သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ၾကားျဖတ္ လုပ္ေဆာင္ခ်က္ အမိန႔္အေပၚ ICJ ဒု-ဥကၠဌရဲ႕သီးျခား သေဘာထား


ICJ ႏိုင္ငံတကာတရား႐ံုးရဲ႕ ဒုဥကၠ႒ Xue Hanqin (ICJ)

(Zawgyi / Unicode)

ျမန္မာႏိုင္ငံမွာ ႐ိုဟင္ဂ်ာေတြအေပၚ လူမ်ဳိးတုန္းသတ္ျဖတ္တဲ့ အေျခအေန မေရာက္ေအာင္ တားဆီးေရး ၾကားျဖတ္ေဆာင္႐ြက္ခ်က္ေတြကို ICJ ႏိုင္ငံတကာတရား႐ံုးက ခ်မွတ္ခဲ့ၿပီးေနာက္ တရား႐ံုးရဲ႕ ဒုဥကၠ႒ Xue Hanqin ကသူ႔ရဲ႕သီးျခားသေဘာထားကို ထုတ္ျပန္ခဲ့ပါတယ္။

ၾကားျဖတ္ေဆာင္႐ြက္ခ်က္ အမိန္႔ခ်ဖုိ႔ သူေထာက္ခံခဲ့ေပမဲ့ ဘာေၾကာင့္ခ်ဖို႔လိုတယ္ဆိုတဲ့ အေၾကာင္းအရင္းတခ်ဳိ႕အေပၚမွာေတာ့ သူ သိပ္ သေဘာမတူဘူးဆိုတာကို ႐ွင္းျပထားတာျဖစ္ပါတယ္။

အဓိကအားျဖင့္ ျမန္မာႏိုင္ငံမွာ တိုင္းရင္းသားလူနည္းစုေတြအေပၚ ဆိုးဝါးတဲ့ လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈေတြ ႐ွိတာမွန္ေပမဲ့ လူူမ်ဳိးတုံးသတ္ျဖတ္တဲ့အဆင့္မဟုတ္ဘူးလို႔ သူကေျပာပါတယ္။ တရားစြဲတဲ့ Gambia ႏိုင္ငံအေနနဲ႔ တရားစြဲႏိုင္ခြင့္႐ွိတယ္ဆိုတာကို Belgium နဲ႔ Senegal အမႈကို နမူနာယူၿပီး တရား႐ံုးက ဆံုးျဖတ္ခဲ့တာကို သူသေဘာမတူတာကိုလည္း ေၾကညာခ်က္ထဲမွာ ႐ွင္းထားပါတယ္။

ခုလို သူ႔ဘက္က သေဘာမတူတဲ့ကိစၥေတြကို အျပင္ ဆံုးျဖတ္ခ်က္ခ်ဖို႔ ဘာေၾကာင့္ ေထာက္ခံခဲ့သလဲဆိုတာကိုလည္း အခ်က္ ၃ ခ်က္နဲ႔ ႐ွင္းထားပါတယ္။ ကုလသမဂၢအခ်က္အလက္႐ွာေဖြေရး FFM အဖဲြ႔ရဲ႕ အစီရင္ခံထဲမွာ ေဖာ္ျပထားတဲ့ လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈ စြပ္စဲြခ်က္ေတြရဲ႕ ေလးနက္မႈနဲ႕ အတုိင္းအတာကို ICJ တရား႐ံုးက လွစ္လ်ဴ႐ႈလို႔ မရတာေၾကာင့္ ျမန္မာႏိုင္ငံအေနနဲ႔ လိုက္နာရမယ့္ တာဝန္ေတြကို အေသအခ်ာ လိုက္နာေအာင္ သူ႔အေနနဲ႔ ၾကားျဖတ္ေဆာင္႐ြက္မႈေတြလုပ္ဖုိ႔ ေထာက္ခံတာျဖစ္တယ္။

ေနာက္တခ်က္က ရခိုင္ျပည္နယ္ထဲက နယ္ေျမ႐ွင္းလင္းမႈေတြမွာ အင္အားအလြန္အကၽြံသံုးတာ၊ လူအခြင့္အေရးခ်ဳိးေဖာက္တာေတြ ႐ွိတယ္ဆုိတာ တရား႐ံုးၾကားနာပြဲမွာ ျမန္မာဘက္က အသိအမွတ္ျပဳ ေျပာခဲ့တာလည္း႐ွိခဲ့တယ္။ ရခိုင္ျပည္နယ္မွာ ေနာက္ထပ္ လက္နက္ကိုင္ပဋိပကၡေတြ ထပ္ျဖစ္ႏုိင္တယ္။ ဒါေၾကာင့္ ျဖစ္ခဲ့ရင္ Provisional measure ေတြနဲ႔ ထိန္းလို႔ရေအာင္ သူသေဘာတူရတာျဖစ္တယ္လို႔ ေျပာပါတယ္။ သူသေဘာတူရတဲ့ တတိယအခ်က္ကေတာ့ လက္႐ွိမွာ ႐ိုဟင္ဂ်ာေတြဟာ အကာအကြယ္မဲ့တဲ့ အေျခအေနမွာ ႐ွိေနဆဲျဖစ္တယ္။

၇ သိန္းေက်ာ္ေလာက္ အိုးအိမ္ပစ္စြန္႔ခြာခဲ့ၾကရတာေၾကာင့္ ၾကားျဖတ္ေဆာင္႐ြက္ခ်က္ေတြကို ICJ ႏိုင္ငံတကာတရား႐ံုးက ခ်မွတ္ဖို႔ သူေထာက္ခံခဲ့ရတာျဖစ္တယ္လို႔ ICJ တရား႐ံုး ဒုဥကၠ႒ Xue Hanqin ကသူ႔ရဲ႕သီးျခားသေဘာထားကို ထုတ္ျပန္ခဲ့ပါတယ္။

ICJ က ခ်မွတ္လိုက္တဲ့ ၾကားျဖတ္ အေရးေပၚစီမံခ်က္ေတြကို ဖတ္႐ႈႏုိင္ပါတယ္။

ျမန္မာႏိုင္ငံမွာ ႐ိုဟင္ဂ်ာေတြအေပၚ လူမ်ဳိးတုံးသတ္ျဖတ္တဲ့ အေျခအေန မေရာက္ေအာင္ တားဆီးေရး ၾကားျဖတ္ေဆာင္႐ြက္ရမယ့္ အခ်က္ ၄ ခ်က္ကို ICJ တရား႐ံုးက ၾကာသပေတးေန႔က ဆံုးျဖတ္ ခ်မွတ္ခဲ့တာျဖစ္ပါတယ္။ ႐ုိဟင္ဂ်ာဆိုတာကို လက္မခံတဲ့ ျမန္မာအစိုးရက ICJ တရား႐ံုးရဲ႕ ဆံုးျဖတ္ခ်က္ကို မွတ္သားထားတယ္လို႔ တံု႔ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

ကြားဖြတ် လုပ်ဆောင်ချက် အမိန့်အပေါ် ICJ ဒု-ဥက္ကဌရဲ့သီးခြား သဘောထား

( Unicode)

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်တဲ့ အခြေအနေ မရောက်အောင် တားဆီးရေး ကြားဖြတ်ဆောင်ရွက်ချက်တွေကို ICJ နိုင်ငံတကာတရားရုံးက ချမှတ်ခဲ့ပြီးနောက် တရားရုံးရဲ့ ဒုဥက္ကဋ္ဌ Xue Hanqin ကသူ့ရဲ့သီးခြားသဘောထားကို ထုတ်ပြန်ခဲ့ပါတယ်။

ကြားဖြတ်ဆောင်ရွက်ချက် အမိန့်ချဖို့ သူထောက်ခံခဲ့ပေမဲ့ ဘာကြောင့်ချဖို့လိုတယ်ဆိုတဲ့ အကြောင်းအရင်းတချို့အပေါ်မှာတော့ သူ သိပ် သဘောမတူဘူးဆိုတာကို ရှင်းပြထားတာဖြစ်ပါတယ်။

အဓိကအားဖြင့် မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူနည်းစုတွေအပေါ် ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိတာမှန်ပေမဲ့ လူူမျိုးတုံးသတ်ဖြတ်တဲ့အဆင့်မဟုတ်ဘူးလို့ သူကပြောပါတယ်။ တရားစွဲတဲ့ Gambia နိုင်ငံအနေနဲ့ တရားစွဲနိုင်ခွင့်ရှိတယ်ဆိုတာကို Belgium နဲ့ Senegal အမှုကို နမူနာယူပြီး တရားရုံးက ဆုံးဖြတ်ခဲ့တာကို သူသဘောမတူတာကိုလည်း ကြေညာချက်ထဲမှာ ရှင်းထားပါတယ်။ ခုလို သူ့ဘက်က သဘောမတူတဲ့ကိစ္စတွေကို အပြင် ဆုံးဖြတ်ချက်ချဖို့ ဘာကြောင့် ထောက်ခံခဲ့သလဲဆိုတာကိုလည်း အချက် ၃ ချက်နဲ့ ရှင်းထားပါတယ်။ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေး FFM အဖွဲ့ရဲ့ အစီရင်ခံထဲမှာ ဖော်ပြထားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေရဲ့ လေးနက်မှုနဲ့ အတိုင်းအတာကို ICJ တရားရုံးက လှစ်လျူရှုလို့ မရတာကြောင့် မြန်မာနိုင်ငံအနေနဲ့ လိုက်နာရမယ့် တာဝန်တွေကို အသေအချာ လိုက်နာအောင် သူ့အနေနဲ့ ကြားဖြတ်ဆောင်ရွက်မှုတွေလုပ်ဖို့ ထောက်ခံတာဖြစ်တယ်။

နောက်တချက်က ရခိုင်ပြည်နယ်ထဲက နယ်မြေရှင်းလင်းမှုတွေမှာ အင်အားအလွန်အကျွံသုံးတာ၊ လူအခွင့်အရေးချိုးဖောက်တာတွေ ရှိတယ်ဆိုတာ တရားရုံးကြားနာပွဲမှာ မြန်မာဘက်က အသိအမှတ်ပြု ပြောခဲ့တာလည်းရှိခဲ့တယ်။ ရခိုင်ပြည်နယ်မှာ နောက်ထပ် လက်နက်ကိုင်ပဋိပက္ခတွေ ထပ်ဖြစ်နိုင်တယ်။ ဒါကြောင့် ဖြစ်ခဲ့ရင် Provisional measure တွေနဲ့ ထိန်းလို့ရအောင် သူသဘောတူရတာဖြစ်တယ်လို့ ပြောပါတယ်။ သူသဘောတူရတဲ့ တတိယအချက်ကတော့ လက်ရှိမှာ ရိုဟင်ဂျာတွေဟာ အကာအကွယ်မဲ့တဲ့ အခြေအနေမှာ ရှိနေဆဲဖြစ်တယ်။

၇ သိန်းကျော်လောက် အိုးအိမ်ပစ်စွန့်ခွာခဲ့ကြရတာကြောင့် ကြားဖြတ်ဆောင်ရွက်ချက်တွေကို ICJ နိုင်ငံတကာတရားရုံးက ချမှတ်ဖို့ သူထောက်ခံခဲ့ရတာဖြစ်တယ်လို့ ICJ တရားရုံး ဒုဥက္ကဋ္ဌ Xue Hanqin ကသူ့ရဲ့သီးခြားသဘောထားကို ထုတ်ပြန်ခဲ့ပါတယ်။

ICJ က ချမှတ်လိုက်တဲ့ ကြားဖြတ် အရေးပေါ်စီမံချက်တွေကို ဖတ်ရှုနိုင်ပါတယ်။

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်တဲ့ အခြေအနေ မရောက်အောင် တားဆီးရေး ကြားဖြတ်ဆောင်ရွက်ရမယ့် အချက် ၄ ချက်ကို ICJ တရားရုံးက ကြာသပတေးနေ့က ဆုံးဖြတ် ချမှတ်ခဲ့တာဖြစ်ပါတယ်။ ရိုဟင်ဂျာဆိုတာကို လက်မခံတဲ့ မြန်မာအစိုးရက ICJ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို မှတ်သားထားတယ်လို့ တုံ့ပြန်ထားပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG