သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုလ လူ႔အခြင့္အေရးကိုယ္စားလွယ္ ႐ိုဟင္ဂ်ာဒုကၡသည္ေတြ ေတြ႔ဆံု 


ကုလ လူ႔အခြင့္အေရးကိုယ္စားလွယ္ ႐ိုဟင္ဂ်ာဒုကၡသည္ေတြ ေတြ႔ဆံု (ဓါတ္ပံု- Ko Eisalan)

(Zawgyi / Unicode)

ရုိဟင္ဂ်ာဒုကၡသည္ေတြ ေနရပ္ရင္းျပန္ေရး အေျခခံႏုိင္ငံသားအခြင့္အေရးရရွိေရးအပါအဝင္ ခိုင္မာတဲ့လံုျခံဳေရး အာမခံခ်က္ေတြရေရးေတြကို ကုလအထူးစံုစမ္းစစ္ေရးမွဴးဘက္က တတ္စြမ္းသေလာက္ေဆာင္ရြက္ေပးသြားမယ့္အေၾကာင္း ကတိေပးခဲ့တယ္လို႔ ဒီကေန႔ ျမန္မာႏုိင္ငံလူ႔အခြင့္အေရးဆိုင္ရာ ကုလအထူးစံုစမ္းေရးမွဴး Yanghee Lee နဲ႔ ႐ိုဟင္ဂ်ာဒုကၡသည္ေတြ ေတြ႔ဆံုခ်ိန္ ေျပာဆိုခဲ့တယ္လို႔ ႐ိုဟင္ဂ်ာဒုကၡသည္ေတြကေျပာပါတယ္။

မၾကာခင္ တာဝန္သက္တမ္းကုန္ဆံုးေတာ့မယ့္ျမန္မာႏုိင္ငံဆိုင္ရာ ကုလအထူးစံုစမ္းေရးမွဴး Yanghee Lee ဟာ သူ႔ရဲ႕တာဝန္သက္တမ္းမကုန္ခင္ ေနာက္ဆံုးအေနနဲ႔ လူ႔အခြင့္အေရး အေျခအေနေတြကို စံုစမ္းေလ့လာႏုိင္ဖို႔ ျမန္မာရဲ႕ အိမ္နီးခ်င္းႏုိင္ငံေတြဆီ သြားေရာက္ေနတာျဖစ္ၿပီး ဒီကေန႔မွာေတာ့ ဘဂၤလားေဒ့ရွ္ႏုိင္ငံ ဘာလုခါလီဒုကၡသည္စခန္းကိုေရာက္ရွိၿပီး အမ်ိဳးသမီး လူငယ္ ႐ိုဟင္ဂ်ာအဖြဲ႔ေတြနဲ႔ သီးျခားစီေတြ႔ဆံုခဲ့တာပါ။

႐ိုဟင္ဂ်ာဆိုတဲ့အသံုးကိုလက္ခံမထားတဲ့ ျမန္မာႏုိင္ငံကေတာ့ သူ႔အစီရင္ခံမႈေတြဟာ တဖတ္သတ္ဆန္ၿပီးမွ်တမႈ မရွိဘူးဆိုတဲ့စြဲခ်က္နဲ႔ Yanghee Lee ကို ျပည္ဝင္ခြင့္ ျငင္းပယ္ထားတာပါ။ ဒီကေန႔ ကုလအထူးစံုစမ္းေရးမွဴး Yanghee Leeနဲ႔ ARNU Arakan Rohngya National Union အဖြဲ႔အေနနဲ႔ ကိုယ္တိုင္ေတြ႔ဆံုေဆြးေႏြးခဲ့တဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ကိုအီစလံကို မဆုမြန္က ဆက္သြယ္ေမးျမန္းေတာ့ သူက အခုလိုစေျဖပါတယ္။

“ကိုအီစလံ။ ။ ပါေမာကၡ Yanghee Lee က ဒီကေန႔ ၂၀ ရက္ေန႔ ၁ လ ၂၀၂၀ ေန႔မွာ သူက ဘာလုခါလီဒုကၡသည္စခန္း UNHCR ဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီးရံုးမွာ က်ေနာ္တို႔ ေတြ႔ဆံုခဲ့ပါတယ္။ ေတြ႔ဆံုတဲ့ေနရာမွာ က်ေနာ္တို႔ ရိုဟင္ဂ်ာမ်ားကို ကိုယ္စားျပဳတဲ့ အဖြဲ႔အစည္းတို႔ပါတယ္။ က်ေနာ္တို႔ ေတြ႔ဆံုတဲ့ေနရာမွာ အဓိက အခ်က္ ၂ ခ်က္ကို မူတည္ၿပီးေတာ့ က်ေနာ္တို႔က အျပန္အလွန္ေဆြးေႏြးခဲ့ပါတယ္။ နံပတ္ ၁ အခ်က္ကေတာ့ က်ေနာ္တို႔ ေနရပ္ျပန္ႏိုင္ေရး repartition ကိစၥေပါ့ အဲဒါနဲ႔ က်ေနာ္တို႔ ျပန္လည္ေဆြးေႏြးခဲ့ပါတယ္။ ေနာက္ၿပီးေတာ့ ေနရပ္ျပန္ေရးကိစၥမွာက က်ေနာ္တို႔ရဲ႕ မူလ ေမြးရာပါႏိုင္ငံသားအခြင့္အေရးကို ျပန္လည္ရရွိဖို႔၊ ေနာက္ ႏိုင္ငံတကာ လံုၿခံဳေရးအစီအမံရရွိျခင္းနဲ႔ ေနာက္ၿပီးေတာ့ က်ေနာ္တို႔ မူလေက်းရြာမွာ ျပန္လည္ေနထိုင္ခြင့္နဲ႔ ပိုင္ဆိုင္မႈမ်ား ျပန္လည္ရရွိဖို႔ ဆိုတာေတြကို ေဆြးေႏြးခဲ့ပါတယ္။ ေနာက္ ဒုကၡသည္စခန္းကိစၥ ပညာေရး၊ က်န္းမာေရး နဲ႔ တျခားကိစၥေတြကို က်ေနာ္တို႔ အျပန္အလွန္သူနဲ႔ ေဆြးေႏြးခဲ့ၾကပါတယ္။ ေနာက္ျပီးေတာ့ ရခိုင္ျပည္နယ္မွာ အခုလက္ရွိအေျခအေနမွာ လူ႔အခြင့္အေရးကိစၥကို ကုလသမဂၢ လူ႔အခြင့္အေရးကိုယ္စားလွယ္ေတြအေနနဲ႔ ေဆာင္ရြက္ေပးဖို႔အတြက္ က်ေနာ္တို႔ အျပန္အလွန္သူနဲ႔ ေဆြးေႏြးခဲ့ၾကပါတယ္။

မဆုမြန္။ ။ ကိုအီစလံ တို႔ သူတို႔နဲ႔ ေတြ႔တဲ့အခါမွာ သီးျခားစီ ေတြ႔တာေပါ့ေနာ္၊ အမ်ိဳးသမီးေတြေရာ ၊ ေက်ာင္းသားလူငယ္ေတြေရာ၊ ဒီဒုကၡသည္ေတြေရာ ၊ ေနာက္ၿပီးေတာ့ ေနရပ္ျပန္ဖို႔ကိစၥေတြကိုလည္း အဓိကေဆြးေႏြးတယ္၊ ေနာက္ၿပီး လံုၿခံဳေရးကိစၥလည္း ေဆြးေႏြးတယ္ဆိုေတာ့ ပါေမာကၡ Yanghee Lee ဘက္က ဘာေတြမ်ား ျပန္ၿပီးေတာ့ ေဆြးေႏြးပါသလဲရွင့္။

ကိုအီစလံ။ ။ ဟုတ္ကဲ့ သူက က်ေနာ္တို႔ citizenship နဂိုက ရခဲ့တာကို သူက လက္ခံတယ္။ အဲဒါကို သူက ရသင့္တယ္ဆိုၿပီး သူက ေျပာသြားခဲ့ပါတယ္။ ေနာက္လံုၿခံဳေရးကိစၥကိုလည္း သူေထာက္ခံပါတယ္။ က်ေနာ္တို႔က ႏိုင္ငံတကာ လံုၿခံဳေရးအစီအမံ မရရွိပဲနဲ႔ ေနရပ္ရင္းကို ျပန္ဖို႔ဆိုတာ ေတာ္ေတာ္ေလး ခဲယဥ္းပါတယ္ဆိုတာ က်ေနာ္တို႔ တင္ျပခဲ့တယ္။ သူကလည္း လက္ရွိ အေျခအေနအရ လုိအပ္တာကိုလည္း ေထာက္ခံျပခဲ့ပါတယ္။

မဆုမြန္။ ။ Yanghee Lee က အခုဆုိရင္ သူတာ၀န္သက္တမ္းကုန္ေတာ့မယ္ေပါ့ေနာ္။ အခု ကိုအီစလံတို႔ ဒုကၡသည္စခန္းကို သူ ေနာက္ဆံုးအႀကိမ္လာခဲ့တယ္ဆိုေတာ့ သူ႔ဘက္က ဘာမ်ားလုပ္ေဆာင္ေပးႏိုင္တာေတြ ရွိမလဲ ။ ေနာက္ၿပီးေတာ့ သူ႔ဘက္က ဘာေတြျပန္ၿပီးေဆြးေႏြးခဲ့တာေတြ ရွိပါသလဲ။

ကိုအီစလံ။ ။ ဟုတ္ကဲ့ပါ သူက အခု သက္တမ္းကုန္ဆံုးမယ္ဆိုေတာ့ လက္ရွိမွာ ျမန္မာႏိုင္ငံရဲ႕ လူ႔အခြင့္အေရးျဖစ္ပြားမႈကိစၥကို ထိထိေရာက္ေရာက္ အေရးယူေဆာင္ရြက္ႏိုင္ေရးကိစၥကို သူက လုပ္ေဆာင္သြားမယ္လို႔ ေျပာတယ္။ ေနာက္ၿပီးေတာ့ က်ေနာ္တို႔ ရိုဟင္ဂ်ာအေရးကို ေျဖရွင္းႏိုင္ေရးအတြက္ ကုလအပါအ၀င္ ႏိုင္ငံတကာ အသိုင္းအ၀ိုင္းႀကီးေတြကို ျမန္မာကို အေလးထားေပးဖို႔အတြက္ အဓိက လိုအပ္ေၾကာင္းကိုလည္း သူေျပာျပေပးသြားပါတယ္။ ေနာက္ ICC နဲ႔ ICJ ရဲ႕ လုပ္ေဆာင္မႈကိုလည္း သူက အားေပးေထာက္ခံေၾကာင္း ေနာက္ၿပီး သူတာ၀န္သက္တမ္းကုန္ဆံုးသြားရင္လည္း ျမန္မာႏိုင္ငံအေရးကို ဆက္လက္ၿပီးေတာ့ တတ္ႏိုင္တဲ့ လုပ္ႏိုင္တဲ့ လမ္းေၾကာင္းကေန လုပ္ေဆာင္သြားမယ္လို႔ သူေျပာသြားပါတယ္။

မဆုမြန္။ ။ အဲဒီေတာ့ ပါေမာကၡ Yanghee Lee နဲ႔ ရိုဟင္ဂ်ာ ဒုကၡသည္ေတြ ေတြ႔ခဲ့တဲ့အတြက္ေပါ့ေနာ္၊ သူနဲ႔ ေဆြးေႏြးမႈက ကိုအီစလံတို႔ ဒုကၡသည္ေတြအတြက္ ဘယ္လိုမ်ား ေမွ်ာ္လင့္ခ်က္ေတြ ရွိႏိုင္မယ္လို႔ ထင္သလဲ၊ သူ႔ေဆြးေႏြးပြဲကေန ဘာမ်ားရႏိုင္မယ္လို႔ ထင္ပါသလဲရွင့္။

ကိုအီစလံ။ ။ က်ေနာ္တို႔အတြက္ကေတာ့ အားရေက်နပ္မိခဲ့ပါတယ္။ ပါေမာကၡ Yanghee Lee က တကယ့္ေစတနာေကာင္းနဲ႔ တကယ့္ လူ႔အခြင့္အေရး အေတာ္ဆံုး ပုဂၢိဳလ္တေယာက္အေနနဲ႔ ဒီေလာက္အထိ လုပ္ေဆာင္ႏိုင္ခဲ့တဲ့အေပၚ ပါေမာကၡ Yanghee Leeကို က်ေနာ္တို႔ ေက်းဇူးတင္ ပါတယ္။ ေနာက္သူ႔သက္တမ္းကာလမွာ က်ေနာ္တို႔ ေျပာဆိုခ်က္ကို အေကာင္အထည္ေဖာ္ႏိုင္မယ္လို႔ က်ေနာ္တို႔ ေမွ်ာ္လင့္ပါတယ္။

မဆုမြန္။ ။ ေနာက္ သူ ဘယ္ေတြသြားဖို႔၊ ဘာခရီးစဥ္ေတြရွိတယ္ဆိုတာေရာ သိပါသလဲရွင့္။
ကိုအီစလံ။ ။ မနက္ျဖန္လည္း ပါေမာကၡ Yanghee Lee က က်န္တဲ့ ဒုကၡသည္အဖြဲ႔အစည္းေတြနဲ႔ ေတြ႔ဆံုသြားမယ္လို႔ က်ေနာ္တို႔ကို ေျပာျပခဲ့ပါတယ္။

မဆုမြန္။ ။ ဆိုေတာ့ ဒီေန႔ကေတာ့ ဘာလုခါလီကိုပဲ လာတာေပါ့ေနာ္၊ ကုတုပေလာင္ဘက္ကို သူသြားဖို႔ေရာ အစီအစဥ္ရွိတယ္လို႔ ၾကားမိသလားရွင့္။

ကိုအီစလံ။ ။ မနက္ျဖန္ကေတာ့ ကုတုပေလာင္ ဒုကၡသည္စခန္းကို သြားမယ္။ ဒီေန႔ကေတာ့ ဘာလုခါလီစခန္းမွာ က်ေနာ္တို႔ သူနဲ႔ ေတြ႔ဆံုခဲ့တာပါ။”

ဒီကေန႔ ကုလအထူးစံုစမ္းေရးမွဴး Yanghee Leeနဲ႔ ARNU Arakan Rohingya National Union အဖြဲ႔အေနနဲ႔ ကိုယ္တိုင္ေတြ႔ဆံုေဆြးေႏြးခဲ့တဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ကိုအီစလံကို မဆုမြန္ ဆက္သြယ္ေမးျမန္းခဲ့တာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

ကုလ လူ့အခွင့်အရေးကိုယ်စားလှယ် ရိုဟင်ဂျာဒုက္ခသည်တွေ တွေ့ဆုံ

(Unicode)

ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ရင်းပြန်ရေး အခြေခံနိုင်ငံသားအခွင့်အရေးရရှိရေးအပါအဝင် ခိုင်မာတဲ့လုံခြုံရေးအာမခံချက်တွေရရေးတွေကို ကုလအထူးစုံစမ်းစစ်ရေးမှူးဘက်က တတ်စွမ်းသလောက်ဆောင်ရွက်ပေးသွားမယ့်အကြောင်း ကတိပေးခဲ့တယ်လို့ ဒီကနေ့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလအထူးစုံစမ်းရေးမှူး Yanghee Leeနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ တွေ့ဆုံချိန် ပြောဆိုခဲ့တယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေကပြောပါတယ်။ မကြာခင် တာဝန်သက်တမ်းကုန်ဆုံးတော့မယ့်မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးစုံစမ်းရေးမှူး Yanghee Lee ဟာ သူ့ရဲ့တာဝန်သက်တမ်းမကုန်ခင် နောက်ဆုံးအနေနဲ့ လူ့အခွင့်အရေး အခြေအနေတွေကို စုံစမ်းလေ့လာနိုင်ဖို့ မြန်မာရဲ့ အိမ်နီးချင်းနိုင်ငံတွေဆီ သွားရောက်နေတာဖြစ်ပြီး ဒီကနေ့မှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘာလုခါလီဒုက္ခသည်စခန်းကိုရောက်ရှိပြီး အမျိုးသမီး လူငယ် ရိုဟင်ဂျာအဖွဲ့တွေနဲ့ သီးခြားစီတွေ့ဆုံခဲ့တာပါ။

ရိုဟင်ဂျာဆိုတဲ့အသုံးကိုလက်ခံမထားတဲ့ မြန်မာနိုင်ငံကတော့ သူ့အစီရင်ခံမှုတွေဟာ တဖတ်သတ်ဆန်ပြီးမျှတမှု မရှိဘူးဆိုတဲ့စွဲချက်နဲ့ Yanghee Lee ကို ပြည်ဝင်ခွင့် ငြင်းပယ်ထားတာပါ။ ဒီကနေ့ ကုလအထူးစုံစမ်းရေးမှူး Yanghee Leeနဲ့ ARNU Arakan Rohngya National Union အဖွဲ့အနေနဲ့ ကိုယ်တိုင်တွေ့ဆုံဆွေးနွေးခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည်ကိုအီစလံကို မဆုမွန်က ဆက်သွယ်မေးမြန်းတော့ သူက အခုလိုစဖြေပါတယ်။

“ကိုအီစလံ။ ။ ပါမောက္ခ Yanghee Lee က ဒီကနေ့ ၂၀ ရက်နေ့ ၁ လ ၂၀၂၀ နေ့မှာ သူက ဘာလုခါလီဒုက္ခသည်စခန်း UNHCR ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှာ ကျနော်တို့ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံတဲ့နေရာမှာ ကျနော်တို့ ရိုဟင်ဂျာများကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတို့ပါတယ်။ ကျနော်တို့ တွေ့ဆုံတဲ့နေရာမှာ အဓိက အချက် ၂ ချက်ကို မူတည်ပြီးတော့ ကျနော်တို့က အပြန်အလှန်ဆွေးနွေးခဲ့ပါတယ်။ နံပတ် ၁ အချက်ကတော့ ကျနော်တို့ နေရပ်ပြန်နိုင်ရေး repartition ကိစ္စပေါ့ အဲဒါနဲ့ ကျနော်တို့ ပြန်လည်ဆွေးနွေးခဲ့ပါတယ်။ နောက်ပြီးတော့ နေရပ်ပြန်ရေးကိစ္စမှာက ကျနော်တို့ရဲ့ မူလ မွေးရာပါနိုင်ငံသားအခွင့်အရေးကို ပြန်လည်ရရှိဖို့၊ နောက် နိုင်ငံတကာ လုံခြုံရေးအစီအမံရရှိခြင်းနဲ့ နောက်ပြီးတော့ ကျနော်တို့ မူလကျေးရွာမှာ ပြန်လည်နေထိုင်ခွင့်နဲ့ ပိုင်ဆိုင်မှုများ ပြန်လည်ရရှိဖို့ ဆိုတာတွေကို ဆွေးနွေးခဲ့ပါတယ်။ နောက် ဒုက္ခသည်စခန်းကိစ္စ ပညာရေး၊ ကျန်းမာရေး နဲ့ တခြားကိစ္စတွေကို ကျနော်တို့ အပြန်အလှန်သူနဲ့ ဆွေးနွေးခဲ့ကြပါတယ်။ နောက်ပြီးတော့ ရခိုင်ပြည်နယ်မှာ အခုလက်ရှိအခြေအနေမှာ လူ့အခွင့်အရေးကိစ္စကို ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ်တွေအနေနဲ့ ဆောင်ရွက်ပေးဖို့အတွက် ကျနော်တို့ အပြန်အလှန်သူနဲ့ ဆွေးနွေးခဲ့ကြပါတယ်။

မဆုမွန်။ ။ ကိုအီစလံ တို့ သူတို့နဲ့ တွေ့တဲ့အခါမှာ သီးခြားစီ တွေ့တာပေါ့နော်၊ အမျိုးသမီးတွေရော ၊ ကျောင်းသားလူငယ်တွေရော၊ ဒီဒုက္ခသည်တွေရော ၊ နောက်ပြီးတော့ နေရပ်ပြန်ဖို့ကိစ္စတွေကိုလည်း အဓိကဆွေးနွေးတယ်၊ နောက်ပြီး လုံခြုံရေးကိစ္စလည်း ဆွေးနွေးတယ်ဆိုတော့ ပါမောက္ခ Yanghee Lee ဘက်က ဘာတွေများ ပြန်ပြီးတော့ ဆွေးနွေးပါသလဲရှင့်။

ကိုအီစလံ။ ။ ဟုတ်ကဲ့ သူက ကျနော်တို့ citizenship နဂိုက ရခဲ့တာကို သူက လက်ခံတယ်။ အဲဒါကို သူက ရသင့်တယ်ဆိုပြီး သူက ပြောသွားခဲ့ပါတယ်။ နောက်လုံခြုံရေးကိစ္စကိုလည်း သူထောက်ခံပါတယ်။ ကျနော်တို့က နိုင်ငံတကာ လုံခြုံရေးအစီအမံ မရရှိပဲနဲ့ နေရပ်ရင်းကို ပြန်ဖို့ဆိုတာ တော်တော်လေး ခဲယဉ်းပါတယ်ဆိုတာ ကျနော်တို့ တင်ပြခဲ့တယ်။ သူကလည်း လက်ရှိ အခြေအနေအရ လိုအပ်တာကိုလည်း ထောက်ခံပြခဲ့ပါတယ်။

မဆုမွန်။ ။ Yanghee Lee က အခုဆိုရင် သူတာဝန်သက်တမ်းကုန်တော့မယ်ပေါ့နော်။ အခု ကိုအီစလံတို့ ဒုက္ခသည်စခန်းကို သူ နောက်ဆုံးအကြိမ်လာခဲ့တယ်ဆိုတော့ သူ့ဘက်က ဘာများလုပ်ဆောင်ပေးနိုင်တာတွေ ရှိမလဲ ။ နောက်ပြီးတော့ သူ့ဘက်က ဘာတွေပြန်ပြီးဆွေးနွေးခဲ့တာတွေ ရှိပါသလဲ။

