထားတာပါ။
႐ုိဟင္ဂ်ာဆုိတဲ့ အသုံးအႏႈန္းကုိ တရား၀င္ လက္မခံတဲ့ ျမန္မာအစုိးရကေတာ့ ရခုိင္ျပည္နယ္မွာ လူမ်ဳိးျပဳန္းေအာင္ လုပ္ခဲ့တာမ်ဳိး မရွိခဲ့ေၾကာင္း ICJ မွာ ခုံခံေခ်ပထားပါတယ္။
.....................
ရခိုင်ပဋိပက္ခအပေါ် စိုးရိမ်ကြောင်း ကုလအထူးကိုယ်စားလှယ်ပြော
(Unicode)
ရခိုင်ပြည်နယ်မှာ အင်တာနက် ဆက်သွယ်မှုတွေ ထပ်မံဖြတ်တောက်လိုက်ပြီးနောက် လက်နက်ကိုင် ပဋိပက္ခတွေအတွင်း အရပ်သားတွေ ထိခိုက်သေဆုံးနေတဲ့အပေါ် စိုးရိမ်ကြောင်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တွေက ပြောဆိုလိုက်ပါတယ်။
ကြီးထွားလာနေတဲ့ ပဋိပက္ခတွေရဲ့ဒဏ်ကို ကလေးတွေ အပါအဝင် အရပ်သားတွေ ခံစားနေရကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Yanghee Lee နဲ့အတူ ပြည်တွင်းဒုက္ခသည်ဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Cecilia Jimenez-Damary လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ကာကွယ်မြှင့်တင်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် David Kaye နဲ့ လူနည်းစုရေးရာ အထူးကိုယ်စားလှယ် Fernand de Varennes တို့ အင်္ဂါနေ့က ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားတာပါ။
ဒီလဆန်းကစလို့ ရခိုင်ပြည်နယ်က မြို့နယ် ၄ မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ အင်တာနက်အဆက်အသွယ်တွေ နောက်တကြိမ် ဖြတ်တောက်ခဲ့ပြီးနောက် တိုက်ပွဲတွေကြား သေဆုံးသူအရပ်သား ၇ ဦးထက်မနည်း ရှိနေပြီး၊ ရိုဟင်ဂျာ ၃ ဦး ပါဝင်ကြောင်း ခိုင်လုံတဲ့သတင်းတွေ ရရှိထားတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဘူးသီးတောင်မြို့နယ်မှာရှိတဲ့ စာသင်ကျောင်းမှာ လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရသူ ကလေးတွေ အပါအဝင် မကြာသေးခင်က ထိခိုက်ဒဏ်ရာရသူ ၅၀ လောက်အထိ ရှိတယ်လို့လည်း ပြောပါတယ်။ ကလေးတွေ ထိခိုက်သေဆုံးတဲ့အပေါ် စိုးရီမ်ကြောင်းနဲ့ အရပ်သားတွေ၊ စာသင်ကျောင်းတွေ ဘုန်းကြီးကျောင်းတွေကိုပါ တိုက်ခိုက်နေတာတွေဟာ လူသားချင်းစာနာရမယ့် နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ရာ ရောက်ကြောင်းလည်း ပြောဆိုထားတာပါ။
သက်ဆိုင်သူတွေ အားလုံးအနေနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှုနဲ့ လူ့အခွင့်အရေး ဥပဒေတွေကို လေးစားလိုက်နာဖို့နဲ့ အရပ်သားတွေကို အကာအကွယ်ပေးဖို့၊ အင်တာနက် ဆက်သွယ်မှုတွေကို ပြန်ဖွင့်ဖို့လည်း တိုက်တွန်းထားပါတယ်။ ရိုဟင်ဂျာတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံက လိုက်နာဆောင်ရွက်ရမယ့် ကြားဖြတ်ဆုံးဖြတ်ချက် တရပ်ကို အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) က ချမှတ်ထားကြောင်းလည်း ထုတ်ပြန်ချက်မှာ သတိပေးထားတာပါ။
ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် လက်မခံတဲ့ မြန်မာအစိုးရကတော့ ရခိုင်ပြည်နယ်မှာ လူမျိုးပြုန်းအောင် လုပ်ခဲ့တာမျိုး မရှိခဲ့ကြောင်း ICJ မှာ ခုံခံချေပထားပါတယ်။