သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တာ၀န္ကုန္ဆံုးေတာ့မယ့္ ကုလ လူ႔အခြင့္အေရး ကိုယ္စားလွယ္


ျမန္မာႏုိင္ငံဆိုင္ရာ ကုလအထူးစံုစမ္းေရးမွဴး Yanghee Lee. (မတ္ ၁၃၊ ၂၀၁၇)

(Zawgyi / Unicode)

မၾကာခင္ တာဝန္သက္တမ္း ကုန္ဆံုးေတာ့မယ့္ ျမန္မာႏုိင္ငံဆိုင္ရာ ကုလအထူးစံုစမ္းေရးမွဴး Yanghee Lee ဟာ ျမန္မာႏုိင္ငံတြင္းက လူ႔အခြင့္အေရး ခ်ိဳးေဖာက္ခံရမႈ အေျခအေနေတြကို ဘက္လိုက္မႈမရွိဘဲ သူ႔ရဲ႕လုပ္ပိုင္ခြင့္တာဝန္ကို ေက်ပြန္စြာနဲ႔ ရဲရဲဝင့္ဝင့္ စံုစမ္းေဖာ္ထုတ္ေပးႏုိင္ခဲ့သူ အမ်ိဳးသမီး စံုစမ္းေရးမွဴးတေယာက္အျဖစ္ သူတာဝန္ေက်ခဲ့တယ္လို႔ ျမန္မာ့လူ႔အခြင့္အေရး လႈပ္ရွားသူတဦးက ခ်ီးက်ဴးေျပာဆိုလိုက္ပါတယ္။ သူ႔အစီရင္ခံမႈေတြဟာ တဖတ္သတ္ဆန္ၿပီး မွ်တမႈမရွိဘူးဆိုတဲ့ စြဲခ်က္နဲ႔ ျမန္မာအစိုးရရဲ႕ ျပည္ဝင္ခြင့္ ပိတ္ပင္ခံထားရတဲ့ Ms Yanghee Lee ဟာ သူ႔ရဲ႕တာဝန္သက္တမ္း မကုန္ခင္ ေနာက္ဆံုးအေနနဲ႔ လူ႔အခြင့္အေရး အေျခအေနေတြကို စံုစမ္းေလ့လာႏုိင္ဖို႔ ျမန္မာရဲ႕ အိမ္နီးခ်င္းႏုိင္ငံေတြဆီ သြားေရာက္ေနၿပီ ျဖစ္ပါတယ္။

ကုလသမဂၢရဲ႕ ျမန္မာႏုိင္ငံဆိုင္ရာ အထူးတာဝန္ေပးအပ္ျခင္း ခံထားရတဲ့ ျမန္မာႏုိင္ငံဆိုင္ရာ ကုလအထူးစံုစမ္းေရးမွဴး Yanghee Lee ရဲ႕ လုပ္ေဆာင္ခ်က္ေတြအေပၚ သံုးသပ္ခ်က္အျမင္ ျမန္မာ့လူ႔အခြင့္အေရးလႈပ္ရွားသူ ညီမွ်ျခင္းျမန္မာအဖြဲ႔ရဲ႕ ဒါ႐ိုက္တာ ဦးေအာင္မ်ိဳးမင္းကို မဆုမြန္က ဆက္သြယ္ေမးျမန္းတဲ့အခါ သူက အခုလိုစေျဖပါတယ္။

ဦးေအာင္မ်ိဳးမင္း - “Yanghee Lee စစခ်င္း သူ႔ကို တာဝန္ေပးတုန္းက က်ေနာ္တို႔ဘက္က ဒီကိစၥကို သူလုပ္ႏုိင္ပါ့မလားဆုိတဲ့ စုိးရိမ္စိတ္ နည္းနည္းရွိတယ္။ ဘာေၾကာင့္လဲဆုိေတာ့ သူ႔ရဲ႕ Background က လူ႔အခြင့္ေရးထက္ စာလုိ႔ရွိရင္ ကေလးအခြင့္အေရး ပိုၿပီးေတာ့မ်ားတယ္။ အရင္တုန္းက သူ႔အေရွ႕မွာရွိခဲ့တဲ့ လူ႔အခြင့္အေရး စုံစမ္းစစ္ေဆးေရး အရာရွိေတြေလာက္ သူ႔အေနနဲ႔ ျပင္းျပင္းထန္ထန္ ျဖစ္ပါ့မလားဆုိတဲ့ စုိးရိမ္တာရွိတယ္။ ဒါေပမယ့္ သူ႔ရဲ႕သက္တမ္းတခုလုံးမွာ ေတာ္ေတာ္ကုိ သူ႔ရဲ႕ လုပ္ပုိင္ခြင့္နဲ႔ ေပးအပ္ထားတဲ့ တာဝန္ကို ေက်ပြန္တာ ေတြ႔ရတယ္။

“သူက လူ႔အခြင့္အေရး စံုစမ္းစစ္ေဆးေရး အရာရွိေတြၾကားထဲမွာ အစုိးရဘက္ကေရာ တခ်ဳိ႕ေသာ ဘာသာေရးအရ အစြန္းေရာက္တဲ့ အုပ္စုေတြၾကားထဲမွာ ေတာ္ေတာ္ အတုိက္ခုိက္ခံရတယ္။ အဲဒါက သူ႔ရဲ႕ ထူးျခားခ်က္ေပါ့။ ဒါေပမယ့္ အဲဒီ တုိက္ခိုက္ခံရတဲ့ ကိစၥေတြကို သူ႔အေနနဲ႔ ဘယ္ေတာ့မွ ေလ်ာ့သြားတာ မရွိဘဲ သူ႔ရဲ႕ ရပ္တည္ခ်က္အတုိင္း ထုတ္ေဖာ္ေျပာဆုိတယ္။ တခ်ဳိ႕ဆုိရင္ ထုတ္ေဖာ္ေျပာဆုိလြန္း အားႀကီးလို႔ အစုိးရကိုယ္တုိင္က သိပ္ၿပီး သေဘာမက်တဲ့ အဆင့္ထိကုိ သူလုပ္ေဆာင္ခဲ့တယ္။ အခု သူ႔သက္တမ္းကုန္ဆုံးသြားမယ့္ ေနာက္ပုိင္းမွာ ဘယ္သူတက္လာမလဲ ဆုိတာေတာ့ မသိဘူး။ သတိၱရွိရွိနဲ႔ တင္ျပႏုိင္မယ့္သူမ်ဳိး ထပ္ၿပီး ေပၚလာမလား၊ ဒါနဲ႔ပတ္သက္လို႔ ဘယ္သူျဖစ္မလဲဆိုတာ စိတ္ဝင္စားစြာနဲ႔ပဲ က်ေနာ္တုိ႔ ေစာင့္ၾကည့္ေနပါတယ္။”

မဆုမြန္ - အခုလက္ရွိ ျမန္မာႏုိင္ငံ ရင္ဆုိင္ေနရတဲ့ ICJ တရား႐ုံးကိစၥမွာဆုိလည္း သူ႔ရဲ႕ စုံစမ္းစစ္ေဆးမႈ အစီရင္ခံစာေတြ၊ ကုလသမဂၢရဲ႕ ေတြ႔ရွိခ်က္ေတြ၊ လြတ္လပ္တဲ့ လူ႔အခြင့္အေရး အဖြဲ႔ေတြက အမ်ားႀကီး ျဖစ္သြားတယ္ ဆုိတဲ့အခါက်ေတာ့ တကယ္ပဲ နစ္နာခဲ့တဲ့သူေတြအတြက္ တရားမွ်တမႈေတြ ရႏုိင္ဖို႔အတြက္ သူ႔ဘက္က စြမ္းေဆာင္ႏုိင္ခဲ့မႈေတြနဲ႔ ပတ္သက္ၿပီးေတာ့ေရာ ဦးေအာင္မ်ဳိးမင္း ဘယ္လိုမ်ား ျမင္မိပါသလဲ။

ဦးေအာင္မ်ဳိးမင္း - “လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြတင္မကဘဲ ႏုိင္ငံတကာ ရာဇဝတ္မႈ က်ဴးလြန္တယ္ဆုိတဲ့ အဆင့္ထိကုိ ေရာက္သြားၿပီးေတာ့ ႏုိင္ငံတကာ အာ႐ုံစိုက္မႈ မ်ားလာတဲ့အတြက္ SSM လုိ ယႏၱရားေတြ ေပၚလာတယ္။ အဲဒီကမွတဆင့္ ICC အထိ တက္ဖို႔အတြက္ ကမ္းလွမ္းမႈေတြ ျဖစ္လာတယ္။ ICJ မွာ ပထမဆုံး ၾကားနာမႈေတြ လုပ္ေဆာင္တာ ျဖစ္တယ္ဆုိေတာ့ ဒါကေတာ့ ေတြ႔ရွိတဲ့ အခ်က္ေတြက သာမန္ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈတင္ မကဘဲ ႏုိင္ငံတကာ ရာဇဝတ္မႈ က်ဴးလြန္တယ္ဆုိတဲ့ အဆင့္အထိ ေရာက္သြားတဲ့အတြက္ အာ႐ုံစိုက္မႈ မ်ားလာတယ္။ ဒါကို က်ေနာ္ေျပာခ်င္ပါတယ္။”

မဆုမြန္ - အစုိးရရဲ႕ ပူးေပါင္းေဆာင္ရြက္မႈကေတာ့ သူ႔ရဲ႕ တင္ျပခ်က္ေတြက တဖက္သတ္ဆန္တယ္၊ မွ်တမႈမရွိဘူးဆုိၿပီး သူ႔ကုိ ျပည္ဝင္ခြင့္ေပးဖုိ႔ ျငင္းဆန္ထားတယ္။ ဆုိေတာ့ အခုလက္ရွိမွာ Yanghee Lee က သူ႔ရဲ႕တာဝန္ ကုန္ခါနီး ဇန္နဝါရီ ၁၅ ကေန ၂၃ အထိ အိမ္နီးခ်င္းႏုိင္ငံေတြကိုပဲ သြားရမယ့္ အေနအထားမွာ ရွိေနတယ္ဆုိေတာ့ ေနာက္ဆုံးအေနနဲ႔ အေကာင္းဆုံးျဖစ္ႏုိင္ေအာင္ ဦးေအာင္မ်ဳိးမင္း ဘယ္လိုမ်ား အႀကံေပးခ်င္တာ ရွိလဲ။

ဦးေအာင္မ်ဳိးမင္း - “ျပည္ဝင္ခြင့္မရတဲ့အခါမွာ က်ေနာ္တုိ႔ သူ႔ကုိ တကယ္ မ်က္ႏွာခ်င္းဆုိင္ ရွင္းျပႏုိင္တဲ့ အခ်က္ေတြ ဒီဘက္က ဆုံး႐ႈံးသြားတယ္။ တခ်ိန္တည္းမွာပဲ ကိုယ့္ရဲ႕ျပည္တြင္းမွာ ေတြ႔ရွိ ေတြ႔သင့္ေသာ အခင္းျဖစ္ပြားတဲ့ အျဖစ္မွန္ေတြကို စုံစမ္းစစ္ေဆးဖုိ႔ အခြင့္အေရး မရွိတဲ့အတြက္ သူ႔အေနနဲ႔ ၾကားတဲ့သတင္းေတြကို စုံစမ္းစစ္ေဆးဖုိ႔အတြက္ သူ႔မွာလည္း အခက္အခဲ အမ်ားႀကီး ရွိသြားႏုိင္တယ္။ အဲဒါေၾကာင့္ က်ေနာ္ အၿမဲတမ္းေျပာပါတယ္။ ကိုယ့္ဘက္က ဒီဟာကို ပူးေပါင္းေဆာင္ရြက္မႈဆုိတာ ျပႏုိင္မယ္၊ ေနာက္တခါ ခုိင္မာတဲ့ အခ်က္အလက္ေတြ ရရွိေအာင္ လုပ္ေဆာင္ႏုိင္မယ္၊ မွားယြင္းတဲ့ စြပ္စြဲမႈေတြ ရွိလာလုိ႔ရွိရင္လည္း ဒါကုိ မွန္ကန္တဲ့သတင္းေတြနဲ႔ ျပန္ၿပီးေတာ့ ေျဖရွင္းႏုိင္တဲ့အတြက္ ဒါကို ဝင္ခြင့္ျပဳပါ၊ ပူးေပါင္းေဆာင္ရြက္မႈ လုပ္ပါလို႔ က်ေနာ္ အစဥ္အဆက္ ေျပာခဲ့ပါတယ္။”

