သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ICJ ဆုံးဖြတ်ချက်ကြောင့် ဘင်္ဂလားရောက် ဒုက္ခသည်တွေ အားတက်


ရိုဟင္ဂ်ာ ဒုကၡသည္မ်ား ICJ ထုတ္လႊင့္မႈကို ၾကည့္ရႈေနစဥ္ (ဓါတ္ပံု- Azad Mohamed for VOA )

(Unicode/Zawgyi)

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုလုပ်ရပ်တွေ ဆက်ပြီး မဖြစ်အောင် တားဆီးရေး ကြားဖြတ်လိုက်နာ ဆောင်ရွက်ရမယ့် အချက်တွေ ICJ တရားရုံးက ချမှတ်ခဲ့တဲ့အပေါ် ဘင်္ဂလားဒေရှ့်နိုင်ငံ ကုတုပလောင် ဒုက္ခသည်စခန်းထဲက ရိုဟင်ဂျာဒုက္ခသည်တွေ ကြိုဆိုနေကြပါတယ်။

ခုလိုဆုံးဖြတ်ချက်ကြောင့် မြန်မာနိုင်ငံကို မကြာခင်ပြန်နိုင်လိမ့်မယ်လို့ မျှော်လင့်နေကြောင်း ရိုဟင်ဂျာဒုက္ခသည် Azad Mohammed ကပြောပါတယ်။ ကြာသပတေးနေ့က ICJ တရားရုံးဆုံးဖြတ်ချက်ကို ဘယ်လိုစောင့်ကြည့်ခဲ့ကြသလဲလို့ Azad Mohammed ကို မစုမြတ်မွန်က မေးမြန်းတဲ့အခါ သူက ခုလိုစဖြေပါတယ်။

ရိုဟင္ဂ်ာ ဒုကၡသည္မ်ား ICJ ထုတ္လႊင့္မႈကို ၾကည့္ရႈေနစဥ္ (ဓါတ္ပံု- Azad Mohamed for VOA )
ရိုဟင္ဂ်ာ ဒုကၡသည္မ်ား ICJ ထုတ္လႊင့္မႈကို ၾကည့္ရႈေနစဥ္ (ဓါတ္ပံု- Azad Mohamed for VOA )

Azad Mohammed။ ။ အရင်တုန်းက ကျနော်တို့ အရမ်းကို စိုးရိမ်ပါတယ်။ ကုတုပလောင် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှာ လိုင်းမရလို့ ။ ဒါပေမယ့် ICJ အသံလွှင့်တဲ့အချိန်မှာ ကျနော်တို့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှာ လိုင်းမိပါတယ်။ အဲဒါကြောင့် ကျနော်တို့က လိုင်းဖုန်းကနေ တိုက်ရိုက်တဆင့် ကြည့်ရပါတယ်။ အဲဒါအတွက် အရမ်းကို ပျော်မိပါတယ်။

မစုမြတ်မွန်။ ။ စခန်းထဲကရော ကို Azad Mohammed နဲ့ အတူ ကြည့်ကြလား။ ကြည့်တဲ့သူတွေက သူတို့ တခြားစခန်းထဲမှာရှိတဲ့သူတွေရဲ့ တုံ့ပြန်ချက်ကရော ဘယ်လိုရှိသလဲရှင့်။

Azad Mohammed။ ။ ဟုတ် ကျနော်တို့ ကြည့်နေတဲ့အချိန်မှာ လူအများစုရုံးလာကြတယ်။ အဲဒီအချိန်မှာ လူတွေက အရမ်းကို ဝမ်းသာပါတယ်။ ထွက်လာတဲ့စကားလုံးတွေကိုလည်း ကျနော်တို့ မယုံတယုံဖြစ်နေပါတယ်။ ကျနော်တု့ိ ယုံကြည်တာက အမှန်တရားက ဖုံးကွယ်လို့ မရဘူး ဆိုတဲ့ စကားလုံးကို ကျနော်တို့ အရမ်းသတိရမိပါတယ်။

ရိုဟင္ဂ်ာ ဒုကၡသည္မ်ား ICJ ထုတ္လႊင့္မႈကို ၾကည့္ရႈေနစဥ္ (ဓါတ္ပံု- Azad Mohamed )
ရိုဟင္ဂ်ာ ဒုကၡသည္မ်ား ICJ ထုတ္လႊင့္မႈကို ၾကည့္ရႈေနစဥ္ (ဓါတ္ပံု- Azad Mohamed )

ICJ က ချမှတ်လိုက်တဲ့ ကြားဖြတ် အရေးပေါ်စီမံချက်တွေကို ဖတ်ရှုနိုင်ပါတယ်။

မစုမြတ်မွန်။ ။ သူတို့ ဆုံးဖြတ်ချက်ကို ဘယ်လိုနားလည်သဘောပေါက်လဲ။

Azad Mohammed။ ။ ICJ က မြန်မာအစိုးရကို တောင်းဆိုတဲ့အချက်အလက် ၄ ခုကို သိရပါတယ်။ အဲဒီ အချက် ၄ ချက်ကို သိရလို့ ကျနော်တို့က အရမ်း ဝမ်းသာအားရပါတယ်။ ပြီးတော့ ကျနော်တို့ ယုံကြည်တာက ကျနော်တို့ အချိန်အနည်းငယ်အတွင်းမှာ ကျနော်တို့ နိုင်ငံကို ကျနော်တို့ ပြန်နိုင်မယ်လို့ မျှော်လင့်နေပါတယ်။

မစုမြတ်မွန်။ ။ အဲဒီတော့ တရားရုံးဆုံးဖြတ်ချက် ၄ ချက် ကိုရော ဘယ်လိုနားလည်သလဲ။

Azad Mohammed။ ။ အဲဒီ ၄ ချက်လုံးကိုရော သဘောပေါက်လား။ ဟုတ် အဲဒီ ၄ ချက်လုံးကို ကျနော်တို့ သဘောပေါက်ပါတယ်။ အဲဒီ ၄ ချက်လုံးကို ကျနော်တု့ိ သိရလို့ ကျနော်တို့ အရမ်ပီတိဖြစ်ပါတယ်။

မစုမြတ်မွန်။ ။ ဟုတ်ကဲ့ အဲဒီ ၄ ချက်ထဲမှာ ဘယ်လိုအချက်တွေကို အဓိက အရင်လုပ်စေချင်သလဲ။

Azad Mohammed။ ။ အဲဒီ ၄ ချက်ထဲမှာ အဓိကတော့ ဦးစားပေးစေချင်တာက ဘာလဲဆိုတော့ မြန်မာအစိုးရ၊ စစ်တပ်နဲ့ တခြားလက်နက်ကိုင် တပ်ဖွဲ့တွေက Genocide ကျူးလွန်နေတဲ့အခြေအနေကို အမြန်ဆုံးရပ်တန့်ပေးဖို့က ကျနေ်ာတို့ အရမ်းလိုနေပါတယ်။

မစုမြတ်မွန်။ ။ ICJ တရားရုံးဆုံးဖြတ်ချက် သတ်မှတ်ချက်တွေပေါ့လေ အဲဒါတွေကြောင့်မို့လို့ ကို Azad အပါအဝင် စခန်းထဲမှာရှိနေတဲ့ လူတွေအားလုံး သူတို့ ဘယ်လိုမျှော်လင့်သလဲ ဘာတွေဖြစ်လာမယ်လို့ မျှော်လင့်ထားသလဲရှင့်။

Azad Mohammed။ ။ ICJ ရဲ့ ဆုံးဖြတ်ချက်အပေါ် ကျနော်တို့က ဒီ ဒုက္ခသည်စခန်းကနေ အမြန်ဆုံးထွက်နိုင်မယ်လို့ မျှော်လင့်နေပါတယ်။

ဘင်္ဂလားဒေရှ့်နိုင်ငံ ကုတုပလောင် ဒုက္ခသည်စခန်းထဲက ကို Azad Mohammed ကို မစုမြတ်မွန်က ဆက်သွယ်မေးမြန်းခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္


.....................

ICJ ဆံုးျဖတ္ခ်က္ေၾကာင္႔ ဘဂၤလားေရာက္ ဒုကၡသည္ေတြ အားတက္

(Zawgyi)

ျမန္မာႏိုင္ငံမွာ ႐ိုဟင္ဂ်ာမြတ္ဆလင္ေတြအေပၚ လူမ်ိဳးတုံးသတ္ျဖတ္မႈလုပ္ရပ္ေတြ ဆက္ၿပီး မျဖစ္ေအာင္ တားဆီးေရး ၾကားျဖတ္လိုက္နာ ေဆာင္႐ြက္ရမယ့္ အခ်က္ေတြ ICJ တရား႐ံုးက ခ်မွတ္ခဲ့တဲ့အေပၚ ဘဂၤလားေဒ႐ွ္႕ႏိုင္ငံ ကုတုပေလာင္ ဒုကၡသည္စခန္းထဲက ႐ိုဟင္ဂ်ာဒုကၡသည္ေတြ ႀကိဳဆိုေနၾကပါတယ္။ ခုလိုဆံုးျဖတ္ခ်က္ေၾကာင့္ ျမန္မာႏိုင္ငံကို မၾကာခင္ျပန္ႏုိင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ေနေၾကာင္း ႐ိုဟင္ဂ်ာဒုကၡသည္ Azad Mohammed ကေျပာပါတယ္။ ၾကာသပေတးေန႔က ICJ တရား႐ံုးဆုံးျဖတ္ခ်က္ကို ဘယ္လိုေစာင့္ၾကည့္ခဲ့ၾကသလဲလို႔ Azad Mohammed ကို မစုျမတ္မြန္က ေမးျမန္းတဲ့အခါ သူက ခုလိုစေျဖပါတယ္။

Azad Mohammed။ ။ အရင္တုန္းက က်ေနာ္တို႔ အရမ္းကို စိုးရိမ္ပါတယ္။ ကုတုပေလာင္ ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းမွာ လိုင္းမရလို႔ ။ ဒါေပမယ့္ ICJ အသံလႊင့္တဲ့အခ်ိန္မွာ က်ေနာ္တို႔ ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းမွာ လိုင္းမိပါတယ္။ အဲဒါေၾကာင့္ က်ေနာ္တို႔က လိုင္းဖုန္းကေန တိုက္ရိုက္တဆင့္ ၾကည့္ရပါတယ္။ အဲဒါအတြက္ အရမ္းကို ေပ်ာ္မိပါတယ္။

မစုျမတ္မြန္။ ။ စခန္းထဲကေရာ ကို Azad Mohammed နဲ႔ အတူ ၾကည့္ၾကလား။ ၾကည့္တဲ့သူေတြက သူတို႔ တျခားစခန္းထဲမွာရွိတဲ့သူေတြရဲ႕ တံု႔ျပန္ခ်က္ကေရာ ဘယ္လိုရွိသလဲရွင့္။

Azad Mohammed။ ။ ဟုတ္ က်ေနာ္တို႔ ၾကည့္ေနတဲ့အခ်ိန္မွာ လူအမ်ားစုရံုးလာၾကတယ္။ အဲဒီအခ်ိန္မွာ လူေတြက အရမ္းကို ၀မ္းသာပါတယ္။ ထြက္လာတဲ့စကားလံုးေတြကိုလည္း က်ေနာ္တို႔ မယံုတယံုျဖစ္ေနပါတယ္။ က်ေနာ္တု႔ိ ယံုၾကည္တာက အမွန္တရားက ဖံုးကြယ္လို႔ မရဘူး ဆိုတဲ့ စကားလံုးကို က်ေနာ္တုိ႔ အရမ္းသတိရမိပါတယ္။

ICJ က ခ်မွတ္လိုက္တဲ့ ၾကားျဖတ္ အေရးေပၚစီမံခ်က္ေတြကို ဖတ္႐ႈႏုိင္ပါတယ္။

မစုျမတ္မြန္။ ။ သူတို႔ ဆံုးျဖတ္ခ်က္ကို ဘယ္လိုနားလည္သေဘာေပါက္လဲ။

Azad Mohammed။ ။ ICJ က ျမန္မာအစိုးရကို ေတာင္းဆုိတဲ့အခ်က္အလက္ ၄ ခုကို သိရပါတယ္။ အဲဒီ အခ်က္ ၄ ခ်က္ကို သိရလို႔ က်ေနာ္တုိ႔က အရမ္း ၀မ္းသာအားရပါတယ္။ ၿပီးေတာ့ က်ေနာ္တို႔ ယံုၾကည္တာက က်ေနာ္တို႔ အခ်ိန္အနည္းငယ္အတြင္းမွာ က်ေနာ္တို႔ ႏိုင္ငံကို က်ေနာ္တို႔ ျပန္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနပါတယ္။

မစုျမတ္မြန္။ ။ အဲဒီေတာ့ တရားရံုးဆံုးျဖတ္ခ်က္ ၄ ခ်က္ ကိုေရာ ဘယ္လိုနားလည္သလဲ။

Azad Mohammed။ ။ အဲဒီ ၄ ခ်က္လံုးကိုေရာ သေဘာေပါက္လား။ ဟုတ္ အဲဒီ ၄ ခ်က္လံုးကို က်ေနာ္တို႔ သေဘာေပါက္ပါတယ္။ အဲဒီ ၄ ခ်က္လံုးကို က်ေနာ္တု႔ိ သိရလို႔ က်ေနာ္တို႔ အရမ္ပီတိျဖစ္ပါတယ္။

မစုျမတ္မြန္။ ။ ဟုတ္ကဲ့ အဲဒီ ၄ ခ်က္ထဲမွာ ဘယ္လိုအခ်က္ေတြကို အဓိက အရင္လုပ္ေစခ်င္သလဲ။

Azad Mohammed။ ။ အဲဒီ ၄ ခ်က္ထဲမွာ အဓိကေတာ့ ဦးစားေပးေစခ်င္တာက ဘာလဲဆိုေတာ့ ျမန္မာအစိုးရ၊ စစ္တပ္နဲ႔ တျခားလက္နက္ကိုင္ တပ္ဖြဲ႔ေတြက Genocide က်ဴးလြန္ေနတဲ့အေျခအေနကို အျမန္ဆံုးရပ္တန္႔ေပးဖို႔က က်ေန္ာတို႔ အရမ္းလိုေနပါတယ္။

မစုျမတ္မြန္။ ။ ICJ တရားရံုးဆံုးျဖတ္ခ်က္ သတ္မွတ္ခ်က္ေတြေပါ့ေလ အဲဒါေတြေၾကာင့္မို႔လို႔ ကို Azad အပါအ၀င္ စခန္းထဲမွာရွိေနတဲ့ လူေတြအားလံုး သူတို႔ ဘယ္လိုေမွ်ာ္လင့္သလဲ ဘာေတြျဖစ္လာမယ္လို႔ ေမွ်ာ္လင့္ထားသလဲရွင့္။

Azad Mohammed။ ။ ICJ ရဲ႕ ဆံုးျဖတ္ခ်က္အေပၚ က်ေနာ္တို႔က ဒီ ဒုကၡသည္စခန္းကေန အျမန္ဆံုးထြက္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနပါတယ္။

ဘဂၤလားေဒ႐ွ္႕ႏိုင္ငံ ကုတုပေလာင္ ဒုကၡသည္စခန္းထဲက ကို Azad Mohammed ကို မစုျမတ္မြန္က ဆက္သြယ္ေမးျမန္းခဲ့တာပါ။

XS
SM
MD
LG