သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာေနရပ္ေခၚေရး လုပ္ငန္းစဥ္အခ်ိဳ႕ ျပင္ဆင္လုပ္ေဆာင္မည္


(Zawgyi/Unicode)

ဘဂၤလားေဒ့ရွ္ကို ထြက္ေျပး ခုိလႈံခဲ့တဲ့ မြတ္ဆလင္ဒုကၡသည္ေတြ ျပန္လည္လက္ခံေရး အစီစဥ္ ေအာင္ျမင္ဖို႔ အတြက္ လက္ခံေရး ပိုင္းဆိုင္ရာ လုပ္ငန္းစဥ္အခ်ိဳ႕ကို ျပင္ဆင္ လုပ္ေဆာင္သြားဖို႕ ရွိတယ္လို႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေျပာပါတယ္။ ျမန္မာႏိုင္ငံ အေနနဲ႔ လူဦးေရ ၂ ေသာင္း နီးပါးေလာက္ ျပန္လက္ခံဖို႔ သေဘာတူထားတယ္ လို႔လည္းေျပာ ပါတယ္။ ဒီသတင္းကို ဗီြအိုေအသတင္းေထာက္ မေမခ က စုစည္းတင္ျပထားပါတယ္။

ဘဂၤလားေဒ့ရွ္ႏုိင္ငံ၊ Cox’s Bazar က ဒုကၡသည္စခန္းေတြ အတြင္းမွာ ရွိေနၾကတဲ့ ရုိဟင္ဂ်ာ ဒုကၡသည္ေတြထဲက ကို္ယ့္ ဆႏၵအေလွ်ာက္ ေနရပ္ျပန္လုိတဲ့သူေတြကုိ ျမန္မာဘက္က ျပန္လည္လက္ခံေရး အႀကိမ္ႀကိမ္ ႀကိဳးစားခဲ့ေပမယ့္ ျပန္ခ်ိန္နီးမွ ဒုကၡသည္ေတြဘက္ က မျပန္လုိဘူးဆုိတဲ့ ေျပာဆုိမႈေတြ ထြက္လာတာေၾကာင့္ ေနရပ္ျပန္မယ့္ အစီအစဥ္ေတြ အခုခ်ိန္ထိ မစတင္ႏုိင္ဘဲ ျဖစ္ေနပါတယ္။

ဒုကၡသည္ေတြ ေနရပ္ျပန္ေရး အစီအစဥ္အတြက္ ျမန္မာနဲ႔ ဘဂၤလားေဒ့ရ္ွ အာဏာပိုင္ေတြ အႀကိမ္ ႀကိမ္ ေဆြးေႏြးခဲ့သလို၊ျမန္မာတာ၀န္ရိွသူေတြကိုယ္တိုင္ ဒုကၡသည္ေတြနဲ႔လည္း ေတြ႔ဆံုညိႈႏိႈင္းမႈေတြ လုပ္ခဲ့တာပါ။ ဒါေပမယ့္ ခုခ်ိန္ထိမေအာင္ျမင္ေသးပါဘူး။

ဒီလိုမေအာင္ျမင္ျဖစ္ေနတာေၾကာင့္ ျမန္မာအစိုးရနဲ႔ ဘဂၤလား ေဒ့ရွ္အစိုးရ တို႔ဟာ ႏွစ္ႏိုင္ငံပူးတြဲ သေဘာတူညီခ်က္ေတြကို ျပန္ၿပီး ညိႈႏိႈင္းေနေၾကာင္းနဲ႔ အေသးစိတ္ကိုေတာ့ ထုတ္ေဖာ္ေျပာဆိုခြင့္ မရွိဘူးလို႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးခ်မ္းေအးကေျပာ ပါတယ္။

“ေနခဲ့ဖူးတယ္ဆိုတဲ့ သူေတြျပန္လက္ခံေရးပိုင္းမွာ သူတို႔ ေရာက္လာရင္ ဘယ္ရြာမွာေနရမလဲ ဆိုတာပါတယ္။ က်န္တဲ့ သူတို႔ အတြက္ ဘာေတြလုပ္ထားတယ္ ဘာညာေပါ့။ သူတို႔ျပန္လာရင္ ဘယ္လို စီစဥ္ေဆာင္ရြက္ေပး မလဲ ဆိုတာပါ။ ဒီလို Detail Information ဒါေတြက်ေတာ့ ေလာေလာဆယ္ ထုတ္ေျပာလို႔ မရေသးဘူး။ ဘဂၤလားေဒ့ရွ္နဲ႔ ညိွႏိႈင္းေနတုန္း ရွိေသးတယ္။ ထုတ္ေျပာလို႔ မရေသးဘူး။ သူတို႔သိခ်င္တာေတြကို အေသးစိတ္ေျပာႏိုင္ဖို႔ ျပင္ဆင္သြား မယ္။ ေနာက္ၿပီးေတာ့ အတတ္ႏိုင္ဆံုးမူလေနရာေတြ ေနာက္ၿပီးေတာ့ မူလေနရာေတြ မရရင္ေတာင္မွ မူလေနရာနဲ႔ အနီးဆံုးေနရာေတြ အဲဒီေနရာေတြ ရေအာင္ က်ေနာ္တုိ႔ လုပ္ေပးမွာပါ။”

ဒုကၡသည္ေတြ ေနရပ္ျပန္ေရး အစီအစဥ္အတြက္ ျမန္မာနဲ႔ ဘဂၤလားေဒ့ရ္ွ အာဏာပိုင္ေတြ အႀကိမ္ ႀကိမ္ ေဆြးေႏြးခဲ့သလို၊ ျမန္မာတာ၀န္ရိွသူေတြ ကိုယ္တိုင္ ဒုကၡသည္ေတြနဲ႔လည္း ေတြ႔ဆံု ညိွႏိႈင္းမႈေတြ လုပ္ခဲ့ တာပါ။ ဒါေပမယ့္ ခုခ်ိန္ထိ မေအာင္ျမင္ႏိုင္ေသးပဲ ျဖစ္ေနတာေၾကာင့္ အခုလို ညွိႏႈိင္း ျပင္ဆင္ေနတာ ျဖစ္တယ္လို႔လည္း ေျပာပါတယ္။

“သူတို႕ေပးတာက ပထမဆံုးက ၈၀၀၀ ေက်ာ္ေပးထားတယ္။ ၂ေသာင္းေက်ာ္၂ေသာင္းေက်ာ္ ၂ခုပို႔တယ္။ ေနာက္ ၅ေသာင္းေပးတယ္။ ေပါင္းဆို ၁သိန္းေက်ာ္ ေလာက္ရွိတယ္။ က်ေနာ္တို႔ ဘက္က အေၾကာင္းျပန္ထားတာ ၂ေသာင္း ေက်ာ္ရွိတယ္။ ျမန္မာႏိုင္ငံမွာ ေနခဲ့တာက ၂ ေသာင္းေက်ာ္ရွိတယ္။ က်ေနာ္တို႔ စစ္ထားၿပီးသား”

ျပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလ ၁၈ရက္ေန႔တုန္းက ႏုိင္ငံျခားေရးဝန္ႀကီးဌာနက ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးခ်မ္းေအး ဦးေဆာင္တဲ့ ျမန္မာအစုိးရ ကုိယ္စားလွယ္အဖြဲ႕ဟာ ဘဂၤလားေဒ့ရွ္မွာေရာက္ရွိေနတဲ့ ေနရပ္စြန္႔ခြာသူေတြနဲ႔ ပတ္သက္ၿပီး ျမန္မာအစုိးရဘက္က ေဆာင္ရြက္ေနတဲ့ ျပန္လည္လက္ခံေရး လုပ္ငန္းစဥ္ေတြကုိ သူတုိ႔ဆီ သြားေရာက္ ရွင္းျပခဲ့ဖူးပါတယ္။ ဒါေပမယ့္ အဲဒီတုန္းက ေကာ့ဘဇားဒုကၡသည္စခန္းမွာ ရွိတဲ့ေနရပ္စြန္႔ခြာ သူေတြကေတာ့ သူတုိ႔ျပန္လာႏုိ္င္ဖို႔ ျမန္မာအစုိးရရဲ႕ ေဆာင္ရြက္ထားခ်က္ေတြ အျပင္ အခ်က္တခ်ိဳ႕ကိုပါ ထပ္ၿပီးလိုက္ေလ်ာေပးဖုိ႔ ေတာင္းဆို ခဲ့ၾကပါတယ္။

တဘက္ႏုိင္ငံကုိ ထြက္ေျပးသြားၾကသူေတြကုိ ျမန္မာအစုိးရက ရုိဟင္ဂ်ာလုိ႔ အသိအမွတ္မ ျပဳေပမယ့္ စိစစ္ၿပီး ျပန္လည္ လက္ခံသြားမယ္လို႔ ကတိေပးထားပါတယ္။ ဒါ့အျပင္ ဘဂၤလားေဒ့ရွ္အစုိးရနဲ႔ နားလည္မႈ စာခၽြန္လႊာ ေရးထုိးၿပီး ဒီလူေတြ ေနရပ္ျပန္ႏုိင္ေရးအတြက္ ပူးေပါင္း ေဆာင္ရြက္ ေနသလုိ၊ ကုလသမဂၢ နဲ႔ ကုလသမဂၢ လက္ေအာက္ခံ အဖြဲ႔အစည္းေတြနဲ႔ လည္း ပူးေပါင္းေဆာင္ရြက္ေနတာ ပါ။

တိုက္႐ိုက္ လင့္ခ္


..........................

ရိုဟင်ဂျာနေရပ်ခေါ်ရေး လုပ်ငန်းစဉ်အချို့ ပြင်ဆင်လုပ်ဆောင်မည်

(Unicode)

ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေး ခိုလှုံခဲ့တဲ့ မွတ်ဆလင်ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး အစီစဉ် အောင်မြင်ဖို့ အတွက် လက်ခံရေး ပိုင်းဆိုင်ရာ လုပ်ငန်းစဉ်အချို့ကို ပြင်ဆင် လုပ်ဆောင်သွားဖို့ ရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ လူဦးရေ ၂ သောင်း နီးပါးလောက် ပြန်လက်ခံဖို့ သဘောတူထားတယ် လို့လည်းပြော ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မမေခ က စုစည်းတင်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox’s Bazar က ဒုက္ခသည်စခန်းတွေ အတွင်းမှာ ရှိနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေထဲက ကိုယ့် ဆန္ဒအလျှောက် နေရပ်ပြန်လိုတဲ့သူတွေကို မြန်မာဘက်က ပြန်လည်လက်ခံရေး အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် ပြန်ချိန်နီးမှ ဒုက္ခသည်တွေဘက် က မပြန်လိုဘူးဆိုတဲ့ ပြောဆိုမှုတွေ ထွက်လာတာကြောင့် နေရပ်ပြန်မယ့် အစီအစဉ်တွေ အခုချိန်ထိ မစတင်နိုင်ဘဲ ဖြစ်နေပါတယ်။

ဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ်အတွက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရ်ှ အာဏာပိုင်တွေ အကြိမ် ကြိမ် ဆွေးနွေးခဲ့သလို၊မြန်မာတာဝန်ရှိသူတွေကိုယ်တိုင် ဒုက္ခသည်တွေနဲ့လည်း တွေ့ဆုံညှိုနှိုင်းမှုတွေ လုပ်ခဲ့တာပါ။ ဒါပေမယ့် ခုချိန်ထိမအောင်မြင်သေးပါဘူး။

ဒီလိုမအောင်မြင်ဖြစ်နေတာကြောင့် မြန်မာအစိုးရနဲ့ ဘင်္ဂလား ဒေ့ရှ်အစိုးရ တို့ဟာ နှစ်နိုင်ငံပူးတွဲ သဘောတူညီချက်တွေကို ပြန်ပြီး ညှိုနှိုင်းနေကြောင်းနဲ့ အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောဆိုခွင့် မရှိဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးကပြော ပါတယ်။

“နေခဲ့ဖူးတယ်ဆိုတဲ့ သူတွေပြန်လက်ခံရေးပိုင်းမှာ သူတို့ ရောက်လာရင် ဘယ်ရွာမှာနေရမလဲ ဆိုတာပါတယ်။ ကျန်တဲ့ သူတို့ အတွက် ဘာတွေလုပ်ထားတယ် ဘာညာပေါ့။ သူတို့ပြန်လာရင် ဘယ်လို စီစဉ်ဆောင်ရွက်ပေး မလဲ ဆိုတာပါ။ ဒီလို Detail Information ဒါတွေကျတော့ လောလောဆယ် ထုတ်ပြောလို့ မရသေးဘူး။ ဘင်္ဂလားဒေ့ရှ်နဲ့ ညှိနှိုင်းနေတုန်း ရှိသေးတယ်။ ထုတ်ပြောလို့ မရသေးဘူး။ သူတို့သိချင်တာတွေကို အသေးစိတ်ပြောနိုင်ဖို့ ပြင်ဆင်သွား မယ်။ နောက်ပြီးတော့ အတတ်နိုင်ဆုံးမူလနေရာတွေ နောက်ပြီးတော့ မူလနေရာတွေ မရရင်တောင်မှ မူလနေရာနဲ့ အနီးဆုံးနေရာတွေ အဲဒီနေရာတွေ ရအောင် ကျနော်တို့ လုပ်ပေးမှာပါ။”

ဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ်အတွက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရ်ှ အာဏာပိုင်တွေ အကြိမ် ကြိမ် ဆွေးနွေးခဲ့သလို၊ မြန်မာတာဝန်ရှိသူတွေ ကိုယ်တိုင် ဒုက္ခသည်တွေနဲ့လည်း တွေ့ဆုံ ညှိနှိုင်းမှုတွေ လုပ်ခဲ့ တာပါ။ ဒါပေမယ့် ခုချိန်ထိ မအောင်မြင်နိုင်သေးပဲ ဖြစ်နေတာကြောင့် အခုလို ညှိနှိုင်း ပြင်ဆင်နေတာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

“သူတို့ပေးတာက ပထမဆုံးက ၈၀၀၀ ကျော်ပေးထားတယ်။ ၂သောင်းကျော်၂သောင်းကျော် ၂ခုပို့တယ်။ နောက် ၅သောင်းပေးတယ်။ ပေါင်းဆို ၁သိန်းကျော် လောက်ရှိတယ်။ ကျနော်တို့ ဘက်က အကြောင်းပြန်ထားတာ ၂သောင်း ကျော်ရှိတယ်။ မြန်မာနိုင်ငံမှာ နေခဲ့တာက ၂ သောင်းကျော်ရှိတယ်။ ကျနော်တို့ စစ်ထားပြီးသား”

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၈ရက်နေ့တုန်းက နိုင်ငံခြားရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေး ဦးဆောင်တဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်မှာရောက်ရှိနေတဲ့ နေရပ်စွန့်ခွာသူတွေနဲ့ ပတ်သက်ပြီး မြန်မာအစိုးရဘက်က ဆောင်ရွက်နေတဲ့ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်တွေကို သူတို့ဆီ သွားရောက် ရှင်းပြခဲ့ဖူးပါတယ်။

ဒါပေမယ့် အဲဒီတုန်းက ကော့ဘဇားဒုက္ခသည်စခန်းမှာ ရှိတဲ့နေရပ်စွန့်ခွာ သူတွေကတော့ သူတို့ပြန်လာနိုင်ဖို့ မြန်မာအစိုးရရဲ့ ဆောင်ရွက်ထားချက်တွေ အပြင် အချက်တချို့ကိုပါ ထပ်ပြီးလိုက်လျောပေးဖို့ တောင်းဆို ခဲ့ကြပါတယ်။

တဘက်နိုင်ငံကို ထွက်ပြေးသွားကြသူတွေကို မြန်မာအစိုးရက ရိုဟင်ဂျာလို့ အသိအမှတ်မ ပြုပေမယ့် စိစစ်ပြီး ပြန်လည် လက်ခံသွားမယ်လို့ ကတိပေးထားပါတယ်။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ နားလည်မှု စာချွန်လွှာ ရေးထိုးပြီး ဒီလူတွေ နေရပ်ပြန်နိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက် နေသလို၊ ကုလသမဂ္ဂ နဲ့ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေနဲ့ လည်း ပူးပေါင်းဆောင်ရွက်နေတာ ပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG