သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာကေလးပညာေရး ကူညီဖို႔ ဘဂၤလားေဒ့ရွ္ကို AI တိုက္တြန္း


(Zawgyi / Unicode)

ဘဂၤလားေဒ့ရွ္ေရာက္ ႐ုိဟင္ဂ်ာဒုကၡသည္ ကေလးေတြကုိ ပညာေရးအကူအညီေပးဖုိ႔ ဘဂၤလားေဒ့ရွ္အစုိးရကုိ ႏုိင္ငံတကာ လူ႔အခြင့္အေရး လႈပ္ရွားမႈ အဖဲြ႔တခုျဖစ္တဲ့ Amnesty International က တုိက္တြန္းလုိက္ပါတယ္။

႐ုိဟင္ဂ်ာ ကေလးေတြ ပညာသင္ၾကားခြင့္ရေရး ဘဂၤလားေဒ့ရွ္ အစုိးရကုိ တုိက္တြန္းတဲ့ လႈပ္ရွားမႈကုိလည္း စတင္ခဲ့တာပါ။ ေထာင္ေသာင္းခ်ီတဲ့ ႐ုိဟင္ဂ်ာကေလးေတြဟာ ျမန္မာႏုိင္ငံမွာ သာမက ဒုကၡသည္အျဖစ္ ခုိလႈံေနတဲ့ အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ ႏုိင္ငံမွာလည္း ပညာမသင္ႏုိင္ပဲ ျဖစ္ေနရေၾကာင္းလည္း ေျပာဆုိထားပါတယ္။

ဘဂၤလားေဒ့ရွ္ႏုိင္ငံ Cox’s Bazar က ဒုကၡသည္စခန္းေတြမွာ သန္း၀က္ေလာက္ရွိတဲ့ ႐ုိဟင္ဂ်ာ ကေလးေတြဟာ ပညာမတတ္တဲ့ မ်ဳိးဆက္တခု ျဖစ္လာႏုိင္မယ့္ အႏၱရာယ္နဲ႔ ရင္ဆုိင္ ေနရတယ္လုိ႔လည္း ေျပာဆုိခဲ့တာပါ။ ပညာမတတ္ပဲ ႀကီးျပင္းလာတဲ့ ကေလးေတြ အေနနဲ႔ မူးယစ္ေဆး၀ါး ေမွာင္ခုိမႈ၊ လူေမွာင္ခုိမႈ၊ လက္နက္ကုိင္ အဖဲြ႔ေတြက စည္း႐ုံးသိမ္းသြင္းမႈ အပါအ၀င္ ႀကီးေလးတဲ့ ရာဇ၀တ္မႈမကင္းတဲ့ လုပ္ရပ္ေတြမွာ အသုံးခ်ခံရႏုိင္တယ္လုိ႔လည္း သတိေပးထားပါတယ္။

သင့္ေတာ္တဲ့ ဘာသာစကားနဲ႔ သင္႐ုိးညႊန္းတမ္း အေထာက္အကူေတြနဲ႔ ပညာသင္ၾကား ေပးႏုိင္မယ္ဆုိရင္ ႐ုိဟင္ဂ်ာ ကေလးေတြ အေနနဲ႔ သူတုိ႔ရပုိင္ခြင့္ အခြင့္အေရးေတြ ရရွိခံစားႏုိင္သလုိ၊ သူတုိ႔ေနထုိင္ရာ လူမႈအသုိင္းအ၀န္းနဲ႔ စီးပြားေရးမွာလည္း အေထာက္အကူ ျဖစ္လာႏုိင္ေၾကာင္း ေျပာဆုိထားတာပါ။

ရုိဟင္ဂ်ာဒုကၡသည္ကေလးေတြ အတြက္ ေဒၚလာ သန္း ၁၅၀ ေက်ာ္ UNICEF ကလ်ာထားတာေတြလည္းရွိပါတယ္။

႐ုိဟင္ဂ်ာ ကေလးေတြ ပညာသင္ၾကားခြင့္ရေရး ဘဂၤလားေဒ့ရွ္ ၀န္ႀကီးခ်ဳပ္ Sheikh Hasina ကုိ Amnesty International က ၀ဘ္ဆုိဒ္စာမ်က္ႏွာကေန စာေရးသား တုိက္တြန္းဖုိ႔လည္း စီစဥ္ထားပါတယ္။

႐ုိဟင္ဂ်ာ ကေလးေတြကုိ ပညာသင္ၾကားခြင့္ေပးတာဟာ ေနရပ္ျပန္ေရး လုပ္ငန္းစဥ္ေတြမွာ အဟန္႔အတား မျဖစ္ႏုိင္ေၾကာင္းလည္း ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားတာပါ။ ျမန္မာအစုိးရကေတာ့ ႐ုိဟင္ဂ်ာဆုိတဲ့ အသုံးအႏႈန္းကုိ တရား၀င္ လက္ခံမထားေပမဲ့ ဒုကၡသည္ေတြကုိ စိစစ္ၿပီး ျပန္လည္လက္ခံမွာျဖစ္ေၾကာင္း ေျပာဆုိထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


...................

ရိုဟင်ဂျာကလေးပညာရေး ကူညီဖို့ ဘင်္ဂလားဒေ့ရှ်ကို AI တိုက်တွန်း

(Unicode)

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည် ကလေးတွေကို ပညာရေးအကူအညီပေးဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရကို နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တခုဖြစ်တဲ့ Amnesty International က တိုက်တွန်းလိုက်ပါတယ်။

ရိုဟင်ဂျာ ကလေးတွေ ပညာသင်ကြားခွင့်ရရေး ဘင်္ဂလားဒေ့ရှ် အစိုးရကို တိုက်တွန်းတဲ့ လှုပ်ရှားမှုကိုလည်း စတင်ခဲ့တာပါ။ ထောင်သောင်းချီတဲ့ ရိုဟင်ဂျာကလေးတွေဟာ မြန်မာနိုင်ငံမှာ သာမက ဒုက္ခသည်အဖြစ် ခိုလှုံနေတဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာလည်း ပညာမသင်နိုင်ပဲ ဖြစ်နေရကြောင်းလည်း ပြောဆိုထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar က ဒုက္ခသည်စခန်းတွေမှာ သန်းဝက်လောက်ရှိတဲ့ ရိုဟင်ဂျာ ကလေးတွေဟာ ပညာမတတ်တဲ့ မျိုးဆက်တခု ဖြစ်လာနိုင်မယ့် အန္တရာယ်နဲ့ ရင်ဆိုင် နေရတယ်လို့လည်း ပြောဆိုခဲ့တာပါ။ ပညာမတတ်ပဲ ကြီးပြင်းလာတဲ့ ကလေးတွေ အနေနဲ့ မူးယစ်ဆေးဝါး မှောင်ခိုမှု၊ လူမှောင်ခိုမှု၊ လက်နက်ကိုင် အဖွဲ့တွေက စည်းရုံးသိမ်းသွင်းမှု အပါအဝင် ကြီးလေးတဲ့ ရာဇဝတ်မှုမကင်းတဲ့ လုပ်ရပ်တွေမှာ အသုံးချခံရနိုင်တယ်လို့လည်း သတိပေးထားပါတယ်။

သင့်တော်တဲ့ ဘာသာစကားနဲ့ သင်ရိုးညွှန်းတမ်း အထောက်အကူတွေနဲ့ ပညာသင်ကြား ပေးနိုင်မယ်ဆိုရင် ရိုဟင်ဂျာ ကလေးတွေ အနေနဲ့ သူတို့ရပိုင်ခွင့် အခွင့်အရေးတွေ ရရှိခံစားနိုင်သလို၊ သူတို့နေထိုင်ရာ လူမှုအသိုင်းအဝန်းနဲ့ စီးပွားရေးမှာလည်း အထောက်အကူ ဖြစ်လာနိုင်ကြောင်း ပြောဆိုထားတာပါ။

ရိုဟင်ဂျာဒုက္ခသည်ကလေးတွေ အတွက် ဒေါ်လာ သန်း ၁၅၀ ကျော် UNICEF ကလျာထားတာတွေလည်းရှိပါတယ်။

ရိုဟင်ဂျာ ကလေးတွေ ပညာသင်ကြားခွင့်ရရေး ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina ကို Amnesty International က ဝဘ်ဆိုဒ်စာမျက်နှာကနေ စာရေးသား တိုက်တွန်းဖို့လည်း စီစဉ်ထားပါတယ်။

ရိုဟင်ဂျာ ကလေးတွေကို ပညာသင်ကြားခွင့်ပေးတာဟာ နေရပ်ပြန်ရေး လုပ်ငန်းစဉ်တွေမှာ အဟန့်အတား မဖြစ်နိုင်ကြောင်းလည်း ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် လက်ခံမထားပေမဲ့ ဒုက္ခသည်တွေကို စိစစ်ပြီး ပြန်လည်လက်ခံမှာဖြစ်ကြောင်း ပြောဆိုထားပါတယ်။

XS
SM
MD
LG