(Zawgyi / Unicode)
“လူသားဆန္မႈအတြက္ ကဗ်ာ” လို႔ နာမည္ေပးထားတဲ့ ကဗ်ာရြတ္ပြဲနဲ႔ ေဆြးေႏြးပြဲေတြကို ရန္ကုန္မွာ သံုးရက္ၾကာ ျပဳလုပ္ခဲ့ၿပီး တတိယေျမာက္ေန႔ျဖစ္တဲ့ ဇန္န၀ါရီလ ၂၆ ရက္ေန႔ တနဂၤေႏြေန႔ကေတာ့ ႐ုိဟင္ဂ်ာ ကဗ်ာဆရာေတြလည္း ဗီြဒီယိုကေန ပါ၀င္ခဲ့ပါတယ္။
ကဗ်ာဆရာ ေမာင္ေဆာင္းခကေတာ့ ဒီကဗ်ာရြတ္ပြဲလုပ္ရတဲ့ အေၾကာင္းရင္းကို အခုလို ေျပာပါတယ္။
“ပခုံးႏွစ္ဖက္ၾကားကေန ေခါင္းေပါက္ၿပီး လူရယ္လုိ႔ ျဖစ္လာကတည္းက လူတုိင္း တန္းတူညီမွ်ေသာ အခြင့္အေရးနဲ႔ လူသားတေယာက္လုိ ဆက္ဆံရမယ္ဆုိတဲ့ အေျခအေနေပၚမွာ လူေတြရသြားခ်င္တဲ့ ရည္ရြယ္ခ်က္နဲ႔ပဲ က်ေနာ္ ဒီဟာလုပ္တာ ျဖစ္ပါတယ္။”
ေကာ့ဇ္ဘဇား ဒုကၡသည္စခန္းက ေမယုအလီရဲ႕ My Words ဆိုတဲ့ ကဗ်ာထဲမွာေတာ့ သူ႔ရဲ႕စကားလံုးေတြဟာ အစိုးရကို ေၾကာက္ရြံ႕ရတာထက္ ပိုၿပီး အင္အားႀကီးတယ္လုိ႔ ရြတ္ဆိုသြားပါတယ္။
အသက္ ၂၇ ႏွစ္အရြယ္ အလီက သူဟာ ျမန္မာျပည္ကိုခ်စ္ေၾကာင္း၊ ႐ုိဟင္ဂ်ာေတြဟာလည္း ျမန္မာျပည္ကျဖစ္ေၾကာင္း ျမန္မာျပည္မွာ ေနသူေတြကို ျပသလိုတယ္လို႔ AFP သတင္းေအဂ်င္စီကို ေျပာဆိုခဲ့ပါတယ္။
ျမန္မာႏုိင္ငံတြင္းမွာေတာ့ ဒီလူေတြဟာ ဘဂၤလားေဒရွ္႕ကေန တရားမ၀င္ ၀င္ေရာက္လာတဲ့သူေတြလို႔ ရည္ညႊန္းခ်က္နဲ႔ ႐ုိဟင္ဂ်ာေတြကို ဘဂၤါလီေတြလို႔ သံုးႏႈန္း ေျပာဆုိမႈေတြလည္း ရွိပါတယ္။
-------------------------------
(Unicode)
လူသားဆန်မှုအတွက် ကဗျာရွတ်ပွဲ ရိုဟင်ဂျာ ကဗျာဆရာတွေ ပါဝင်
“လူသားဆန်မှုအတွက် ကဗျာ” လို့ နာမည်ပေးထားတဲ့ ကဗျာရွတ်ပွဲနဲ့ ဆွေးနွေးပွဲတွေကို ရန်ကုန်မှာ သုံးရက်ကြာ ပြုလုပ်ခဲ့ပြီး တတိယမြောက်နေ့ဖြစ်တဲ့ ဇန်နဝါရီလ ၂၆ ရက်နေ့ တနင်္ဂနွေနေ့ကတော့ ရိုဟင်ဂျာ ကဗျာဆရာတွေလည်း ဗွီဒီယိုကနေ ပါဝင်ခဲ့ပါတယ်။
ဘင်္ဂလားဒေရှ့်နိုင်ငံ ကော့ဇ်ဘဇား ဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ ကဗျာဆရာတွေလည်း Skype ကနေတဆင့် ပါဝင်ရွတ်ဆိုခဲ့ကြတာပါ။
ကဗျာဆရာ မောင်ဆောင်းခကတော့ ဒီကဗျာရွတ်ပွဲလုပ်ရတဲ့ အကြောင်းရင်းကို အခုလို ပြောပါတယ်။
“ပခုံးနှစ်ဖက်ကြားကနေ ခေါင်းပေါက်ပြီး လူရယ်လို့ ဖြစ်လာကတည်းက လူတိုင်း တန်းတူညီမျှသော အခွင့်အရေးနဲ့ လူသားတယောက်လို ဆက်ဆံရမယ်ဆိုတဲ့ အခြေအနေပေါ်မှာ လူတွေရသွားချင်တဲ့ ရည်ရွယ်ချက်နဲ့ပဲ ကျနော် ဒီဟာလုပ်တာ ဖြစ်ပါတယ်။”
ကော့ဇ်ဘဇား ဒုက္ခသည်စခန်းက မေယုအလီရဲ့ My Words ဆိုတဲ့ ကဗျာထဲမှာတော့ သူ့ရဲ့စကားလုံးတွေဟာ အစိုးရကို ကြောက်ရွံ့ရတာထက် ပိုပြီး အင်အားကြီးတယ်လို့ ရွတ်ဆိုသွားပါတယ်။
အသက် ၂၇ နှစ်အရွယ် အလီက သူဟာ မြန်မာပြည်ကိုချစ်ကြောင်း၊ ရိုဟင်ဂျာတွေဟာလည်း မြန်မာပြည်ကဖြစ်ကြောင်း မြန်မာပြည်မှာ နေသူတွေကို ပြသလိုတယ်လို့ AFP သတင်းအေဂျင်စီကို ပြောဆိုခဲ့ပါတယ်။
အစိုးရကတော့ ဘင်္ဂလားဒေရှ့်ဘက် ထွက်ပြေးရသူတွေကို စိစစ်ပြီး ပြန်လည် လက်ခံမယ်လို့ ပြောထားပေမယ့် ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပါဘူး။
မြန်မာနိုင်ငံတွင်းမှာတော့ ဒီလူတွေဟာ ဘင်္ဂလားဒေရှ့်ကနေ တရားမဝင် ဝင်ရောက်လာတဲ့သူတွေလို့ ရည်ညွှန်းချက်နဲ့ ရိုဟင်ဂျာတွေကို ဘင်္ဂါလီတွေလို့ သုံးနှုန်း ပြောဆိုမှုတွေလည်း ရှိပါတယ်။