သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှေစီးပြေး ၃၃ ဦး ဘင်္ဂလားဒေ့ရ်ှကမ်းခြေစောင့်တပ် ကယ်တင်


၂၀၁၇ စက်တင်ဘာလတုန်းက လှေစီးပြေး ဒုက္ခသည်များကိုတွေ့ရစဉ်
၂၀၁၇ စက်တင်ဘာလတုန်းက လှေစီးပြေး ဒုက္ခသည်များကိုတွေ့ရစဉ်

ဘင်္ဂလား ပင်လယ်အော်ကနေ မလေးရှားနိုင်ငံဘက်ကို ဦးတည် ထွက်ခွာလာတဲ့ ငါးဖမ်းလှေပေါ်ကနေ ရိုဟင်ဂျာ ၃၃ ဦးကို ဘင်္ဂလားဒေရှ့် ကမ်းခြေစောင့်တပ်က ကယ်တင်ခဲ့ပြီး လူကုန်ကူးသူ အဖြစ် သံသယနဲ့ လူ ၆ ဦးကို ဖမ်းဆီးထားကြောင်း တာဝန်ရှိသူ တဦးက မနေ့ ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

လှေပေါ်ကနေ ကယ်တင်ခဲ့ရသူတွေကတော့ ဘင်္ဂလားဒေရှ့် နိုင်ငံ အရှေ့တောင်ပိုင်း ကောဇ့်ဘဇားက ဒုက္ခသည် စခန်းတွေမှာ နေထိုင်နေကြတဲ့ ဒုက္ခသည်တွေ ဖြစ်ပြီး အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၁၀ ဦးနဲ့ ကလေး ၉ ဦးပါဝင်ကြောင်း တက္ကနဖ်မြို့ ကမ်းခြေစောင့် တပ်မှူး Fayezul Islam Mondol က ပြောပါတယ်။

ဖမ်းဆီးထားတဲ့ လူကုန်ကူးသူ ၆ ဦးလုံးက ဘင်္ဂလားဒေရှ့် နိုင်ငံသားတွေ ဖြစ်တယ်လို့လည်း သူက AFP သတင်းအေဂျင်စီကို ပြောပါတယ်။ ရိုဟင်ဂျာတွေကို တင်ဆောင်လာတဲ့ ငါးဖမ်းစက်လှေကို မနေ့ ဗုဒ္ဓဟူးနေ့ ညနေခင်းမှာ ဘင်္ဂလားဒေရှ့်ပိုင် စိန့်မာတင်ကျွန်း အနီးမှာ ဘင်္ဂလားဒေရှ့် ကမ်းခြေစောင့်တပ်က ကြားဖြတ်တားဆီးခဲ့တာ ဖြစ်ပြီး အဲဒီနေရာက မြန်မာနိုင်ငံ အနောက်မြင်းလွှတ် ကမ်းခြေနဲ့ ကီလိုမီတာ အနည်းငယ်ဘဲ ဝေးတယ်လို့လည်း ကမ်းခြေစောင့် တပ်မှူးက ပြောပါတယ်။

ငါးဖမ်းလှေပေါ်မှာ တင်ဆောင်လာတဲ့ ရိုဟင်ဂျာတွေကို ဘင်္ဂလားပင်လယ်အော် အတွင်းက ကျွန်းအနီးမှာ မလေးရှား သဘောၤပေါ်ကို လွှဲပြောင်းပေးဖို့ ဖြစ်တယ်လို့ ဖမ်းခံထားရတဲ့ လူကုန်ကူးသူ အသက် ၅၅ နှစ် အရွယ် Abdus Shukur က AFP ကို ပြောပါတယ်။ ငါးဖမ်းလှေပေါ်မှာ ရိုဟင်ဂျာတွေကို ခေါ်ဆောင်သွားပြီး စိန့်မာတင်ကျွန်းအနီးက စောင့်နေတဲ့ သဘောၤပေါ်ကို လွှဲပြောင်းပေးဖို့ အတွက် သြဇာကြီးသူ တဦးက ခိုင်းစေခဲ့တာပါလို့လည်း လူကုန်ကူးမှုနဲ့ ဖမ်းခံထားရတဲ့ Abdus Shukur က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG