သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စခန္းတြင္း ႐ိုဟင္ဂ်ာခရစ္ယာန္ေတြ အၾကမ္းဖက္တိုက္ခိုက္ခံရ 


Kutupalong ဒုကၡသည္စခန္းမွ ရိုဟင္ဂ်ာမ်ား

(Zawgyi/ Unicode)

ဘဂၤလားေဒ့ရွ္ႏိုင္ငံ Kutupalong ဒုကၡသည္စခန္းမွာ တနဂၤေႏြေန႔ညက ခရစ္ယာန္ဘာသာ၀င္ေတြက အၾကမ္းဖက္ အတုိက္ခိုက္ ခံရတာ ေၾကာင့္ လူ ၁၂ေယာက္ ေဆးရံုတက္ေနရေၾကာင္း ရိုဟင္ဂ်ာ ခရစ္ယာန္ ဒုကၡသည္မ်ားဆိုင္ရာ ေကာ္မတီအဖဲြ႔က တာ၀န္ရိွသူက ေျပာပါတယ္။ ဒီတုိက္ခိုက္မႈမွာ ေနအိမ္ေတြနဲ႔ ဘုရားေက်ာင္းကိုလည္း ဖ်က္ဆီးခံရတယ္လုိ႔ ေျပာပါတယ္။ ဒီသတင္းကိုေတာ့ ဗီြအိုေအျမန္မာပိုင္းရဲ့သတင္းေထာက္ ကိုမုိးေဇာ္က တင္ျပထားပါတယ္။

ဘဂၤလားေဒ့ရွ္ႏိုင္ငံ Cox’s Bazaar ခရိုင္မွာ တည္ရိွတဲ့ Kutupalong စခန္းဟာ ျမန္မာႏိုင္ငံ ရခုိင္ျပည္ေျမာက္ပိုင္းကတိမ္းေရွာင္သြားတဲ့ ရိုဟင္ဂ်ာ ဒုကၡသည္ေတြ ေနထိုင္ေနတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ တနဂၤေႏြေန႔ ည ၁၂ေလာက္မွာေတာ့ ဒုကသည္စခန္းအတြင္းက ခရစ္ယာန္လူနည္းစုေတြ တိုက္ခုိက္ခံရေၾကာင္းဒီစခန္းနဲ႔ အဆက္အသြယ္ရိွတဲ့ အိႏိၵယႏိုင္ငံ နယူးေဒလီၿမိဳ႔ အေျခစိုက္ ရိုဟင္ဂ်ာ ခရစ္ယာန္ ဒုကၡသည္မ်ားဆုိင္ရာ ေကာ္မတီရဲ့ တာ၀န္ခံ ဆိုနာမီယာက ေျပာပါတယ္။

“ ဒီရိုဟင္ဂ်ာခရစ္ယာန္ေတြက သူတုိ႔ ARSA အၾကမ္းဖက္သမားေတြက ညမွာ ညသန္းေခါင္မွာလာၿပီးသူတုိ႔ အိမ္ေတြ မီးရိႈ႔တယ္၊ ေနာက္ၿပီးမွ ခရစ္ယာန္ရဲ့ဘုရားေက်ာင္းတစ္ခုက ဖ်က္ပစ္လိုက္တယ္။ ဓါးနဲ႔ ခုတ္လိုက္တာေပါ့ေနာ္။ ေနာက္ ေသနတ္နဲ႔ ၉ခ်က္ သူတုိ႔က ေသနတ္နဲ႔ပစ္လုိက္တယ္။ အဲဒီမွာ လူေတာ္ေတာ္မ်ားမ်ား ဒဏ္ရျဖစ္သြားတယ္။ ဘဂၤလားေဒ့ရွ္မွာ Hospital မွာ လူ၁၂ေယာက္ေလာက္ ေဆးကုသေနတယ္။ ၁၂ေယာက္က ေသမလား ရွင္မလား ေျပာလို႔ မရဘူး အခုထက္ထိ ေဆးကုသေနတုန္းပဲ။ က်ေနာ္မွာ ဓါတ္ပံုေတြဘာေတြ အားလံုးရိွတယ္။ video ေတြလည္း ရိွတယ္။ ”

Cox’s Bazar ခရိုင္က အမည္မေဖာ္လိုတဲ့ ေဒသခံတစ္ေယာက္ကေတာ့ မေန႔ညက တုိက္ခုိက္မႈကို ARSA အဖဲြ႔ေတြက ေဆာင္ရြက္တာျဖစ္ေၾကာင္း၊ ေလာေလာဆည္ လူ၈ေယာက္ ေဆးရံုတက္ေနရေၾကာင္းနဲ႔ ခရစ္ယာန္ဘာသာ၀င္ေတြပိုင္ဆုိင္တဲ့ အဖိုးတန္ပစၥည္းေတြနဲ ကြန္ျပဴတာေတြကိုလည္း လုယက္သြားေၾကာင္း ေျပာပါတယ္။

Kutupalong ဒုကၡသည္စခန္းမွာေနထိုင္ေနသူ တစ္ဦးကို ဆက္သြယ္ေမးျမန္းရာမွာေတာ့ ဒီသတင္းကို သူမၾကားသိရေၾကာင္းနဲ႔ စခန္းမွာ ခရစ္ယာန္ေတြ မရိွေၾကာင္း အခုလုိ ေျပာပါတယ္။

“က်ေနာ္ကေတာ့ အခုထိ သတင္းေတာ့ မရေသးဘူး အကိုၾကီး။ ဒုကၡသည္ မြတ္ဆလင္လက္ထဲမွာ ခရစ္ယာန္မရိွဘူး အကိုၾကီး။ ”

မေန႔ညက ျဖစ္ပြားတဲ့ တုိက္ခုိက္မႈဟာ ARSA အဖဲြ႔ေတြက တုိက္ခုိက္တာျဖစ္ေၾကာင္းကိုေတာ့ သီးျခားအတည္ျပဳခ်က္ မရေသးပါဘူး။ ဒါကာၿမိဳ႔က ဘဂၤလားေဒ့ရ္ွႏိုင္ငံဆုိင္ရာ ျမန္မာသံရံုးကို ဆက္သြယ္ေမးျမန္းရာမွာလည္း ဖုန္းလက္ခံေျဖဆိုတာ မရိွခဲ့ပါဘူး။

ကုသမဂၢအတြင္းေရးမႈးခ်ဳပ္ရဲ့ အထူးကိုယ္စားလွယ္ မစၥယန္ဟီးလီ ဟာ Kutupalong ဒုကၡသည္စခန္းကို သြားေရာက္ခဲ့ၿပီးတဲ့ ေနာက္ ဒီလ ၂၃ ရက္ ေန႔ ဒါကာ ၿမို႕မွာ က်င္းပတဲ့ သတင္းစာ ရွင္းလင္းပြဲမွာ ေတာ့ စခန္းမွာ ရိွတဲ့ ခရစ္ယာန္လူနည္းစုေတြဟာ အခက္အခဲနဲ႔ ၾကံဳေတြ႔ေနရတယ္လုိ႔ ေျပာဆုိထားပါတယ္။

“ ဒုကၡသည္စခန္းမွာ ရိုဟင္ဂ်ာခရစ္ယာန္ေတြကိုလည္း က်မ ေတြ႔ခဲ့ပါတယ္။ သူတို႔ရဲ့ အေနအထားကအခက္ခဲဆံုးအေျခအေနမွာရိွပါတယ္။ ရခိုင္မွာတုန္းက ျမန္မာအစိုးရရဲ႕ ဘာသာေရးဖိႏွိမ္မႈကို ခံၾကရသလို အခုအခါမွာေတာ့ စခန္းတြင္းမွာ အတူေနသူေတြရဲ့ အၾကမ္းဖက္မႈကို ခံေနရတယ္လုိ႔ သူတုိ႔က ေျပာပါတယ္။ ”

ရိုဟင္ဂ်ာ ခရစ္ယာန္ ဒုကၡသည္မ်ားဆိုင္ရာ ေကာ္မတီက အဲဒီေန႔မွာ ထုတ္ျပန္ခ်က္မွာေတာ့ မစၥယန္ဟီးလီနဲ႔အဖဲြ႔က သူတုိ႔ေတြကို လာေရာက္ေတြ႔ဆံုၿပီး သူတို႔အခက္အခဲေတြကို နားလည္တဲ့အတြက္ ေက်းဇူးတင္ရိွေၾကာင္း ထုတ္ျပန္ထားပါတယ္။

ရခုိင္ျပည္နယ္မွာ၂၀၁၇ခုႏွစ္က ျဖစ္ပြားခဲ့တဲ့ ARSAအဖဲြ႔ရဲ႕ တုိက္ခုိက္မႈေတြကို အစိုးရတပ္မေတာ္က ႏွိပ္နင္းခဲ့တဲ့ေနာက္ ရိုဟင္ဂ်ာဒုကၡသည္ ၇သိန္းေလာက္ဟာ ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ကို ထြက္ေျပးသြားခဲ့ပါတယ္။ သူတို႔ေတြကို ျပန္လည္လက္ခံဖို႔ ႏိုင္ငံတကာက တိုက္တြန္းခဲ့ခ်ိန္မွာ ျမန္မာအစိုးရက စိစစ္လက္ခံမွာျဖစ္ေၾကာင္း တံု႔ျပန္ခဲ့ေပမဲ့ ရိုဟင္ဂ်ာဆိုတဲ့အမည္ကိုေတာ့ အသိအမွတ္ မျပဳပါဘူး။

တိုက္႐ိုက္ လင့္ခ္


.....................

စခန်းတွင်း ရိုဟင်ဂျာခရစ်ယာန်တွေအကြမ်းဖက်တိုက်ခိုက်ခံရ

(Unicode)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Kutupalong ဒုက္ခသည်စခန်းမှာ တနင်္ဂနွေနေ့ညက ခရစ်ယာန်ဘာသာဝင်တွေက အကြမ်းဖက် အတိုက်ခိုက် ခံရတာ ကြောင့် လူ ၁၂ယောက် ဆေးရုံတက်နေရကြောင်း ရိုဟင်ဂျာ ခရစ်ယာန် ဒုက္ခသည်များဆိုင်ရာ ကော်မတီအဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။ ဒီတိုက်ခိုက်မှုမှာ နေအိမ်တွေနဲ့ ဘုရားကျောင်းကိုလည်း ဖျက်ဆီးခံရတယ်လို့ ပြောပါတယ်။ ဒီသတင်းကိုတော့ ဗီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazaar ခရိုင်မှာ တည်ရှိတဲ့ Kutupalong စခန်းဟာ မြန်မာနိုင်ငံ ရခိုင်ပြည်မြောက်ပိုင်းကတိမ်းရှောင်သွားတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ နေထိုင်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ည ၁၂လောက်မှာတော့ ဒုကသည်စခန်းအတွင်းက ခရစ်ယာန်လူနည်းစုတွေ တိုက်ခိုက်ခံရကြောင်းဒီစခန်းနဲ့ အဆက်အသွယ်ရှိတဲ့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ အခြေစိုက် ရိုဟင်ဂျာ ခရစ်ယာန် ဒုက္ခသည်များဆိုင်ရာ ကော်မတီရဲ့ တာဝန်ခံ ဆိုနာမီယာက ပြောပါတယ်။

“ ဒီရိုဟင်ဂျာခရစ်ယာန်တွေက သူတို့ ARSA အကြမ်းဖက်သမားတွေက ညမှာ ညသန်းခေါင်မှာလာပြီးသူတို့ အိမ်တွေ မီးရှို့တယ်၊ နောက်ပြီးမှ ခရစ်ယာန်ရဲ့ဘုရားကျောင်းတစ်ခုက ဖျက်ပစ်လိုက်တယ်။ ဓါးနဲ့ ခုတ်လိုက်တာပေါ့နော်။ နောက် သေနတ်နဲ့ ၉ချက် သူတို့က သေနတ်နဲ့ပစ်လိုက်တယ်။ အဲဒီမှာ လူတော်တော်များများ ဒဏ်ရဖြစ်သွားတယ်။ ဘင်္ဂလားဒေ့ရှ်မှာ Hospital မှာ လူ၁၂ယောက်လောက် ဆေးကုသနေတယ်။ ၁၂ယောက်က သေမလား ရှင်မလား ပြောလို့ မရဘူး အခုထက်ထိ ဆေးကုသနေတုန်းပဲ။ ကျနော်မှာ ဓါတ်ပုံတွေဘာတွေ အားလုံးရှိတယ်။ video တွေလည်း ရှိတယ်။ ”

Cox’s Bazar ခရိုင်က အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်ကတော့ မနေ့ညက တိုက်ခိုက်မှုကို ARSA အဖွဲ့တွေက ဆောင်ရွက်တာဖြစ်ကြောင်း၊ လောလောဆည် လူ၈ယောက် ဆေးရုံတက်နေရကြောင်းနဲ့ ခရစ်ယာန်ဘာသာဝင်တွေပိုင်ဆိုင်တဲ့ အဖိုးတန်ပစ္စည်းတွေနဲ ကွန်ပြူတာတွေကိုလည်း လုယက်သွားကြောင်း ပြောပါတယ်။

Kutupalong ဒုက္ခသည်စခန်းမှာနေထိုင်နေသူ တစ်ဦးကို ဆက်သွယ်မေးမြန်းရာမှာတော့ ဒီသတင်းကို သူမကြားသိရကြောင်းနဲ့ စခန်းမှာ ခရစ်ယာန်တွေ မရှိကြောင်း အခုလို ပြောပါတယ်။

“ကျနော်ကတော့ အခုထိ သတင်းတော့ မရသေးဘူး အကိုကြီး။ ဒုက္ခသည် မွတ်ဆလင်လက်ထဲမှာ ခရစ်ယာန်မရှိဘူး အကိုကြီး။ ”

မနေ့ညက ဖြစ်ပွားတဲ့ တိုက်ခိုက်မှုဟာ ARSA အဖွဲ့တွေက တိုက်ခိုက်တာဖြစ်ကြောင်းကိုတော့ သီးခြားအတည်ပြုချက် မရသေးပါဘူး။ ဒါကာမြို့က ဘင်္ဂလားဒေ့ရ်ှနိုင်ငံဆိုင်ရာ မြန်မာသံရုံးကို ဆက်သွယ်မေးမြန်းရာမှာလည်း ဖုန်းလက်ခံဖြေဆိုတာ မရှိခဲ့ပါဘူး။

ကုသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ ဟာ Kutupalong ဒုက္ခသည်စခန်းကို သွားရောက်ခဲ့ပြီးတဲ့ နောက် ဒီလ ၂၃ ရက် နေ့ ဒါကာ မြို့မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ တော့ စခန်းမှာ ရှိတဲ့ ခရစ်ယာန်လူနည်းစုတွေဟာ အခက်အခဲနဲ့ ကြုံတွေ့နေရတယ်လို့ ပြောဆိုထားပါတယ်။

“ ဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာခရစ်ယာန်တွေကိုလည်း ကျမ တွေ့ခဲ့ပါတယ်။ သူတို့ရဲ့ အနေအထားကအခက်ခဲဆုံးအခြေအနေမှာရှိပါတယ်။ ရခိုင်မှာတုန်းက မြန်မာအစိုးရရဲ့ ဘာသာရေးဖိနှိမ်မှုကို ခံကြရသလို အခုအခါမှာတော့ စခန်းတွင်းမှာ အတူနေသူတွေရဲ့ အကြမ်းဖက်မှုကို ခံနေရတယ်လို့ သူတို့က ပြောပါတယ်။ ”

ရိုဟင်ဂျာ ခရစ်ယာန် ဒုက္ခသည်များဆိုင်ရာ ကော်မတီက အဲဒီနေ့မှာ ထုတ်ပြန်ချက်မှာတော့ မစ္စယန်ဟီးလီနဲ့အဖွဲ့က သူတို့တွေကို လာရောက်တွေ့ဆုံပြီး သူတို့အခက်အခဲတွေကို နားလည်တဲ့အတွက် ကျေးဇူးတင်ရှိကြောင်း ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်မှာ၂၀၁၇ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ARSAအဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကို အစိုးရတပ်မတော်က နှိပ်နင်းခဲ့တဲ့နောက် ရိုဟင်ဂျာဒုက္ခသည် ၇သိန်းလောက်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားခဲ့ပါတယ်။ သူတို့တွေကို ပြန်လည်လက်ခံဖို့ နိုင်ငံတကာက တိုက်တွန်းခဲ့ချိန်မှာ မြန်မာအစိုးရက စိစစ်လက်ခံမှာဖြစ်ကြောင်း တုံ့ပြန်ခဲ့ပေမဲ့ ရိုဟင်ဂျာဆိုတဲ့အမည်ကိုတော့ အသိအမှတ် မပြုပါဘူး။

XS
SM
MD
LG