သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာေလးေသာင္းေက်ာ္ ျပန္ေခၚဖို႔ ဘဂၤလားေဒ့ရွ္ကို ေဆာ္ဒီဖိအားေပး


ဘဂၤလားေဒ့ရွ္ႏိုင္ငံ Cox's Bazar က ရိုဟင္ဂ်ာဒုကၡသည္မ်ား (မတ္၊ ၀၇၊ ၂၀၁၉)

(Zawgyi/Unicode)

ဘဂၤလားေဒ့ရွ္ႏိုင္ငံကူးလက္မွတ္ ကိုင္ေဆာင္ၿပီး ေဆာ္ဒီအာေရးဗီးယားႏိုင္ငံမွာ ေရာက္ရွိေနတဲ့ ႐ိုဟင္ဂ်ာ ၄,၂၀၀၀ ကို ျပန္ေခၚဖို႔ ေဆာ္ဒီအစိုးရကေန ဘဂၤလားေဒ့ရွ္အစိုးရကို ဖိအားေပးေနပါတယ္။

ေဆာ္ဒီအာေရဗီးယားႏိုင္ငံတြင္းမွာ အရင္ကတည္းက ႐ိုဟင္ဂ်ာအေတာ္မ်ားမ်ား ေရာက္ေနၿပီး သူတို႔ထဲက အခ်ိဳ႕ကို ေဆာ္ဒီက အၿမဲတမ္းေနထိုင္ခြင့္ေပးထားပါတယ္။

အခု ႐ိုဟင္ဂ်ာ ၄၀,၀၀၀ ေက်ာ္ ျပန္ေခၚဖို႔ကိစၥကိုေတာ့ Abu Dhabi မွာလုပ္တဲ့ သံတမန္အစည္းအေ၀း တခုအတြင္း ေဆြးေႏြးေျပာဆိုခဲ့တာလို႔ သိရပါတယ္။ လာမယ့္ ေဖဖဝါရီ ၁၂ ရက္မွာ လုပ္မယ့္ ေဆာ္ဒီ-ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံအစည္းအေ၀းမွာ ဒီကိစၥကို ထပ္မံေဆြးေႏြးေျပာဆိုဖို႔ ရွိတယ္လို႔ ဘဂၤလားေဒ့ရွ္သံတမန္အသိုင္းအဝိုင္းက ဗြီအိုေအ ဘဂၤလားဌာနကို ေျပာပါတယ္။

ဘဂၤလားေဒ့ရွ္မွာ ရွိေနတဲ့ ႐ိုဟင္ဂ်ာေတြဟာ ဘဂၤလားေဒ့ရွ္ ႏိုင္ငံကူးလက္မွတ္ေတြနဲ႔ ေလေၾကာင္းကတဆင့္ ေဆာ္ဒီအပါအ၀င္ အေရွ႕အလယ္ပိုင္းႏိုင္ငံေတြကို သြားေရာက္တာေတြ ရွိေနတယ္လို႔ ေဆာ္ဒီဘက္က ယူဆထားတဲ့အေၾကာင္းလည္း သံတမန္ေတြက ေျပာပါတယ္။

ေဆာ္ဒီမွာရွိေနတဲ့ ႐ိုဟင္ဂ်ာေတြကို ေဆာ္ဒီႏိုင္ငံအေနနဲ႔ မႏွစ္တုန္းကလည္း ႏွစ္ႀကိမ္ထက္မနည္း ဘဂၤလားေဒ့ရွ္ဘက္ကို ျပန္ပို႔ခဲ့ဖူူးပါတယ္။

ဘဂၤလားေဒ့ရွ္က နယ္စပ္ဒုကၡသည္စခန္းေတြမွာေတာ့ ႐ိုဟင္ဂ်ာ တသိန္းေလာက္ရွိၿပီး ဒီလူေတြကို ျမန္မာျပည္ ျပန္ပို႔ႏိ္ုင္ဖ္ို႔ ျမန္မာအစိုးရနဲ႔ ညိွႏိႈင္းေနပါတယ္။ ျမန္မာဘက္ကေတာ့ ႐ိုဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို လက္မခံေပမယ့္လို႔ ဒုကၡသည္ေတြ ျပန္လက္ခံမယ္လို႔ေတာ့ ေျပာထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရိုဟင်ဂျာလေးသောင်းကျော် ပြန်ခေါ်ဖို့ ဘင်္ဂလားဒေ့ရှ်ကို ဆော်ဒီဖိအားပေး

ဘင်္ဂလားဒေ့ရှ်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ပြီး ဆော်ဒီအာရေးဗီးယားနိုင်ငံမှာ ရောက်ရှိနေတဲ့ ရိုဟင်ဂျာ ၄,၂၀၀၀ ကို ပြန်ခေါ်ဖို့ ဆော်ဒီအစိုးရကနေ ဘင်္ဂလားဒေ့ရှ်အစိုးရကို ဖိအားပေးနေပါတယ်။

ဆော်ဒီအာရေဗီးယားနိုင်ငံတွင်းမှာ အရင်ကတည်းက ရိုဟင်ဂျာအတော်များများရောက်နေပြီး သူတို့ထဲက အချို့ကို ဆော်ဒီက အမြဲတမ်းနေထိုင်ခွင့်ပေးထားပါတယ်။

အခု ရိုဟင်ဂျာ ၄၀,၀၀၀ ကျော် ပြန်ခေါ်ဖို့ကိစ္စကိုတော့ Abu Dhabi မှာလုပ်တဲ့ သံတမန်အစည်းအဝေး တခုအတွင်း ဆွေးနွေးပြောဆိုခဲ့တာလို့ သိရပါတယ်။ လာမယ့် ဖေဖဝါရီ ၁၂ ရက်မှာ လုပ်မယ့် ဆော်ဒီ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအစည်းအဝေးမှာ ဒီကိစ္စကို ထပ်မံဆွေးနွေးပြောဆိုဖို့ ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်သံတမန်အသိုင်းအဝိုင်းက ဗွီအိုအေ ဘင်္ဂလားဌာနကို ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာရှိနေတဲ့ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံကူးလက်မှတ်တွေနဲ့ လေကြောင်းကတဆင့် ဆော်ဒီအပါအဝင် အရှေ့အလယ်ပိုင်းနိုင်ငံတွေကို သွားရောက်တာတွေ ရှိနေတယ်လို့ ဆော်ဒီဘက်က ယူဆထားတဲ့အကြောင်းလည်း သံတမန်တွေက ပြောပါတယ်။

ဆော်ဒီမှာရှိနေတဲ့ ရိုဟင်ဂျာတွေကို ဆော်ဒီနိုင်ငံအနေနဲ့ မနှစ်တုန်းကလည်း နှစ်ကြိမ်ထက်မနည်း ဘင်္ဂလားဒေ့ရှ်ဘက်ကို ပြန်ပို့ခဲ့ဖူူးပါတယ်။

ဘင်္ဂလားဒေ့ရှ်က နယ်စပ်ဒုက္ခသည်စခန်းတွေမှာတော့ ရိုဟင်ဂျာ တသိန်းလောက်ရှိပြီး ဒီလူတွေကို မြန်မာပြည် ပြန်ပို့နိုင်ဖို့ မြန်မာအစိုးရနဲ့ ညှိနှိုင်းနေပါတယ်။ မြန်မာဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပေမယ့်လို့ ဒုက္ခသည်တွေ ပြန်လက်ခံမယ်လို့တော့ ပြောထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG