သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘဂၤလားေဒ့ရွ္ေရာက္ ႐ုိဟင္ဂ်ာကေလးေတြအတြက္ ပညာေရးအစီအစဥ္ စတင္မည္


ရိုဟင္ဂ်ာကေလးငယ္မ်ား UNICEF က ဖြင့္ထားတဲ့ ေက်ာင္းတက္ေရာက္စဥ္ (ၾသဂုတ္လ ၂၀၁၈) (AP Photo/Altaf Qadri)

(Zawgyi/Unicode)

ဘဂၤလားေဒ့ရွ္ေရာက္ သိန္းနဲ႔ခ်ီတဲ့ ႐ုိဟင္ဂ်ာဒုကၡသည္ ကေလးေတြကုိ ပညာသင္ၾကားခြင့္ ေပးေတာ့မယ့္အေၾကာင္း ဘဂၤလားေဒ့ရွ္က ေျပာဆုိလုိက္ပါတယ္။ ႐ုိဟင္ဂ်ာကေလးေတြ ပညာသင္ခြင့္ရေစလုိေၾကာင္းလည္း ဘဂၤလားေဒ့ရွ္ ႏုိင္ငံျခားေရး၀န္ႀကီး A.K. Abdul Momen က AFP သတင္းဌာနကို ေျပာဆိုခ့ဲတာပါ။

၂၀၁၇ ခုႏွစ္ထဲ ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ ARSA ႐ုိဟင္ဂ်ာအစြန္းေရာက္အဖဲြ႔ကုိ ျမန္မာစစ္တပ္က လုိက္လံရွင္းလင္းတဲ့ စစ္ဆင္ေရးေတြအတြင္း အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ႏုိင္ငံကုိ ထြက္ေျပးသြားတဲ့ ႐ုိဟင္ဂ်ာမြတ္ဆလင္ေတြထဲမွာ ကေလးငယ္ သန္း၀က္ေလာက္ ပါ၀င္တယ္လုိ႔ ခန္႔မွန္းထားၿပီး ဒီကေလးငယ္ေတြထဲက တေသာင္းေလာက္ကုိ စမ္းသပ္အစီအစဥ္အျဖစ္ ကုလသမဂၢ ကေလးငယ္မ်ားရန္ပုံေငြအဖဲြ႔ UNICEF ကဖြင့္လွစ္ေပးမယ့္ ေက်ာင္းေတြမွာ ပညာသင္ၾကားေပးသြားမွာပါ။

႐ိုဟင္ဂ်ာကေလးပညာေရး ကူညီဖို႔ ဘဂၤလားေဒ့ရွ္ကို AI တိုက္တြန္းတဲ့သတင္းကို ဖတ္ရႈႏိုင္ပါၿပီ။

ကေလးေတြကုိ ျမန္မာႏုိင္ငံ သမုိင္းနဲ႔ ယဥ္ေက်းမႈေတြအေၾကာင္း အသက္ ၁၄ ႏွစ္အရြယ္ေရာက္တဲ့အခ်ိန္ထိ သင္ၾကားေပးမွာျဖစ္ၿပီး၊ ျမန္မာႏုိ္င္ငံကို ျပန္ခြင့္ရတဲ့အခ်ိန္မွာ အလုပ္အကို္င္ရဖို႔ အသက္ေမြး၀မ္းေၾကာင္း အတတ္ပညာေတြကိုပါ သင္ၾကားေပးမယ္လို႔လည္း ဘဂၤလားေဒ့ရွ္ ႏုိင္ငံျခားေရး၀န္ႀကီးက ေျပာပါတယ္။

ဘဂၤလားေဒ့ရွ္ေရာက္ ႐ုိဟင္ဂ်ာဒုကၡသည္ ကေလးေတြကုိ ပညာေရးအကူအညီေပးဖုိ႔ ဘဂၤလားေဒ့ရွ္အစုိးရကုိ ႏုိင္ငံတကာ လူ႔အခြင့္အေရး လႈပ္ရွားမႈ အဖဲြ႔တခုျဖစ္တဲ့ Amnesty International ကလည္း ၿပီးခဲ့တဲ့ သီတင္းပတ္ထဲမွာပဲ တုိက္တြန္းထားပါတယ္။ ျမန္မာအစုိးရကေတာ့ ႐ုိဟင္ဂ်ာဆုိတဲ့ အသုံးအႏႈန္းကုိ တရား၀င္ လက္ခံမထားေပမဲ့ ဒုကၡသည္ေတြကုိ စိစစ္ၿပီး ျပန္လည္လက္ခံမယ္လို႔ ေျပာဆုိထားပါတယ္။

႐ိုဟင္ဂ်ာကေလးငယ္တခ်ိဳ႕ လူကုန္ကူးခံရ သတင္းကို ဖတ္ရႈႏိုင္ပါၿပီ။

တိုက္႐ိုက္ လင့္ခ္


...................

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာကလေးတွေအတွက် ပညာရေးအစီအစဉ် စတင်မည်

(Unicode)

ဘင်္ဂလားဒေ့ရှ်ရောက် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည် ကလေးတွေကို ပညာသင်ကြားခွင့် ပေးတော့မယ့်အကြောင်း ဘင်္ဂလားဒေ့ရှ်က ပြောဆိုလိုက်ပါတယ်။ ရိုဟင်ဂျာကလေးတွေ ပညာသင်ခွင့်ရစေလိုကြောင်းလည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး A.K. Abdul Momen က AFP သတင်းဌာနကို ပြောဆိုခဲ့တာပါ။

၂၀၁၇ ခုနှစ်ထဲ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ARSA ရိုဟင်ဂျာအစွန်းရောက်အဖွဲ့ကို မြန်မာစစ်တပ်က လိုက်လံရှင်းလင်းတဲ့ စစ်ဆင်ရေးတွေအတွင်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေထဲမှာ ကလေးငယ် သန်းဝက်လောက် ပါဝင်တယ်လို့ ခန့်မှန်းထားပြီး ဒီကလေးငယ်တွေထဲက တသောင်းလောက်ကို စမ်းသပ်အစီအစဉ်အဖြစ် ကုလသမဂ္ဂ ကလေးငယ်များရန်ပုံငွေအဖွဲ့ UNICEF ကဖွင့်လှစ်ပေးမယ့် ကျောင်းတွေမှာ ပညာသင်ကြားပေးသွားမှာပါ။

ရိုဟင်ဂျာကလေးပညာရေး ကူညီဖို့ ဘင်္ဂလားဒေ့ရှ်ကို AI တိုက်တွန်းတဲ့သတင်းကို ဖတ်ရှုနိုင်ပါပြီ။

ကလေးတွေကို မြန်မာနိုင်ငံ သမိုင်းနဲ့ ယဉ်ကျေးမှုတွေအကြောင်း အသက် ၁၄ နှစ်အရွယ်ရောက်တဲ့အချိန်ထိ သင်ကြားပေးမှာဖြစ်ပြီး၊ မြန်မာနိုင်ငံကို ပြန်ခွင့်ရတဲ့အချိန်မှာ အလုပ်အကိုင်ရဖို့ အသက်မွေးဝမ်းကြောင်း အတတ်ပညာတွေကိုပါ သင်ကြားပေးမယ်လို့လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည် ကလေးတွေကို ပညာရေးအကူအညီပေးဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရကို နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တခုဖြစ်တဲ့ Amnesty International ကလည်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ တိုက်တွန်းထားပါတယ်။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် လက်ခံမထားပေမဲ့ ဒုက္ခသည်တွေကို စိစစ်ပြီး ပြန်လည်လက်ခံမယ်လို့ ပြောဆိုထားပါတယ်။

ရိုဟင်ဂျာကလေးငယ်တချို့ လူကုန်ကူးခံရ သတင်းကို ဖတ်ရှုနိုင်ပါပြီ။

XS
SM
MD
LG