မဆုမြန္ - အဲေတာ့ ျမန္မာအစုိးရဘက္က ေျပာတာ ကိုယ္တုိင္ စုံစမ္းစစ္ေဆးေနတယ္၊ တပ္မေတာ္ဘက္ကလည္း ခုံ႐ုံးေတြဖြဲ႔တယ္၊ စုံစမ္းေရးေကာ္မရွင္ေတြ ဖြဲ႔တယ္ဆုိၿပီးေတာ့ ေျပာတယ္။ ဒါေပမယ့္ ႏုိင္ငံတကာဘက္ကေတာ့ ဒီလို ကုလသမဂၢ အပါအဝင္ သီးျခားလြတ္လပ္တဲ့ လူ႔အခြင့္အေရး အဖြဲ႔ေတြကုိ လက္ရွိျဖစ္ခဲ့တဲ့ ေနရာေတြကုိ သြားခြင့္ေပးပါဆုိၿပီး တစုိက္မတ္မတ္ ေတာင္းဆုိခဲ့တယ္ ဆုိေတာ့ ပူးေပါင္းေဆာင္ရြက္မႈရွိဖို႔ ျမန္မာအစုိးရကိုေရာ ဦးေအာင္မ်ဳိးမင္း ဘာမ်ား တုိက္တြန္း အႀကံေပးခ်င္တာ ရွိပါသလဲ။

ဦးေအာင္မ်ဳိးမင္း - “က်ေနာ္တုိ႔ အခုလက္ရွိ အေျခအေနမွာတာ့ ငါတုိ႔တုိင္းျပည္ရဲ႕ အေရးကိစၥ ငါတုိ႔လုပ္ၿပီးသားျဖစ္တယ္။ ဒါနဲ႔ပတ္သက္ၿပီးေတာ့ လုံေလာက္ၿပီ။ ႏုိင္ငံတကာက လာေရာက္စုံစမ္းစရာ မလိုဘူး။ ႏုိင္ငံတကာက အေရးယူစရာ မလုိဘူးဆုိတဲ့ အခ်က္မ်ဳိးနဲ႔ တုံ႔ျပန္တာ ေတြ႔ရပါတယ္။ တခါတေလ စုံစမ္းစစ္ေဆးတဲ့ သူေတြကုိ က်ေနာ္တို႔ မယုံႏုိင္တဲ့ကိစၥ၊ လြတ္လပ္ပါ့မလား၊ သတင္းေပးတဲ့သူေတြက တကယ္ မွန္မွန္ကန္ကန္ ေပးရဲေသာ အေနအထားမ်ဳိးေရာ ရွိရဲ႕လား၊ ဒါကို က်ေနာ္တို႔ ထည့္ၿပီးေတာ့ စဥ္းစားဖို႔ လိုအပ္ပါတယ္။

“ေနာက္တခုက စုံစမ္းစစ္ေဆးၿပီးေတာ့ ေတြ႔ရွိလာတဲ့ အခ်က္ေတြေရာ အမွန္အတုိင္း တင္ျပရဲ႕လား။ တင္ျပရင္ေရာ ျပည္တြင္းမွာရွိတဲ့ ဥပေဒေတြအတုိင္း ထိေရာက္စြာ အေရးယူႏုိင္တဲ့အရာမ်ဳိး ရွိရဲ႕လား။ ဒါေတြ ထည့္သြင္း စဥ္းစားရမွာ ျဖစ္ပါတယ္။ က်ေနာ္တုိ႔တုိင္းျပည္မွာ အျပစ္ရွိတဲ့သူက အျပစ္ေပးခံမထိဘဲ အျပစ္က ကင္းလြတ္ေနတဲ့ အရာေတြက ဟုိးေအာက္ေျခ အမႈေသးေသးေလးေတြမွာအစ ရွိေနတုန္းပဲ။ ေနာက္တခုက လက္နက္ကုိင္ တပ္ဖြဲ႔ေတြက က်ဴးလြန္လို႔ရွိရင္ ပိုမုိၿပီးေတာ့ ဒီကိစၥမွာ အေရးယူမႈ အားနည္းတာ က်ေနာ္တို႔အားလုံး အသိပဲ။ အဲလုိမ်ဳိးကိစၥေၾကာင့္ ဒါေတြကုိ ႏုိင္ငံတကာနဲ႔ ပူးေပါင္းေဆာင္ရြက္မႈလုပ္ပါ။ ႏုိင္ငံတကာက စုံစမ္းစစ္ေဆးၿပီးေတာ့ လုပ္ေဆာင္ပါ။ တကယ္လို႔ မရႏုိင္ရင္ေတာ့ ႏုိင္ငံတြင္းမွာ မေျဖရွင္းႏုိင္မွေတာ့ ႏုိင္ငံတကာအဆင့္ထိ သြားဖို႔အတြက္ ႏုိင္ငံတကာက ေတာင္းဆုိတာျဖစ္ပါတယ္။ ျပည္တြင္းမွာ ဒီကိစၥကို သက္ေသျပဖို႔ေတာင္ ခက္ခဲေနတဲ့အတြက္ေၾကာင့္ ႏုိင္ငံတကာက အားမလုိ အားမရျဖစ္တယ္။ အားမလုိ အားမရျဖစ္ေလ ပိုမုိၿပီးေတာ့ အေရးယူမႈေတြ၊ ပိုမုိၿပီးေတာ့ ေဝဖန္ေထာက္ျပမႈေတြ ထပ္ၿပီးေတာ့ ရွိေနဦးမွာပါပဲ။”

ကုလသမဂၢရဲ႕ ျမန္မာႏုိင္ငံဆိုင္ရာ အထူးတာဝန္ေပးအပ္ျခင္း ခံထားရတဲ့ ျမန္မာႏုိင္ငံဆိုင္ရာ ကုလအထူးစံုစမ္းေရးမွဴး Yanghee Lee ရဲ႕ လုပ္ေဆာင္ခ်က္ေတြအေပၚ သံုးသပ္ခ်က္အျမင္ ျမန္မာ့လူ႔အခြင့္အေရးလႈပ္ရွားသူ ညီမွ်ျခင္းျမန္မာအဖြဲ႔ရဲ႕ ဒါ႐ိုက္တာ ဦးေအာင္မ်ိဳးမင္းကို မဆုမြန္က ဆက္သြယ္ေမးျမန္းခဲ့တာ ျဖစ္ပါတယ္။

-------------------------------------

(Unicode)

တာဝန်ကုန်ဆုံးတော့မယ့် ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ်

မကြာခင် တာဝန်သက်တမ်း ကုန်ဆုံးတော့မယ့် မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးစုံစမ်းရေးမှူး Yanghee Lee ဟာ မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အခြေအနေတွေကို ဘက်လိုက်မှုမရှိဘဲ သူ့ရဲ့လုပ်ပိုင်ခွင့်တာဝန်ကို ကျေပွန်စွာနဲ့ ရဲရဲဝင့်ဝင့် စုံစမ်းဖော်ထုတ်ပေးနိုင်ခဲ့သူ အမျိုးသမီး စုံစမ်းရေးမှူးတယောက်အဖြစ် သူတာဝန်ကျေခဲ့တယ်လို့ မြန်မာ့လူ့အခွင့်အရေး လှုပ်ရှားသူတဦးက ချီးကျူးပြောဆိုလိုက်ပါတယ်။ သူ့အစီရင်ခံမှုတွေဟာ တဖတ်သတ်ဆန်ပြီး မျှတမှုမရှိဘူးဆိုတဲ့ စွဲချက်နဲ့ မြန်မာအစိုးရရဲ့ ပြည်ဝင်ခွင့် ပိတ်ပင်ခံထားရတဲ့ Ms Yanghee Lee ဟာ သူ့ရဲ့တာဝန်သက်တမ်း မကုန်ခင် နောက်ဆုံးအနေနဲ့ လူ့အခွင့်အရေး အခြေအနေတွေကို စုံစမ်းလေ့လာနိုင်ဖို့ မြန်မာရဲ့ အိမ်နီးချင်းနိုင်ငံတွေဆီ သွားရောက်နေပြီ ဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးတာဝန်ပေးအပ်ခြင်း ခံထားရတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးစုံစမ်းရေးမှူး Yanghee Lee ရဲ့ လုပ်ဆောင်ချက်တွေအပေါ် သုံးသပ်ချက်အမြင် မြန်မာ့လူ့အခွင့်အရေးလှုပ်ရှားသူ ညီမျှခြင်းမြန်မာအဖွဲ့ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းကို မဆုမွန်က ဆက်သွယ်မေးမြန်းတဲ့အခါ သူက အခုလိုစဖြေပါတယ်။