ကိုအီစလံ။ ။ ဟုတ်ကဲ့ပါ သူက အခု သက်တမ်းကုန်ဆုံးမယ်ဆိုတော့ လက်ရှိမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဖြစ်ပွားမှုကိစ္စကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်ရေးကိစ္စကို သူက လုပ်ဆောင်သွားမယ်လို့ ပြောတယ်။ နောက်ပြီးတော့ ကျနော်တို့ ရိုဟင်ဂျာအရေးကို ဖြေရှင်းနိုင်ရေးအတွက် ကုလအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းကြီးတွေကို မြန်မာကို အလေးထားပေးဖို့အတွက် အဓိက လိုအပ်ကြောင်းကိုလည်း သူပြောပြပေးသွားပါတယ်။ နောက် ICC နဲ့ ICJ ရဲ့ လုပ်ဆောင်မှုကိုလည်း သူက အားပေးထောက်ခံကြောင်း နောက်ပြီး သူတာဝန်သက်တမ်းကုန်ဆုံးသွားရင်လည်း မြန်မာနိုင်ငံအရေးကို ဆက်လက်ပြီးတော့ တတ်နိုင်တဲ့ လုပ်နိုင်တဲ့ လမ်းကြောင်းကနေ လုပ်ဆောင်သွားမယ်လို့ သူပြောသွားပါတယ်။

မဆုမွန်။ ။ အဲဒီတော့ ပါမောက္ခ Yanghee Lee နဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ တွေ့ခဲ့တဲ့အတွက်ပေါ့နော်၊ သူနဲ့ ဆွေးနွေးမှုက ကိုအီစလံတို့ ဒုက္ခသည်တွေအတွက် ဘယ်လိုများ မျှော်လင့်ချက်တွေ ရှိနိုင်မယ်လို့ ထင်သလဲ၊ သူ့ဆွေးနွေးပွဲကနေ ဘာများရနိုင်မယ်လို့ ထင်ပါသလဲရှင့်။

ကိုအီစလံ။ ။ ကျနော်တို့အတွက်ကတော့ အားရကျေနပ်မိခဲ့ပါတယ်။ ပါမောက္ခ Yanghee Lee က တကယ့်စေတနာကောင်းနဲ့ တကယ့် လူ့အခွင့်အရေး အတော်ဆုံး ပုဂ္ဂိုလ်တယောက်အနေနဲ့ ဒီလောက်အထိ လုပ်ဆောင်နိုင်ခဲ့တဲ့အပေါ် ပါမောက္ခ Yanghee Leeကို ကျနော်တို့ ကျေးဇူးတင် ပါတယ်။ နောက်သူ့သက်တမ်းကာလမှာ ကျနော်တို့ ပြောဆိုချက်ကို အကောင်အထည်ဖော်နိုင်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။

မဆုမွန်။ ။ နောက် သူ ဘယ်တွေသွားဖို့၊ ဘာခရီးစဉ်တွေရှိတယ်ဆိုတာရော သိပါသလဲရှင့်။

ကိုအီစလံ။ ။ မနက်ဖြန်လည်း ပါမောက္ခ Yanghee Lee က ကျန်တဲ့ ဒုက္ခသည်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံသွားမယ်လို့ ကျနော်တို့ကို ပြောပြခဲ့ပါတယ်။

မဆုမွန်။ ။ ဆိုတော့ ဒီနေ့ကတော့ ဘာလုခါလီကိုပဲ လာတာပေါ့နော်၊ ကုတုပလောင်ဘက်ကို သူသွားဖို့ရော အစီအစဉ်ရှိတယ်လို့ ကြားမိသလားရှင့်။

ကိုအီစလံ။ ။ မနက်ဖြန်ကတော့ ကုတုပလောင် ဒုက္ခသည်စခန်းကို သွားမယ်။ ဒီနေ့ကတော့ ဘာလုခါလီစခန်းမှာ ကျနော်တို့ သူနဲ့ တွေ့ဆုံခဲ့တာပါ။”

ဒီကနေ့ ကုလအထူးစုံစမ်းရေးမှူး Yanghee Leeနဲ့ ARNU Arakan Rohingya National Union အဖွဲ့အနေနဲ့ ကိုယ်တိုင်တွေ့ဆုံဆွေးနွေးခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည်ကိုအီစလံကို မဆုမွန် ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG