သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

႐ုိဟင္ဂ်ာကေလးေတြ ပညာသင္ခြင့္ရေရး ဘဂၤလားေဒ့ရွ္အစုိးရကုိ HRW တုိက္တြန္း


ဘဂၤလားေဒ့ရွ္ႏုိင္ငံ၊ Cox’s Bazar က ဒုကၡသည္စခန္းရွိ ႐ိုဟင္ဂ်ာ ကေလးငယ္မ်ား (ဧၿပီ၊ ၀၉၊ ၂၀၁၉)

(Zawgyi/ Unicode)

ဘဂၤလားေဒ့ရွ္အစုိးရဟာ ေထာင္ေပါင္းမ်ားစြာေသာ ရုိဟင္ဂ်ာကေလးငယ္ေတြ ပညာသင္ၾကားခြင့္မရေအာင္ ပိတ္ပင္ တားဆီးထားတယ္လုိ႔ HRW လူ႔အခြင့္အေရး ေစာင့္ၾကည့္ေရးအဖြဲ႔က အဂၤါေန႔မွာ ေျပာၾကားလုိက္ၿပီး အာဏာပုိင္ေတြအေနနဲ႔ ဒုကၡသည္စခန္းအတြင္း ပညာ သင္ၾကားခြင့္ကုိ ပိတ္ပင္ထားတာေတြကုိ ရုပ္သိမ္းေပးဖုိ႔ တုိက္တြန္းလုိက္ပါတယ္။

ျမန္မာႏုိင္ငံဘက္က ထြက္ေျပးလာၿပီး လက္ရွိမွာ ဘဂၤလားေဒ့ရွ္ႏုိင္ငံ၊ Cox’s Bazar က ဒုကၡသည္စခန္းေတြမွာ ေနထုိင္ေနၾကတဲ့ ေက်ာင္းတက္ရမယ့္အရြယ္ ဒုကၡသည္ ကေလးငယ္ ၄၀၀,၀၀၀ ေလာက္ ပညာသင္ၾကားခြင့္ မရၾကတဲ့အေၾကာင္း ေရးသားထားတဲ့ “Are we not human?” ဆုိတဲ့ အစီရင္ခံစာမွာ HRW က ဘဂၤလားေဒ့ရွ္အစုိးရကုိ စြပ္စြဲ ေျပာဆုိထားတာပါ။

မ်ဳိးဆက္တခုလုံး ပညာသင္ၾကားခြင့္မရေအာင္ ဟန္႔တားထားျခင္းဟာ ဘယ္သူ႔အတြက္မွ အက်ဳိးမရွိေၾကာင္း HRW ရဲ႕ ကေလးငယ္မ်ား အခြင့္အေရးဆုိင္ရာ ပူးတြဲ ညြန္ၾကားေရးမွဴး Bill Van Esveld က ေျပာပါတယ္။ ဘဂၤလားေဒ့ရွ္နဲ႔ ျမန္မာအစုိးရတုိ႔ဘက္က နည္းလမ္းေျပာင္းၿပီး ခ်ဥ္းကပ္လုပ္ေဆာင္လာေအာင္ ႏုိင္ငံတကာအသုိင္း၀ုိင္းက ဖိအားေပး ေတာင္းဆုိၾကဖုိ႔ လုိအပ္ေၾကာင္း သူက ေျပာပါတယ္။

ရခုိင္ျပည္နယ္ေျမာက္ပုိင္းမွာ ၂၀၁၇ ခုႏွစ္အတြင္း ရုိဟင္ဂ်ာ အၾကမ္းဖက္သမားေတြရဲ႕ တုိက္ခုိက္မႈျဖစ္ေပၚခဲ့ၿပီးေနာက္ ျမန္မာလုံၿခံဳေရး တပ္ဖြဲ႔ေတြက နယ္ေျမရွင္းလင္းေရး လုပ္ေဆာင္ခဲ့ၿပီးတဲ့ေနာက္ ဘဂၤလားေဒ့ရွ္ဘက္ကုိ ရုိဟင္ဂ်ာဒုကၡသည္ ၇ သိန္းေက်ာ္ ထြက္ေျပးခဲ့တယ္လုိ႔ ကုလသမဂၢနဲ႔ ႏုိင္ငံတကာအသုိး၀ုိင္းက ခန္႔မွန္းထားၾကတာပါ။

ဒုကၡသည္ေတြ စခန္းအျပင္က ေက်ာင္းေတြမွာ တက္ေရာက္ ပညာသင္ၾကားခြင့္ကုိ ဘဂၤလားေဒ့ရွ္အစုိးရက ပိတ္ပင္ထားသလုိ ဘဂၤလားေဒ့ရွ္က အစုိးရစာေမးပြဲေတြကုိ ေျဖဆုိခြင့္ ပိတ္ပင္ထားတဲ့အျပင္ ကုလသမဂၢနဲ႔ ႏုိင္ငံတကာအဖြဲ႔အစည္းေတြ စခန္းအတြင္းမွာ ပညာသင္ေပးခြင့္ကုိလည္း ပိတ္ပင္ထားပါတယ္။

တဘက္ႏုိင္ငံကုိ ထြက္ေျပးသြားသူေတြကုိ ရုိဟင္ဂ်ာလုိ႔ ေခၚဆုိတာကုိ ျမန္မာအစုိးရက အသိအမွတ္ မျပဳေပမယ့္ အဲဒီလူေတြ ျပန္လာေရးအတြက္ ဘဂၤလားေဒ့ရွ္ အစုိးရအပါအ၀င္ ႏုိင္ငံတကာအသုိင္း၀ုိိင္းနဲ႔ ညႇိႏိႈင္းေဆာင္ရြက္မႈေတြ လုပ္ေဆာင္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရိုဟင်ဂျာကလေးတွေ ပညာသင်ခွင့်ရရေး ဘင်္ဂလားဒေ့ရှ်အစိုးရကို HRW တိုက်တွန်း

ဘင်္ဂလားဒေ့ရှ်အစိုးရဟာ ထောင်ပေါင်းများစွာသော ရိုဟင်ဂျာကလေးငယ်တွေ ပညာသင်ကြားခွင့်မရအောင် ပိတ်ပင် တားဆီးထားတယ်လို့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က အင်္ဂါနေ့မှာ ပြောကြားလိုက်ပြီး အာဏာပိုင်တွေအနေနဲ့ ဒုက္ခသည်စခန်းအတွင်း ပညာ သင်ကြားခွင့်ကို ပိတ်ပင်ထားတာတွေကို ရုပ်သိမ်းပေးဖို့ တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံဘက်က ထွက်ပြေးလာပြီး လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox’s Bazar က ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြတဲ့ ကျောင်းတက်ရမယ့်အရွယ် ဒုက္ခသည် ကလေးငယ် ၄၀၀,၀၀၀ လောက် ပညာသင်ကြားခွင့် မရကြတဲ့အကြောင်း ရေးသားထားတဲ့ “Are we not human?” ဆိုတဲ့ အစီရင်ခံစာမှာ HRW က ဘင်္ဂလားဒေ့ရှ်အစိုးရကို စွပ်စွဲ ပြောဆိုထားတာပါ။

မျိုးဆက်တခုလုံး ပညာသင်ကြားခွင့်မရအောင် ဟန့်တားထားခြင်းဟာ ဘယ်သူ့အတွက်မှ အကျိုးမရှိကြောင်း HRW ရဲ့ ကလေးငယ်များ အခွင့်အရေးဆိုင်ရာ ပူးတွဲ ညွန်ကြားရေးမှူး Bill Van Esveld က ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာအစိုးရတို့ဘက်က နည်းလမ်းပြောင်းပြီး ချဉ်းကပ်လုပ်ဆောင်လာအောင် နိုင်ငံတကာအသိုင်းဝိုင်းက ဖိအားပေး တောင်းဆိုကြဖို့ လိုအပ်ကြောင်း သူက ပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၇ ခုနှစ်အတွင်း ရိုဟင်ဂျာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုဖြစ်ပေါ်ခဲ့ပြီးနောက် မြန်မာလုံခြုံရေး တပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ပြီးတဲ့နောက် ဘင်္ဂလားဒေ့ရှ်ဘက်ကို ရိုဟင်ဂျာဒုက္ခသည် ၇ သိန်းကျော် ထွက်ပြေးခဲ့တယ်လို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုးဝိုင်းက ခန့်မှန်းထားကြတာပါ။

ဒုက္ခသည်တွေ စခန်းအပြင်က ကျောင်းတွေမှာ တက်ရောက် ပညာသင်ကြားခွင့်ကို ဘင်္ဂလားဒေ့ရှ်အစိုးရက ပိတ်ပင်ထားသလို ဘင်္ဂလားဒေ့ရှ်က အစိုးရစာမေးပွဲတွေကို ဖြေဆိုခွင့် ပိတ်ပင်ထားတဲ့အပြင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ စခန်းအတွင်းမှာ ပညာသင်ပေးခွင့်ကိုလည်း ပိတ်ပင်ထားပါတယ်။

တဘက်နိုင်ငံကို ထွက်ပြေးသွားသူတွေကို ရိုဟင်ဂျာလို့ ခေါ်ဆိုတာကို မြန်မာအစိုးရက အသိအမှတ် မပြုပေမယ့် အဲဒီလူတွေ ပြန်လာရေးအတွက် ဘင်္ဂလားဒေ့ရှ် အစိုးရအပါအဝင် နိုင်ငံတကာအသိုင်းဝိုင်းနဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နေပါတယ်။

XS
SM
MD
LG