သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ICJ ဆုံးဖြတ်ချက်အပေါ် ဥပဒေပညာရှင် Michael Becker အမြင်


ICJ ဆုံးဖြတ်ချက်အပေါ် ဥပဒေပညာရှင် Michael Becker အမြင်
please wait

No media source currently available

0:00 0:07:20 0:00

ICJ နိုင်ငံတကာ တရားရုံးက ကြားဖြတ်အရေးယူ စီမံဆောင်ရွက်ချက်တွေ အမိန့် ချမှတ်လိုက်တာကို ကြည့်ရင် တရားရုံး စီရင်ပိုင်ခွင့်အပေါ် မြန်မာရဲ့ကန့်ကွက်ချက် ရှေ့ဆက် အောင်မြင်မှာ မဟုတ်ဘူးဆိုတာ အခိုင်အမာပြသလိုက်တာဖြစ်တယ်လို့ နိုင်ငံတကာ ဥပဒေပညာရှင် Michael Becker ကသုံးသပ်ပါတယ်။ Michael Becker ဟာ ICJ နိုင်ငံတကာတရားရုံးမှာ ၂၀၁၀- ၂၀၁၄ခုနှစ်ထိ လက်ထောက် ဥပဒေအရာရှိအဖြစ် လေးနှစ်ကြာလုပ်ခဲ့သူဖြစ်ပြီး၊ မြန်မာကို အခြားနိုင်ငံတနိုင်ငံက လူမျိုးတုံး သတ်ဖြတ်မှု ဆိုင်ရာ သဘောတူစာချုပ်နဲ့ပတ်သက်ပြီး ICJ တရားရုံးမှာ အမှုဖွင့်တရားစွဲနိုင်တဲ့ အလားအလာဆိုတဲ့ ခေါင်းစဉ်နဲ့ စာတမ်းကို ၂၀၁၈ ခုနှစ်က ရေးသားပြုစုခဲ့သူလည်းဖြစ်ပါတယ်။ အခုလက်ရှိ အိုင်ယာလန်နိုင်ငံ Durblin က Trinity ကောလိပ် ဥပဒေဘာသာရပ်ဌာန လက်ထောက်ပါမောက္ခဖြစ်တဲ့ Mr. Becker နဲ့ မအင်ကြင်းနိုင်က Skype ကနေ သီးသန့် ဆက်သွယ်မေးမြန်းထားပါတယ်။

XS
SM
MD
LG