သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာေတြကို လူေမွာင္ခိုကူးတဲ့သံသယရွိသူေလးဦး ဘဂၤလားေဒ့ရွ္ ဖမ္းဆီး


တိမ္းေမွာက္သြားတ့ဲ့ ေလွေပၚမွာပါလာတဲ့ ႐ိုဟင္ဂ်ာ ဒုကၡသည္မ်ား

(Zawgyi/Unicode)

ဘဂၤလားေဒ့ရွ္ကမ္းလြန္ပင္လယ္၊ Saint Martin ကၽြန္းနားမွာ အဂၤါေန႔က တိမ္းေမွာက္သြားတ့ဲ့ ေလွေပၚမွာပါသူ ႐ိုဟင္ဂ်ာ မြတ္ဆလင္ေတြထဲက အသက္မေသ က်န္ရစ္သူ ေနာက္ထပ္ ႐ိုဟင္ဂ်ာ တဦးကို ကယ္တင္လိုက္ႏိုင္တယ္လုိ႔ ဗီြအိုေအ၊ ဘဂၤလားဌာနရဲ႕ ဘဂၤလားေဒ့ရွ္အေျခစိုက္ သတင္းေထာက္တဦးက သတင္းပို႔ပါတယ္။

ဒီျဖစ္ရပ္နဲ႔ဆက္စပ္ၿပီး လူေမွာင္ခိုကူးသူလို႔ သံသယရွိသူေလးဦးကို ဘဂၤလားေဒ့ရွ္ရဲတပ္ဖြဲ႔က Cox’s Bazar မွာ ဒီေန႔ ဖမ္းလိုက္တယ္လို႔လည္း သတင္းေထာက္ကေျပာပါတယ္။


လူူ ၅၀ ပဲဆန္႔တဲ့ေလွေပၚမွာ လူေပါင္း ၁၃၀ ထက္မနည္း တင္ေဆာင္ခဲ့တာျဖစ္ၿပီး ေလွတိမ္းေမွာက္မႈမွာ ေသဆံုးသူ ၁၅ ဦး ထက္ မနည္း ရွိပါတယ္။ အဲဒီေလွဟာ ဘဂၤလားပင္လယ္ေအာ္ကိုျဖတ္ၿပီး မေလးရွားႏုိင္ငံကိုသြားဖို႔ ႀကိဳးစားခဲ့တာလို႔ ဘဂၤလားေဒ့ရွ္ တာဝန္ရွိသူေတြကေျပာပါတယ္။

ျမန္မာႏုိင္ငံ၊ ရခိုင္ေျမာက္ပိုင္းကေန ထြက္ေျပးသြားၿပီး ဘဂၤလားေဒ့ရွ္ႏုိ္င္ငံ၊ Cox’s Bazar ေဒသက ဒုကၡသည္စခန္းေတြမွာ ခုိလံႈေနၾကတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြဟာ မေလးရွားအပါအဝင္ တျခားႏုိင္္ငံေတြကိုသြားဖို႔အတြက္ လူကုန္ကူးသူေတြကို အခေၾကး ေငြေပးၿပီး အႏၲရာယ္မ်ားလွတဲ့ ပင္လယ္ျပင္ကို ျဖစ္ကတတ္ဆန္း ေဆာက္ထားတဲ့ ေလွေတြနဲ႔ သြားၾကတာေၾကာင့္ အခုလို ျဖစ္ရပ္ေတြနဲ႔ မၾကာခဏၾကံဳရေလ့ ရွိပါတယ္။

႐ိုဟင္ဂ်ာလို႔ ေခၚဆိုတာကို ျမန္မာအစိုးရက လက္မခံဘဲ ဒုကၡသည္ေတြကို ျပန္လက္ခံဖို႔ ႏွစ္ႏုိင္ငံနယ္စပ္မွာ ႀကိဳဆိုေရးစခန္းေတြ ဖြင့္ထားပါတယ္။ ဒါေပမဲ့လည္း ႏွစ္ဘက္အစိုးရအစီအစဥ္နဲ႔ ျပန္လာတဲ့ ဒုကၡသည္ တဦးမွ မရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရိုဟင်ဂျာတွေကို လူမှောင်ခိုကူးတဲ့သံသယရှိသူလေးဦး ဘင်္ဂလားဒေ့ရှ်ဖမ်းဆီး

ဘင်္ဂလားဒေ့ရှ်ကမ်းလွန်ပင်လယ်၊ Saint Martin ကျွန်းနားမှာ အင်္ဂါနေ့က တိမ်းမှောက်သွားတဲ့ လှေပေါ်မှာပါသူ ရိုဟင်ဂျာ မွတ်ဆလင်တွေထဲက အသက်မသေ ကျန်ရစ်သူ နောက်ထပ် ရိုဟင်ဂျာ တဦးကို ကယ်တင်လိုက်နိုင်တယ်လို့ ဗွီအိုအေ၊ ဘင်္ဂလားဌာနရဲ့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် သတင်းထောက်တဦးက သတင်းပို့ပါတယ်။

ဒီဖြစ်ရပ်နဲ့ဆက်စပ်ပြီး လူမှောင်ခိုကူးသူလို့ သံသယရှိသူလေးဦးကို ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က Cox’s Bazar မှာ ဒီနေ့ ဖမ်းလိုက်တယ်လို့လည်း သတင်းထောက်ကပြောပါတယ်။

လူူ ၅၀ ပဲဆန့်တဲ့လှေပေါ်မှာ လူပေါင်း ၁၃၀ ထက်မနည်း တင်ဆောင်ခဲ့တာဖြစ်ပြီး လှေတိမ်းမှောက်မှုမှာ သေဆုံးသူ ၁၅ ဦး ထက် မနည်း ရှိပါတယ်။ အဲဒီလှေဟာ ဘင်္ဂလားပင်လယ်အော်ကိုဖြတ်ပြီး မလေးရှားနိုင်ငံကိုသွားဖို့ ကြိုးစားခဲ့တာလို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေကပြောပါတယ်။

မြန်မာနိုင်ငံ၊ ရခိုင်မြောက်ပိုင်းကနေ ထွက်ပြေးသွားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox’s Bazar ဒေသက ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ မလေးရှားအပါအဝင် တခြားနိုင်ငံတွေကိုသွားဖို့အတွက် လူကုန်ကူးသူတွေကို အခကြေး ငွေပေးပြီး အန္တရာယ်များလှတဲ့ ပင်လယ်ပြင်ကို ဖြစ်ကတတ်ဆန်း ဆောက်ထားတဲ့ လှေတွေနဲ့ သွားကြတာကြောင့် အခုလို ဖြစ်ရပ်တွေနဲ့ မကြာခဏကြုံရလေ့ ရှိပါတယ်။

ရိုဟင်ဂျာလို့ ခေါ်ဆိုတာကို မြန်မာအစိုးရက လက်မခံဘဲ ဒုက္ခသည်တွေကို ပြန်လက်ခံဖို့ နှစ်နိုင်ငံနယ်စပ်မှာ ကြိုဆိုရေးစခန်းတွေ ဖွင့်ထားပါတယ်။ ဒါပေမဲ့လည်း နှစ်ဘက်အစိုးရအစီအစဉ်နဲ့ ပြန်လာတဲ့ ဒုက္ခသည် တဦးမှ မရှိသေးပါဘူး။

XS
SM
MD
LG