သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

 ICJ ဆုံးဖြတ်ချက် ပြည်ပရောက် တိုင်းရင်းသားတချို့ကြိုဆို 


(Unicode/Zawgyi)

ICJ နိုင်ငံတကာ တရားရုံးက မြန်မာနိုင်ငံအပေါ် ဇန်နဝါရီ ၂၃ ရက်နေ့က ချမှတ်လိုက်တဲ့ ကြားဖြတ် အရေးပေါ် လိုက်နာဆောင်ရွက်ရမယ့် ဆုံးဖြတ်ချက်ကို ပြည်ပရောက် တိုင်းရင်းသားတချို့က ကြိုဆိုလိုက်ကြပြီး၊ ဒီဆုံးဖြတ်ချက်ဟာ လူထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဆက်မလုပ်ရအောင် ဟန့်တားလိုက်တဲ့သဘော ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထား ပါတယ်။

မြန်မာနိုင်ငံမှာ လူမျိုးတုံး သတ်ဖြတ်မှုလုပ်ရပ်တွေ ဆက်မဖြစ်ရအောင် တားဆီးပေးဖို့ ဂမ်ဘီယာနိုင်ငံရဲ့ လျှောက်ထားချက်နဲ့ပတ်သက်ပြီး ကြားဖြတ် အရေးပေါ် စီမံမှုဆုံးဖြတ်ချက် (၄)ချက်ကို ICJ တရားရုံးက ကြာသပတေးနေ့မှာ ချမှတ်ခဲ့တာပါ။

ICJ ရဲ့ ဒီဆုံးဖြတ်ချက်ဟာ တပ်မတော်အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့တွေက လူထုအပေါ် ရာဇဝတ်မှု ကျူးလွန်တာတွေ ဆက်မလုပ်ရအောင် ဟန့်တားလိုက်တဲ့ သဘောဖြစ်တယ်လို့ အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ်က ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်းဥက္ကဌ ဒေါက်တာ စိုင်းထွေးမောင်က သုံးသပ် ပါတယ်။

“ICJ ကနေ ထုတ်ပြန်လိုက်တဲ့ အချက် ၄ ချက်ထဲမှာ မြန်မာနိုင်ငံဟာ ဒီလို မတရားမှုတွေ ပြစ်မှုတွေ ကျူးလွန်နေတယ်ဆိုတာကို သူတို့အနေနဲ့ အသိအမှတ်ပြုတဲ့ သဘောဖြစ်တယ်လို့ ကျနော်မြင်တယ်။ နောက်ပြီးတော့ လူမျိုးတုံးသတ်ဖြတ်မှု ရောက်သွားအောင် မလုပ်ဖို့ အစိုးရအနေနဲ့ ကာကွယ်ပေးဖို့ ဟန့်တားပေးဖို့ သူတို့အနေနဲ့ ပြောတယ်လို့ ကျနေ်ာမြင်တယ်။ တကယ်လို့ မြန်မာနိုင်ငံအစိုးရက ဒီ ICJ ရဲ့ ဆုံးဖြတ်ချက် အချက်အလက်တွေကို လုပ်ပေးမယ်၊ ကာကွယ်ပေးမယ်ဆိုရင် မြန်မာပြည်အတွက်တော့ ကောင်းမယ်လို့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကုလရဲ့ ဆုံးဖြတ်ချက်တွေကိုလည်း လိုက်လျောတယ်။ တကယ်လည်း လူမျိုးတုံးသတ်ဖြတ်မူမဖြစ်အောင် ကာကွယ်ပေးတယ်ဆိုရင် ဒါ ကျနော်တို့ အနာဂတ် မြန်မာနိုင်ငံရဲ့ သိက္ခာနဲ့ နာမည် ပြန်ပြီးတော့ ဆယ်နိုင်မယ်လို့ မြင်ပါတယ်။”

ICJ က အခုလို ဆုံးဖြတ်ချက်တွေ ချမှတ်လာရတာဟာ ရခိုင်မြောက်ပိုင်းအရေးမှာ စစ်တပ်ရဲ့လုပ်ဆောင်ချက်တွေကြောင့် ဖြစ်တယ်ဆိုတဲ့ သုံးသပ်ချက်တွေရှိနေပြီး၊ တကယ်တမ်းမှာတော့ မြန်မာ့တပ်မတော်က တိုင်းရင်းသားဒေသတွေမှာပါ နှစ်ကာလရှည် ကျူးလွန်ခဲ့တာတွေဟာ လူမသိသူမသိ ဖြစ်ခဲ့ရတာကြောင့် ICJ ဆုံးဖြတ်ကို ကြိုဆိုတယ်လို့ ဝါရှင်တန်ဒီစီအခြေစိုက် ကချင်မဟာမိတ်အဖွဲ့ ဥက္ကဌ ကိုဂွန်ဆမ်က ပြောပါတယ်။

“ဒီကြားဖြတ်ကာလမှာ အစီအမံတွေလုပ်ပေးမယ့် ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ကတော့ လိုက်လိုက်လဲလဲ ကြိုဆိုပါတယ်။ စစ်တပ်ကနေပြီးတော့ သိလျက်နဲ့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေက ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ခဲ့တာတွေ အများကြီးရှိခဲ့တယ်။ နိုင်ငံတကာကနေပြီးတော့ တုံ့ပြန်မှု မရှိဘူးလို့ ထင်မြင်ယူဆခဲ့လို့လည်း ဒီလူတွေကို သတ်ဖြတ်ခဲ့တယ်။ အခု ဒီလိုအခြေအနေ ရောက်သွားတော့ နိုင်ငံတကာကနေ စောင့်ကြည့်နေတယ်။ အရေးယူဖို့ အဆင်သင့်ရှိတဲ့အနေအထားကို ရောက်သွားတဲ့အချိန်မှာ စစ်တပ်ကနေပြီးတော့ အရင်အတိုင်းလိုမျိုး လက်လွတ်စပယ် အရင်ကလိုမျိုး ကျူးလွန်မူတွေလုပ်ဖို့ ခဲယဉ်းသွားတာပေါ့။ ဥပမာ - ရှမ်းမြောက်မှာ ဖြစ်ခဲ့တဲ့ ကိစ္စ၊ ကချင်မှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေက တကယ့်ကို ကျူးလွန်သူတွေက အခု ရခိုင်မှာရော ပြန်ကျူးလွန်နေတာပေါ့နော်။ ရခိုင်မှာ လုပ်တာက နိုင်ငံတကာမှာ အရေးယူမှု ထဲမှာ ပါဝင်လာတယ်ဆိုတော့ ရခိုင်မှာဖြစ်ဖြစ် ၊ ကချင်မှဖြစ်တာတွေကတော့ တူညီတယ်လို့ပဲ ပြောရမှာပါ။ ဘာကြောင့်လဲဆိုတော့ နောက်ဆုံး ဦးစီးကွပ်ကဲတာက တဦးတယောက်ပဲ ဖြစ်နေတယ်ဆိုတော့ ချိုးဖောက်တဲ့လူတွေက တူနေတယ်။ အဲလိုဆိုတော့ ကျနော်တို့က ကြိုဆိုရမယ်လို့ ပြောတာပါ။”

တကယ်တော့ ICJ ရဲ့ဆုံးဖြတ်ချက်ဟာ ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က ရှင်းလင်းသုတ်သင်မှု လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အပေါ် အခြေခံပြီး ထွက်လာတဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားတွေအပေါ် စစ်တပ်ရဲ့ ကျူးလွန်မှုတွေကို ကမ္ဘာက သတိမထားမိကြသေးဘူးလို့ အမေရိကန်ရောက် ရခိုင်လူမှုအဖွဲ့အစည်း ဒုဥက္ကဌ ကိုသိန်းထွန်းဇံက ထောက်ပြပါတယ်။

“ လူမျိုးတုံးသတ်ဖြတ်မှုတွေက မြန်မာပြည်မှာ ဖြစ်ပေါ်နေတာကို မြန်မာအစိုးရကနေပြီးတော့ ချက်ချင်းအကာအကွယ်ပေးဖို့၊ ရပ်ပေးဖို့ အဲလိုဆုံးဖြတ်ချက်တခုပါပါတယ်။ အဲဒီတော့ ICJ ဆုံးဖြတ်ချက်က ဘာပဲဖြစ်ဖြစ် လူသားမျိုးနွယ်ကို ကာကွယ်ဖို့ဖြစ်တဲ့အတွက် ကျနော်တို့ အဲဒါကိုတော့ ထောက်ခံပါတယ်။ အခုလောလောဆည်ကတော့ သူတို့ကတော့ လူတစုတဖွဲ့ပေါ့နော်၊ အဲဒါကို Target ထားပြီးတော့ ပြောသွားတာကို ကျနော်တို့ တွေ့ရတယ်။ သို့သော် မြန်မာပြည်ထဲမှာ ကျနော်တို့ တကယ့် တိုင်းရင်းသားတွေလည်း ဒီလိုနည်းနဲ့ ခံနေရတယ်။ အခုလက်ရှိဆိုရင် ကျနော်တို့ ရခိုင်ပြည်နယ်မှာ ဒီအတိုင်းသေကျေနေတယ် ။ စစ်တပ်က မျိုးစုံ သတ်ဖြတ်နေတာရှိတယ်။ သို့သော် ကမ္ဘာကနေပြီးတော့ အခုလောက်အထိ အာရုံစိုက်လာနိုင်အောင် တွန်းအားပေးဖို့ ဝိုင်းဝန်းပြီးတော့ လုပ်ဖို့အတွက် ကျနော်တို့မှာ ကျောထောက်နောက်ခံတွေ မရှိဘူးဖြစ်နေတယ်။ အဲဒါကြောင့်မို့ ဒီဟာကိုတော့ တိုင်းရင်းသားပေါင်းစုံ စုပေါင်းပြီးတော့ ကမ္ဘာက သိလာအောင် အရေးယူလာနိုင်အောင် ဆောင်ရွက်သွားဖို့ ကြိုးစားနေပါတယ်။”

မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို လက်မခံပယ်ချထားပေမယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်သွားသူတွေ နေရပ်ပြန်လာ ရေးကို နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။

ICJ က ချမှတ်လိုက်တဲ့ ကြားဖြတ်အစီအမံ (၄)ချက်ထဲမှာ မြန်မာစစ်တပ်ဖြစ်စေ၊ ပြည်သူ့စစ်အဖွဲ့ ဖြစ်စေ အခြားအဖွဲ့အစည်းတခုခုက ဖြစ်စေ ဂျီနိုဆိုဒ်စာချုပ် အပိုဒ်(၂)ပါ လူမျိုးတုံး သတ်ဖြတ်မှုမြောက်တဲ့ လုပ်ရပ်တွေကို မကျူးလွန်နိုင်အောင်၊ ကျူးလွန်ဖို့ လှုံ့ဆော်မှု မလုပ်နိုင်အောင် မြန်မာနိုင်ငံအနေနဲ့ အဲဒီအဖွဲ့အစည်းတွေကို ထိန်းချုပ်ကိုင်တွယ်ရမယ်ဆိုတဲ့ အချက်ပါဝင်တာကြောင့် လက်ရှိ NLD အစိုးရဟာ တပ်မတော် အပါဝင် လက်နက်ကိုင်အဖွဲ့တွေကို ထိန်းချုပ်နိုင်ပါ့မလားဆိုတာကိုတော့ ပြည်ပရောက်တိုင်းရင်းသားတွေက မေးခွန်းထုတ်နေကြပါတယ်။

တိုက္႐ိုက္ လင့္ခ္


..............

ICJ ဆံုးျဖတ္ခ်က္ ျပည္ပေရာက္ တိုင္းရင္းသားတခ်ိဳ႕ႀကိဳဆို

(Zawgyi)

ICJ ႏိုင္ငံတကာ တရား႐ုံးက ျမန္မာႏိုင္ငံအေပၚ ဇန္နဝါရီ ၂၃ ရက္ေန႔က ခ်မွတ္လိုက္တဲ့ ၾကားျဖတ္ အေရးေပၚ လိုက္နာေဆာင္ရြက္ရမယ့္ ဆုံးျဖတ္ခ်က္ကို ျပည္ပေရာက္ တိုင္းရင္းသားတခ်ဳိ႕က ႀကဳိဆိုလိုက္ၾကၿပီး၊ ဒီဆုံးျဖတ္ခ်က္ဟာ လူထုအေပၚ က်ဴးလြန္တဲ့ ရာဇဝတ္မႈေတြ ဆက္မလုပ္ရေအာင္ ဟန္႔တားလုိက္တဲ့သေဘာ ျဖစ္တယ္လို႔ သုံးသပ္ၾကပါတယ္။ ဒီအေၾကာင္း ကိုဉာဏ္ဝင္းေအာင္က စုစည္းတင္ျပထား ပါတယ္။

ျမန္မာႏို္င္ငံမွာ လူမ်ဳိးတုံး သတ္ျဖတ္မႈလုပ္ရပ္ေတြ ဆက္မျဖစ္ရေအာင္ တားဆီးေပးဖို႔ ဂမ္ဘီယာႏို္င္ငံရဲ႕ ေလွ်ာက္ထားခ်က္နဲ႔ပတ္သက္ၿပီး ၾကားျဖတ္ အေရးေပၚ စီမံမႈဆုံးျဖတ္ခ်က္ (၄)ခ်က္ကုိ ICJ တရား႐ုံးက ၾကာသပေတးေန႔မွာ ခ်မွတ္ခဲ့တာပါ။

ICJ ရဲ႕ ဒီဆုံးျဖတ္ခ်က္ဟာ တပ္မေတာ္အပါအဝင္ လက္နက္ကိုင္တပ္ဖြဲ႔ေတြက လူထုအေပၚ ရာဇဝတ္မႈ က်ဴးလြန္တာေတြ ဆက္မလုပ္ရေအာင္ ဟန္႔တားလုိက္တဲ့ သေဘာျဖစ္တယ္လုိ႔ အေမရိကန္ ကယ္လီဖိုးနီးယားျပည္နယ္က ရွမ္းစာေပနဲ႔ ယဥ္ေက်းမႈအသင္းဥကၠဌ ေဒါက္တာ စိုင္းေထြးေမာင္က သုံးသပ္ ပါတယ္။

“ICJ ကေန ထုတ္ျပန္လိုက္တဲ့ အခ်က္ ၄ ခ်က္ထဲမွာ ျမန္မာႏိုင္ငံဟာ ဒီလို မတရားမႈေတြ ျပစ္မႈေတြ က်ဴးလြန္ေနတယ္ဆိုတာကို သူတို႔အေနနဲ႔ အသိအမွတ္ျပဳတဲ့ သေဘာျဖစ္တယ္လို႔ က်ေနာ္ျမင္တယ္။ ေနာက္ၿပီးေတာ့ လူမ်ိဳးတံုးသတ္ျဖတ္မႈ ေရာက္သြားေအာင္ မလုပ္ဖို႔ အစိုးရအေနနဲ႔ ကာကြယ္ေပးဖုိ႔ ဟန္႔တားေပးဖို႔ သူတို႔အေနနဲ႔ ေျပာတယ္လို႔ က်ေန္ာျမင္တယ္။ တကယ္လို႔ ျမန္မာႏိုင္ငံအစိုးရက ဒီ ICJ ရဲ႕ ဆံုးျဖတ္ခ်က္ အခ်က္အလက္ေတြကို လုပ္ေပးမယ္၊ ကာကြယ္ေပးမယ္ဆိုရင္ ျမန္မာျပည္အတြက္ေတာ့ ေကာင္းမယ္လို႔ ျမင္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ကုလရဲ႕ ဆံုးျဖတ္ခ်က္ေတြကိုလည္း လိုက္ေလ်ာတယ္။ တကယ္လည္း လူမ်ိဳးတံုးသတ္ျဖတ္မူမျဖစ္ေအာင္ ကာကြယ္ေပးတယ္ဆိုရင္ ဒါ က်ေနာ္တုိ႔ အနာဂတ္ ျမန္မာႏိုင္ငံရဲ႕ သိကၡာနဲ႔ နာမည္ ျပန္ၿပီးေတာ့ ဆယ္ႏိုင္မယ္လို႔ ျမင္ပါတယ္။”

ICJ က အခုလို ဆုံးျဖတ္ခ်က္ေတြ ခ်မွတ္လာရတာဟာ ရခုိင္ေျမာက္ပို္င္းအေရးမွာ စစ္တပ္ရဲ႕လုပ္ေဆာင္ခ်က္ေတြေၾကာင့္ ျဖစ္တယ္ဆိုတဲ့ သုံးသပ္ခ်က္ေတြရွိေနၿပီး၊ တကယ္တမ္းမွာေတာ့ ျမန္မာ့တပ္မေတာ္က တုိင္းရင္းသားေဒသေတြမွာပါ ႏွစ္ကာလရွည္ က်ဴးလြန္ခဲ့တာေတြဟာ လူမသိသူမသိ ျဖစ္ခဲ့ရတာေၾကာင့္ ICJ ဆုံးျဖတ္ကုိ ႀကဳိဆုိတယ္လို႔ ဝါရွင္တန္ဒီစီအေျခစိုက္ ကခ်င္မဟာမိတ္အဖြဲ႔ ဥကၠဌ ကိုဂြန္ဆမ္က ေျပာပါတယ္။

“ဒီၾကားျဖတ္ကာလမွာ အစီအမံေတြလုပ္ေပးမယ့္ ကိစၥေတြနဲ႔ ပတ္သက္ၿပီးေတာ့ က်ေနာ္တို႔ကေတာ့ လိုက္လိုက္လဲလဲ ႀကိဳဆိုပါတယ္။ စစ္တပ္ကေနၿပီးေတာ့ သိလ်က္နဲ႔ က်ဴးလြန္ခဲ့တဲ့ ျပစ္မႈေတြက ရည္ရြယ္ခ်က္ရွိရွိနဲ႔ လုပ္ခဲ့တာေတြ အမ်ားႀကီးရွိခဲ့တယ္။ ႏိုင္ငံတကာကေနၿပီးေတာ့ တံု႔ျပန္မႈ မရွိဘူးလို႔ ထင္ျမင္ယူဆခဲ့လို႔လည္း ဒီလူေတြကို သတ္ျဖတ္ခဲ့တယ္။ အခု ဒီလိုအေျခအေန ေရာက္သြားေတာ့ ႏိုင္ငံတကာကေန ေစာင့္ၾကည့္ေနတယ္။ အေရးယူဖို႔ အဆင္သင့္ရွိတဲ့အေနအထားကို ေရာက္သြားတဲ့အခ်ိန္မွာ စစ္တပ္ကေနၿပီးေတာ့ အရင္အတိုင္းလိုမ်ဳိး လက္လြတ္စပယ္ အရင္ကလိုမ်ိဳး က်ဴးလြန္မူေတြလုပ္ဖို႔ ခဲယဥ္းသြားတာေပါ့။ ဥပမာ - ရွမ္းေျမာက္မွာ ျဖစ္ခဲ့တဲ့ ကိစၥ၊ ကခ်င္မွာ ျဖစ္ခဲ့တဲ့ ကိစၥေတြက တကယ့္ကို က်ဴးလြန္သူေတြက အခု ရခိုင္မွာေရာ ျပန္က်ဴးလြန္ေနတာေပါ့ေနာ္။ ရခိုင္မွာ လုပ္တာက ႏိုင္ငံတကာမွာ အေရးယူမႈ ထဲမွာ ပါ၀င္လာတယ္ဆိုေတာ့ ရခိုင္မွာျဖစ္ျဖစ္ ၊ ကခ်င္မွျဖစ္တာေတြကေတာ့ တူညီတယ္လို႔ပဲ ေျပာရမွာပါ။ ဘာေၾကာင့္လဲဆိုေတာ့ ေနာက္ဆံုး ဦးစီးကြပ္ကဲတာက တဦးတေယာက္ပဲ ျဖစ္ေနတယ္ဆိုေတာ့ ခ်ိဳးေဖာက္တဲ့လူေတြက တူေနတယ္။ အဲလိုဆိုေတာ့ က်ေနာ္တို႔က ႀကိဳဆိုရမယ္လို႔ ေျပာတာပါ။”

တကယ္ေတာ့ ICJ ရဲ႕ဆုံးျဖတ္ခ်က္ဟာ ရခုိင္ေျမာက္ပို္င္းက ႐ုိဟင္ဂ်ာေတြအေပၚ ျမန္မာစစ္တပ္က ရွင္းလင္းသုတ္သင္မႈ လုပ္ခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္အေပၚ အေျခခံၿပီး ထြက္လာတဲ့ ဆုံးျဖတ္ခ်က္ျဖစ္ပါတယ္။ ဒါေပမဲ့ တုိင္းရင္းသားေတြအေပၚ စစ္တပ္ရဲ႕ က်ဴးလြန္မႈေတြကို ကမၻာက သတိမထားမိၾကေသးဘူးလို႔ အေမရိကန္ေရာက္ ရခုိင္လူမႈအဖြဲ႔အစည္း ဒုဥကၠဌ ကိုသိန္းထြန္းဇံက ေထာက္ျပပါတယ္။

“ လူမ်ိဳးတံုးသတ္ျဖတ္မႈေတြက ျမန္မာျပည္မွာ ျဖစ္ေပၚေနတာကို ျမန္မာအစိုးရကေနၿပီးေတာ့ ခ်က္ခ်င္းအကာအကြယ္ေပးဖို႔၊ ရပ္ေပးဖို႔ အဲလိုဆံုးျဖတ္ခ်က္တခုပါပါတယ္။ အဲဒီေတာ့ ICJ ဆံုးျဖတ္ခ်က္က ဘာပဲျဖစ္ျဖစ္ လူသားမ်ိဳးႏြယ္ကို ကာကြယ္ဖို႔ျဖစ္တဲ့အတြက္ က်ေနာ္တို႔ အဲဒါကိုေတာ့ ေထာက္ခံပါတယ္။ အခုေလာေလာဆည္ကေတာ့ သူတို႔ကေတာ့ လူတစုတဖြဲ႔ေပါ့ေနာ္၊ အဲဒါကို Target ထားၿပီးေတာ့ ေျပာသြားတာကို က်ေနာ္တုိ႔ ေတြ႔ရတယ္။ သို႔ေသာ္ ျမန္မာျပည္ထဲမွာ က်ေနာ္တို႔ တကယ့္ တိုင္းရင္းသားေတြလည္း ဒီလိုနည္းနဲ႔ ခံေနရတယ္။ အခုလက္ရွိဆိုရင္ က်ေနာ္တို႔ ရခိုင္ျပည္နယ္မွာ ဒီအတိုင္းေသေက်ေနတယ္ ။ စစ္တပ္က မ်ိဳးစံု သတ္ျဖတ္ေနတာရွိတယ္။ သို႔ေသာ္ ကမာၻကေနၿပီးေတာ့ အခုေလာက္အထိ အာရံုစိုက္လာႏိုင္ေအာင္ တြန္းအားေပးဖို႔ ၀ိုင္း၀န္းၿပီးေတာ့ လုပ္ဖို႔အတြက္ က်ေနာ္တို႔မွာ ေက်ာေထာက္ေနာက္ခံေတြ မရွိဘူးျဖစ္ေနတယ္။ အဲဒါေၾကာင့္မို႔ ဒီဟာကိုေတာ့ တိုင္းရင္းသားေပါင္းစံု စုေပါင္းၿပီးေတာ့ ကမာၻက သိလာေအာင္ အေရးယူလာႏိုင္ေအာင္ ေဆာင္ရြက္သြားဖို႔ ႀကိဳးစားေနပါတယ္။”

ျမန္မာအစိုးရကေတာ့ ႐ုိဟင္ဂ်ာဆိုတဲ့အသုံးအႏႈန္းကို လက္မခံပယ္ခ်ထားေပမယ့္ ဘဂၤလားေဒ့ရွ္ႏို္င္ငံဘက္ ထြက္သြားသူေတြ ေနရပ္ျပန္လာ ေရးကို ႏိုင္ငံတကာနဲ႔ ပူးေပါင္းေဆာင္ရြက္ေနပါတယ္။

ICJ က ခ်မွတ္လိုက္တဲ့ ၾကားျဖတ္အစီအမံ (၄)ခ်က္ထဲမွာ ျမန္မာစစ္တပ္ျဖစ္ေစ၊ ျပည္သူ႔စစ္အဖြဲ႔ ျဖစ္ေစ အျခားအဖြဲ႔အစည္းတခုခုက ျဖစ္ေစ ဂ်ီႏိုဆိုဒ္စာခ်ဳပ္ အပိုဒ္(၂)ပါ လူမ်ဳိးတုံး သတ္ျဖတ္မႈေျမာက္တဲ့ လုပ္ရပ္ေတြကို မက်ဴးလြန္ႏိုင္ေအာင္၊ က်ဴးလြန္ဖုိ႔ လႈ႔ံေဆာ္မႈ မလုပ္ႏို္င္ေအာင္ ျမန္မာႏို္င္ငံအေနနဲ႔ အဲဒီအဖြဲ႔အစည္းေတြကို ထိန္းခ်ဳပ္ကိုင္တြယ္ရမယ္ဆိုတဲ့ အခ်က္ပါဝင္တာေၾကာင့္ လက္ရွိ NLD အစိုးရဟာ တပ္မေတာ္ အပါဝင္ လက္နက္ကိုင္အဖြဲ႔ေတြကို ထိန္းခ်ဳပ္ႏို္င္ပါ့မလားဆိုတာကုိေတာ့ ျပည္ပေရာက္တုိင္းရင္းသားေတြက ေမးခြန္းထုတ္ေနၾကပါတယ္။

XS
SM
MD
LG