သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ICOE အစီရင္ခံစာ ဘယ္ေလာက္ အက်ိဳးသက္ေရာက္မွဳ ရွိမလဲ


independent commission of enquiry(ICOE facebook)
တိုက္႐ိုက္ လင့္ခ္

Zawgyi/ Unicode

ျမန္မာအစိုးရက ဖြဲ႕စည္းေပးထားျပီး ဖိလစ္ပိုင္ သံအမတ္ၾကီး မစၥ ရိုဆာရီယို မယ္နာလို ဦးေဆာင္တဲ့ လြတ္လပ္ေသာ စံုစမ္းစစ္ေဆးေရး ေကာ္မရွင္အဖြဲ႕ ICOE ဟာ ေကာ္မရွင္ရဲ႕ အျပီးသတ္ အစီရင္ခံစာကို ဇန္န၀ါရီ ၂၀ ရက္ေန႔က ႏိုင္ငံေတာ္ သမၼတဆီ ေပးအပ္ပါတယ္။ အဲေနာက္ ဇန္န၀ါရီ ၂၁ ရက္ေန႔မွာ အစီရင္ခံစာ အက်ဥ္းကို ႏိုင္ငံေတာ္ သမၼတရံုး ၀က္ဘ္ဆိုက္မွာ တင္ျပီး အမ်ားျပည္သူ သိေအာင္ ထုတ္ျပန္ပါတယ္။ ဒါဟာ ျမန္မာႏုိင္ငံအေနနဲ႔ ကိုယ္တုိင္ လက္မွတ္ေရးထိုးထားတဲ့ ဂ်ီႏိုဆိုက္ ကြန္ဗင္းရွင္းကို ခ်ိဳးေဖါက္တယ္ ဆိုျပီး အျပည္ျပည္ဆုိင္ရာ တရားရံုး ICJ မွာ ဂမ္ဘီယာႏုိင္ငံက တရားစြဲထားတာကို ၾကားျဖတ္အမိန္႔ တစ္ရပ္ ခ်မွတ္ဖို႔ ၂ ရက္ေလာက္ အလိုမွာမွ ထုတ္ျပန္တာ ျဖစ္ေလေတာ့ အဲဒီ တရားရံုးရဲ႕ ဆံုးျဖတ္ခ်က္အေပၚ တစ္စံုတစ္ရာ သက္ေရာက္မွဳေတာ့ ရွိမသြားခဲ့ပါဘူး။ ျမန္မာႏိုင္ငံ အစိုးရ အေနနဲ႔ ရခုိင္ျပည္နယ္ ေျမာက္ပိုင္းမွာ ARSA အဖြဲ႕ရဲ႕ အၾကမ္းဖက္ တုိက္ခိုက္မွဳေတြျဖစ္၊ ဒါကို တပ္မေတာ္က ႏွိမ္နင္း၊ ေနာက္ပိုင္း သန္းတစ္၀က္ေက်ာ္ ရွိမယ့္ မူဆလင္ေက်းရြာသားေတြ ဘဂၤလားေဒ့ရွ္ႏုိင္ငံဘက္ ထြက္ေျပး တဲ့ ျဖစ္ရပ္ၾကီး ေပၚေပါက္ခဲ့ပါတယ္။ ဒီ ျဖစ္စဥ္အတြင္း လံုျခံဳေရး တပ္ဖြဲ႕၀င္ေတြ အေနနဲ႔ စစ္ရာဇ၀တ္မွဳေတြ က်ဴးလြန္ခဲ့သလား၊ လူ႔အခြင့္အေရး ခ်ိဳးေဖါက္မွဳေတြ ရွိခဲ့သလား ဆုိတာကို ျမန္မာႏုိင္ငံဘက္က စံုစမ္းေရး ေကာ္မရွင္ အမ်ိဳးမ်ိဳးဖြဲ႕ျပီး စံုစမ္းစစ္ေဆးတာ၊ ေတြ႕ရွိခ်က္ေတြ ထုတ္ျပန္တာ လုပ္ခဲ့ေပမယ့္ ႏိုင္ငံတကာ အသိုင္းအ၀ိုင္းက အသိအမွတ္ျပဳ လက္ခံတာမ်ိဳးေတာ့ မရွိခဲ့ပါဘူး။ အခု ICOE ရဲ႕ အစီရင္ခံစာ ဘာေတြ ထူးျခားသလဲ၊ ဘယ္လို အခ်က္အလက္ေတြ ေဖာ္ျပထားျပီး ဘယ္အတိုင္းအတာ အထိ အက်ိဳးသက္ေရာက္မွဳ ရွိႏုိင္မလဲ ဆိုတာ ေလ့လာၾကည့္ၾကရေအာင္ပါ။

ရခိုင္ျပည္နယ္ ေျမာက္ပိုင္းမွာ ARSA အၾကမ္းဖက္ အဖြဲ႕ကို ျမန္မာ့တပ္မေတာ္က ႏွိမ္နင္းခဲ့တဲ့ ျဖစ္စဥ္နဲ႔ ပတ္သက္လို႔ ႏုိင္ငံတကာ အသိုင္းအ၀ိုင္းရဲ႕ ေ၀ဖန္မွဳေတြ ေပၚထြက္လာျပီးေနာက္ပိုင္း ျပည္တြင္းမွာ ေကာ္မရွင္အမ်ိဳးမ်ိဳး ဖြဲ႕ျပီး စံုစမ္းစစ္ေဆးတာ လုပ္ခဲ့ပါတယ္။ အစိုးရဘက္က ဒုသမၼတ ဦးျမင့္ေဆြ ေခါင္းေဆာင္တဲ့ စံုစမ္းေရး ေကာ္မရွင္ ဖြဲ႕ျပီး စံုစမ္းေစတာမ်ိဳး ရွိသလို၊ တပ္မေတာ္နဲ႔ ျပည္ထဲေရး၀န္ၾကီးဌာနေတြ ဘက္ကလည္း သီးျခား ေကာ္မရွင္ေတြ ဖြဲ႕ျပီး စံုစမ္းစစ္ေဆးတာ ထုတ္ျပန္တာ လုပ္ခဲ့ပါတယ္။ ဒီ ထုတ္ျပန္ခ်က္ေတြကို ႏုိင္ငံတကာ အသိုင္းအ၀ိုင္းက ယံုၾကည္မွဳ မရွိသလို၊ လက္လည္း မခံၾကပါဘူး။ အလားတူ ကုလသမဂၢ အခ်က္အလက္ရွာေဖြေရး မစ္ရွင္ FFMM ဖြဲ႕စည္းေပးေတာ့လည္း ျမန္မာအစိုးရက အသိအမွတ္မျပဳ၊ ရခုိင္ျပည္နယ္ေျမာက္ပိုင္း ၀င္ေရာက္ခြင့္ မေပးလို႔ ဘဂၤလားေဒ့ရွ္ဘက္က ဒုကၡသည္ စခန္းေတြေလာက္ကိုပဲ သြားျပီး ေမးျမန္း အစီရင္ခံစာ ထုတ္တာမ်ိဳး လုပ္ခဲ့ပါတယ္။ ဒါေတြနဲ႔ ပတ္သက္ျပီး ICOE အဖြဲ႕ ေကာက္ခ်က္ခ်တာကေတာ့ “ ရိုဟင္ဂ်ာ အေရးနဲ႔ ပတ္သက္ျပီး ႏိုင္ငံတကာအဖဲြ႕အစည္းမ်ားမွ ထုတ္ျပန္သည့္ အစီရင္ခံစာမ်ားပါ ေျပာဆို ေရးသားခ်က္မ်ားတြင္ ႀကီးမားသည့္ ကဲြလြဲကြာဟခ်က္မ်ားေတ႔ြရသက႔ဲသို႔၊ျပည္တြင္းအဖဲြ႕အစည္းမ်ားမွ ထုတ္ျပန္သည့္ အစီရင္ခံစာမ်ားပါ ေျပာဆို ေရးသားခ်က္မ်ားတြင္လည္း အလားတူအေျခအေနမ်ားကို ေတ႔ြရိွရပါသည္။” ဆိုျပီး ျဖစ္ပါတယ္။

အဓိပၸါယ္ကေတာ့ ရိုဟင္ဂ်ာ အေရးနဲ႔ ပတ္သက္ျပီး ႏိုင္ငံတကာ အဖြဲ႕အစည္းေတြရဲ႕ ထုတ္ျပန္ခ်က္ေတြမွာ ဘဂၤလားေဒ့ရွ္ တစ္ဖက္ျခမ္းက ေျပာဆိုခ်က္ေတြကိုပဲ အေျချပဳထားျပီး ခ်ဲ႕ကားေျပာဆုိမွဳေတြ၊ တဆင့္ၾကား ေျပာဆုိမွဳေတြ အမ်ားၾကီး ေတြ႕ရသလို၊ ျမန္မာႏုိင္ငံဘက္က အစီရင္ခံခ်က္ေတြမွာေတာ့ လံုျခံဳေရးတပ္ဖြဲ႕ေတြက ဘာ အမွားမွ မလုပ္၊ တစ္ဦးတစ္ေယာက္ခ်င္းစီက အမိန္႔မနာခံပဲ လုပ္တာမ်ိဳး ရွိႏုိင္တယ္ ဆုိျပီး ဘာ ျပသနာမွ မရွိသေယာင္ ထုတ္ျပန္ေလ့ရွိတာကို ဆုိလိုတာပါ။

အခု ICOE အစီရင္ခံစာကေတာ့ အဲဒီ ႏွစ္မ်ိဳးစလံုးနဲ႔ ျခားနားျပီး ရခုိင္ျပည္နယ္ ေျမာက္ပိုင္းက မူဆလင္ေတြနဲ႔ ဆုိင္တဲ့ သမိုင္းေၾကာင္း၊ ပဋိပကၡ ျဖစ္ပြားခဲ့တဲ့ အေျခအေန အဆင့္ဆင့္ စတာေတြကို ဓမၼဌိဌာန္က်က် ေဖာ္ျပထားပါတယ္။ ေကာ္မရွင္ဟာ ဘဂၤလားေဒ့ရွ္ အစိုးရရဲ႕ ခြင့္ျပဳခ်က္ မရလို႔ ဒုကၡသည္စခန္းေရာက္ မူဆလင္ေတြကို ေတြ႕ဆံုေမးျမန္းခြင့္ မရခဲ့ေပမယ့္ ရခုိင္ျပည္နယ္ေျမာက္ပိုင္းက မူဆလင္ အပါအ၀င္ ေဒသခံေတြ၊ တပ္မေတာ္သားေတြ အပါအ၀င္ လံုျခံဳေရး တာ၀န္ရွိသူ စုစုေပါင္း ၁၅၀၀ ေလာက္ကို ေတြ႕ဆံုေမးျမန္း စုေဆာင္းႏုိင္ခဲ့ျခင္းဟာ ထူးျခားပါတယ္။

ေကာ္မရွင္ရဲ႕ ေတြ႕ရွိခ်က္ေတြထဲမွာ ARSA အၾကမ္းဖက္ အဖြဲ႕ကေရာ၊ ျမန္မာ့တပ္မေတာ္နဲ႔ လံုျခံဳေရး အဖြဲ႕၀င္ေတြဘက္ကပါ စစ္ရာဇ၀တ္မွဳေတြ က်ဴးလြန္ခဲ့တာ ေတြ႕ရွိတယ္လို႔ ေဖာ္ျပထားပါတယ္။ ဒါတင္မက အရပ္သားေတြကို သတ္ျဖတ္တာ၊ အင္အား မမွ်မတ သံုးစြဲတာ၊ လုယက္မွဳ က်ဴးလြန္တာ၊ မူဆလင္ေတြ စြန္႔ခြာသြားတဲ့ ေနအိမ္ေတြကို ဖ်က္ဆီးတာ စတဲ့ ရာဇ၀တ္မွဳေတြ က်ဴးလြန္ခဲ့တယ္ ဆိုျပီးလည္း ေဖာ္ျပထားပါတယ္။

တပ္မေတာ္ရဲ႕ စစ္ဆင္ေရးကာလ ေသဆံုးသူ အရည္အတြက္နဲ႔ ပတ္သက္ရင္ အစိုးရဘက္က ထုတ္ျပန္ထားတာကARSA အဖြဲ႕၀င္ ၃၇၆ ေယာက္ အပါအ၀င္ စုစုေပါင္း လူအေယာက္ ၇၀၀ ေက်ာ္ ေသဆံုးတယ္လို႔ ဆုိပါတယ္။ ICOE အစီရင္ခံစာမွာေတာ့ မင္းၾကီးရြာ တစ္ရြာထဲမွာကို လူ ၅၀၀ ကေန ၆၀၀၊ ခၽြတ္ျပင္ရြာမွာ ၁၀၀ ၀န္းက်င္၊ ေမာင္ႏုရြာမွာ ၁၀၀ ကေန ၂၀၀ ၾကားေသဆံုးနုိင္တယ္လို႔ ေဖာ္ျပပါတယ္။ အျခားေက်းရြာေတြမွာလည္း အေသအေပ်ာက္ေတြ ရွိခဲ့ေပမယ့္ အတိအက် မသိႏုိင္ဘူးလို႔ ဆုိပါတယ္။ ဒါဟာ အစိုးရ ထုတ္ျပန္ခ်က္နဲ႔ေရာ ႏုိင္ငံတကာ အသိုင္းအ၀ိုင္းက စြပ္စြဲေနတဲ့ မူဆလင္ေက်းရြာသား ၆၀၀၀- ၇၀၀၀ ေလာက္ သတ္ျဖတ္ခံလိုက္ရတယ္ ဆိုတာနဲ႔ပါ အေတာ္ေလး ျခားနားတာ ေတြ႕ျမင္ရပါတယ္။ အားဓမၼျပဳက်င့္မွဳမွာ ခိုင္လံုတဲ့ သက္ေသ မေတြ႕ရတာကလြဲရင္ ေနအိမ္ေတြ မီးရွိဳ႕မွဳေတြန႔ဲ ပစၥည္းခုိးယူမွဳေတြကိုေတာ့ လံုျခံဳေရး တပ္ဖြဲ႕၀င္ေတြကေရာ၊ အရပ္သားေတြပါ က်ဴးလြန္ၾကတယ္၊ အဓိကက်တာကေတာ့ ဒီလို က်ဴးလြန္တာေတြကို လံုျခံဳေရး တပ္ဖြဲ႕ေတြက တားျမစ္ဖို႔ ပ်က္ကြက္ခဲ့တယ္ဆိုျပီး တိတိက်က် ေထာက္ျပထားပါတယ္။ ျမန္မာႏိုင္ငံဘက္က ဒီ ထုတ္ျပန္ခ်က္မ်ိဳးထြက္လာတာ ဒါ ပထမဦးဆံုးလို႔ ေျပာနုိင္ပါတယ္။

ICOE အစီရင္ခံစာ ထုတ္ျပန္ျပီးေနာက္ တပ္မေတာ္ဘက္က ေၾကျငာခ်က္ တစ္ရပ္ ထုတ္ျပန္ရာမွာ အစီရင္ခံစာကို ေလ့လာသြားမယ္၊ အစီရင္ခံစာမွာ ပါတဲ့ စစ္ရာဇ၀တ္မွဳေတြနဲ႔ ပတ္သက္ရင္ “ ျပစ္မွဳ တစ္စံုတစ္ရာ က်ဴးလြန္ေၾကာင္း ခိုင္လံုတဲ့ သက္ေသ အေထာက္အထား ေတြ႕ရွိခဲ့ရင္ စစ္ဘက္ တရားရံုးေတြကေန စစ္ေဆး အေရးယူမယ္” ဆိုျပီး ေဖာ္ျပခဲ့ပါတယ္။ ICOE အစီရင္ခံစာ တစ္ခုလံုးကို ျခံဳငံုသံုးသပ္ၾကည့္လိုက္ရင္ ႏိုင္ငံတကာက စြပ္စြဲသလို ျမန္မာ့လံုျခံဳေရး တပ္ဖြဲ႕ေတြရဲ႕ စစ္ရာဇ၀တ္မွဳ က်ဴးလြန္တာ၊ ေနအိမ္ေတြကို မီးရွိဳ႕တာ၊ မီးရွိဳ႕တာေတြကို မတားဆီးတာ၊ ပစၥည္းေတြကို ခိုးယူတာ စတာေတြကို ျငင္းပယ္ထားတာ မရွိတဲ့အတြက္ ႏိုင္ငံတကာ အသိုင္းအ၀ိုင္း တစ္ခ်ိဳ႕ လက္သင့္ခံႏုိင္ေလာက္စရာ ရွိေနပါတယ္။ ဂ်ီႏိုဆိုက္လို႔ ေခၚတဲ့ လူမ်ိဳးတုန္း သတ္ျဖတ္မွဳ မ်ိဳးကိုေတာ့ က်ဴးလြန္ခဲ့ျခင္း မရွိဘူး လို႔ေတာ့ ဆုိပါတယ္။

ဒါေပမယ့္ ေကာ္မရွင္ဟာ ဘဂၤလားေဒ့ရွ္ဘက္က ဒုကၡသည္ စခန္းေတြကို ၀င္ေရာက္ စံုစမ္းခြင့္ မရခဲ့တာေၾကာင့္ ကုလသမဂၢရဲ႕ FFMM အစီရင္ခံစာကို ေက်ာ္လြန္ျပီး အေရးပါဖို႔ ဆိုတာကေတာ့ ျဖစ္ႏုိင္ဖြယ္ သိပ္မရွိေသးပါဘူး။ အစီရင္ခံစာထဲမွာ ဘဂၤလားေဒ့ရွ္ ဘက္ေရာက္ေနတဲ့ ဒုကၡသည္ေတြကို ေတြ႕ဆံု ေမးျမန္း စံုစမ္းဖို႔ အပါအ၀င္ အခ်က္တစ္ခ်ိဳ႕ကို ဆက္ျပီး လုပ္သင့္ေသးေၾကာင္း အၾကံျပဳထားတာေၾကာင့္ စံုစမ္းမွဳ တစ္ခ်ိဳ႕ကို အေသးစိတ္ ဆက္ျပီး လုပ္ႏုိင္ရင္၊ အစီရင္ခံစာပါ အရပ္ဘက္ စစ္ဘက္ ရာဇ၀တ္မွဳ က်ဴးလြန္တာေတြကို တိတိက်က် အေရးယူျပႏုိင္ရင္ အစီရင္ခံစာရဲ႕ သက္ေရာက္မွဳ အားေကာင္းလာမွာ ျဖစ္သလို၊ ႏုိင္ငံတကာရဲ႕ ေ၀ဖန္ျပစ္တင္မွဳေတြ ေလ်ာ့က်လာႏုိင္ဖြယ္ရာ ရွိပါေၾကာင္း တင္ျပလိုက္ရပါတယ္။

-------------------------

“ICOE အစီရင်ခံစာ၊ ဘယ်လောက် အကျိုးသက်ရောက်မှု ရှိမလဲ။”
မြန်မာအစိုးရက ဖွဲ့စည်းပေးထားပြီး ဖိလစ်ပိုင် သံအမတ်ကြီး မစ္စ ရိုဆာရီယို မယ်နာလို ဦးဆောင်တဲ့ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ ICOE ဟာ ကော်မရှင်ရဲ့ အပြီးသတ် အစီရင်ခံစာကို ဇန်နဝါရီ ၂၀ ရက်နေ့က နိုင်ငံတော် သမ္မတဆီ ပေးအပ်ပါတယ်။ အဲနောက် ဇန်နဝါရီ ၂၁ ရက်နေ့မှာ အစီရင်ခံစာ အကျဉ်းကို နိုင်ငံတော် သမ္မတရုံး ဝက်ဘ်ဆိုက်မှာ တင်ပြီး အများပြည်သူ သိအောင် ထုတ်ပြန်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံအနေနဲ့ ကိုယ်တိုင် လက်မှတ်ရေးထိုးထားတဲ့ ဂျီနိုဆိုက် ကွန်ဗင်းရှင်းကို ချိုးဖေါက်တယ် ဆိုပြီး အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ ဂမ်ဘီယာနိုင်ငံက တရားစွဲထားတာကို ကြားဖြတ်အမိန့် တစ်ရပ် ချမှတ်ဖို့ ၂ ရက်လောက် အလိုမှာမှ ထုတ်ပြန်တာ ဖြစ်လေတော့ အဲဒီ တရားရုံးရဲ့ ဆုံးဖြတ်ချက်အပေါ် တစ်စုံတစ်ရာ သက်ရောက်မှုတော့ ရှိမသွားခဲ့ပါဘူး။ မြန်မာနိုင်ငံ အစိုးရ အနေနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ARSA အဖွဲ့ရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေဖြစ်၊ ဒါကို တပ်မတော်က နှိမ်နင်း၊ နောက်ပိုင်း သန်းတစ်ဝက်ကျော် ရှိမယ့် မူဆလင်ကျေးရွာသားတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေး တဲ့ ဖြစ်ရပ်ကြီး ပေါ်ပေါက်ခဲ့ပါတယ်။ ဒီ ဖြစ်စဉ်အတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေ အနေနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့သလား၊ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ရှိခဲ့သလား ဆိုတာကို မြန်မာနိုင်ငံဘက်က စုံစမ်းရေး ကော်မရှင် အမျိုးမျိုးဖွဲ့ပြီး စုံစမ်းစစ်ဆေးတာ၊ တွေ့ရှိချက်တွေ ထုတ်ပြန်တာ လုပ်ခဲ့ပေမယ့် နိုင်ငံတကာ အသိုင်းအဝိုင်းက အသိအမှတ်ပြု လက်ခံတာမျိုးတော့ မရှိခဲ့ပါဘူး။ အခု ICOE ရဲ့ အစီရင်ခံစာ ဘာတွေ ထူးခြားသလဲ၊ ဘယ်လို အချက်အလက်တွေ ဖော်ပြထားပြီး ဘယ်အတိုင်းအတာ အထိ အကျိုးသက်ရောက်မှု ရှိနိုင်မလဲ ဆိုတာ လေ့လာကြည့်ကြရအောင်ပါ။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ARSA အကြမ်းဖက် အဖွဲ့ကို မြန်မာ့တပ်မတော်က နှိမ်နင်းခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ဝေဖန်မှုတွေ ပေါ်ထွက်လာပြီးနောက်ပိုင်း ပြည်တွင်းမှာ ကော်မရှင်အမျိုးမျိုး ဖွဲ့ပြီး စုံစမ်းစစ်ဆေးတာ လုပ်ခဲ့ပါတယ်။ အစိုးရဘက်က ဒုသမ္မတ ဦးမြင့်ဆွေ ခေါင်းဆောင်တဲ့ စုံစမ်းရေး ကော်မရှင် ဖွဲ့ပြီး စုံစမ်းစေတာမျိုး ရှိသလို၊ တပ်မတော်နဲ့ ပြည်ထဲရေးဝန်ကြီးဌာနတွေ ဘက်ကလည်း သီးခြား ကော်မရှင်တွေ ဖွဲ့ပြီး စုံစမ်းစစ်ဆေးတာ ထုတ်ပြန်တာ လုပ်ခဲ့ပါတယ်။ ဒီ ထုတ်ပြန်ချက်တွေကို နိုင်ငံတကာ အသိုင်းအဝိုင်းက ယုံကြည်မှု မရှိသလို၊ လက်လည်း မခံကြပါဘူး။ အလားတူ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး မစ်ရှင် FFMM ဖွဲ့စည်းပေးတော့လည်း မြန်မာအစိုးရက အသိအမှတ်မပြု၊ ရခိုင်ပြည်နယ်မြောက်ပိုင်း ဝင်ရောက်ခွင့် မပေးလို့ ဘင်္ဂလားဒေ့ရှ်ဘက်က ဒုက္ခသည် စခန်းတွေလောက်ကိုပဲ သွားပြီး မေးမြန်း အစီရင်ခံစာ ထုတ်တာမျိုး လုပ်ခဲ့ပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး ICOE အဖွဲ့ ကောက်ချက်ချတာကတော့ “ ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာအဖွဲ့အစည်းများမှ ထုတ်ပြန်သည့် အစီရင်ခံစာများပါ ပြောဆို ရေးသားချက်များတွင် ကြီးမားသည့် ကွဲလွဲကွာဟချက်များတေ့ွရသကဲ့သို့၊ ပြည်တွင်းအဖွဲ့အစည်းများမှ ထုတ်ပြန်သည့် အစီရင်ခံစာများပါ ပြောဆို ရေးသားချက်များတွင်လည်း အလားတူအခြေအနေများကို တေ့ွရှိရပါသည်။” ဆိုပြီး ဖြစ်ပါတယ်။
အဓိပ္ပါယ်ကတော့ ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေမှာ ဘင်္ဂလားဒေ့ရှ် တစ်ဖက်ခြမ်းက ပြောဆိုချက်တွေကိုပဲ အခြေပြုထားပြီး ချဲ့ကားပြောဆိုမှုတွေ၊ တဆင့်ကြား ပြောဆိုမှုတွေ အများကြီး တွေ့ရသလို၊ မြန်မာနိုင်ငံဘက်က အစီရင်ခံချက်တွေမှာတော့ လုံခြုံရေးတပ်ဖွဲ့တွေက ဘာ အမှားမှ မလုပ်၊ တစ်ဦးတစ်ယောက်ချင်းစီက အမိန့်မနာခံပဲ လုပ်တာမျိုး ရှိနိုင်တယ် ဆိုပြီး ဘာ ပြသနာမှ မရှိသယောင် ထုတ်ပြန်လေ့ရှိတာကို ဆိုလိုတာပါ။
အခု ICOE အစီရင်ခံစာကတော့ အဲဒီ နှစ်မျိုးစလုံးနဲ့ ခြားနားပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းက မူဆလင်တွေနဲ့ ဆိုင်တဲ့ သမိုင်းကြောင်း၊ ပဋိပက္ခ ဖြစ်ပွားခဲ့တဲ့ အခြေအနေ အဆင့်ဆင့် စတာတွေကို ဓမ္မဌိဌာန်ကျကျ ဖော်ပြထားပါတယ်။ ကော်မရှင်ဟာ ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ ခွင့်ပြုချက် မရလို့ ဒုက္ခသည်စခန်းရောက် မူဆလင်တွေကို တွေ့ဆုံမေးမြန်းခွင့် မရခဲ့ပေမယ့် ရခိုင်ပြည်နယ်မြောက်ပိုင်းက မူဆလင် အပါအဝင် ဒေသခံတွေ၊ တပ်မတော်သားတွေ အပါအဝင် လုံခြုံရေး တာဝန်ရှိသူ စုစုပေါင်း ၁၅၀၀ လောက်ကို တွေ့ဆုံမေးမြန်း စုဆောင်းနိုင်ခဲ့ခြင်းဟာ ထူးခြားပါတယ်။
ကော်မရှင်ရဲ့ တွေ့ရှိချက်တွေထဲမှာ ARSA အကြမ်းဖက် အဖွဲ့ကရော၊ မြန်မာ့တပ်မတော်နဲ့ လုံခြုံရေး အဖွဲ့ဝင်တွေဘက်ကပါ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တာ တွေ့ရှိတယ်လို့ ဖော်ပြထားပါတယ်။ ဒါတင်မက အရပ်သားတွေကို သတ်ဖြတ်တာ၊ အင်အား မမျှမတ သုံးစွဲတာ၊ လုယက်မှု ကျူးလွန်တာ၊ မူဆလင်တွေ စွန့်ခွာသွားတဲ့ နေအိမ်တွေကို ဖျက်ဆီးတာ စတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ် ဆိုပြီးလည်း ဖော်ပြထားပါတယ်။
တပ်မတော်ရဲ့ စစ်ဆင်ရေးကာလ သေဆုံးသူ အရည်အတွက်နဲ့ ပတ်သက်ရင် အစိုးရဘက်က ထုတ်ပြန်ထားတာက ARSA အဖွဲ့ဝင် ၃၇၆ ယောက် အပါအဝင် စုစုပေါင်း လူအယောက် ၇၀၀ ကျော် သေဆုံးတယ်လို့ ဆိုပါတယ်။ ICOE အစီရင်ခံစာမှာတော့ မင်းကြီးရွာ တစ်ရွာထဲမှာကို လူ ၅၀၀ ကနေ ၆၀၀၊ ချွတ်ပြင်ရွာမှာ ၁၀၀ ဝန်းကျင်၊ မောင်နုရွာမှာ ၁၀၀ ကနေ ၂၀၀ ကြားသေဆုံးနိုင်တယ်လို့ ဖော်ပြပါတယ်။ အခြားကျေးရွာတွေမှာလည်း အသေအပျောက်တွေ ရှိခဲ့ပေမယ့် အတိအကျ မသိနိုင်ဘူးလို့ ဆိုပါတယ်။ ဒါဟာ အစိုးရ ထုတ်ပြန်ချက်နဲ့ရော နိုင်ငံတကာ အသိုင်းအဝိုင်းက စွပ်စွဲနေတဲ့ မူဆလင်ကျေးရွာသား ၆၀၀၀- ၇၀၀၀ လောက် သတ်ဖြတ်ခံလိုက်ရတယ် ဆိုတာနဲ့ပါ အတော်လေး ခြားနားတာ တွေ့မြင်ရပါတယ်။ အားဓမ္မပြုကျင့်မှုမှာ ခိုင်လုံတဲ့ သက်သေ မတွေ့ရတာကလွဲရင် နေအိမ်တွေ မီးရှို့မှုတွေနဲ့ ပစ္စည်းခိုးယူမှုတွေကိုတော့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကရော၊ အရပ်သားတွေပါ ကျူးလွန်ကြတယ်၊ အဓိကကျတာကတော့ ဒီလို ကျူးလွန်တာတွေကို လုံခြုံရေး တပ်ဖွဲ့တွေက တားမြစ်ဖို့ ပျက်ကွက်ခဲ့တယ်ဆိုပြီး တိတိကျကျ ထောက်ပြထားပါတယ်။ မြန်မာနိုင်ငံဘက်က ဒီ ထုတ်ပြန်ချက်မျိုးထွက်လာတာ ဒါ ပထမဦးဆုံးလို့ ပြောနိုင်ပါတယ်။
ICOE အစီရင်ခံစာ ထုတ်ပြန်ပြီးနောက် တပ်မတော်ဘက်က ကြေငြာချက် တစ်ရပ် ထုတ်ပြန်ရာမှာ အစီရင်ခံစာကို လေ့လာသွားမယ်၊ အစီရင်ခံစာမှာ ပါတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်ရင် “ ပြစ်မှု တစ်စုံတစ်ရာ ကျူးလွန်ကြောင်း ခိုင်လုံတဲ့ သက်သေ အထောက်အထား တွေ့ရှိခဲ့ရင် စစ်ဘက် တရားရုံးတွေကနေ စစ်ဆေး အရေးယူမယ်” ဆိုပြီး ဖော်ပြခဲ့ပါတယ်။ ICOE အစီရင်ခံစာ တစ်ခုလုံးကို ခြုံငုံသုံးသပ်ကြည့်လိုက်ရင် နိုင်ငံတကာက စွပ်စွဲသလို မြန်မာ့လုံခြုံရေး တပ်ဖွဲ့တွေရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်တာ၊ နေအိမ်တွေကို မီးရှို့တာ၊ မီးရှို့တာတွေကို မတားဆီးတာ၊ ပစ္စည်းတွေကို ခိုးယူတာ စတာတွေကို ငြင်းပယ်ထားတာ မရှိတဲ့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်း တစ်ချို့ လက်သင့်ခံနိုင်လောက်စရာ ရှိနေပါတယ်။ ဂျီနိုဆိုက်လို့ ခေါ်တဲ့ လူမျိုးတုန်း သတ်ဖြတ်မှု မျိုးကိုတော့ ကျူးလွန်ခဲ့ခြင်း မရှိဘူး လို့တော့ ဆိုပါတယ်။
ဒါပေမယ့် ကော်မရှင်ဟာ ဘင်္ဂလားဒေ့ရှ်ဘက်က ဒုက္ခသည် စခန်းတွေကို ဝင်ရောက် စုံစမ်းခွင့် မရခဲ့တာကြောင့် ကုလသမဂ္ဂရဲ့ FFMM အစီရင်ခံစာကို ကျော်လွန်ပြီး အရေးပါဖို့ ဆိုတာကတော့ ဖြစ်နိုင်ဖွယ် သိပ်မရှိသေးပါဘူး။ အစီရင်ခံစာထဲမှာ ဘင်္ဂလားဒေ့ရှ် ဘက်ရောက်နေတဲ့ ဒုက္ခသည်တွေကို တွေ့ဆုံ မေးမြန်း စုံစမ်းဖို့ အပါအဝင် အချက်တစ်ချို့ကို ဆက်ပြီး လုပ်သင့်သေးကြောင်း အကြံပြုထားတာကြောင့် စုံစမ်းမှု တစ်ချို့ကို အသေးစိတ် ဆက်ပြီး လုပ်နိုင်ရင်၊ အစီရင်ခံစာပါ အရပ်ဘက် စစ်ဘက် ရာဇဝတ်မှု ကျူးလွန်တာတွေကို တိတိကျကျ အရေးယူပြနိုင်ရင် အစီရင်ခံစာရဲ့ သက်ရောက်မှု အားကောင်းလာမှာ ဖြစ်သလို၊ နိုင်ငံတကာရဲ့ ဝေဖန်ပြစ်တင်မှုတွေ လျော့ကျလာနိုင်ဖွယ်ရာ ရှိပါကြောင်း တင်ပြလိုက်ရပါတယ်။
စည်သူအောင်မြင့်။

XS
SM
MD
LG