ICJ ဆုံးဖြတ်ချက် ကုလအတွင်းရေးမှူးချုပ် ကြိုဆို
(Unicode/Zawgyi)
မြန်မာနိုင်ငံက လိုက်နာလုပ်ဆောင်ရမယ့် “ကြားဖြတ် အရေးပေါ်စီမံချက်” လေးခုကို နိုင်ငံတကာတရားခုံရုံး (ICJ) က ချမှတ်လိုက် တဲ့အပေါ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က ကြိုဆိုလိုက်ပါတယ်။
“လူမျိုးတုံးသတ်ဖြတ်မှု တားဆီးကာကွယ်ရေးဆိုင်ရာ သဘောတူစာချုပ် Genocide Convention ကို ချိုးဖောက်တယ်လို့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို စွပ်စွဲထားတဲ့အမှုမှာ “ကြားဖြတ် အရေးပေါ်စီမံချက်” တွေ လုပ်ဆောင်ဖို့ နိုင်ငံတကာတရားခုံရုံးရဲ့ အမိန့်ကို အတွင်းရေးမှူးချုပ်က ကြိုဆိုပါတယ်။ နိုင်ငံတကာ အငြင်းပွားမှုတွေကို ဖြေရှင်းဖို့ ငြိမ်းချမ်းတဲ့နည်းလမ်းတွေ အသုံးပြု တာကို အတွင်းရေးမှူးချုပ်က အခိုင်အမာ ထောက်ခံပါတယ်။ ကုလသမဂ္ဂပဋိညာဉ်စာတမ်းနဲ့ တရားရုံးရဲ့ပြဌာန်းဥပဒေတွေအရ တရားရုံးရဲ့ဆုံးဖြတ်ချက်ကို မဖြစ်မနေ လိုက်နာလုပ်ဆောင်ရမှာဖြစ်ပြီး တရားရုံးအမိန့်ကို မြန်မာနိုင်ငံက အပြည့်အဝ လိုက်နာ မယ်လို့ အတွင်းရေးမှူးချုပ််က ယုံကြည်ပါတယ်။ တရားရုံးက အမိန့်ချမှတ်ထားတဲ့ “ကြားဖြတ် အရေးပေါ်စီမံချက်” တွေကို တရားရုံးရဲ့ပြဌာန်းဥပဒေအရ အတွင်းရေးမှူးချုပ်အနေနဲ့ လုံခြုံရေးကောင်စီထံ ချက်ခြင်းပေးပို့မှာဖြစ်ပါတယ်” လို့ အတွင်းရေးမှူး ချုပ်ရဲ့ ဒုတိယပြောခွင့်ရပုဂ္ဂိုလ် Farhan Haq က ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။
ICJ က ချမှတ်လိုက်တဲ့ ကြားဖြတ် အရေးပေါ်စီမံချက်တွေကို ဖတ်ရှုနိုင်ပါတယ်။
တရားရုံးရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ကြာသပတေးနေ့နှောင်းပိုင်းမှာ ထုတ်ပြန်ချက်တခု ထွက်လာဖို့ မျှော်လင့်ထားတယ်လို့ လည်း Farhan Haq က ပြောပါတယ်။
------------------------------------
(Zawgyi)
ICJ ဆံုးျဖတ္ခ်က္ ကုလအတြင္းေရးမွဴးခ်ဳပ္ ႀကိဳဆို
ျမန္မာႏုိင္ငံက လိုက္နာလုပ္ေဆာင္ရမယ့္ “ၾကားျဖတ္ အေရးေပၚစီမံခ်က္” ေလးခုကုိ ႏုိင္ငံတကာတရားခံု႐ံုး (ICJ) က ခ်မွတ္လိုက္ တဲ့အေပၚ ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ Antonio Guterres က ႀကိဳဆိုလိုက္ပါတယ္။
“လူမ်ဳိးတံုးသတ္ျဖတ္မႈ တားဆီးကာကြယ္ေရးဆိုင္ရာ သေဘာတူစာခ်ဳပ္ Genocide Convention ကို ခ်ဳိးေဖာက္တယ္လုိ႔ ဂမ္ဘီယာႏိုင္ငံက ျမန္မာႏုိင္ငံကို စြပ္စြဲထားတဲ့အမႈမွာ “ၾကားျဖတ္ အေရးေပၚစီမံခ်က္” ေတြ လုပ္ေဆာင္ဖို႔ ႏုိင္ငံတကာတရားခံု႐ံုးရဲ႕ အမိန္႔ကို အတြင္းေရးမွဴးခ်ဳပ္က ႀကိဳဆိုပါတယ္။ ႏုိင္ငံတကာ အျငင္းပြားမႈေတြကို ေျဖရွင္းဖုိ႔ ၿငိမ္းခ်မ္းတဲ့နည္းလမ္းေတြ အသံုးျပဳ တာကို အတြင္းေရးမွဴးခ်ဳပ္က အခုိင္အမာ ေထာက္ခံပါတယ္။ ကုလသမဂၢပဋိညာဥ္စာတမ္းနဲ႔ တရား႐ံုးရဲ႕ျပဌာန္းဥပေဒေတြအရ တရား႐ံုးရဲ႕ဆံုးျဖတ္ခ်က္ကို မျဖစ္မေန လိုက္နာလုပ္ေဆာင္ရမွာျဖစ္ၿပီး တရား႐ံုးအမိန္႔ကို ျမန္မာႏုိင္ငံက အျပည့္အဝ လိုက္နာ မယ္လို႔ အတြင္းေရးမွဴးခ်ဳပ္္က ယံုၾကည္ပါတယ္။ တရား႐ံုးက အမိန္႔ခ်မွတ္ထားတဲ့ “ၾကားျဖတ္ အေရးေပၚစီမံခ်က္” ေတြကိုတရား႐ံုးရဲ႕ျပဌာန္းဥပေဒအရ အတြင္းေရးမွဴးခ်ဳပ္အေနနဲ႔ လံုျခံဳေရးေကာင္စီထံ ခ်က္ျခင္းေပးပို႔မွာျဖစ္ပါတယ္” လို႔ အတြင္းေရးမွဴး ခ်ဳပ္ရဲ႕ ဒုတိယေျပာခြင့္ရပုဂၢိဳလ္ Farhan Haq က ၾကာသပေတးေန႔ သတင္းစာရွင္းလင္းပြဲအတြင္း ေျပာသြားပါတယ္။
ICJ က ခ်မွတ္လိုက္တဲ့ ၾကားျဖတ္ အေရးေပၚစီမံခ်က္ေတြကို ဖတ္႐ႈႏုိင္ပါတယ္။
တရား႐ံုးရဲ႕ဆံုးျဖတ္ခ်က္နဲ႔ပတ္သက္ၿပီး ၾကာသပေတးေန႔ေႏွာင္းပိုင္းမွာ ထုတ္ျပန္ခ်က္တခု ထြက္လာဖို႔ ေမွ်ာ္လင့္ထားတယ္လို႔ လည္း Farhan Haq က ေျပာပါတယ္။