သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေက်ာက္တလံုးဒုကၡသည္စခန္း ပိတ္သိမ္း ျပန္လည္ေနရာခ်ထားေရး ညိွႏိႈင္းဆဲ


ရိုဟင္ဂ်ာဒုကၡသည္ အမ်ိဳးသမီး တဦး (ေမ၊ ၁၅၊ ၂၀၁၃)

(Zawgyi/Unicode)

ရခိုင္ျပည္နယ္ ေက်ာက္ျဖဴၿမိဳ႕ ဒုကၡသည္စခန္းမွာ ေနထိုင္ၾကတဲ့ ရိုဟင္ဂ်ာေတြကို ဒုကၡသည္စခန္းနဲ႔ ႏွစ္ဖာလံု ေလာက္အကြာမွာ ျပန္လည္ေနရခ်ထားဖို႔ အစိုးရစီစဥ္ေနေပမယ့္ ရိုဟင္ဂ်ာေတြကေတာ့ သူတို႔ေနထိုင္ခဲ့တဲ့ မူလေနရာမွာ ျပန္လည္ေနရာခ်ထားဖို႔ ေတာင္းဆိုေနၾကပါတယ္။ ေက်ာက္ျဖဴေဒသခံေတြကေတာ့ ရိုဟင္ဂ်ာ ေတြကိုၿမိဳ႕ ေပၚရပ္ကြက္ေတြမွာ ျပန္လည္ေနရာခ်ထားဖို႔ကို မလိုလားၾကပါဘူး။ ဒီသတင္း အျပည့္အစံုကိုေတာ့ ဗီြအိုေအသတင္းေထာက္ ကိုသက္ႏိုင္က ဆက္လက္ တင္ျပေပးမွာျဖစ္ပါတယ္။

အစိုးရရဲ႕ ေရႊ႕ေျပာင္းေနရပ္ စြန္႔ခြာသူမ်ား ျပန္လည္ေနရာခ်ထားေရးနဲ႔ IDP စခန္းေတြ ပိတ္သိမ္းေရး မဟာဗ်ဳဟာနဲ႔ ေက်ာက္ျဖဴၿမိဳ႕နယ္ ေက်ာက္တလံုး ဒုကၡသည္္စခန္းမွာ ေနထိုင္ၾကတဲ့ ရိုဟင္ဂ်ာေတြကို လက္ရွိသူတို႔ ေနထိုင္ေနတဲ့ ဒုကၡသည္စခန္းနဲ႔ ႏွစ္ဖာလံုေလာက္အကြာမွာ ေနရာခ်ထားမွာ ျဖစ္တယ္လို႔ ေက်ာက္ျဖဴၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးစိုးမိုးေက်ာ္က ေျပာပါတယ္။

"လက္ရွိ က်ေနာ္တို႔ လ်ာထားတာကေတာ့ လက္ရွိသူတို႔ေနတဲ့ ေနရာနဲ႔ ႏွစ္ဖာလံုေလာက္ အကြာမွာရွိတဲ့ ေနရာတခုမွာ က်ေနာ္တို႔ ေနရာခ်ထားဖို႔ လ်ာထားတယ္။ ဘယ္ေန႔ ေနရာခ်ထားမယ္ဆိုတာကို မသိရေသးေပမယ့္ ဘ႑ာေငြ ရရွိမႈေတြေပၚ မူတည္ၿပီးေတာ့ ျပန္ေနရာခ်ထားဖို႔အတြက္ ေရမီးလမ္း အေဆာက္အဦးေတြ လုပ္ၿပီးမွာ ျပန္ေနရာခ်ထားမွာပါ။"

အစိုးရက သူတို႔ကို လက္ရွိေနထိုင္ေနတဲ့ ဒုကၡသည္ စခန္းအနားမွာ ျပန္လည္ေနရာ ခ်ထားမယ္လို႔ ေျပာဆိုေပမယ့္ ရိုဟင္ဂ်ာေတြကေတာ့ သူတို႔ မူလေနထိုင္ခဲ့တဲ့ ေက်ာက္ျဖဴၿမိဳ႕ေပၚ ရပ္ကြက္ေတြမွာ ျပန္လည္ေနရာ ခ်ထားဖို႔ ေတာင္းေနၾကတယ္လို႔ သူက ဆက္ေျပာပါတယ္။

"သူတို႔ကေတာ့ ျပည္ေထာင္စုဝန္ႀကီးနဲ႔ ေတြ႔တုန္းကေတာ့ သူတို႔အရင္ေနခဲ့တဲ့ ေနရာေတြမွာပဲ ျပန္ၿပီးေတာ့ ေနရာခ်ထားေပးဖို႔ ေျပာၾကတယ္။ ေနာက္ၿပီးေတာ့ သူတို႔ရဲ႕ ႏိုင္ငံသားကဒ္ေတြ လိုခ်င္ပါတယ္ဆိုတဲ့ ဟာမ်ိဳး။"

ေက်ာက္ျဖဴေဒသခံေတြဘက္ကလည္း ရိုဟင္ဂ်ာေတြကို ၿမိဳ႕ေပၚရပ္ကြက္ေတြမွာ ျပန္လည္ေနရာထားမွာကို မလိုလားၾကဘူးလို႔ ေက်ာက္ျဖဴၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဖိုးစံက ေျပာပါတယ္။

"ဒါေပမဲ့ ဘဂၤ ါလီေတြဘက္က ဘာေတြ ေျပာလာလဲ ဆိုေတာ့ ၿမိဳ႕ေပၚရပ္ကြက္ တစ္ခုခုမွာ ေနရာခ်ေပးရမယ္ ဆိုၿပီးေတာ့ ေတာင္းဆိုလာတယ္။ အဲဒါကိုေတာ့ က်ေနာ္တို႔က ျငင္းပယ္တယ္ ခင္ဗ်ာ။ ဘာျဖစ္လို႔လည္းဆိုေတာ့ အခုက က်ေနာ္တို႔ အခ်င္းခ်င္းၾကား ယံုၾကည္မႈတည္ေဆာက္ေနတဲ့ အခ်ိန္ျဖစ္တယ္။ ေက်ာက္ျဖဴၿမိဳ႕ဟာ တည္ၿငိမ္ေအးခ်မ္းေနတဲ့ ၿမိဳ႕ျဖစ္တယ္ အဲဒီမွာ မလိုလားအပ္တဲ့ ကိစၥေတြ ေပၚလာလို႔ရွိရင္ အမိုက္ကစ ျပႆဒ္ မီးေလာင္ဆိုၿပီးေတာ့ ရခိုင္ျပည္နယ္လံုးအနွံ႔ ျမန္မာတႏိုင္ငံလံုးအနွံ႕ အဲလိုျဖစ္သြားမွာ ေၾကာက္ၿပီးေတာ့ က်ေနာ္တို႔က ျငင္းပယ္ရတာ ျဖစ္တယ္ခင္ဗ်ာ။"

လက္ရွိအခ်ိန္မွာလည္း သူတို႔မႈလေနထိုင္ခဲ့တဲ့ေနရာေတြမွာ ဒီအတိုင္းရွိေနေပမယ့္လည္း အဲဒီေနရာမွာ သူတို႔ျပန္လည္ ေနရာခ်ထားေရးနဲ႔ ပတ္သတ္ၿပီး အတိအက် မေျပာႏိုင္ေသးဘူးလို႔ ေက်ာက္ျဖဴၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးစိုးမိုးေက်ာ္က ေျပာပါတယ္။

"အဓိကကေတာ့ က်ေနာ္တို႔ သန္ပန္ေခ်ာင္းရပ္ကြက္ရယ္၊ အေနာက္ပိုင္းရပ္ကြက္၊ အရာရွိရပ္ကြက္ ျမစ္နားတန္းရပ္ကြက္၊ ရခိုင္ပိုက္ဆိပ္ ကုလား ပိုက္ဆိပ္ ေတာင္ရင္း ျပင္ျဖဴေမာ္ရယ္ အဲဒါေတြက ပါတယ္။ ေတာင္ရင္းနဲ႔ ျပင္ျဖဴေမာ္ကေတာ့ အရင္က ေက်းရြာေပါ့... အခုကေတာ့ ရပ္ကြက္ ျဖစ္သြားပါပီ။ သူတို႔ပိုင္တယ္ ဆိုတာကလည္း ဒီလိုပဲေလ ပိုင္တဲ့ သူကပိုင္တယ္ ပိုင္ဆိုင္မႈ မရွိတဲ့ မိသားစုလည္း ရွိမွာေပါ့။ ၿမိဳ႕ေပၚရပ္ကြက္ဆိုေတာ့ေလ။ လက္ရွိသူတို႔ ေျမကြက္ေတြက ဒီအတိုင္းပဲ ရွိေနပါတယ္။ သူတို႔ေျမကြက္ေတြနဲ႔ ပတ္သတ္ၿပီးလည္း ဥပေဒေၾကာင္းအရပဲ သြားရမွာေပါ့ေနာ္။ အခုမွပဲ စၿပီးေတာ့ ေဆြးေႏြးေနတာဆိုေတာ့ ဘာလုပ္မယ္ဆိုတာကို အတိအက်ေတာ့ ေျပာလို႔ မရေသးဘူး။"

ေက်ာက္ျဖဴၿမိဳ႕နယ္ ေက်ာက္တစ္လံုးဒုကၡသည္ စခန္းမွာ လူဦးေရ ၁,၀၀၀ ေက်ာ္အထိ ရွိၿပီးသူတို႔ေတြဟာ ၿပီးခဲ့တဲ့ ၂၀၁၂ ခုႏွစ္က လူမ်ိဳးစုႏွစ္ခုၾကား ျဖစ္ပြားခဲ့တဲ့ ေဒသတြင္း ပဋိပကၡေတြေၾကာင့္ ေက်ာက္ျဖဴၿမိဳ႕ေပၚ ရပ္ကြက္ေတြက အိုးအိမ္စြန္႔ခြာ ထြက္ေျပးၾကရသူေတြလည္း ျဖစ္ၿပီး လက္ရွိအခ်ိန္ထိ ျပည္တြင္းဒုကၡသည္ စခန္းေတြမွာ ေနထိုင္ေနၾကရတာ ျဖစ္ပါတယ္။

ရခိုင္အေရး ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ေဟာင္း ကိုဖီအာနန္ အႀကံျပဳခ်က္အရ မြတ္ဆလင္ ဒုကုၡသည္ စခန္းေတြကို ဖ်က္သိမ္းၿပီး သူတို႔ကို မူလေနရာျပန္ထားဖို႔ အၾကံျပဳတိုက္တြန္းထားတာ ျဖစ္သလို ျမန္မာဘက္ကလည္း ဒါကို အေကာင္အထည္ေဖာ္ပါ့မယ္လို႔ ႏိုင္ငံတကာကို ဂတိေပးထားတာပါ။

၂၀၁၇ ခုႏွစ္ေနာက္ပိုင္း အာဆာအၾကမ္းဖက္အဖြဲ႔ရဲ႕ တိုက္ခိုင္မႈ ျဖစ္စဥ္ေနာက္ပိုင္းမွာ တပ္မေတာ္ဘက္က နယ္ေျမရွင္းလင္းေရး ေဆာင္ရြက္ခဲ့တာေၾကာင့္ ဘဂၤလားေဒ့ရွ္ဘက္ကို ထြက္ေျပးသြားတဲ့ ရိုဟင္ဂ်ာ ဒုကၡသည္ ၇၀၀,၀၀၀ နီးပါး ထြက္ေျပးသြားၾကပါတယ္။

ဘဂၤလားေဒ့ရွ္ဘက္ကို ထြက္ေျပးသြားတဲ့ ရိုဟင္ဂ်ာ ဒုကၡသည္ေတြကို ျပန္လည္ေခၚယူဖို႔ လက္ခံေရးစခန္းေတြ ဖြင့္လွစ္ထားေပမယ့္လည္း ရိုဟင္ဂ်ာေတြကတာ့ သူတို႔ကို ရိုဟင္ဂ်ာလို႔ အသိအမွတ္ျပဳေပးဖို႔ ေတာင္းဆိုေနၾကပါတယ္။ ဒါေပမဲ့ ျမန္မာအစိုးရဘက္ကေတာ့ ရိုဟင္ဂ်ာဆိုတဲ့ အသံုးအနႈန္းကို လက္မခံပါဘူး။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကျောက်တလုံးဒုက္ခသည်စခန်း ပိတ်သိမ်း ပြန်လည်နေရာချထားရေး ညှိနှိုင်းဆဲ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ ဒုက္ခသည်စခန်းမှာ နေထိုင်ကြတဲ့ ရိုဟင်ဂျာတွေကို ဒုက္ခသည်စခန်းနဲ့ နှစ်ဖာလုံ လောက်အကွာမှာ ပြန်လည်နေရချထားဖို့ အစိုးရစီစဉ်နေပေမယ့် ရိုဟင်ဂျာတွေကတော့ သူတို့နေထိုင်ခဲ့တဲ့ မူလနေရာမှာ ပြန်လည်နေရာချထားဖို့ တောင်းဆိုနေကြပါတယ်။ ကျောက်ဖြူဒေသခံတွေကတော့ ရိုဟင်ဂျာ တွေကိုမြို့ ပေါ်ရပ်ကွက်တွေမှာ ပြန်လည်နေရာချထားဖို့ကို မလိုလားကြပါဘူး။ ဒီသတင်း အပြည့်အစုံကိုတော့ ဗွီအိုအေသတင်းထောက် ကိုသက်နိုင်က ဆက်လက် တင်ပြပေးမှာဖြစ်ပါတယ်။

အစိုးရရဲ့ ရွှေ့ပြောင်းနေရပ် စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနဲ့ IDP စခန်းတွေ ပိတ်သိမ်းရေး မဟာဗျုဟာနဲ့ ကျောက်ဖြူမြို့နယ် ကျောက်တလုံး ဒုက္ခသည်စခန်းမှာ နေထိုင်ကြတဲ့ ရိုဟင်ဂျာတွေကို လက်ရှိသူတို့ နေထိုင်နေတဲ့ ဒုက္ခသည်စခန်းနဲ့ နှစ်ဖာလုံလောက်အကွာမှာ နေရာချထားမှာ ဖြစ်တယ်လို့ ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမိုးကျော်က ပြောပါတယ်။

"လက်ရှိ ကျနော်တို့ လျာထားတာကတော့ လက်ရှိသူတို့နေတဲ့ နေရာနဲ့ နှစ်ဖာလုံလောက် အကွာမှာရှိတဲ့ နေရာတစ်ခုမှာ ကျနော်တို့ နေရာချထားဖို့ လျာထားတယ်။ ဘယ်နေ့ နေရာချထားမယ်ဆိုတာကို မသိရသေးပေမယ့် ဘဏ္ဍာငွေ ရရှိမှုတွေပေါ် မူတည်ပြီးတော့ ပြန်နေရာချထားဖို့အတွက် ရေမီးလမ်း အဆောက်အဦးတွေ လုပ်ပြီးမှာ ပြန်နေရာချထားမှာပါ။"

အစိုးရက သူတို့ကို လက်ရှိနေထိုင်နေတဲ့ ဒုက္ခသည် စခန်းအနားမှာ ပြန်လည်နေရာ ချထားမယ်လို့ ပြောဆိုပေမယ့် ရိုဟင်ဂျာတွေကတော့ သူတို့ မူလနေထိုင်ခဲ့တဲ့ ကျောက်ဖြူမြို့ပေါ် ရပ်ကွက်တွေမှာ ပြန်လည်နေရာ ချထားဖို့ တောင်းနေကြတယ်လို့ သူက ဆက်ပြောပါတယ်။

"သူတို့ကတော့ ပြည်ထောင်စုဝန်ကြီးနဲ့ တွေ့တုန်းကတော့ သူတို့အရင်နေခဲ့တဲ့ နေရာတွေမှာပဲ ပြန်ပြီးတော့ နေရာချထားပေးဖို့ ပြောကြတယ်။ နောက်ပြီးတော့ သူတို့ရဲ့ နိုင်ငံသားကဒ်တွေ လိုချင်ပါတယ်ဆိုတဲ့ ဟာမျိုး။"

ကျောက်ဖြူဒေသခံတွေဘက်ကလည်း ရိုဟင်ဂျာတွေကို မြို့ပေါ်ရပ်ကွက်တွေမှာ ပြန်လည်နေရာထားမှာကို မလိုလားကြဘူးလို့ ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံက ပြောပါတယ်။

"ဒါပေမဲ့ ဘင်္ဂ ါလီတွေဘက်က ဘာတွေ ပြောလာလဲ ဆိုတော့ မြို့ပေါ်ရပ်ကွက် တစ်ခုခုမှာ နေရာချပေးရမယ် ဆိုပြီးတော့ တောင်းဆိုလာတယ်။ အဲဒါကိုတော့ ကျနော်တို့က ငြင်းပယ်တယ် ခင်ဗျာ။ ဘာဖြစ်လို့လည်းဆိုတော့ အခုက ကျနော်တို့ အချင်းချင်းကြား ယုံကြည်မှုတည်ဆောက်နေတဲ့ အချိန်ဖြစ်တယ်။ ကျောက်ဖြူမြို့ဟာ တည်ငြိမ်အေးချမ်းနေတဲ့ မြို့ဖြစ်တယ် အဲဒီမှာ မလိုလားအပ်တဲ့ ကိစ္စတွေ ပေါ်လာလို့ရှိရင် အမိုက်ကစ ပြဿဒ် မီးလောင်ဆိုပြီးတော့ ရခိုင်ပြည်နယ်လုံးအနှံ့ မြန်မာတစ်နိုင်ငံလုံးအနှံ့ အဲလိုဖြစ်သွားမှာ ကြောက်ပြီးတော့ ကျနော်တို့က ငြင်းပယ်ရတာ ဖြစ်တယ်ခင်ဗျာ။

လက်ရှိအချိန်မှာလည်း သူတို့မှုလနေထိုင်ခဲ့တဲ့နေရာတွေမှာ ဒီအတိုင်းရှိနေပေမယ့်လည်း အဲဒီနေရာမှာ သူတို့ပြန်လည် နေရာချထားရေးနဲ့ ပတ်သတ်ပြီး အတိအကျ မပြောနိုင်သေးဘူးလို့ ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမိုးကျော်က ပြောပါတယ်။

"အဓိကကတော့ ကျနော်တို့ သန်ပန်ချောင်းရပ်ကွက်ရယ်၊ အနောက်ပိုင်းရပ်ကွက်၊ အရာရှိရပ်ကွက် မြစ်နားတန်းရပ်ကွက်၊ ရခိုင်ပိုက်ဆိပ် ကုလား ပိုက်ဆိပ် တောင်ရင်း ပြင်ဖြူမော်ရယ် အဲဒါတွေက ပါတယ်။ တောင်ရင်းနဲ့ ပြင်ဖြူမော်ကတော့ အရင်က ကျေးရွာပေါ့... အခုကတော့ ရပ်ကွက် ဖြစ်သွားပါပီ။ သူတို့ပိုင်တယ် ဆိုတာကလည်း ဒီလိုပဲလေ ပိုင်တဲ့ သူကပိုင်တယ် ပိုင်ဆိုင်မှု မရှိတဲ့ မိသားစုလည်း ရှိမှာပေါ့။ မြို့ပေါ်ရပ်ကွက်ဆိုတော့လေ။ လက်ရှိသူတို့ မြေကွက်တွေက ဒီအတိုင်းပဲ ရှိနေပါတယ်။ သူတို့မြေကွက်တွေနဲ့ ပတ်သတ်ပြီးလည်း ဥပဒေကြောင်းအရပဲ သွားရမှာပေါ့နော်။ အခုမှပဲ စပြီးတော့ ဆွေးနွေးနေတာဆိုတော့ ဘာလုပ်မယ်ဆိုတာကို အတိအကျတော့ ပြောလို့ မရသေးဘူး။"

ကျောက်ဖြူမြို့နယ် ကျောက်တစ်လုံးဒုက္ခသည် စခန်းမှာ လူဦးရေ ၁,၀၀၀ ကျော်အထိ ရှိပြီးသူတို့တွေဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က လူမျိုးစုနှစ်ခုကြား ဖြစ်ပွားခဲ့တဲ့ ဒေသတွင်း ပဋိပက္ခတွေကြောင့် ကျောက်ဖြူမြို့ပေါ် ရပ်ကွက်တွေက အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရသူတွေလည်း ဖြစ်ပြီး လက်ရှိအချိန်ထိ ပြည်တွင်းဒုက္ခသည် စခန်းတွေမှာ နေထိုင်နေကြရတာ ဖြစ်ပါတယ်။

ရခိုင်အရေး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် အကြံပြုချက်အရ မွတ်ဆလင် ဒုကု္ခသည် စခန်းတွေကို ဖျက်သိမ်းပြီး သူတို့ကို မူလနေရာပြန်ထားဖို့ အကြံပြုတိုက်တွန်းထားတာ ဖြစ်သလို မြန်မာဘက်ကလည်း ဒါကို အကောင်အထည်ဖော်ပါ့မယ်လို့ နိုင်ငံတကာကို ဂတိပေးထားတာပါ။

၂၀၁၇ ခုနှစ်နောက်ပိုင်း အာဆာအကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုင်မှု ဖြစ်စဉ်နောက်ပိုင်းမှာ တပ်မတော်ဘက်က နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့တာကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာဒုက္ခသည် ၇၀၀,၀၀၀ နီးပါး ထွက်ပြေးသွားကြပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်လည်ခေါ်ယူဖို့ လက်ခံရေးစခန်းတွေ ဖွင့်လှစ်ထားပေမယ့်လည်း ရိုဟင်ဂျာတွေကတာ့ သူတို့ကို ရိုဟင်ဂျာလို့ အသိအမှတ်ပြုပေးဖို့ တောင်းဆိုနေကြပါတယ်။ ဒါပေမဲ့ မြန်မာအစိုးရဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပါဘူး။

XS
SM
MD
LG