ဦးအောင်မျိုးမင်း - “Yanghee Lee စစချင်း သူ့ကို တာဝန်ပေးတုန်းက ကျနော်တို့ဘက်က ဒီကိစ္စကို သူလုပ်နိုင်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ် နည်းနည်းရှိတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ Background က လူ့အခွင့်ရေးထက် စာလို့ရှိရင် ကလေးအခွင့်အရေး ပိုပြီးတော့များတယ်။ အရင်တုန်းက သူ့အရှေ့မှာရှိခဲ့တဲ့ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေး အရာရှိတွေလောက် သူ့အနေနဲ့ ပြင်းပြင်းထန်ထန် ဖြစ်ပါ့မလားဆိုတဲ့ စိုးရိမ်တာရှိတယ်။ ဒါပေမယ့် သူ့ရဲ့သက်တမ်းတခုလုံးမှာ တော်တော်ကို သူ့ရဲ့ လုပ်ပိုင်ခွင့်နဲ့ ပေးအပ်ထားတဲ့ တာဝန်ကို ကျေပွန်တာ တွေ့ရတယ်။

“သူက လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေး အရာရှိတွေကြားထဲမှာ အစိုးရဘက်ကရော တချို့သော ဘာသာရေးအရ အစွန်းရောက်တဲ့ အုပ်စုတွေကြားထဲမှာ တော်တော် အတိုက်ခိုက်ခံရတယ်။ အဲဒါက သူ့ရဲ့ ထူးခြားချက်ပေါ့။ ဒါပေမယ့် အဲဒီ တိုက်ခိုက်ခံရတဲ့ ကိစ္စတွေကို သူ့အနေနဲ့ ဘယ်တော့မှ လျော့သွားတာ မရှိဘဲ သူ့ရဲ့ ရပ်တည်ချက်အတိုင်း ထုတ်ဖော်ပြောဆိုတယ်။ တချို့ဆိုရင် ထုတ်ဖော်ပြောဆိုလွန်း အားကြီးလို့ အစိုးရကိုယ်တိုင်က သိပ်ပြီး သဘောမကျတဲ့ အဆင့်ထိကို သူလုပ်ဆောင်ခဲ့တယ်။ အခု သူ့သက်တမ်းကုန်ဆုံးသွားမယ့် နောက်ပိုင်းမှာ ဘယ်သူတက်လာမလဲ ဆိုတာတော့ မသိဘူး။ သတ္တိရှိရှိနဲ့ တင်ပြနိုင်မယ့်သူမျိုး ထပ်ပြီး ပေါ်လာမလား၊ ဒါနဲ့ပတ်သက်လို့ ဘယ်သူဖြစ်မလဲဆိုတာ စိတ်ဝင်စားစွာနဲ့ပဲ ကျနော်တို့ စောင့်ကြည့်နေပါတယ်။”

မဆုမွန် - အခုလက်ရှိ မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ ICJ တရားရုံးကိစ္စမှာဆိုလည်း သူ့ရဲ့ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာတွေ၊ ကုလသမဂ္ဂရဲ့ တွေ့ရှိချက်တွေ၊ လွတ်လပ်တဲ့ လူ့အခွင့်အရေး အဖွဲ့တွေက အများကြီး ဖြစ်သွားတယ် ဆိုတဲ့အခါကျတော့ တကယ်ပဲ နစ်နာခဲ့တဲ့သူတွေအတွက် တရားမျှတမှုတွေ ရနိုင်ဖို့အတွက် သူ့ဘက်က စွမ်းဆောင်နိုင်ခဲ့မှုတွေနဲ့ ပတ်သက်ပြီးတော့ရော ဦးအောင်မျိုးမင်း ဘယ်လိုများ မြင်မိပါသလဲ။

ဦးအောင်မျိုးမင်း - “လူ့အခွင့်အရေး ချိုးဖောက်မှုတွေတင်မကဘဲ နိုင်ငံတကာ ရာဇဝတ်မှု ကျူးလွန်တယ်ဆိုတဲ့ အဆင့်ထိကို ရောက်သွားပြီးတော့ နိုင်ငံတကာ အာရုံစိုက်မှု များလာတဲ့အတွက် SSM လို ယန္တရားတွေ ပေါ်လာတယ်။ အဲဒီကမှတဆင့် ICC အထိ တက်ဖို့အတွက် ကမ်းလှမ်းမှုတွေ ဖြစ်လာတယ်။ ICJ မှာ ပထမဆုံး ကြားနာမှုတွေ လုပ်ဆောင်တာ ဖြစ်တယ်ဆိုတော့ ဒါကတော့ တွေ့ရှိတဲ့ အချက်တွေက သာမန် လူ့အခွင့်အရေး ချိုးဖောက်မှုတင် မကဘဲ နိုင်ငံတကာ ရာဇဝတ်မှု ကျူးလွန်တယ်ဆိုတဲ့ အဆင့်အထိ ရောက်သွားတဲ့အတွက် အာရုံစိုက်မှု များလာတယ်။ ဒါကို ကျနော်ပြောချင်ပါတယ်။”

မဆုမွန် - အစိုးရရဲ့ ပူးပေါင်းဆောင်ရွက်မှုကတော့ သူ့ရဲ့ တင်ပြချက်တွေက တဖက်သတ်ဆန်တယ်၊ မျှတမှုမရှိဘူးဆိုပြီး သူ့ကို ပြည်ဝင်ခွင့်ပေးဖို့ ငြင်းဆန်ထားတယ်။ ဆိုတော့ အခုလက်ရှိမှာ Yanghee Lee က သူ့ရဲ့တာဝန် ကုန်ခါနီး ဇန်နဝါရီ ၁၅ ကနေ ၂၃ အထိ အိမ်နီးချင်းနိုင်ငံတွေကိုပဲ သွားရမယ့် အနေအထားမှာ ရှိနေတယ်ဆိုတော့ နောက်ဆုံးအနေနဲ့ အကောင်းဆုံးဖြစ်နိုင်အောင် ဦးအောင်မျိုးမင်း ဘယ်လိုများ အကြံပေးချင်တာ ရှိလဲ။

ဦးအောင်မျိုးမင်း - “ပြည်ဝင်ခွင့်မရတဲ့အခါမှာ ကျနော်တို့ သူ့ကို တကယ် မျက်နှာချင်းဆိုင် ရှင်းပြနိုင်တဲ့ အချက်တွေ ဒီဘက်က ဆုံးရှုံးသွားတယ်။ တချိန်တည်းမှာပဲ ကိုယ့်ရဲ့ပြည်တွင်းမှာ တွေ့ရှိ တွေ့သင့်သော အခင်းဖြစ်ပွားတဲ့ အဖြစ်မှန်တွေကို စုံစမ်းစစ်ဆေးဖို့ အခွင့်အရေး မရှိတဲ့အတွက် သူ့အနေနဲ့ ကြားတဲ့သတင်းတွေကို စုံစမ်းစစ်ဆေးဖို့အတွက် သူ့မှာလည်း အခက်အခဲ အများကြီး ရှိသွားနိုင်တယ်။ အဲဒါကြောင့် ကျနော် အမြဲတမ်းပြောပါတယ်။ ကိုယ့်ဘက်က ဒီဟာကို ပူးပေါင်းဆောင်ရွက်မှုဆိုတာ ပြနိုင်မယ်၊ နောက်တခါ ခိုင်မာတဲ့ အချက်အလက်တွေ ရရှိအောင် လုပ်ဆောင်နိုင်မယ်၊ မှားယွင်းတဲ့ စွပ်စွဲမှုတွေ ရှိလာလို့ရှိရင်လည်း ဒါကို မှန်ကန်တဲ့သတင်းတွေနဲ့ ပြန်ပြီးတော့ ဖြေရှင်းနိုင်တဲ့အတွက် ဒါကို ဝင်ခွင့်ပြုပါ၊ ပူးပေါင်းဆောင်ရွက်မှု လုပ်ပါလို့ ကျနော် အစဉ်အဆက် ပြောခဲ့ပါတယ်။”

မဆုမွန် - အဲတော့ မြန်မာအစိုးရဘက်က ပြောတာ ကိုယ်တိုင် စုံစမ်းစစ်ဆေးနေတယ်၊ တပ်မတော်ဘက်ကလည်း ခုံရုံးတွေဖွဲ့တယ်၊ စုံစမ်းရေးကော်မရှင်တွေ ဖွဲ့တယ်ဆိုပြီးတော့ ပြောတယ်။ ဒါပေမယ့် နိုင်ငံတကာဘက်ကတော့ ဒီလို ကုလသမဂ္ဂ အပါအဝင် သီးခြားလွတ်လပ်တဲ့ လူ့အခွင့်အရေး အဖွဲ့တွေကို လက်ရှိဖြစ်ခဲ့တဲ့ နေရာတွေကို သွားခွင့်ပေးပါဆိုပြီး တစိုက်မတ်မတ် တောင်းဆိုခဲ့တယ် ဆိုတော့ ပူးပေါင်းဆောင်ရွက်မှုရှိဖို့ မြန်မာအစိုးရကိုရော ဦးအောင်မျိုးမင်း ဘာများ တိုက်တွန်း အကြံပေးချင်တာ ရှိပါသလဲ။

ဦးအောင်မျိုးမင်း - “ကျနော်တို့ အခုလက်ရှိ အခြေအနေမှာတာ့ ငါတို့တိုင်းပြည်ရဲ့ အရေးကိစ္စ ငါတို့လုပ်ပြီးသားဖြစ်တယ်။ ဒါနဲ့ပတ်သက်ပြီးတော့ လုံလောက်ပြီ။ နိုင်ငံတကာက လာရောက်စုံစမ်းစရာ မလိုဘူး။ နိုင်ငံတကာက အရေးယူစရာ မလိုဘူးဆိုတဲ့ အချက်မျိုးနဲ့ တုံ့ပြန်တာ တွေ့ရပါတယ်။ တခါတလေ စုံစမ်းစစ်ဆေးတဲ့ သူတွေကို ကျနော်တို့ မယုံနိုင်တဲ့ကိစ္စ၊ လွတ်လပ်ပါ့မလား၊ သတင်းပေးတဲ့သူတွေက တကယ် မှန်မှန်ကန်ကန် ပေးရဲသော အနေအထားမျိုးရော ရှိရဲ့လား၊ ဒါကို ကျနော်တို့ ထည့်ပြီးတော့ စဉ်းစားဖို့ လိုအပ်ပါတယ်။

“နောက်တခုက စုံစမ်းစစ်ဆေးပြီးတော့ တွေ့ရှိလာတဲ့ အချက်တွေရော အမှန်အတိုင်း တင်ပြရဲ့လား။ တင်ပြရင်ရော ပြည်တွင်းမှာရှိတဲ့ ဥပဒေတွေအတိုင်း ထိရောက်စွာ အရေးယူနိုင်တဲ့အရာမျိုး ရှိရဲ့လား။ ဒါတွေ ထည့်သွင်း စဉ်းစားရမှာ ဖြစ်ပါတယ်။ ကျနော်တို့တိုင်းပြည်မှာ အပြစ်ရှိတဲ့သူက အပြစ်ပေးခံမထိဘဲ အပြစ်က ကင်းလွတ်နေတဲ့ အရာတွေက ဟိုးအောက်ခြေ အမှုသေးသေးလေးတွေမှာအစ ရှိနေတုန်းပဲ။ နောက်တခုက လက်နက်ကိုင် တပ်ဖွဲ့တွေက ကျူးလွန်လို့ရှိရင် ပိုမိုပြီးတော့ ဒီကိစ္စမှာ အရေးယူမှု အားနည်းတာ ကျနော်တို့အားလုံး အသိပဲ။ အဲလိုမျိုးကိစ္စကြောင့် ဒါတွေကို နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှုလုပ်ပါ။ နိုင်ငံတကာက စုံစမ်းစစ်ဆေးပြီးတော့ လုပ်ဆောင်ပါ။ တကယ်လို့ မရနိုင်ရင်တော့ နိုင်ငံတွင်းမှာ မဖြေရှင်းနိုင်ပြီဆိုမှ နိုင်ငံတကာအဆင့်ထိ သွားဖို့အတွက် နိုင်ငံတကာက တောင်းဆိုတာဖြစ်ပါတယ်။ ပြည်တွင်းမှာ ဒီကိစ္စကို သက်သေပြဖို့တောင် ခက်ခဲနေတဲ့အတွက်ကြောင့် နိုင်ငံတကာက အားမလို အားမရဖြစ်တယ်။ အားမလို အားမရဖြစ်လေ ပိုမိုပြီးတော့ အရေးယူမှုတွေ၊ ပိုမိုပြီးတော့ ဝေဖန်ထောက်ပြမှုတွေ ထပ်ပြီးတော့ ရှိနေဦးမှာပါပဲ။”

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးတာဝန်ပေးအပ်ခြင်း ခံထားရတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးစုံစမ်းရေးမှူး Yanghee Lee ရဲ့ လုပ်ဆောင်ချက်တွေအပေါ် သုံးသပ်ချက်အမြင် မြန်မာ့လူ့အခွင့်အရေးလှုပ်ရှားသူ ညီမျှခြင်းမြန်မာအဖွဲ့ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းကို မဆုမွန်က ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG