သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာဒုကၡသည္ ၁၅ ဦးထက္မနည္း စက္ေလွေမွာက္ ေသဆံုး


၂၀၁၅ ဇြန္လ ၇ ရက္ေန႔က ႐ိုဟင္ဂ်ာဒုကၡသည္ စက္ေလွ ကို ဘူးသီးေတာင္တြင္ ေတြ႔ရစဥ္

(zawgyi/Unicode)

႐ိုဟင္ဂ်ာဒုကၡသည္ေတြ အဆမတန္ တင္လာတဲ့ စက္ေလွတစင္း ဘဂၤလားေဒ့ရွ္ႏိုင္ငံ ကမ္းလြန္ပင္လယ္ျပင္မွာ ဒီကေန႔ နစ္ျမဳပ္သြားတာေၾကာင့္ လူ ၁၅ ေယာက္ထက္မနည္း ေရနစ္ေသဆုံးသြားတဲ့အေၾကာင္း ဘဂၤလားေဒ့ရွ္ ကမ္းေျခေစာင့္တပ္ဖြဲ႔ တာဝန္ရွိသူတဦးကို ကိုးကားၿပီး ႐ိုက္တာသတင္းမွာ ေရးထားပါတယ္။

ဘဂၤလားပင္လယ္ေအာ္ကိုျဖတ္ၿပီး မေလးရွားႏုိင္ငံကိုသြားဖို႔ ႀကိဳးစားတဲ့ အဲဒီစက္ေလွေပၚမွာ ရိုဟင္ဂ်ာ ၁၃၀ ထက္မနည္း တင္ေဆာင္ထားတယ္လို႔ Hamidul Islam ဆိုတဲ့ အဲဒီ တာဝန္ရွိ သူက ေျပာပါတယ္။

လူ ၅၀ ပဲဆန္႔တဲ့ စက္ေလွမွာ ၁၃၀ ေလာက္တင္လာတာဟာ လူမဆန္တာပဲလို႔ Hamidul Islam ကေျပာပါတယ္။ဒုကၡသည္ ၇၃ ဦးကို ကယ္တင္ႏုိင္ခဲ့ၿပီး က်န္သူေတြ ေပ်ာက္ဆံုးေနဆဲရွိၿပီးေတာ့ ဆက္ၿပီး ရွာေနၾကပါတယ္။

အခုနစ္ျမဳပ္သြားတဲ့ စက္ေလွေပၚပါ လူအေရအတြက္အတိုင္း တင္သြားတဲ့ ေနာက္ထပ္စက္ေလွ တစင္းဟာလည္း တခ်ိန္ထဲမွာပဲ ထြက္သြားတယ္လုိ႔ နစ္ျမဳပ္ေလွကေန အသက္မေသဘဲ ကယ္တင္ႏုိ္င္ခဲ့သူတခ်ဳိ႕ကေျပာတဲ့အေၾကာင္း မစၥတာ Islam ကေျပာပါတယ္။ အဲဒီ ဒုတိယေလွ ကိုေတာ့ ဘဂၤလားေဒ့ရွ္ ကမ္းေျခေစာင့္တပ္ဖြဲ႔က ရွာမေတြ႔ေသးပါဘူး။

ဘဂၤလားေဒ့ရွ္ အေရွ႕ေတာင္ဘက္စြန္း ကမ္းလြန္ပင္လယ္တြင္း Saint Martin ကၽြန္းနားမွာ ဘဂၤလားေဒ့ရွ္ ေရတပ္သေဘၤာႏွစ္္စင္းနဲ႔ ကမ္းေျခေစာင့္တပ္ဖြဲ႔ သေဘၤာႏွစ္စင္းတို႔ ရွာေဖြ ကယ္ဆယ္ေရး ဆက္လုပ္ေနၾကတာပါ။

အသက္မေသဘဲ ကယ္တင္လိုက္ႏုိင္သူေတြထဲမွာ အမ်ဳိးသမီး ၄၆ ေယာက္၊ အမ်ဳိးသား ၂၄ ေယာက္၊ ကေလးသံုးေယာက္ပါပါတယ္။ ေသဆံုးသူေတြဟာ အမ်ဳိးသမီးနဲ႔ ကေလးေတြ ျဖစ္တယ္လုိ႔ တာဝန္ရွိသူ Hamidul Islam ကေျပာပါတယ္။

လူေမွာင္ခိုကူးသူေတြရဲ႕ သိမ္းသြင္းမႈေၾကာင့္ ႐ိုဟင္ဂ်ာဒုကၡသည္ေတြ မေလးရွားကိုသြားဖို႔ ႀကိဳးပမ္းခဲ့ၾကတာလို႔လည္း တာ၀န္႐ွိသူေတြက ေျပာပါတယ္။

ဘဂၤလားေဒ့ရွ္ႏိုင္ငံ၊ Cox’s Bazar ေဒသက ဒုကၡသည္စခန္းေတြမွာ ခိုလံႈေနၾကတဲ့ ႐ိုဟင္ဂ်ာ ဒုကၡသည္ေတြဟာ မေလးရွားအပါအဝင္ တျခားႏိုင္ငံေတြကိုသြားဖုိ႔ ႀကိဳးစားၾကေလ့ရွိၿပီး အခုလို စက္ေလွေမွာက္ ေသဆံုးတဲ့ျဖစ္ရပ္ေတြ မၾကာခနျဖစ္ေလ့ရွိပါတယ္။

႐ိုဟင္ဂ်ာဆိုတဲ့ နာမည္ကို လက္ခံမထားတဲ့ ျမန္မာအစိုးရက ဒုကၡသည္ေတြျပန္လည္လက္ခံေရးအတြက္ ဘဂၤလားေဒ့ရွ္အစိုးရ၊ ကုလသမဂၢတို႔နဲ႔ ပူးေပါင္း ေဆာင္ရြက္ေနတယ္လုိ႔ ေျပာထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

.....................

ဟင်ဂျာဒုက္ခသည် ၁၅ ဦးထက်မနည်း စက်လှေမှောက် သေဆုံး

(Unicode)

ရိုဟင်ဂျာဒုက္ခသည်တွေ အဆမတန် တင်လာတဲ့ စက်လှေတစင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းလွန်ပင်လယ်ပြင်မှာ ဒီကနေ့ နစ်မြုပ်သွားတာကြောင့် လူ ၁၅ ယောက်ထက်မနည်း ရေနစ်သေဆုံးသွားတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့ တာဝန်ရှိသူတဦးကို ကိုးကားပြီး ရိုက်တာသတင်းမှာ ရေးထားပါတယ်။

ဘင်္ဂလားပင်လယ်အော်ကိုဖြတ်ပြီး မလေးရှားနိုင်ငံကိုသွားဖို့ ကြိုးစားတဲ့ အဲဒီစက်လှေပေါ်မှာ ရိုဟင်ဂျာ ၁၃၀ ထက်မနည်း တင်ဆောင်ထားတယ်လို့ Hamidul Islam ဆိုတဲ့ အဲဒီ တာဝန်ရှိ သူက ပြောပါတယ်။

လူ ၅၀ ပဲဆန့်တဲ့ စက်လှေမှာ ၁၃၀ လောက်တင်လာတာဟာ လူမဆန်တာပဲလို့ Hamidul Islam ကပြောပါတယ်။ဒုက္ခသည် ၇၃ ဦးကို ကယ်တင်နိုင်ခဲ့ပြီး ကျန်သူတွေ ပျောက်ဆုံးနေဆဲရှိပြီးတော့ ဆက်ပြီး ရှာနေကြပါတယ်။

အခုနစ်မြုပ်သွားတဲ့ စက်လှေပေါ်ပါ လူအရေအတွက်အတိုင်း တင်သွားတဲ့ နောက်ထပ်စက်လှေ တစင်းဟာလည်း တချိန်ထဲမှာပဲ ထွက်သွားတယ်လို့ နစ်မြုပ်လှေကနေ အသက်မသေဘဲ ကယ်တင်နိုင်ခဲ့သူတချို့ကပြောတဲ့အကြောင်း မစ္စတာ Islam ကပြောပါတယ်။ အဲဒီ ဒုတိယလှေ ကိုတော့ ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့က ရှာမတွေ့သေးပါဘူး။

ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ဘက်စွန်း ကမ်းလွန်ပင်လယ်တွင်း Saint Martin ကျွန်းနားမှာ ဘင်္ဂလားဒေ့ရှ် ရေတပ်သင်္ဘောနှစ်စင်းနဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ သင်္ဘောနှစ်စင်းတို့ ရှာဖွေ ကယ်ဆယ်ရေး ဆက်လုပ်နေကြတာပါ။

အသက်မသေဘဲ ကယ်တင်လိုက်နိုင်သူတွေထဲမှာ အမျိုးသမီး ၄၆ ယောက်၊ အမျိုးသား ၂၄ ယောက်၊ ကလေးသုံးယောက်ပါပါတယ်။ သေဆုံးသူတွေဟာ အမျိုးသမီးနဲ့ ကလေးတွေ ဖြစ်တယ်လို့ တာဝန်ရှိသူ Hamidul Islam ကပြောပါတယ်။

လူမှောင်ခိုကူးသူတွေရဲ့ သိမ်းသွင်းမှုကြောင့် ရိုဟင်ဂျာဒုက္ခသည်တွေ မလေးရှားကိုသွားဖို့ ကြိုးပမ်းခဲ့ကြတာလို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox’s Bazar ဒေသက ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ မလေးရှားအပါအဝင် တခြားနိုင်ငံတွေကိုသွားဖို့ ကြိုးစားကြလေ့ရှိပြီး အခုလို စက်လှေမှောက် သေဆုံးတဲ့ဖြစ်ရပ်တွေ မကြာခနဖြစ်လေ့ရှိပါတယ်။

ရိုဟင်ဂျာဆိုတဲ့ နာမည်ကို လက်ခံမထားတဲ့ မြန်မာအစိုးရက ဒုက္ခသည်တွေပြန်လည်လက်ခံရေးအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရ၊ ကုလသမဂ္ဂတို့နဲ့ ပူးပေါင်း ဆောင်ရွက်နေတယ်လို့ ပြောထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG