သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာ ၅၀ နီးပါး မြန်မာ့ပင်လယ်ပြင်မှာ ဖမ်းဆီးမိ


၂၀၁၈ ဧပြီလတုန်းက လှေစီးပြေး ရိုဟင်ဂျာများကို မလေးရှားပိုင်နက်တွင် ဖမ်းဆီးရမိစဉ်
၂၀၁၈ ဧပြီလတုန်းက လှေစီးပြေး ရိုဟင်ဂျာများကို မလေးရှားပိုင်နက်တွင် ဖမ်းဆီးရမိစဉ်

(Zawgyi/Unicode)

ရိုဟင်ဂျာဒုက္ခသည် ၄၈ ယောက်ကို ပင်လယ်ပြင်အတွင်း မြန်မာ့ရေတပ်က ဖမ်းဆီးမိခဲ့တယ်လို့ မြန်မာအာဏာပိုင်တွေက သောကြာနေ့မှာ ပြောပါတယ်။

ဒါဟာ ရခိုင်ပြည်နယ်မှာ တကျော့ပြန်ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် တဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားကြပြီး ရိုဟင်ဂျာတွေ ဒုက္ခသည်စခန်းအတွင်းက ထွက်ပြေးဖို့ကြိုးစားစဉ် နောက်ဆုံး ဖမ်းဆီး ရမိခြင်းလည်း ဖြစ်ပါတယ်။

ဒီဒုက္ခသည်တွေ ဘယ်နေရာကနေ စတင်ထွက်ခွာလာတယ်ဆိုတာ အတိအကျ မသိရပေသေးပေမယ့် သူတို့ဟာ ရိုဟင်ဂျာဒုက္ခသည်တွေ အများစု ရောက်ရှိနေရာ မလေးရှား၊ ဒါမှမဟုတ် အင်ဒိုနီးရှားနိုင်ငံဘက်ကို ဦးတည် သွားနေကြတာလို့ ယူဆရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းက ကြပ်သိပ်နေတဲ့ ဒုက္ခသည်စခန်းတွေနဲ့ ဖိနှိပ်ချုပ်ခြယ်မှုတွေ များလှတဲ့ ရခိုင်ပြည်နယ်တို့ကနေ ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ အသက်စွန့်ပြီး ရေကြောင်းလမ်းကတဆင့် ထွက်ပြေးနေကြတာပါ။

လူကုန်ကူးသူ ၅ ဦးအပါအဝင် ရိုဟင်ဂျာ အမျိုးသား၊ အမျိုးသမီး ၄၈ ဦးကို ပင်လယ်ပြင်အတွင်း ဗုဒ္ဓဟူးနေ့က ဖမ်းဆီးမိခဲ့တာလို့ ဒေသခံအရာရှိတဦးက AFP သတင်းဌာနကို ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း ၂၀၁၇ ခုနှစ်က တကျော့ပြန်ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ရိုဟင်ဂျာဒုက္ခသည် ၇ သိန်းကျော် ထွက်ပြေးခဲ့တယ်လို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းဝိုင်းက ခန့်မှန်းထားကြတာပါ။

ရိုဟင်ဂျာလို့ ခေါ်ဆိုတာကို လက်မခံတဲ့ မြန်မာအစိုးရကတော့ ဒီလူတွေ နေရပ်ပြန်နိုင်ရေးအတွက် ဆောင်ရွက်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားပြီးဖြစ်သလို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းဝိုင်းနဲ့ ပူးပေါင်း ဆောင်ရွက်နေကြောင်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်


...............


(Unicode)







XS
SM
MD
LG