(Zawgyi/ Unicode)
Bangladesh ႏုိင္ငံဒုကၡသည္စခန္းေတြကေန မေလး႐ွားကို သြားဖုိ႔ႀကိဳးစားတဲ့ ႐ုိဟင္ဂ်ာ ဒုကၡသည္ ၁၂၂ ေယာက္ကို ဘဂၤလားပင္လယ္ေအာ္ထဲမွာ Bangladesh ကမ္း႐ိုးတမ္းေစာင့္တပ္ဖဲြ႔က ၾကာသပေတးေန႔က ကယ္တင္ခဲ့ရတယ္လို႔ တပ္ဖဲြ႔ ေျပာခြင့္ရသူက ေျပာပါတယ္။
ပင္လယ္ထဲမွာ စက္ေလွတစင္း စက္ပ်က္ၿပီး နစ္မလိုျဖစ္ေနတယ္လို႔ တံငါသည္ေတြက အေၾကာင္းၾကားတဲ့အတြက္ ကင္းလွည့္အဖဲြ႔ သြားေရာက္ကယ္ဆယ္ခဲ့ရေၾကာင္း ကမ္း႐ုိးတမ္းေစာင့္တပ္ ဒုတိယတပ္မွဴး Saiful Islam က Reuters သတင္းဌာနကို ဒီကေန႔ ေျပာၾကားပါတယ္။
ဒုကၡေရာက္ေနတဲ့ စက္ေလွေပၚက အမ်ဳိးသမီး ၅၈ ေယာက္၊ အမ်ဳိးသား ၄၇ ေယာက္နဲ႔ ကေလး ၁၇ ေယာက္ကို ကယ္တင္ႏိုင္ခဲ့တယ္လို႔ ေျပာပါတယ္။ ဒီႏွစ္ထဲမွာပဲ ဒုကၡသည္စခန္းေတြကေန မေလး႐ွားကို ပို႔ေပးမယ့္ လူကုန္ကူးသူေတြလက္ကေန ႐ိုဟင္ဂ်ာ ၅၀၀ ထက္မနည္းကို Bangladesh ရဲတပ္ဖဲြ႔နဲ႔ ကမ္း႐ိုးတမ္းေစာင့္ တပ္ဖဲြ႔ေတြက ကယ္တင္ခဲ့ရတယ္လို႔လည္း ဆိုပါတယ္။
ရခိုင္ျပည္နယ္ေျမာက္ပိုင္းကေန Bangladesh ႏိုင္ငံဖက္ ထြက္သြားခဲ့ၾကတဲ့ ႐ိုဟင္ဂ်ာေတြဟာ ဒုကၡသည္စခန္းေတြကေန ပိုမိုေကာင္းမြန္တဲ့ ဘဝရမယ္လို႔ ေမွ်ာ္လင့္ၿပီး ထိုင္းနဲ႔ မေလး႐ွားဖက္ေတြကို သြားဖို႔ ႀကိဳးစားၾကတာျဖစ္ပါတယ္။ ျမန္မာနဲ႔ Bangladesh ႏို္င္ငံဖက္က ႐ိုဟင္ဂ်ာေတြ ေရေၾကာင္းကေန မေလး႐ွားဖက္ကို သြားၾကတာ ၂၀၁၆ နဲ႔ ၂၀၁၇ခုႏွစ္ေတြမွာ ရပ္ေနခဲ့ေပမဲ့ မႏွစ္ကစၿပီး ျပန္လုပ္လာၾကတယ္လို႔ ကုလသမဂၢဒုကၡသည္မ်ားဆိုင္ရာမဟာမင္းႀကီး႐ံုးကေျပာပါတယ္။
႐ိုဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို လက္မခံတဲ့ ျမန္မာႏိုင္ငံမွာလည္း ရခိုင္ျပည္နယ္ ဒုကၡသည္စခန္းေတြကေန မေလး႐ွားႏိုင္ငံကို စက္ေလွနဲ႔ သြားဖုိ႔ႀကိဳးစားသူေတြကို မႏွစ္က ၃ ႀကိမ္ဖမ္းမိခဲ့ပါတယ္။
....................
လှေစီးပြေး ရိုဟင်ဂျာဒုက္ခသည် ၁၂၂ ဦး ဘင်္ဂလားကမ်းရိုတန်းစောင့်တပ် ကယ်တင်
(Unicode)
Bangladesh နိုင်ငံဒုက္ခသည်စခန်းတွေကနေ မလေးရှားကို သွားဖို့ကြိုးစားတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁၂၂ ယောက်ကို ဘင်္ဂလားပင်လယ်အော်ထဲမှာ Bangladesh ကမ်းရိုးတမ်းစောင့်တပ်ဖွဲ့က ကြာသပတေးနေ့က ကယ်တင်ခဲ့ရတယ်လို့ တပ်ဖွဲ့ ပြောခွင့်ရသူက ပြောပါတယ်။
ပင်လယ်ထဲမှာ စက်လှေတစင်း စက်ပျက်ပြီး နစ်မလိုဖြစ်နေတယ်လို့ တံငါသည်တွေက အကြောင်းကြားတဲ့အတွက် ကင်းလှည့်အဖွဲ့ သွားရောက်ကယ်ဆယ်ခဲ့ရကြောင်း ကမ်းရိုးတမ်းစောင့်တပ် ဒုတိယတပ်မှူး Saiful Islam က Reuters သတင်းဌာနကို ဒီကနေ့ ပြောကြားပါတယ်။
ဒုက္ခရောက်နေတဲ့ စက်လှေပေါ်က အမျိုးသမီး ၅၈ ယောက်၊ အမျိုးသား ၄၇ ယောက်နဲ့ ကလေး ၁၇ ယောက်ကို ကယ်တင်နိုင်ခဲ့တယ်လို့ ပြောပါတယ်။ ဒီနှစ်ထဲမှာပဲ ဒုက္ခသည်စခန်းတွေကနေ မလေးရှားကို ပို့ပေးမယ့် လူကုန်ကူးသူတွေလက်ကနေ ရိုဟင်ဂျာ ၅၀၀ ထက်မနည်းကို Bangladesh ရဲတပ်ဖွဲ့နဲ့ ကမ်းရိုးတမ်းစောင့် တပ်ဖွဲ့တွေက ကယ်တင်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ Bangladesh နိုင်ငံဖက် ထွက်သွားခဲ့ကြတဲ့ ရိုဟင်ဂျာတွေဟာ ဒုက္ခသည်စခန်းတွေကနေ ပိုမိုကောင်းမွန်တဲ့ ဘဝရမယ်လို့ မျှော်လင့်ပြီး ထိုင်းနဲ့ မလေးရှားဖက်တွေကို သွားဖို့ ကြိုးစားကြတာဖြစ်ပါတယ်။ မြန်မာနဲ့ Bangladesh နိုင်ငံဖက်က ရိုဟင်ဂျာတွေ ရေကြောင်းကနေ မလေးရှားဖက်ကို သွားကြတာ ၂၀၁၆ နဲ့ ၂၀၁၇ခုနှစ်တွေမှာ ရပ်နေခဲ့ပေမဲ့ မနှစ်ကစပြီး ပြန်လုပ်လာကြတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးကပြောပါတယ်။
ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာနိုင်ငံမှာလည်း ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းတွေကနေ မလေးရှားနိုင်ငံကို စက်လှေနဲ့ သွားဖို့ကြိုးစားသူတွေကို မနှစ်က ၃ ကြိမ်ဖမ်းမိခဲ့ပါတယ်။