သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

လှေစီးပြေး ရိုဟင်ဂျာတွေကိစ္စ ကုလ နဲ့ အင်ဒိုနီးရှား ညှိနှိုင်း


အင်ဒိုနီးရှားနိုင်ငံ Arche ဒေသကို မကြာသေးခင်က လှေစီးပြေး ရိုဟင်ဂျာ ဒုက္ခသည် အယောက် ၂၀ ရောက်ရှိလာတဲ့ အတွက် သူတို့ကို အင်ဒိုနီးရှား အာဏာပိုင်တွေက စစ်ဆေးမေးမြန်းနေပါတယ်။

သူတို့နဲ့ ပတ်သက်ပြီး ဘာတွေ ဆက်လုပ်ဖို့ ရှိပါသလဲလို့ VOA အင်ဒိုနီးရှားဌာနက မေးမြန်းရာမှာ အင်ဒိုနီးရှား လူဝင်မှုကြီးကြပ်ရေးဌာန တာဝန်ရှိသူတဦးက ခုလို ဖြေကြားပါတယ်။

"​ အခု ရောက်လာသူက အမျိုးသားတွေဖြစ်ပြီး အားလုံး လူ ၂၀ ရှိပါတယ်။ အသက်အငယ်ဆုံးက ၁၅ နှစ်ဖြစ်ပြီး အကြီးဆုံးက အသက် ၅၀ ဖြစ်ပါတယ်။ သူတို့ရဲ့ ကျန်းမာရေးအခြေနေဟာ ကောင်းကောင်းမွန်မွန်ရှိတယ်လို့ ပြောသွားတာပါ။ ဒါ့အပြင် သူတို့နဲ့ ပတ်သက်ပြီး အချက်အလက်တွေ ယူရုံပဲ ဖြစ်ကြောင်းပြောပါတယ်။ ဒါပေမယ့် သူတို့ကို ခိုလှုံနေထိုင်ခွင့် မပေးနိုင်ကြောင်းနဲ့ ဒီကိစ္စကို ဒေသအုပ်ချုပ်ရေးမှုး၊ ကုလသမဂ္ဂတို့နဲ့ ညှိနှိုင်းသွားမှာ ဖြစ်ပြီး UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာရုံးက ဆက်ပြီး လုပ်ဆောင်သွားမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။"

အင်ဒိုနီးရှားနိုင်ငံ စူမားတြားကျွန်း အရှေ့မြောက်ကမ်းခြေမှာ ဒီဇင်ဘာလ ၅ ရက်နေ့က ရိုဟင်ဂျာ မူစလင် အမျိုးသား ၂၀ ကျော်ကို သယ်ဆောင်လာတဲ့ သစ်သား လှေတစင်း ဆိုက်ရောက်လာတာဖြစ်ပြီး မကြာခင် သီတင်းပတ်တွေ အတွင်း မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ဘက် ကနေ အင်ဒိုနီးရှားနဲ့ မလေးရှား နိုင်ငံတွေဘက် လှေစီးပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထဲက နောက်ဆုံး တွေ့ရတဲ့ အုပ်စုဖြစ်တယ်လို့ အင်ဒိုနီးရှား အာဏာပိုင်တွေက ပြောပါတယ်။

နိုဝင်ဘာလ ၂၅ ရက်ကလည်း တနင်္သာရီတိုင်း ၊ ထားဝယ်ကမ်းရိုးတန်းမှာ ရိုဟင်ဂျာ မူဆလင် ၉၀ ကျော် လိုက်ပါလာတဲ့ စက်လှေတစင်းကို တွေ့ရှိခဲ့လို့ စစ်ဆေးမေးမြန်းပြီး နေရပ်ကို ပြန်ပို့လိုက်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(OCHA) ကတော့ ရခိုင်ပြည်နယ် အလယ်ပိုင်းက ရိုဟင်ဂျာတွေဟာ ဘင်္ဂလားပင်လယ်အော်ကို ဖြတ်ပြီး ထွက်ခွာဖို့ ကြိုးပမ်းမှုတွေ ပိုများလာတယ်လို့ နိုဝင်ဘာ ၂၆ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG